မြန်မာအင်ဂျင်နီယာဖိုရမ်သည် အင်ဂျင်နီယာဘာသာရပ်များနှင့် သက်ဆိုင်သော ဖိုရမ်အမျိုးအစား Web Site တစ်ခုဖြစ်ကာ  

MEF ဟု အတိုကောက်ခေါ်ဆိုကြပါသည်။ အင်ဂျင်နီယာဘာသာရပ်များကို မြန်မာဘာသာဖြင့်  အဓိကထားဆွေးနွေးနိုင်အောင်

စီစဉ်ထားပြီး၊ တစ်ဦးတစ်ယောက်တည်း၏ စီမံမှုနှင့် ရပ်တည်နေခြင်းမျိုးမဟုတ်ဘဲ  ဖိုရမ်အသင်းဝင်များအားလုံး၏  စုပေါင်းစီမံမှုဖြင့်သာ

ရပ်တည်ရှင်သန်နေခြင်းဖြစ်ပါသည်။

 

ရည်ရွယ်ချက်

မြန်မာအင်ဂျင်နီယာလောက၊ မြန်မာပညာရေးလောကတို့ကို တတ်နိုင်သည့်ဘက်မှ အားဖြည့်ကူညီပေးရန် မြန်မာလူငယ်များ

မြန်မာဘာသာဖြင့် အင်တာနက် ကိုအသုံးပြုကာ အင်ဂျင်နီယာဘာသာရပ်များနှင့်ပက်သက်၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်စေရန်တို့ကို

ရည်ရွယ်ပြီး တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ထို့အပြင် မည်သည့်နိုင်ငံ၊ မည်သည့်တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင်

ပညာသင်ကြားခဲ့သည်ဖြစ်စေ အင်ဂျင်နီယာဘာသာရပ်များနှင့် ပညာရေးကို စိတ်ဝင်စားသူများ ဝင်ရောက်ဆွေးနွေးနိုင်စေရန်ကိုလည်း

ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံရောက်ရှိနေကြသော မြန်မာလူမျိုးတိုင်း အင်ဂျင်နီယာဘာသာရပ်များနှင့်ပက်သက်၍

ဝင်ရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ ဖြန့်ဝေပေးခြင်းများကို မိသားစုပုံစံဖြင့် အလွယ်တကူလုပ်ဆောင်နိုင်စေရန် စီမံတည်ထောင်ခဲ့ပါသည်။