PDA

View Full Version : ပြည်တွင်းသတင်းများ



Pages : 1 [2] 3

poohcartoon
09-06-2010, 08:52 AM
ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ရှိ စပါးစိုက်ခင်းများ၌ ဖြုတ်ပိုးကျရောက်မှုဖြစ်ပွား
http://www.news-eleven.com/images/stories/myanmar/ygn/we5483

ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ မိုးစပါးစိုက်ခင်းများ၌ ဖြုတ်ပိုးကျရောက်မှုအား ကာကွယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်း ကျေးရွာပေါင်း ၁၈ ရွာရှိ မိုးစပါးစိုက်ခင်း ၁၃၄ ဧကကျော်တွင် ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်အတွင်းက ဖြုတ်ပိုးကျရောက်ကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ သီးနှံကာကွယ်ရေးဝန်ထမ်းများမှ ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ ထို့သို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သုံးခွမြို့နယ်အတွင်းရှိ စပါး ၁၁၉ ဧက၊ ခရမ်းမြို့နယ်အတွင်းရှိ စပါး ၇ ဒသမ ၇၉ ဧက၊ ကျောက်တန်းမြို့နယ်အတွင်းရှိ စပါး ၁၁ ဒသမ ၅ ဧကနှင့် သန်လျင်မြို့နယ်အတွင်းရှိ စပါး ၁ ဒသမ ၅ ဧကတို့တွင် ဖြုတ်ကျောဖြူနှင့် ဖြုတ်ညိုအမျိုးအစား ဖြုတ်ပိုးများကျရောက်ခဲ့သည်ဟု သိရှိရသည်။ ထို့ကြောင့်စိုက်ပျိုးရေး ပညာပေးလုပ်ငန်းများပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၌ အရံအဖြစ်အသင့်ထားရှိသော ဆေးဖျန်းစက်နှစ်လုံးနှင့် လိုအပ်သောပိုးသတ်ဆေးများအား ခရမ်းမြို့နယ် ကျေးရွာများအထိ ပို့ဆောင်၍ နှိမ်နင်းမှုလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသေးသော သန်လျင်၊ ကျောက်တန်း၊ သုံးခွစသော ဒေသများတွင်လည်း ပညာပေးလုပ်ငန်းများနှင့် ပိုးနှိမ်နင်းရေးလုပ်ငန်းများကို ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-06-2010, 08:53 AM
မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသည့် ဘတ်စ်ကားလိုင်းများမှ မော်ဒယ်နိမ့် ဒိုင်နာကားများကို အစားထိုးရန်နှင့် လိုင်းသစ်များ တိုးချဲ့ရန် လိုအပ်
http://www.news-eleven.com/images/stories/myanmar/mdy/w54816
မန္တလေးမြို့တွင် မြို့နေလူထု သွားလာရေး အဆင်ပြေရန် အတွက် မြို့တွင်း ပြေးဆွဲလျက်ရှိသည့် ဘတ်စကားလိုင်းများမှ မော်ဒယ်နိမ့် ဒိုင်နာကားများကို အစားထိုး ပြေးဆွဲရန် လိုအပ်ပြီး ဘတ်စကားလိုင်းသစ်များ ထပ်မံ တိုးချဲ့ရန် လိုအပ်လျက်ရှိကြောင်း မော်တော်ယာဉ်လိုင်းများထံမှ စုံစမ်း သိရှိရသည်။မြို့ပြဧရိယာ တိုးချဲ့လာခြင်းနှင့်အတူ မြို့နေလူထု အရေအတွက် ပိုမို များပြားလာသောကြောင့် မန္တလေးမြို့ရှိ ဘတ်စကားလိုင်းများတွင် စီးနင်း သူ အရေအတွက်လည်း အဆမတန် များပြားလာလျက်ရှိရာ မော်ဒယ်နိမ့် ဒိုင်နာကားများကို နှစ်ပေါင်းကြာမြင့်စွာ အသုံးပြုနေခြင်းကြောင့် ယာဉ်စီးနင်းသူ ဦးရေနှင့် မော်တော်ယာဉ်၏ တင်ဆောင်နိုင်မှု မညီမျှခြင်းနှင့်အတူ ယာဉ်စီးနင်းသူများ၏ အန္တရာယ်များလည်း ကျရောက်လေ့ ရှိသဖြင့် အဆင့်မြင့် ဘတ်စ်ကားများ အစားထိုး ပြေးဆွဲရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

''လက်ရှိ ခရီးသည်ယာဉ်တွေ အဖြစ် အသုံးပြုနေတဲ့ ဒိုင်နာကားတွေက ခရီးဝေး ကုန်တင်ဖို့ အဆင်ပြေတာပါ။ မြို့တွင်းမှာ လိုင်းတိုတွေ အတွက် ပြုပြင်သုံးစွဲနေတော့ အဆင်မပြေလှပါဘူး။ ဒိုင်နာကားတွေပေါ် လူတွေကျပ်ညပ်တင်ပြီး အရှိန်နဲ့မောင်း နှင်ကြတော့ အန္တရာယ် ကျရောက်မှုတွေ မကြာခဏ ဖြစ်ပါတယ်။ဒါကြောင့် ဒိုင်နာယာဉ်တွေ အစား လူများများဆံ့ပြီး အန္တရာယ်ကင်းတဲ့ ခေတ်မီ ဘတ်စကားကြီးတွေနဲ့ အစားထိုးသင့်ပါတယ်''ဟု မြို့သစ်ယာဉ်လိုင်းတွင် ပြေးဆွဲသော ယာဉ်ပိုင်ရှင်တစ်ဦး က ပြောသည်။

မန္တလေးမြို့တွင် ဆက်သွယ်ရေးများ နှင့်ပတ်သက်၍ သုတေသန ပြုနေသော မြို့ပြအင်ဂျင်နီယာက ဆက်လက် ပြောကြားရာတွင် ''မန္တလေး မြို့ရဲ့ မြို့ပြဖွဲ့စည်းပုံက တစ်ပြကို ပေ ၅၅၀ ရှိတယ်။ အဲဒီ တစ်ပြအတွင်းမှာ ဘတ်စကားမှတ်တိုင် အနည်းဆုံး တစ်တိုင်ရှိတော့ ဆယ်ပြ ခရီးလောက်ကို စက်ဘီး နဲ့ ဆယ့်ငါးမိနစ်လောက် သွားရမယ့် အချိန် ဘတ်စ်ကားက ၁၀ ပြ ၁၀ မှတ်တိုင်ကို နာရီဝက်လောက် ကြာတော့ အဆင်မပြေဘူးပေါ့။ ဒါကြောင့် မန္တလေးမှာ ပြောင်းလဲလာတဲ့ မြို့ပြ အနေအထားနဲ့အတူ ပြောင်းလဲလာတဲ့ ဈေးကွက်အလိုက် ဘတ်စကား ယာဉ်ကြောတွေ စနစ်တကျ ပြန်လည် သတ်မှတ်ကြဖို့လည်း လိုအပ်ပါတယ်'' ဟု ဆိုသည်။

မန္တလေးမြို့တွင် ဘတ်စကား လိုင်းအသင်း ၄၀ ကျော် ပြေးဆွဲလျက်ရှိရာ ပြီးခဲ့သည့် နှစ်များက ခေတ်မီ ဘတ်စ်ကားကြီးများဖြင့် ယာဉ်လိုင်း အသစ် နှစ်လိုင်း တိုးချဲ့ ပြေးဆွဲခဲ့ရာ၌ ခရီးသည်များ၏ စိတ်ကျေနပ်မှု ရရှိခဲ့သည်ကိုလည်း တွေ့ရသည်။ လက်ရှိ ပြေးဆွဲနေသော ဘတ်စကားလိုင်းများတွင် အသုံးပြုသော မော်တော်ယာဉ် အစီး ၂၀၀၀ ၀န်းကျင်အနက် အများစုမှာ ဒိုင်နာကားများ ဖြစ်နေပြီး ဒုတိယကမ္ဘာစစ် လက်ကျန် ချက်ပလက် ခေါင်းတို ကားအစီး ၁၀၀ ကျော်ခန့် ပြေးဆွဲလျက်ရှိသည်။
@news-eleven.com

poohcartoon
09-06-2010, 12:55 PM
အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ လျော့နည်းပပျောက်သော ဒုတိယမြောက်နိုင်ငံ ဖြစ်လာ
အရှေ့တောင်အာရှ နိုင်ငံများ၌ မြန်မာနိုင်ငံသည် မိခင်နှင့်မွေးကင်းစ ကလေး မေးခိုင်ရောဂါလျော့နည်း ပပျောက်သော ဒုတိယမြောက်နိုင်ငံ ဖြစ်လာပြီး ရောဂါပပျောက် သွားသော်လည်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မိခင်နှင့်မွေးကင်းစ ကလေး မေးခိုင်ရောဂါဖြစ်ပွားမှုကို တိုင်းတာရာတွင် အညွှန်းကိန်းအဖြစ် အရှင် မွေးကလေး ၁၀၀၀ လျှင် မွေးကင်း စကလေး မေးခိုင်ရောဂါဖြစ်ပွားမှု တစ်ယောက်ထက် လျော့နည်းရမည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဓိပ္ပာယ်ဖွင့် ဆိုထားသည်ဟု သိရ ပါသည်။
ယခုနှစ် မေလ ၆ ရက်မှ ၇ ရက် နေ့အထိ ဗဟိုအဆင့် ကွင်းဆင်းကြီး ကြပ်သူများကို နေပြည်တော်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့တို့မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော External Review Team မှ သင်တန်းပေးခဲ့ပြီး မွေးကင်းစကလေး မေးခိုင်ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ သုတေသနပြုစစ်ဆေးရန်အတွက် မြို့နယ်များအား ရွေးချယ်ရာတွင် ကိုယ်ဝန်ဆောင်များအား ပုံမှန် မေးခိုင် ကာကွယ်ဆေး အနည်းဆုံးနှစ်ကြိမ် ထိုးနှံပေးခြင်း လွှမ်းခြုံမှုရာခိုင်နှုန်း၊ ကျွမ်းကျင်သူများနှင့် ကိုယ်ဝန်အကြိမ် ပြည့်ပြသမှုရာခိုင်နှုန်း၊ မွေးကင်းစ ကလေးမေးခိုင်ရောဂါ စောင့်ကြပ် ကြည့်ရှုသည့်လုပ်ငန်း ဆောင်ရွက်မှု၊ ကိုယ်ဝန်ဆောင်များအား သန့်ရှင်း စိတ်ချစွာမွေးဖွားပေးခြင်း ရာခိုင် နှုန်း စသည့်အချက်အလက်များပေါ် မူတည်ပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ဆောမြို့နယ် တို့၌ မေလ ၈ ရက်မှ စတင်၍ မေလ ၁၆ ရက်နေ့အထိ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ လျော့နည်းပပျောက်သောနိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။
အရှင်မွေး ၁၀၀၀ မှာ တစ်ဦး ထက်လျော့နည်းမှုနဲ့ တိုင်းတာပါတယ်။ ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ မြို့နယ် တွေမှာအညွှန်းကိန်း အောက်ရောက်ရှိ နေတဲ့အတွက် တစ်နိုင်ငံလုံးကိုကိုယ် စားပြုပြီး မြန်မာနိုင်ငံမှာ မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ လျော့နည်းပပျောက်သော နိုင်ငံ ..
"မြန်မာနိုင်ငံမှာ မွေးကင်းစ ကလေး မေးခိုင်ရောဂါဖြစ်ပွားမှုကို ရာခိုင်နှုန်းနဲ့ဖြေလို့မရပါဘူး။ မွေး ကင်းစကလေး မေးခိုင်ရောဂါဖြစ်ပွားမှု ကိုအရှင်မွေး ၁၀၀၀ မှာ တစ်ဦး ထက်လျော့နည်းမှုနဲ့ တိုင်းတာပါတယ်။ ကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ မြို့နယ် တွေမှာအညွှန်းကိန်း အောက်ရောက်ရှိ နေတဲ့အတွက် တစ်နိုင်ငံလုံးကိုကိုယ် စားပြုပြီး မြန်မာနိုင်ငံမှာ မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ လျော့နည်းပပျောက်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း ခံရတာဖြစ်ပါ တယ်"ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ ပါသည်။
ရောဂါလျော့နည်းပပျောက် သွားသော်လည်း ဆက်လက်လုပ် ဆောင်သွားမည့်လုပ်ငန်းစဉ်များ အဖြစ် ကိုယ်ဝန်ဆောင်များအား ပုံမှန်မေးခိုင်ကာကွယ်ဆေးအနည်း ဆုံးနှစ်ကြိမ် ထိုးနှံပေးခြင်း လွှမ်းခြုံမှု ကို မြို့နယ်တိုင်းတွင် ၈၀ ရာခိုင်နှုန်း အထက် ရရှိအောင်ဆောင်ရွက်ခြင်း၊ ကလေးငယ်များကိုဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေးသုံးကြိမ် အကြိမ်ပြည့် ထိုးနှံပေးခြင်း၊ ပုံမှန်ကာ ကွယ်ဆေးထိုးနှံခြင်းလွှမ်းခြုံမှု မရရှိ သေးသည့် ဝေးလံခက်ခဲသောဒေသ များတွင် အသက် ၁၅ နှစ်မှ ၄၅ နှစ် အရွယ်အမျိုးသမီးများအား အစုလိုက် မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးဖွားရာတွင် သန့်ရှင်းစင်ကြယ်စွာ မွေးဖွားပေးခြင်းတို့ကို အားဖြည့် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး ဖြင့်ကာကွယ်၍ရသောရောဂါများ ဖြစ်သည့် ပိုလီယို၊ ၀က်သက်၊ မွေး ကင်းစကလေး မေးခိုင်ရောဂါအပါ အ၀င်ဆုံဆို့၊ ကြက်ညှာရောဂါများ ဖြစ်ပွားမှု ရှိ၊ မရှိ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ခြင်းအားဖြင့် လျော့နည်းပပျောက်သော အခြေအနေကို ဆက်လက် ထိန်းသိမ်းထားရန် ရည်ရွယ်ကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံများ တွင် ထိုင်းနိုင်ငံပြီးပါက မြန်မာနိုင်ငံ သည် မွေးကင်းစကလေး မေးခိုင် ရောဂါလျော့နည်းပပျောက်သော ဒုတိယမြောက်နိုင်ငံ ဖြစ်ကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-06-2010, 02:19 PM
တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
http://www.news-eleven.com/images/stories/myanmar/loc/w54820
ရှမ်းပြည်နယ် ပို့ဆောင်ရေး မြို့နယ် မထသတို့၏ ကြီးကြပ်မှုဖြင့် အမှတ် ၃၊ ၄၊ ၅ မော်တော်ယာဉ်လိုင်းမှ လိုင်းသစ်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁ ရက်၊ နံနက် ၇ နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ နယ်မြေ (၈)၊ ရွှေသူဋ္ဌေးကုန်း ဂိတ်သစ်တွင် ကျင်းပခဲ့ကြောင်း လိုင်းတာဝန်ရှိသူများထံမှ သိရှိရသည်။
လိုင်းသစ် ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ပို့/ဆက် အရာရှိ ဒေါ်လှလှ၊ မြို့နယ်ဥက္ကဋ္ဌ ဦးတင်လတ်၊ မထသ ဥက္ကဋ္ဌ ဦးစိန်သောင်း၊ လိုင်းဥက္ကဋ္ဌ ဦးကျော်သန်းတို့က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လိုင်းသစ် ခရီးစဉ်အဖြစ် တောင်ကြီး မြို့မဈေး အနီး အောင်မင်္ဂလာလမ်းဂိတ်မှ စ၀်စံထွန်းလမ်း၊ ဘုရင့်နောင်လမ်း၊ စည်ပင်လိုင်း ရှေ့လမ်း၊ အောင်မြေသာစည် ကျောင်းတိုက်ရှေ့လမ်း၊ မဟာစည် ကျောင်းတိုက်ရှေ့လမ်း၊ အမျိုးသမီး ပရဟိတရှေ့လမ်း၊ ၀ါးပြားရွာလယ်လမ်း၊ မုံတ၀လမ်း၊ မြသပိတ် အတက်လမ်း၊ စူဠာမုနိ စာသင်တိုက်လမ်းမှ ရွှေသူဋ္ဌေးကုန်းဂိတ်သစ်တွင် ဂိတ်ဆုံးမည် ဖြစ်ကြောင်း သိရသည်။
ထို မော်တော်ယာဉ်လိုင်းကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်နေ့လျှင် ဟိုင်းလတ်ယာဉ် ရှစ်စီးဖြင့် အသွားအပြန် ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။
ခရီးသည် တစ်ဦးလျှင် ယာဉ်စီးခ အသွား ကျပ် ၁၅၀၊ အပြန် ကျပ် ၁၅၀၊ ရှေ့ခန်း ကျပ် ၂၀၀ ဖြစ်ကြောင်း နှင့် ဖွင့်ပွဲနေ့ တစ်နေ့လုံးအတွက် ယာဉ်စီးခ အခမဲ့အဖြစ် ကုသိုလ်ယူ ပြေးဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်လိုင်းသစ် ပြေးဆွဲခြင်းသည် သီးနှံနှင့် အခြား ကုန်ပစ္စည်းများ သယ်ဆောင်မှု အဆင်ပြေလွယ်ကူ ချောမွေ့စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-06-2010, 02:21 PM
အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
http://www.news-eleven.com/images/stories/myanmar/loc/w54823
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ငါးမျိုးသယံဇာတကို မျိုးတုန်း ပျောက်ကွယ်စေသည့် တရားမ၀င် နည်းလမ်းများဖြင့် ငါးဖမ်းယူသူများအား တရားဥပဒေအရ ဖမ်းဆီးအ ရေးယူလျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသခံလူဦးရေ တိုးတက်လာသည်နှင့်အမျှ ငါးစားသုံးမှု ပိုမိုလာကာ ငါးဖမ်းဆီးမှုနှုန်းများ မြင့်တက်လာကြောင်း ၊ ငါးဖမ်းဆီးရာ၌ စီးပွားဖြစ် ငါးဖမ်းခြင်းနှင့် ၀မ်းစာအတွက် ငါးဖမ်းခြင်းဟူ၍ နှစ်မျိုးရှိရာ စီးပွားဖြစ် ငါးဖမ်းခြင်းများကို အင်းငါးဖမ်းကွက် ဧရိယာများ သတ်မှတ်၍ တရားဝင်ခွင့်ပြုချက် လိုင်စင်ဖြင့် ဖမ်းဆီးခွင့်ပြုခဲ့ပြီး ဟင်းစားအတွက် ငါးဖမ်းခြင်းမှာ ဒေသနေ ကျေးလက်တောရွာ လက်လုပ်လက်စား လူထုအတွက် အရင်းအနှီးနည်းပြီး အရေးပါ သော တစ်ပိုင်တစ်နိုင် လုပ်ငန်းများ အဖြစ် ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ငါးအလွန်အကျွံ ဖမ်းဆီးပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးစေကာ အဆိပ်အတောက်၊ ဓာတုဗေဒ ပိုးသတ်ဆေးများ ခပ်၍ ငါးဖမ်းခြင်း ဘက်ထရီရှော့တိုက် (လျှပ်စစ်ကျင်စက်)ဖြင့် ငါးဖမ်းခြင်း၊ မိုင်းခွဲ၍ ငါးဖမ်းခြင်းများကို တင်းကျပ်စွာ တားမြစ်ထားပြီး ငါးအမြောက်အများ သေဆုံး မျိုးတုန်းစေသည့် အဆိုပါနည်းဖြင့် လုပ်ဆောင်သူများကိုလည်း ရေချိုငါးလုပ်ငန်း ဥပဒေ (၄၅)အရ ထောင်ဒဏ်ချမှတ် အရေးယူ အပြစ်ပေးခဲ့ကြောင်း၊ ဥပဒေအရ ဖမ်းဆီးအရေး ယူ၍ ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် မပျက်စီးစေရန်နှင့် ငါးမျိုးတုန်း ပျောက်ကွယ်မှု မရှိစေရန် ဒေသခံများက ၀ိုင်းဝန်းလိုက်နာ စောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြခဲ့သည်။
@news-eleven.com

poohcartoon
09-06-2010, 02:22 PM
၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ ဖြေဆိုခွင့်လျှောက်လွှာပုံစံ ၀ယ်ယူလျှောက်ထားရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်အဖွဲ့၏ ထုတ်ပြန်ထားရှိချက်ကို စက်တင်ဘာလ ၂ ရက် နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။
၂၀၁၁ ခုနှစ်၌ ပြင်ပမှ တက္ကသိုလ်ဝင်တန်း ၀င်ရောက်ဖြေဆိုမည့်သူများ မဟုတ်သော အခြေခံပညာ ကျောင်းများ၊ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာ တင်သွင်းမည့်သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်း တံဆိပ်ခေါင်းဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်း တွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်အဖွဲ့ရုံး သို့ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၂၉ ရက်အတွင်း တင်သွင်းသွားရမည်ဟု သိရသည်။
ပြင်ပမှလျှောက်ထား တင်သွင်းသူများသည်လည်း မိမိတို့ဖြေဆိုခွင့် လျှောက်လွှာပုံစံများကို မိမိတို့ အမှန်တကယ်နေထိုင်ရာ မြို့နယ်ပညာ ရေးမှူးရုံးများမှ တစ်ဆင့် စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၁၅ ရက်အတွင်း စတင်တင်သွင်းကြ ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာ တင်သွင်းရာတွင် ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲများအား အမှတ်စဉ်များအလိုက် မြန်မာနိုင်ငံစာစစ်အဖွဲ့မှ သတ်မှတ်ပေးထားပြီး ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုးခွဲခြားထားသည်ဟု သိရသည်။
ဝင်ခွင့်ပုံစံ ၀ယ်ယူပြီးသူများသည်လည်း သတ်မှတ်ရက်အတွင်း စာစစ်သို့အချိန်မီ ပေးပို့ရန်လိုအပ်ပြီး အချိန်မီပေးပို့နိုင်ခြင်း မရှိပါက စာမေးပွဲဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း နှင့် ၀င်ခွင့်လျှောက်လွှာပါကတ်ပြား ၌ ဖော်ပြထားသော ဘာသာတွဲများအား ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရပါသည်။

@news-eleven.com

poohcartoon
09-07-2010, 09:39 AM
အမှတ် ၅၅ မန္တလေး-မြစ်ကြီးနားအဆန်ရထား လမ်းချော်မှုဖြစ်ပွားသောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များခေတ္တရပ်နားလိုက်ရ
အမှတ် (၅၅) မန္တလေး-မြစ်ကြီးနားအဆန်ရထား လမ်းချော်မှုဖြစ်ပွားသောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များခေတ္တရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။

မန္တလေးမှ စက်တင်ဘာလ ၅ရက်နေ့ နေ့လယ် ၁၂နာရီတွင်ထွက်ခွာခဲ့သော အမှတ်(၅၅)အဆန်ရထားသည် မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း လမ်းတ၀က်ရှိ ဘုံချောင်းနှင့် နမ်းခမ့်အကြား နဘားဘူတာမရောက်မီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းချော်မှုကြောင့် သုံးရက်ခန့်ကြာနိုင်ကြောင်း၊ လမ်းချော်သွားသောအဆိုပါရထားတွင် ရိုးရိုးတန်း ၅တွဲ၊ ပထမတန်း ၂တွဲ၊ အထက်တန်း ၁တွဲ၊ အိပ်စင် ၁တွဲ၊ ဂါတ်ဗိုလ်တွဲ ၁တွဲ စုစုပေါင်း အတွဲ ၁၀တွဲပါဝင်ကြောင်းနှင့် မန္တလေး-မြစ်ကြီးနားခရီးစဉ်တွင် နေ့စဉ် အစုန်ရထား ၄စီးနှင့် အဆန်ရထား ၄စီးရှိကြောင်းလည်း သိရှိရပါသည်။

အဆိုပါလမ်းပိုင်းပိတ်ဆို့မှုကြောင့် စက်တင်ဘာလ ၆ရက်နေ့ မန္တလေး-မြစ်ကြီးနားခရီးစဉ်များနှင့် ၇ရက်နေ့ခရီးစဉ်များကို ရပ်နားထားခဲ့ရပြီး လက်မှတ်များကို ငွေပြန်အမ်းပေးကြောင်းလည်း သိရှိရပါသည်။
"အခုလောလောဆယ်တော့ ၆ရက်နေ့ခရီးစဉ်တွေနဲ့ ၇ရက်နေ့ခရီးစဉ်တွေကို ရပ်နားထားရပါတယ်။ လက်မှတ်ဝယ်ထားတဲ့ခရီးသည်တွေကိုလည်း သက်ဆိုင်ရာလက်မှတ်ရုံတွေကနေ တဆင့်ငွေပြန်အမ်းပေးနေပါတယ်။ ဘယ်နေ့ကစပြီးတော့ မန္တလေး-မြစ်ကြီးနားခရီးစဉ်ကို ပြန်လည်ပြေးဆွဲဖြစ်မယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း အကြာကြီးတော့ဖြစ်မှာ မဟုတ်ပါဘူး"ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

(အဆိုပါ လမ်းချော်မှုနှင့်ပတ်သတ်သည့် အသေးစိတ်အခြေအနေများကို စုံစမ်းဆဲဖြစ်ပြီး သိရှိရပါက ဆက်လက်ဖော်ပြပေးသွားပါမည်။)
@news-eleven.com

poohcartoon
09-07-2010, 10:48 AM
၂၀၀ ကျပ်တန် ယာဉ်တွေကိုပဲ စီးရတော့မှာလား
http://img801.imageshack.us/img801/2705/we5481.jpg
ရန်ကုန်မြို့တော်ရှိ လူဦးရေ ခြောက်သန်းကျော်တွင် ၃ ဒသမ ၅ သန်းဝန်းကျင်မှာ ခရီးသည်တင် ဘတ်စကားကြီးများကို နေ့စဉ် အားထားစီးနင်း၍ သွားလာနေကြရသည်။ မော်တော်ယာဉ်များကိုသာ အဓိက အားထား အသုံးပြုနေကြရသည့် ရန်ကုန်မြို့ပြ ခရီးသည်သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် စစ်ကျန်ဘတ်၊ ဂျီအမ်စီ၊ ဖို့ဒ်၊ ဒေါ့စ် စသည့်ယာဉ်များကို သုံးစွဲခဲ့ကြရာမှ လူဦးရေ ထူထပ်များပြားလာမှု၊ မော်တော်ယာဉ် စီးရေလိုအပ်ချက် မြင့်တက်လာမှုတို့ကြောင့် ကုန်တင်ယာဉ်ကို အသွင်ပြောင်းထားသော ထရပ်ကားလတ်များ၊ ကုန်တင်ယာဉ်အသေးစား ပစ်ကပ်ယာဉ်များ၊ ဟိုင်းလပ်ယာဉ်များ၊ ဘီအမ်ဟီးနိုး၊ ကေအမ်ဟီးနိုးများနှင့် နစ်ဆန်း၊ ဟီးနိုး၊ ဖူဆို၊ အီဇူဇူး၊ ဟွန်ဒိုင်း၊ ဒေ၀ူးစသည့် စီးတီးဘတ်စ်ယာဉ်များဖြင့် အမျိုးမျိုးအဖုံဖုံ သုံးစွဲခဲ့ကြသည်။


၁၉၈၉ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ဂျပန်နိုင်ငံတွင် အသုံးပြုပြီးဖြစ်သော စီးတီးဘတ်စ်ကြီးများကို အသုတ်လိုက် စတင်တင်သွင်းခဲ့ကာ မြို့ပြယာဉ်လိုင်းများတွင် အသုံးပြု စေခဲ့သော်လည်း မော်တော်ယာဉ် လိုအပ်ချက်များစွာ ရှိနေသောကြောင့် ယခင် အသုံးပြုခဲ့သည့် ယာဉ်များကို မြို့ပြယာဉ်လိုင်းများမှ ထုတ်ပယ်ခြင်းမပြုဘဲ ဆက်လက်ပြေးဆွဲစေခဲ့သည်။ ၂၀၁၀ ပြည့်နှစ်သို့ ရောက်ရှိလာချိန်တွင် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင် ရေးအတွက် ပြည်ပမှတင်သွင်းခဲ့သည့် စီးတီးဘတ်စ်အစီးရေမှာ ၂၀၀၀ ၀န်းကျင်ခန့်အထိ ရှိလာခဲ့ရာ ခရီးသည်တင်ယာဉ်ကြီးများ တဖြည်းဖြည်း များပြားလာမှုနှင့်အတူ နှစ်ကာလ ကြာမြင့်ပြီဖြစ်သော စစ်ကျန်ဘတ်စ်ကြီးများနှင့် ဒိုင်နာ၊ ကင်တာ၊ ဟိုင်းလပ်ယာဉ်များကို မြို့တွင်းဧရိယာ များအတွင်း ၀င်ရောက်ပြေးဆွဲခွင့် မပြုတော့ပေ။
ကျပ် ၂၀၀ တန် အထူးယာဉ်များသာ ပိုမိုများပြားလာတော့ မည်လောဟု ထင်မြင်ယူဆနေကြပြီး သာမန်ယာဉ်လိုင်းများ နည်းပါးသွားမည်ကို စိုးရိမ်နေကြသည်။ ခရီးစဉ် ကွာခြားမှုအလိုက် သာမန် ကျပ် ၅၀၊ ကျပ် ၁၀၀ တန်ယာဉ်များတွင်လည်း ယင်းကဲ့သို့ ယာဉ်အသစ်များ အစားထိုး..........
အဆိုပါ ယာဉ်လိုင်းများ၏ နေရာတွင် ပြည်ပမှတင်သွင်းခဲ့သည့်ခရီး သည်တင် စီးတီးဘတ်စ်ကြီးများကို အစားထိုးပြေးဆွဲစေခဲ့သော်လည်း ထိုစီးတီးဘတ်စ်ကြီးများမှာ စစ်ကျန် ဘတ်စ် ဒိုင်နာများကဲ့သို့ ကျပ် ၅၀၊ ကျပ် ၁၀၀ ယာဉ်လိုင်းများမဟုတ်ဘဲ အထူးယာဉ်လိုင်းများအဖြစ် ပြေးဆွဲခဲ့ကြခြင်းပင် ဖြစ်သည်။
http://img818.imageshack.us/img818/4495/we54811.jpg
၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ပြည်ပမှ တင်သွင်းခဲ့သည့် စီးတီးဘတ်စ်များ အားလုံးသည် မြို့ပြယာဉ်လိုင်းများတွင် အထူးဆိုသော ယာဉ်ကြီးများအဖြစ် ပြေးဆွဲနေကြပြီဖြစ်သည်။ အထူးဟုဆိုသည့်၊ သာမန်ယာဉ်လိုင်းများနှင့် ကွဲပြား ခြားနားသည်ဟု ဆိုသည့်ယာဉ်များကို ၂၀၀၆ ခုနှစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းတစ်လိုင်းမှ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး သာမန်ယာဉ်လိုင်းများကြားတွင် အထူးယာဉ်လိုင်းမှာ အထူးပင် ရေပန်းစားခဲ့သည်။ နောက်ပိုင်းတွင် ပါရမီယာဉ်လိုင်းမှ အဓိပတိ ဟူသော ၀ါ၊ စိမ်း၊ နီ၊ ပြာ အထူးယာဉ်လိုင်း လေးလိုင်းကို စတင်ပြေးဆွဲခဲ့သည်။ အထူးများ ခေတ်စားလာခဲ့ပြီ ဖြစ်သော်လည်း နောက်ပိုင်းတွင် သာမန်ထက် ငွေပိုရသော အထူးယာဉ်လိုင်းများ၌ ရပ်စီးခရီးသည်များ တင်ဆောင်နေကြသည်ကို သာမန်ယာဉ်လိုင်းများက ကျေနပ်မှုမရှိကြတော့ပေ။ မှတ်တိုင်တွင် အကြာကြီးရပ်၊ လူအများ အပြား အပြည့်အသိပ်တင်၊ စိတ်ပင်ပန်း၊ လူပင်ပန်း စီးနင်းနေကြရ သည့် ယာဉ်အိုကြီးများ နေရာတွင် ပိုမိုသစ်လွင်နေပြီး ထိုင်ခုံအပြည့်သာ ခရီးသည်တင်၊ အတင်အချ ပြုလုပ် ပြီးတာနှင့် ထွက်ဆိုသောယာဉ်များကို လူတန်းစားအားလုံး မစီးနိုင်ကြသော်လည်း စိတ်ဝင်စားသူ များပြားခဲ့ကြသည်။ နောက်ပိုင်းတွင် အထူးများ သာမန်နှင့် မထူးခြားတော့သလို ထိုင်ခုံများကြပ်ညပ်နေခြင်း၊ အ၀င်အထွက် ခက်ခြင်းနှင့် အသက်ရှူမ၀ခြင်းတို့ ကြောင့် အထူးများကို စိတ်ကုန်လာကြသည်။ ဒါ့အပြင် ဟိုနားဒီနား သွားသူတို့မှာလည်း ငွေကျပ် ၂၀၀ နဲ့ ထိုင်ရထရခက်ဟု ဆိုကာ ကျပ် ၅၀၊ ကျပ် ၁၀၀ တန်ကားကြီးများကိုသာ ပိုမိုအားပေးကြတော့သည်။ အချို့ကလည်း သက်သောင့်သက်သာ အေးအေးဆေးဆေး မောင်းနှင်သည့်ဗိုက်ပူ ခေါ် စစ်ကျန်ဘတ်စ်ကြီးများကို သနား သည်ဟုဆိုကာ အားပေးစီးနင်းနေ ကြသူများလည်း အများအပြားရှိနေ ကြသေးသည်။ သို့သော် ၅၀၊ ၁၀၀ ငွေအကြွေ ပြဿနာနှင့် လာသမျှယာဉ်ကလည်း အထူးတွေပဲဖြစ်လို့နေသည်။
အထူးဟုဆိုသော အထူးယာဉ်လိုင်းများ ရန်ကုန်မြို့တွင် တိုးတက် များပြားလာရာ လက်ရှိ ရန်ကုန်မြို့တော်တွင် အထူးယာဉ်လိုင်းပေါင်း ၃၅ လိုင်းကျော် ပြေးဆွဲနေကြပြီဖြစ်သည်။ မ.ထ.သ ယာဉ်လိုင်းမှ ရရှိခဲ့သည့် စီးတီးဘတ်စ် ၃၇၇ စီးကို ၂၀၀၈ ခုနှစ်မှ စတင်၍ အထူးယာဉ်လိုင်းအဖြစ် စတင်ပြေးဆွဲခဲ့ရာလက်ရှိ အချိန်တွင် အထူးလိုင်း ၁၀ လိုင်း ပြေးဆွဲနေပြီဖြစ်သည်။ အဓိပတိ ၀ါ၊ စိမ်း၊ နီ၊ ပြာ အထူးလိုင်းလေးလိုင်း မှသည် ယခုအခါ ၁၇၃၊ ၁၇၉၊ ၁၈၃၊ ၁၈၄၊ ၂၃၂၊ ၁၇၆၊ ၁၇၇၊ အဓိပတိ ၁၇၃ စသည်ဖြင့် အထူးယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲလာခဲ့သည်ဟုသိရ သည်။ ထို့ပြင် သန်မြန်သူယာဉ်လိုင်းတွင် အထူးလိုင်းတစ်လိုင်း၊ အရှေ့ပိုင်းခရိုင်တွင် အထူးယာဉ်လိုင်း နှစ်လိုင်း၊ အနောက်ပိုင်းခရိုင်တွင် အထူးလိုင်း သုံးလိုင်း၊ တောင်ပိုင်း ခရိုင်တွင် တစ်လိုင်း၊ မြောက်ပိုင်း ခရိုင်တွင် လေးလိုင်း၊ ပြည်ခိုင်ဖြိုး ယာဉ်လိုင်းတွင်တစ်လိုင်းနှင့် ရန်ကုန် မြို့၏ပထမဆုံး အထူးယာဉ်လိုင်းဖြစ် သော ရွှေဧည့်သည် ယာဉ်လိုင်းတွင် အထူးယာဉ်လိုင်း နှစ်လိုင်း ပြေးဆွဲခဲ့ကြရာ လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ မြင်မြင်သမျှ အထူးများပင်ဖြစ်လို့နေသည်။ အနည်းငယ်သစ်လွင်နေသော ဘတ်စကားမှန်သမျှ အထူးယာဉ် ကြီးများသာ ဖြစ်ကြသည်။
အဆိုပါ ပြည်ပမှမှာယူ တင်သွင်းခဲ့သည်ဆိုသော စီးတီးဘတ်စ် ကြီးများကို တစ်ဦးတစ်ယောက်ချင်း အပြင် ကုမ္ပဏီနှင့် စီးပွားရေးအဖွဲ့ အစည်းကြီးများက ၀ယ်ယူခဲ့ကြသည်။ ၀ယ်ယူခဲ့သည့် စီးတီးဘတ်စ်အများစု ကို ယာဉ်ပိုင်ရှင်အများစုက အထူးယာဉ်လိုင်းအဖြစ်ဖြင့်သာ ပြေးဆွဲလိုကြပြီး အထူးအဖြစ် ပြေးဆွဲခွင့်ရရှိမှသာ ယာဉ်အသစ် ၀ယ်ယူလိုကြသည် ဟုသိရသည်။ ယခင်က၀ယ်ယူခဲ့သော စီးတီးဘတ်စ်များမှာ ဂျပန်၊ ကိုရီးယားနိုင်ငံတို့တွင် အသုံးပြုပြီးသား(used) ယာဉ်များဖြစ်ပြီး တစ်စီးလျှင် ငွေကျပ်သိန်း ၂၀၀ ခန့် ရှိသည်ဟုသိရသည်။ ထိုယာဉ်များ ကို မြို့ပြယာဉ်လိုင်းများတွင် အခန့်သင့် ၀င်ရောက်ပြေးဆွဲနိုင်ခြင်း မရှိသေးဘဲ မြန်မာနိုင်ငံ၏ယာဉ်လမ်း ကြောင်းစနစ်နှင့် အဆင်ပြေစေရန် အတက်အဆင်း တံခါးပေါက်အသစ် ပြန်ဖောက်ကြရသည်။ လူများများဆံ့ ရန်အလို့ငှာ ထိုင်ခုံအသစ် ပြန်တပ်ကြသည်။ ထို့ပြင် စီအင်န်ဂျီပြောင်းရသည့်အတွက် စုစုပေါင်း ကုန်ကျစရိတ်သည် ငွေကျပ် သိန်း ၂၈၀၊ သိန်း ၃၀၀ ၀န်းကျင်ခန့်မျှ ကုန်ကျမှုရှိနေသည်။ ထို့ကြောင့်လည်း ယာဉ်ပိုင်ရှင်တို့မှာ အထူးလိုင်းသာ ပြေးဆွဲလိုကြခြင်း ဖြစ်သည်ဟု သိရသည်။ ယခု နောက်ဆုံးတွင် မြန်မာနိုင်ငံ ယာဉ်ကြောစနစ်နှင့် ကိုက်ညီပြီး စီအင်န်ဂျီဖောက်ပြီးသား ကိုရီးယားနိုင်ငံတွင် အသုံးပြုရခြင်း မရှိသေးသည့် ယာဉ်အသစ်များကို စတင် တင်သွင်းလာခဲ့ပြန်သည်။ ယင်းယာဉ်တစ်စီး၏ တန်ဖိုးမှာ ကျပ် ၃၈၅ သိန်း ဖြစ်သည့်အတွက် ယခင်အသုံးပြုပြီးသား (used) ယာဉ်များ၏ဈေးနှုန်း နှင့် ကွာခြားမှုရှိနေသောကြောင့် ၀ယ်ယူလိုသူတို့မှာ စဉ်းစားနေကြသည်။ လက်ရှိတွင် အဆိုပါယာဉ်အသစ် ၁၇ စီးဝယ်ယူရန် စာရင်းပေးသွင်းမှု ရှိသည်ဟုသိရပြီး ယင်းယာဉ်များမှာလည်း အထူးယာဉ်လိုင်းများသာ ဖြစ်လာဖွယ်ရှိသည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့ပြ ယာဉ်လိုင်းများတွင် ကျပ် ၂၀၀ တန် အထူးယာဉ်များသာ ပိုမိုများပြားလာတော့ မည်လောဟု ထင်မြင်ယူဆနေကြပြီး သာမန်ယာဉ်လိုင်းများ နည်းပါးသွားမည်ကို စိုးရိမ်နေကြသည်။ ခရီးစဉ် ကွာခြားမှုအလိုက် သာမန် ကျပ် ၅၀၊ ကျပ် ၁၀၀ တန်ယာဉ်များတွင်လည်း ယင်းကဲ့သို့ ယာဉ်အသစ်များ အစားထိုး ပြေးဆွဲလာကြမည့်အရေး မျှော်လင့်နေကြကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-08-2010, 01:36 PM
ပြည်တွင်း ခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရ
http://img815.imageshack.us/img815/4193/bi3242.jpg
ပြည်တွင်းခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း၏ နိုင်ငံတကာ ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စတင်တည်ထောင်ခဲ့စဉ်က တိုက်ရိုက်ပျံသန်းရန် ၀န်ဆောင်မှုပေးနိုင်ခဲ့သည့် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီကဲ့ သို့သော နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ကို ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု မြန်မာ့လေကြောင်းတာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိပါသည်။
Union of Burma Airways (UBA) အမည်ဖြင့် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့လေကြောင်းလိုင်းသည် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် (၆၂)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်နှင့်အညီ ယခုထက် ပိုမိုတိုးတက်သည့် ၀န်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
UBA မှBAC ( Burma Airways Corporation) ထိုမှ Myanmar Airways အမည်ဖြင့် ဖြစ်ပေါ်လာသော မြန်မာ့လေကြောင်းလိုင်းသည် လက်ရှိတွင် မန္တလေး၊ နေပြည်တော်၊ ကလေး၊ ခန္တီး၊ မိုင်းဆတ်၊ ဟုမ္မလင်း၊ ပူတာအို စသည်ဖြင့်မြို့ပေါင်း ၂၅ မြို့ကို ပြည်တွင်း ခရီးစဉ်များအဖြစ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။
http://img138.imageshack.us/img138/3527/bi3242a.jpg
မြန်မာ့လေကြောင်းလိုင်းသည် စတင်ပျံသန်းချိန်တွင် ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲပေးခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် ဘန်ကောက်၊ ကာလကတ္တားနှင့် စစ်တကောင်းမြို့များသို့ လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူမြို့များသို့ လည်းကောင်း ဒေသတွင်း နိုင်ငံတကာခရီးစဉ်အဖြစ် တိုးချဲ့ပျံသန်းခဲ့ကြောင်း သိရသည်။ BAC အမည်သို့ ၁၉၇၄ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး ၁၉၈၉ခုနှစ်တွင် MA (မြန်မာ့လေကြောင်း) အဖြစ်ထပ်မံ ပြောင်းလဲကာ ဘန်ကောက်၊ စင်ကာ ပူ၊ ဒက္ကား၊ ခတ္တမန္ဒူ၊ ဟောင်ကောင် နှင့်ဂျာကာတာ ခရီးစဉ်များကို ၁၉၉၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့အထိ ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရှိရ ပါသည်။
ထို့အပြင် စတင်တည်ထောင်ချိန် ၌ မြန်မာ့လေကြောင်းလိုင်းနှင့်ချိတ် ဆက်၍ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ ကဲ့သို့သော နိုင်ငံတကာမှလေယာဉ် ကြီးများတိုက်ရိုက်ဆင်းသက်ပျံသန်းမှု ရှိခဲ့ကြောင်း သိရသည်။
"အရင်က ဒီမှာဒေသတွင်းနိုင်ငံ တွေကတင်မဟုတ်ဘဲ International flight အဖြစ်ကို BOAC ၊ Air French ၊ Lufthansa စတဲ့ လေကြောင်းလိုင်းက လေယာဉ်ကြီးတွေ တိုက်ရိုက်ဆင်းသက်ခဲ့ကြပါတယ်။ ဒီလိုနိုင်ငံတကာက လေယာဉ်တွေနဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ အစိုးရပိုင် လေကြောင်းလိုင်းမှာသာ right ရှိတာပါ"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
"အရင်က နိုင်ငံတကာက လေကြောင်းလိုင်းတွေ ဒီကိုတိုက်ရိုက် ဆင်းသက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမလာတော့ဘူး။ နောင် Market လည်းရှိမယ်ဆိုရင် ပြန်ဖြစ်လာနိုင်ပါတယ်။ ခရီးသွားလုပ်ငန်းလည်း တိုးတက်လာနိုင် တယ်"ဟု ခရီးသွားရေးရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့လေကြောင်းလိုင်းသည် လက်ရှိတွင် ကမ္ဘောဇကုမ္ပဏီနှင့် ပူးပေါင်းကာ MAI အမည်ဖြင့် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူနှင့် ကွာလာ လမ်ပူခရီးစဉ်များကို ပြေးဆွဲပေးနေပြီး မြန်မာ့လေကြောင်းလိုင်းအနေဖြင့် မူ ပြည်တွင်းခရီးစဉ်များကိုသာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် (၆၂)နှစ်ပြည့်မြောက် တော့မည်ဖြစ်သည့် မြန်မာ့လေကြောင်းမှ ခရီးသည်များအတွက် ၀န်ဆောင်မှုများတိုးမြှင့်ပေးခြင်း၊ လေ ကြောင်းဆိုင်ရာ Training များပေးခြင်း၊ လေကြောင်းပို့ဆောင်ရေးမှ လေ ကြောင်း စီးပွားရေးအသွင်သို့ ရောက်ရှိနိုင်ရန် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းခရီးစဉ်မှ ဒေသတွင်းခရီးစဉ်၊ ထိုမှ နိုင်ငံတကာခရီးစဉ်အထိပါ ပြုလုပ်သွားရန်ရှိကြောင်း အဆိုပါတာဝန်ရှိ သူက ဆက်လက်ပြောကြားခဲ့သည်။
"ခရီးသည်ဝန်ဆောင်မှုအနေနဲ့ လေယာဉ်တင် အစားအသောက်ပိုင်း မှာလည်း ပိုပြီးစနစ်တကျလုပ်ဆောင် ပေးမယ်။ ပြီးတော့ Limousine service လို့ခေါ်တဲ့ လေယာဉ်စီးဖို့ လာတဲ့အချိန်ကနေ စီးပြီးလို့သွားမယ့်နေရာ ရောက်တဲ့အထိပေးတဲ့ ၀န်ဆောင်မှုကို လုပ်သွားဖို့ရှိတယ်။ Pilot Training၊ Engineering Training၊ Commercial Training အနေနဲ့ e- ticketing Online စနစ်တွေ လုပ်ပေးသွားဖို့ရှိတယ်။ လေယာဉ်စင်းလုံးငှားမှုတွေလည်း တိုးပြီး လုပ်ဖို့ရှိတယ်"ဟု ၎င်းက ထပ်မံပြောပြခဲ့သည်။
မြန်မာ့လေကြောင်းလိုင်းသည် ဖော်ကာ F-28 ၊F-27 ၊ ATR-72 ၊ ATR-42 လေယာဉ်လေးစင်း ရှိပြီး MA 60 လေယာဉ်သစ်များ ၀ယ်ယူ၍ ပြေးဆွဲသွားရန်ရှိကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-08-2010, 01:42 PM
မြန်မာနိုင်ငံသို့ တရုတ် ခရီးသွား လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်၍ ခရီးသွားလုပ်ငန်း၌ အကျိုးအမြတ်ရရှိမှု နည်းပါး
http://img843.imageshack.us/img843/5015/bi3241.jpg
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ခရီးသွားများ လာရောက်မှု များပြားသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ လေ့လာရန်အတွက် လာရောက်ကြခြင်းဖြစ်၍ ခရီးသွား လုပ်ငန်းနယ်ပယ်တွင် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း သတင်းရရှိပါသည်။
အာရှခရီးသွားဝင်ရောက်မှုတွင် နှစ်စဉ် ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်ဦးရေက ဦးဆောင်လျက်ရှိပြီး တရုတ်ခရီးသွားဦးရေသည် ဒုတိယနေရာတွင် ရှိနေသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများတွင်၎င်းတို့စိတ်ဝင်စားရာ နယ်ပယ်အသီးသီး ရှိကြပြီး အချို့မှာယဉ်ကျေးမှုကို လေ့လာလိုခြင်း၊ အချို့မှာစွန့်စားသွားလာလိုခြင်း၊ သဘာဝနှင့် လူနေမှုကိုကြည့်ရှုလိုခြင်း စသည်ဖြင့် ရှိကြကာ တရုတ် ခရီးသွားများမှာမူ အများအားဖြင့် စီးပွားရေးနှင့် ဆက်စပ်၍သာ လေ့လာလိုကြသည်ဟု သိရှိရသည်။
"တရုတ်လူမျိုးတွေက ကျောက်မျက်အတွက် လာကြတာများပါတယ်။ ဒီမှာရှိတဲ့ စကားပြန်တွေအလုပ်ရတာ ရှိသလို သူတို့ဆီက မြန်မာစကားတတ်တဲ့ လူငယ်တွေကို ခေါ်လာတာ မျိုးလည်း ရှိပါတယ်"ဟု မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ တရုတ်ဘာသာစကားဖြင့် ဘွဲ့ရရှိထားသူ တစ်ဦးက ပြောပြသည်။
အာရှဒေသတွင်း နိုင်ငံများ အနေဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)စသည့်နိုင်ငံ များမှ ခရီးသွားများ လာရောက်ကြရာတွင် တရုတ်ခရီးသွားဦးရေသည် ခရီးသွားဦးရေစုစုပေါင်း၏ ၁၀ ရာ ခိုင်နှုန်းဝန်းကျင်၌ နှစ်စဉ်ရပ်တည် လေ့ရှိသည်ဟု သိရသည်။
"တရုတ်ခရီးသွားတွေက အ၀င်တော့များတယ်။ ဒါပေမယ့် သူတို့က စီးပွားရေးပဲ ကြည့်တာများတယ်။ ငွေသိပ်မသုံးဘူး၊ ဘုရားမဖူးဘူး၊ ဈေးမ၀ယ်ဘူး၊ အမှတ်တရ လက်ဆောင်တွေမ၀ယ်ဘူး။ ခရီးသွားအ၀င်များပေမယ့် လုပ်ငန်းနယ်ပယ်မှာတော့ ဆက်စပ်ပြီး အကျိုးအမြတ်ရတာ နည်းပါတယ်"ဟု ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းအေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
ခရီးသွားဧည့်သည်တစ်ဦးချင်း ၏ ငွေကြေးသုံးစွဲမှုသည် ဟိုတယ်များ၊ ခရီးသွားအေဂျင်စီများ၊ ဧည့်လမ်းညွှန်များ၊ ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍ၊ အမှတ်တရလက်ဆောင် ရောင်းချသူများ၊ စားသောက်ဆိုင် ဖွင့်လှစ်သူများ စသူတို့ထံ တိုက်ရိုက် အကျိုးအမြတ် ရရှိခြင်းများလည်း ရှိသကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူ၊ မွေးမြူသူများထံ သွယ်ဝိုက်သော နည်းများဖြင့်လည်း အကျိုးအမြတ် ရရှိစေသည်ဟု သိရှိရသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ယင်းနှင့်ဆက်စပ်၍ တစ်ဦးချင်း ၀င်ငွေလည်းတိုးလာနိုင်သည်ဟု ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူနှင့် လေ့လာသူတို့က သုံးသပ်ပါသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်သော ခရီးသွားဦးရေနှင့် လုပ်ငန်းဝင်ငွေ ပေါ်မူတည်ကာ တစ်ဦးချင်း ပျမ်းမျှ နေထိုင်သည့်ရက်နှင့် အသုံးစရိတ်များ တွက်ချက်မှုတွင် ခရီးသွားတစ်ဦးသည် ပျမ်းမျှ ခြောက်ရက်ဝန်းကျင်မှ ခုနစ် ရက်ဝန်းကျင်နေထိုင်ကြပြီး တစ်ရက် လျှင် အမေရိကန်ဒေါ်လာ ၇၀ မှ ၁၀၀ ၀န်းကျင် အသုံးပြုကြကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန၏ နှစ်အလိုက် ဖော်ပြမှုများအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း လူငယ်များ၏ တရုတ်ဘာသာစကား လေ့လာမှုလည်း တိုးတက်လာပြီး အင်္ဂလိပ်ဘာသာပြီး ပါက ဒုတိယနေရာတွင် ရပ်တည် နေကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-08-2010, 02:01 PM
လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်သတ်မှတ်ရာတွင် တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်ပေး ဈေးနှုန်း အမျိုးမျိုးဖြင့် အဆင့် ခွဲခြား ဈေးဖြတ်မှု ရပ်တန့်သွား၍ ကားဈေး အနည်းငယ် ပြန်မာ
http://img641.imageshack.us/img641/3876/b32403.jpg
http://img193.imageshack.us/img193/8529/b32404.jpg
ရန်ကုန်မြို့ရှီ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း အတွင်းတစ်နေရာကို တွေ့ရစဉ်
လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ် သတ်မှတ်ရာတွင် တစ်နယ်နှင့် တစ်နယ် တန်ဖိုးသတ်မှတ်မှုများ ကွာဟချက် မရှိတော့ဘဲ တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းဖြင့်သာ သတ်မှတ်သည့် ပုံစံသို့ ပြောင်းလဲလာသည်ဟု စိစစ် သတ်မှတ်ခံခဲ့သည့် ဈေးများအပေါ် အခြေခံ၍ လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်ခံခဲ့သည့် ကားဈေးကွက် ကျွမ်းကျင်သူများ၊ စီးပွားရေးပညာရှင်များက ဆိုသည်။
''အခု စက်တင်ဘာလဆန်းကစပြီး ဈေးတစ်မျိုးတည်းနဲ့ သတ်မှတ်ပေးတဲ့ ပုံစံလို့ ပြောလို့ရသွားပြီ။ မော်လမြိုင်ပဲ ဖြစ်ဖြစ် ဘားအံပဲ ဖြစ်ဖြစ်၊ ရန်ကုန်ပဲဖြစ်ဖြစ် ကာလတန်ဖိုး သတ်မှတ်ဈေး တူသွားတယ်။ Mark X 2005 ကို ကျပ်သိန်း ၁၈၀၀၊ Mark II ရွှေငါး ၂၀၀၂ မော်ဒယ်ကို ကျပ်သိန်း ၁၂၀၀၊ Mark II ရွှေငါး ၂၀၀၁ မော်ဒယ်ကို ကျပ်သိန်း ၁၁၀၀၊ Mark II 1998 နဲ့ 1999 ကို ကျပ်သိန်း ၉၀၀၊ ကိုရိုနာဆလွန်း ၁၉၉၅ မော်ဒယ်ကို ကျပ်သိန်း ၅၀၀၊ Van CE106 ဖင်ကောက် ၂၀၀၀ မော်ဒယ်ကို ကျပ်သိန်း ၅၀၀၊ Celica 2 door 1997 ကို ကျပ်သိန်း ၄၀၀ ဆိုတာမျိုးတွေကို ဖြတ်ပေးတယ်။ မော်လမြိုင်မှာ ဖြတ်တဲ့ဈေး ဆိုပေမယ့် ဘားအံမှာလည်း ဒီနှုန်းပဲ။ ဒီဈေးတွေက ရန်ကုန်မှာ ပုံမှန်အတိုင်း လာတဲ့သူတွေကို သတ်မှတ်ပေးတဲ့ ဈေးနဲ့ အတူတူပဲဆိုတော့ တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းလို့ ပြောရမှာပေါ့''ဟု မော်လမြိုင်၊ ဘားအံမြို့များသို့ သွားရောက်၍ လိုင်စင်မဲ့ ကားအချို့ကို ကာလတန်ဖိုး စိစစ်ခံခဲ့သူ တစ်ဦးက ဆိုသည်။
၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ကွာဟလျော့နည်းတာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ၅၀၊ ၇၀ ရာခိုင်နှုန်းလောက် ကွာတာတွေ ကျတော့ အခွန် ပြန်ကောက်သင့်တယ် . . .
စက်တင်ဘာလ ၆ ရက်နေ့တွင် မော်လမြိုင်၊ ဘားအံမြို့များရှိ တရားမ၀င် တင်သွင်းလာသော မော်တော်ယာဉ်များ ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့များမှ လာရောက် စိစစ်ခံသည့် ကားများကို တန်ဖိုး သတ်မှတ်ရာတွင် ယခင်ကကဲ့သို့ ပုံမှန်လာရောက်သူကို ဈေးတစ်မျိုး အထူးသက်သာခွင့်ဟု ဆိုကာ လာရောက်သူများကို ဈေးအမျိုးမျိုးဖြင့် သတ်မှတ်ပေးခြင်းမျိုး မရှိဘဲ ဈေး တစ်မျိုးတည်းဖြင့်သာ သတ်မှတ်ပေးခဲ့သည်ဟုလည်း သိရသည်။
''အစောပိုင်းတုန်းက ရန်ကုန် အပါအ၀င် ဘယ်နယ်မှာပဲဖြစ်ဖြစ် အထူး သက်သာခွင့်ဈေးနဲ့ ပုံမှန်ဈေး ဆိုပြီး နှစ်မျိုးထားဖြတ်တာ ရှိတယ်။ အခုတော့ အထူးသက်သာခွင့်နဲ့ တန်ဖိုးသတ်မှတ်ပေးတာ မကြားရတော့ဘူး။ အထူး သက်သာခွင့် ဆိုတာကို ဦးစားတော့ပေးတယ်၊ ဈေးနှုန်းအရင်လို လျော့သတ်မှတ်ပေးတာ မဟုတ်ဘူး၊ နောက်မှလာပေမယ့် အရင် လုပ်ပေးတာလောက်ပဲ ဦးစားပေးတာ။ ဈေးကတော့ သူများနဲ့ တန်းတူပဲထားတာ တွေ့ရတယ်။ ဒီတော့ ပုံမှန်နဲ့ အထူး သက်သာခွင့် ဈေးဆိုပြီး လတ်တလောမှာတော့ မရှိတော့ဘူးပေါ့''ဟု လိုင်စင်မဲ့ကားများ ကာလတန်ဖိုး စိစစ်ခံခဲ့သူ တစ်ဦး က ဆိုသည်။
ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်သည်ဟု ဆိုသော်လည်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့များ အခြေခံထားသည့် ဈေးမှာ ယခင်က ကားဈေးကွက်အတွင်း ထွက်ပေါ်ခဲ့သည့် 'မော်တော်ယာဉ် အမျိုးအစား အလိုက် မော်တော်ယာဉ် ဈေးနှုန်းများ ခန့်မှန်းတန်ဖိုး'ဟူသည့် စာရင်းတွင် ပါသော ဈေးနှုန်းများနှင့် အတူတူပင် ဖြစ်သည်ဟုလည်း ကားဈေးကွက် အတွင်းရှိ ၀ယ်ရောင်းများထံမှ သိရသည်။
''လိုင်စင်မဲ့ကားတွေ အခုလို ၈၅ ရာခိုင်နှုန်းဆောင်ပြီး လိုင်စင်လုပ်ခွင့် ပြုမယ်ဆိုတဲ့ သတင်းစထွက်တော့ ကားဈေးနှုန်းစာရင်းတစ်ခု ထွက်လာတယ်။ အဲဒီကဈေးနဲ့ အခု ဖြတ်နေတဲ့ ဈေးတွေက အတူတူပဲဆိုတော့ တစ်နိုင်ငံလုံး ဈေးတစ်မျိုးတည်းနဲ့ ဖြတ်တယ်ဆိုတာ ဒီဈေးနဲ့ ဖြတ်နေတဲ့ သဘောပေါ့''ဟု ကားဝယ်ရောင်း တစ်ဦးကလည်း ပြောပြခဲ့သည်။
ဈေးတစ်မျိုးတည်းဖြင့် သတ်မှတ်သည့် အတွက် နစ်နာသူနှင့် အသာရသူ ကွဲပြားနေမှု သိသိသာသာ နည်းပါးသွားသည်မှာ မှန်သော်လည်း ယခု သတ်မှတ်ပေးသည့် ဈေးများသည် ယခင် ကားဈေးမြင့်တက်ချိန်က ဈေးများဖြစ်နေပြီး လက်ရှိ ကားဈေးကွက်အတွင်း ပေါက်ဈေးများဖြင့် ကိုက်ညီမှု မရှိသည်ကို စိစစ်ပေးသင့်သည်ဟု ယာဉ်ပိုင်ရှင်များက ဆိုသည်။
''လိုင်စင်မဲ့ကားတွေ ဒဏ်ကြေး ဆောင်ပြီး လိုင်စင်လုပ်ခွင့်ပေးတဲ့ အစီအစဉ် စတာက ဇူလိုင် ၂၃ ရက် ကပါ။ အခုဆို ရက်ပေါင်း ၄၀ ကျော်သွားပြီ။ ရက်ပေါင်း ၄၀ အတွင်းမှာ နယ်စုံမှာ သတ်မှတ်ပေးတဲ့ ဈေးက ဈေးပေါင်းစုံ ဖြစ်သွားတာ။ အဲဒီ အပေါ်မှာလိုက်ပြီး ကားဈေးက အရမ်း ပြောင်းသွားပြီလေ။ အခု သတ်မှတ်ပေးတဲ့ဈေးက လွန်ခဲ့တဲ့ သုံးလ၀န်းကျင်က ဈေးတွေ၊ တချို့ဆို လွန်ခဲ့တဲ့ သုံးလ၀န်းကျင်မှာ တုန်းကတောင် အဲဒီဈေး မရှိခဲ့ဘူး။ ပြောချင်တာကတော့ ဈေးတစ်မျိုးတည်း သတ်မှတ်လိုက်တော့ နစ်နာတဲ့သူ၊ အသာရတဲ့သူ၊ အထူး သက်သာခွင့် ရတဲ့သူဆိုတာ မရှိတဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် အခုသတ်မှတ်တဲ့ ဈေးတွေက အပြင်ကဈေးနဲ့တော့ အရမ်းမြင့်နေတဲ့အတွက် ပေးဆောင်ဖို့ ခက်ခဲကုန်နိုင်ပါတယ်။ ဥပမာပြရမယ်ဆိုရင် မော်လမြိုင်မှာ စက်တင်ဘာလ ၆ ရက်နေ့က ဖြတ်တဲ့ဈေးက ဈေးတစ်မျိုးတည်း ဆိုပေမယ့် အပြင်ဈေးထက် မြင့်သွားလို့ပါ။ အပြင်ဈေးကို ၈၅ ရာခိုင်နှုန်း ပေးဆောင်ရတာမျိုးက ပိုကောင်းမယ် ထင်ပါတယ်''ဟု ကားဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။
ဒီလို အထူး အခွင့်အရေးကိုချည်းပဲ မျှော်တဲ့သူတွေပဲ များလာရင် နိုင်ငံတိုးတက်မှုကို နှောင့်နှေးစေမှာပါ။ ခေတ်စနစ်တွေ ပြောင်းလဲတဲ့ အခါမှာ အများတန်းတူပဲ အခွင့်အရေးယူကြဖို့ နိုင်ငံသား တစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ် . . .
''ကာလတန်ဖိုး သတ်မှတ်တဲ့ ဈေးအနေနဲ့ကတော့ အားလုံးဆောင်နိုင်တဲ့ ဖြစ်နိုင်တဲ့ဈေးမျိုး ဖြစ်ဖို့လိုပါတယ်။ ဥပမာ Mark X လိုကားမျိုး ကို ကျပ်သိန်း ၁၈၀၀ သတ်မှတ်တယ် ဆိုပါတော့ အရင်က အဲဒီလို ကားကို ကျပ်သိန်း ၁၁၀၀ လောက်နဲ့ ဆောင်ထားတဲ့သူ ရှိနေတာ ထည့်တွက်ရမယ်လေ။ အခုမှ အဲဒီလိုဈေးမျိုးနဲ့ တစ်ပြေးညီ သတ်မှတ်တယ်ဆိုတော့ ဆောင်မယ့်သူတွေ အကုန် လက်တွန့်ကုန်မယ်။ အဲဒီတော့ တကယ်လက်တွေ့ ဖြစ်နိုင်တဲ့ ဈေးကိုပဲ သတ်မှတ်ပြီး အားလုံးတစ်ပြေးညီပဲ ဖြစ်သင့်တယ်''ဟု ကားဈေးကွက် လေ့လာသူတစ်ဦးက သုံးသပ်ခဲ့သည်။
''လိုင်စင်မဲ့ကားကို ဒဏ်ကြေးဆောင်ပြီး လိုင်စင်ပေးတာ ရည်ရွယ်ချက်နှစ်ခု ရှိတယ်လေ။ နိုင်ငံတော် အခွန်ရဖို့နဲ့ အများပြည်သူကြားမှာ လိုင်စင်မဲ့ကား ပပျောက်ပြီး ကားဈေး သင့်တင့်တဲ့အထိ ကျဆင်းဖို့။ ကားဈေးကျရမယ်ဆိုတာ မှန်တယ်။ နိုင်ငံ တကာ ဈေးနှုန်းတွေအထိကို နည်းလမ်းမှန်မှန်နဲ့ ကျသင့်တယ်။ ဥပမာ လေလံတွေ ပစ်တုန်းက ကားဈေး ၂၅ ရာခိုင်နှုန်းလောက် ကျသွားတယ်။ အခု လိုင်စင်မဲ့ကား အစီအစဉ်ကြောင့် ၂၅ ရာခိုင်နှုန်း ထပ်ကျတယ်။ ဒီလိုပဲ ဖြစ်ရမယ်လေ။ အခုလို အထူးအခွင့်အရေး လိုချင်တဲ့သူများပြီး ရုတ်တရက် မသမာမှုတွေကြောင့် ထိုးကျသွားတာမျိုးကျတော့ သာမန် လူလတ်တန်းစားတွေကို ထိခိုက်ကုန်တာပေါ့။ အများနည်းတူ ပေးဆောင်ရမှာကို မပေးဆောင်ဘဲ ဒီလို ဖြတ်လမ်းလိုက် တာမျိုး မလုပ်သင့်ဘူး။ လိုင်စင်မဲ့ ကားအစီအစဉ် မလာခင်တုန်းက ကျပ်သိန်း ၅၀၀ ဈေးရှိတဲ့ကားက အခုကျပ်သိန်း ၂၅၀ ပဲ ရှိတော့တဲ့အတွက် ကားပိုင်ရှင်က နှစ်လ သုံးလ အတွင်းမှာ ဆုံးရှုံးမှု ဖြစ်သွားပြီ။ နောက် လိုင်စင်မဲ့ကား အစီအစဉ်မှာပဲ အထူး အခွင့်အရေး လိုချင်တဲ့သူတွေ လုပ်လို့ ပုံမှန်လူတွေ ထိခိုက်ကုန်ပြန်တယ်။ ဒါကို ပြန်တွက်စေချင်တာပါ''ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ်ခဲ့သည်။
''နောက်တစ်ချက်က အထူး အခွင့်အရေး လိုချင်တဲ့သူတွေက သက်သာပြီး ရတဲ့အတွက် နိုင်ငံတော် အခွန် ကျပ်ဘီလျံပေါင်းများစွာ နစ်နာသွားပြီ။ အခု အဲဒီလို ဈေးလျော့ပေးခဲ့တဲ့ ကားအစီး ၁၀၀၀ လောက် ရှိတယ်ဆိုရင် တစ်စီးကို ကျပ်သိန်း ၂၀၀ နဲ့ပဲ တွက်ဦး ကျပ်ဘီလျံ ၂၀ လောက် နစ်နာသွားပြီ။ တချို့ ၂၀၁၀ ဘယ်မောင်းကားတွေကို ကျပ် သိန်း ၆၀၀၊ ၇၀၀၊ ၈၀၀ လောက်နဲ့ရန်ကုန်မှာ ဖြတ်တယ်လို့ ကြားတယ်။ Custom Duty ဖိုးတောင်မရှိဘူး။ တစ်ဝက်ဈေးထက်တောင် လျော့တဲ့ ဈေးနဲ့ ရထားတဲ့ကားတွေ အများကြီး ရှိတယ်လို့ ကြားတယ်''ဟု ကားပိုင်ရှင် တစ်ဦးကလည်း ပြောကြားခဲ့သည်။
''ကျွန်တော်ကတော့ တန်းတူ ပေးဆောင်ရတာကိုပဲ ကြိုက်တယ်။ ကားအခြေအနေပေါ် မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာ ကွာနိုင်ပါတယ်။ ဒါပေမယ့် ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း ကွာဟလျော့နည်းတာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ၅၀၊ ၇၀ ရာခိုင်နှုန်းလောက် ကွာတာတွေကျတော့ အခွန် ပြန်ကောက်သင့်တယ်''ဟု ကားပိုင်ရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။
ဈေးတစ်မျိုးတည်း သတ်မှတ်ခြင်းကြောင့် ဈေးကွက်အတွင်း ကားဈေးအနည်းငယ် ပြန်မာလာသည်ဟုလည်း ကားရောင်းဝယ်သူများက ပြောကြားခဲ့သည်။
''အထူးသက်သာခွင့် မရှိတော့တဲ့အတွက် ကားဈေးကွက်ထဲမှာ ကားဈေးနည်းနည်းတော့ ပြန်မာလာတာပေါ့။ ပြန်မာလာတယ်ဆိုတာ တက်လာတာတော့ မဟုတ်သေးဘူး။ ဈေးကမောက်ကမ ဖြစ်တာ ရပ်သွားတာ။ ခေါ်ဈေး ပြန်မာ လာတယ်လို့ ပြောတာပါ''ဟု ရန်ကုန် ကားဈေးကွက်အတွင်းရှိ ကားဝယ်ရောင်း တစ်ဦးကလည်း ရှင်းပြခဲ့သည်။
''ကားတစ်ခုထဲကို ပြောတာ မဟုတ်ဘူး။ ဈေးကွက်ထဲမှာ အထူး အခွင့်အရေးခံတဲ့သူ များလာတာဟာ နိုင်ငံအတွက် ဆုတ်ယုတ်စေပါတယ်။ ဈေးကွက်ထဲမှာ သူများတန်းတူ မဟုတ်ဘဲ အထူး အခွင့်အရေး လိုချင်တဲ့သူ များလာရင်၊ များနေရင် စွန့်ဦး တီထွင်သူ၊ စီးပွားရေးကို စွန့်စားပြီး သမားရိုးကျ ဖြောင့်ဖြောင့်မှန်မှန် လုပ်ချင်တဲ့သူတွေ ရှားပါးပြီးတော့ နိုင်ငံအကျိုးစီးပွားကိုပါ ထိခိုက်ပါတယ်။ အခုလို တန်းတူ ပေးဆောင်ရမှာကို မပေးဆောင်တဲ့သူမျိုး များလာရင် အားလုံးတန်းတူ မဟုတ်ရင်၊ ဒီလို အထူး အခွင့်အရေးကိုချည်းပဲ မျှော်တဲ့သူတွေပဲ များလာရင် နိုင်ငံ တိုးတက်မှုကို နှောင့်နှေးစေမှာပါ။ ခေတ်စနစ်တွေ ပြောင်းလဲတဲ့အခါမှာ အများတန်းတူပဲ အခွင့်အရေးယူကြဖို့ နိုင်ငံသား တစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်''ဟု ဂျာနယ်လစ် တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-08-2010, 02:19 PM
မြန်မာ့ရိုးရာ တံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ အောက်တိုဘာလအတွင်း ကျင်းပမည်
မြန်မာ့ရိုးရာတံခွန်စိုက် စစ်တုရင် ပြိုင်ပွဲကို လာမည့် အောက်တိုဘာလအတွင်း အောင်ဆန်းအားကစားကွင်းရှိ မိုးလုံလေလုံကွင်း၌ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ တံခွန်စိုက်စစ်တုရင် ပြိုင်ပွဲသည် တတိယအကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး ပထမ အကြိမ်အဖြစ်ကျင်းပသောပြိုင်ပွဲကို မန္တလေးမြို့၌ ကျင်းပခဲ့ရာတွင် အောင်အောင်လေးမှ ပထမဆုကို ဆွတ်ခူးခဲ့ကြောင်း သိရှိရသည်။
"ရိုးရာစစ်တုရင်ပြိုင်ပွဲကို ဟိုး တုန်းကလည်းကျင်းပခဲ့ကြပါတယ်။ မကျင်းပဖြစ်တာ နှစ်ကာလ အတန် ကြာရှိပါပြီ။ ၂၀၀၈ ခုနှစ်ကမှ ပြန်ပြီး မန္တလေးမှာစကျင်းပခဲ့ပါတယ်။ မနှစ် ကတော့ ရန်ကုန်မှာလုပ်ဖြစ်ခဲ့တယ်။ အလွတ်တန်းအဆင့် ပြိုင်ပွဲတစ်ခု ဖြစ်တဲ့အတွက် စိတ်ပါဝင်စားပြီး ပါဝင်ယှဉ်ပြိုင်ချင်သူ မည်သူမဆိုဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်"ဟုရိုးရာစစ်တုရင် အဖွဲ့မှတာဝန်ရှိသူက ဆိုပါသည်။
ယခု တတိယ အကြိမ်မြောက် မြန်မာ့ရိုးရာတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ အပါအ၀င် လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ရည်ရွယ်၍ စည်းမျဉ်းစည်းကမ်း ညှိနှိုင်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့ တွင် စစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကစားသမားများနှင့် ဆွေးနွေးတိုင်ပင်ကြမည် ဖြစ်ကြပြီး မြန်မာ့ ရိုးရာစစ်တုရင်အရုပ်များ၊ ကစားနည်း များနှင့် ပတ်သက်သော စာနယ်ဇင်းရှင်း လင်းပွဲကို မကြာမီကာလတွင်ကျင်းပ နိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-09-2010, 09:29 AM
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး
http://www.news-eleven.com/images/stories/main/bi3241.jpg
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံးလိုဏ်ဂူ ၀ိပဿနာစေတီတော်ကြီး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေက ပြောကြားခဲ့သည်။
အဆိုပါ စေတီတော်ကြီးကို တည်ဆောက်ရာတွင် စုစုပေါင်းကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၅၀ နီးပါး ရှိခဲ့ကြောင်း သိရှိရသည်။
"အခုအချိန်မှာတော့ ဘုရားကြီး တည်ဆောက်မှုက ၁၀၀ ရာခိုင်နှုန်းနီးပါးပြီးသွားပါပြီ။ ဘုရားကြီး ပတ်ဝန်းကျင် မြန်မာမှု လက်ရာတွေ လုပ်ငန်းကလည်း ပြီးသလောက်ဖြစ်နေပြီ။ အခုအချိန်မှာ မြန်မာမှုလုပ်ငန်းကို လူအင်အား ၂၇ ဦးနဲ့ပဲ လုပ်နေတာပါ။ ဒါပြီးသွား ရင်တော့ ၀ိပဿနာစေတီတော်ကြီးရဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်အောင် ဆောင်ရွက်သွားမယ်။ ကား လမ်းတွေဖောက်မယ်၊ လူသွားလမ်းတွေ ဖောက်မယ်။ ဘုရားကြီးရဲ့ ဘေးဘက်မှာ မြစ်ချောင်းတစ်ခုရှိတယ်။ အဲဒီတစ်ဖက်က အများပြည်သူတွေ လာရောက်ဖူးမြော်နိုင်ဖို့အတွက်လည်း တံတား ဆောက်သွားပါမယ်။ ဘုရားကြီးရဲ့ ရင်ပြင်တော်အတွင်းရဲ့ တောင်ဘက်မှာ အရန်စေတီတစ်ခု တည်ဆောက်ပြီးသွားပြီ။ အခုလည်း မြောက်ဘက်မှာ အရန်စေတီတစ်ခု တည်ဆောက်နေတယ်။ ဒီဘုရားကြီး အပြင် ပတ်ဝန်းကျင်တစ်ခုလုံး စီမံကိန်းအနေနဲ့ ကြည့်မယ်ဆိုရင် နောက်ငါးနှစ်အကြာမှာပြီးဖို့ မျှော်လင့်ပါတယ်။ စုစုပေါင်း ကုန်ကျငွေ ကလည်း အမေရိကန်ဒေါ်လာသန်း ၆၀ ကျော်၊ ၇၀ နီးပါးထိ ရှိလာနိုင်ပါတယ်။ ၀ိပဿနာစေတီတော်ကြီး တည်ဆောက်တဲ့အခါမှာလည်း ကမ္ဘာပေါ်က အများပြည်သူလှူဒါန်းမှုတွေနဲ့ တည်ဆောက်ခဲ့ရတာပါ။ ဒါပေမယ့် ငှက်မြတ်နားတော်ကနေ အပေါ်ပိုင်းအထိကို မြန်မာပြည်တွင်းကပဲ လှူဒါန်းတာပါ"ဟု ဦးရွှေက ပြောကြားခဲ့သည်။
ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး သည် အတွင်းတွင် လိုဏ်ဂူရှိသော စေတီတော်အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင် ကျောက်တုံးတို့ဖြင့်သာ တည်ဆောက်ထားသည့် လိုဏ်ဂူတို့ အနက် ပမာဏအကြီးဆုံး လိုဏ်ဂူဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အံ့ချီးဖွယ်အဆောက်အအုံကြီးဖြစ်ကြောင်း ..
ကမ္ဘာ့အကြီးဆုံးလိုဏ်ဂူ ၀ိပဿနာစေတီတော်ကြီးမှာ မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်ကြီးနှင့် ပုံစံတူဖြစ်ပြီး အမြင့်မှာ ၃၂၅ ပေ၊ အချင်း အကျယ်မှာ ပေ ၃၅၀ ရှိသည်။ အဆိုပါ စေတီတော်၏ ထူးခြားချက်မှာ လိုဏ်ဂူကြီး၏ အတွင်းဘက်ရှိ အမိုးကြီးသည် ၀န်းဝိုင်းလျက်ရှိပြီး အဆိုပါ အမိုးကြီးကို ထောက်ပင့်ထားသော တိုင် လုံးဝမရှိပေ။ တည်ဆောက်ရာတွင်လည်း ပြည်တွင်းမှ ဗိသုကာလက်ရာပညာရှင်များ အပါအ၀င်နိုင်ငံပေါင်းစုံမှ ပညာရှင်များလည်း ပါဝင် ကြောင်း သိရရှိသည်။ စေတီတော်ကြီးကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရွှေထီးတော် တင်လှူ ခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဓမ္မခန်းမကို အိန္ဒိယနိုင်ငံသမ္မတကြီး က ဖွင့်လှစ်ပေးခဲ့သည်။
http://www.news-eleven.com/images/stories/myanmar/mm/bi3243.jpg
အဆိုပါ စေတီတော်ကြီးကို တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တရားစစ်၊ တရားမှန် ပြန်လည် ရောက်ရှိ၍ အိန္ဒိယမှတစ်ဆင့် ကမ္ဘာသို့ ပျံ့နှံ့သွားရန်ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် စေတီတော်ကြီး အတွင်းရှိ ဓမ္မခန်းမကြီးတွင် ယောဂီပေါင်း ၁၀၀၀၀ ခန့် တစ်ပြိုင်နက် တရားအားထုတ်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့ အမျိုးသားပြတိုက်တွင် ရှိသော ဘုရားဓာတ်တော် အစစ်များ မှ ခွဲခြမ်းရရှိသည့် ဓာတ်တော်များကိုလည်း ဌာပနာထည့်သွင်းထား ကြောင်း သိရှိရသည်။
ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး သည် အတွင်းတွင် လိုဏ်ဂူရှိသော စေတီတော်အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင် ကျောက်တုံးတို့ဖြင့်သာ တည်ဆောက်ထားသည့် လိုဏ်ဂူတို့ အနက် ပမာဏအကြီးဆုံး လိုဏ်ဂူဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အံ့ချီးဖွယ် အဆောက်အအုံကြီးဖြစ်ကြောင်း သိရသည်။ ယခု လက်ရှိအချိန်တွင် အဆိုပါစေတီတော် ကြီး၌ ၁၀ ရက်တရားစခန်းနှင့် နေ့စဉ် ပုံမှန်တရားအားထုတ်ခြင်းများ ကို နိုင်ငံတကာမှယောဂီများ လာ ရောက် အားထုတ်လျက်ရှိပြီး တနင်္ဂနွေနေ့တိုင်းတွင် လာရောက်အားထုတ်သူများနှင့် လေ့လာသူများအား သက်သတ်လွတ် ထမင်းကျွေးမွေးလျက် ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-09-2010, 09:33 AM
နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အသုံးပြုနိုင်ပြီ
နေပြည်တော်တွင် ချပေးခဲ့သည့် ငါးသိန်းတန် CDMA 450 ဖုန်းများ တစ်နိုင်ငံလုံး ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း နေပြည်တော်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိပါသည်။
နေပြည်တော်တွင် ဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရန်အတွက် ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်း ၁၅ သိန်းတန် CDMA 450 ဖုန်းများ ချထားပေးခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ဒေသတွင်းသုံး ငါး သိန်းတန် CDMA 450 ဖုန်းများ အားချထားပေးခဲ့ကာ ယခုအခါတွင် အဆိုပါဒေသတွင်းသုံး ငါးသိန်းတန် CDMA 450 ဖုန်းများအား ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့ မှစ၍ တစ်နိုင်ငံလုံးပြောဆို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
"အစကတော့ ဒေသတွင်းသုံး ဖုန်းတွေအဖြစ် ချပေးခဲ့တာပါ။ အခု တော့ တစ်နိုင်ငံလုံး ခေါ်ယူပြောဆို နိုင်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ နေပြည်တော်မှာ ချပေးခဲ့တဲ့ CDMA 450 ဖုန်းက ကမ်းရိုးတန်းဖုန်းဖြစ်တဲ့ အတွက် တစ်နိုင်ငံလုံး ပြောဆိုနိုင်ပါတယ်။ အခုလို ပြောဆိုနိုင်တဲ့အတွက် ထပ်ပြီး ငွေသွင်းရတာတို့ ဘာတို့မရှိ ပါဘူး" ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဗဟိုစာတိုက်ကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
နေပြည်တော်မှာ ချပေးတဲ့ ကမ်းရိုးတန်းဖုန်း အမျိုးအစားက နဂိုကတည်းက မြန်မာတစ်နိုင်ငံလုံး အသုံးပြုလို့ရတဲ့ အမျိုးအစား ဖြစ်တဲ့အတွက် အခုလိုစီစဉ်ပေးတာ ဖြစ်ပါတယ်။ ရန်ကုန်မှာချပေးထားတဲ့ ဖုန်းအမျိုးအစားက မြန်မာတစ်ပြည်လုံး အသုံးပြုလို့ရအောင် စီစဉ်ဖို့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်မှုတွေ ရှိနေတဲ့အတွက် မြန်မာတစ်နိုင်ငံလုံး ယူဆောင်ဖို့ မဖြစ်နိုင်သေးပါဘူး
နေပြည်တော်တွင် ချထားပေးခဲ့သည့် ၁၅သိန်းတန် CDMA 450 ဖုန်းအရေအတွက်မှာ ၄၀၀၀ ကျော် ရှိပြီး ငါးသိန်းတန် CDMA 450 ဖုန်းများမှာအလုံးရေ ၁၀၀၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရပါသည်။
နေပြည်တော်၌ အသုံးပြုနေသည့် ငါးသိန်းတန်ဖုန်းများမှာ ၀၉-၄၉ နံပါတ်ဖြင့်စတင်သော ဂဏန်း ၁၀ လုံးပါ ဖုန်းများဖြစ်ပြီး အဆိုပါ ဖုန်းများအတွက် ဖုန်းခေါ်ဆိုခ ပေးသွင်းသည့်စနစ်များကို ကြိုတင်ငွေ ပေးချေစနစ်အဖြစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးခဲ့ကြောင်း သိရှိရသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက "နေပြည်တော် မှာချထားပေးခဲ့တဲ့ ငါးသိန်းဖုန်း အမျိုးအစားက ကမ်းရိုးတန်းဖုန်း အမျိုးအစား CDMA 450 ဖြစ်ပါတယ်။ ရန်ကုန်မှာ ချပေးခဲ့တဲ့ ငါးသိန်းဖုန်း အမျိုးအစားက CDMA 800 အမျိုးအစားဖြစ်ပါတယ်။ နေပြည်တော်မှာ ချပေးတဲ့ ကမ်းရိုးတန်းဖုန်း အမျိုးအစားက နဂိုကတည်းက မြန်မာတစ်နိုင်ငံလုံး အသုံးပြုလို့ရတဲ့ အမျိုးအစား ဖြစ်တဲ့အတွက် အခုလိုစီစဉ်ပေးတာ ဖြစ်ပါတယ်။ ရန်ကုန်မှာချပေးထားတဲ့ ဖုန်းအမျိုးအစားက မြန်မာတစ်ပြည်လုံး အသုံးပြုလို့ရအောင် စီစဉ်ဖို့ နည်းပညာပိုင်းဆိုင်ရာလိုအပ်မှုတွေ ရှိနေတဲ့အတွက် မြန်မာတစ်နိုင်ငံလုံး ယူဆောင်ဖို့ မဖြစ်နိုင်သေးပါဘူး"ဟု ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-09-2010, 09:37 AM
နံပါတ် ၇၂ ဖြင့်စသည့် ခြင်းဖုန်းများအား CDMA 800 MHz အပြင် GSM၊ WCDMA ဖုန်းအမျိုးအစားများဖြင့်ပါ လဲလှယ်ခွင့် ပြုနေ
http://img543.imageshack.us/img543/1381/b32425.jpg
ပြည်တွင်း၌ အသုံးပြုနေသည့် နံပါတ် ၇၂ ဖြင့်စသည့် ခြင်းဖုန်းများအား CDMA 800MHz ဖုန်းဖြင့် အစားထိုး လဲလှယ်ပေးသည့် အပြင် GSM ဖုန်း၊ WCDMA (ကမ်းရိုးတန်း ဖုန်း) အမျိုးအစားများဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်၍ လဲလှယ်ခွင့် ပြု နေကြောင်း စုံစမ်းသိရှိရသည်။
နံပါတ် ၇၂ ခြင်းဖုန်းများအား CDMA 800 MHz ဖုန်း အမျိုးအစားများဖြင့် လဲလှယ်ပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့၌ စတင် ဆောင်ရွက်ပေးနေပြီး GSM နှင့် WCDMA (ကမ်းရိုးတန်းဖုန်း) အမျိုးအစားများကိုလည်း စက်တင်ဘာလ ၆ ရက်နေ့မှ စတင်၍ အစားထိုး လဲလှယ်ခွင့် ပြုနေပြီ ဖြစ်ကြောင်း သိရှိရသည်။
''နံပါတ် ၇၂ စတဲ့ ခြင်းဖုန်းတွေကို ပိုင်ဆိုင်တဲ့သူတွေက မိမိကြိုက်တဲ့ CDMA 800 MHz ဖုန်း အမျိုးအစားရယ်၊ GSM ဖုန်းအမျိုးအစားရယ်၊ WCDMA (ကမ်းရိုးတန်း)ဖုန်း အမျိုး အစားတွေနဲ့ အစားထိုး လဲလှယ်ခွင့် ပြုထားပါတယ်။ ဒါပေမယ့် CDMA 800 MHz ဖုန်း အမျိုးအစားတွေနဲ့ လဲမယ် ဆိုရင်တော့ ဘာမှထပ်ပေးစရာ မလိုဘူး။ GSM နဲ့ WCDMA ဖုန်း အမျိုးအစားတွေနဲ့ အစားထိုးလဲမယ်ဆိုရင် တော့ ကျပ် ၅၀၀၀၀၀ ထပ်ပေးရပါမယ်။ သူတို့နှစ်မျိုးနဲ့ လဲမယ်ဆိုရင် ရွှေ ဂုံတိုင် ဆက်သွယ်ရေးရုံးမှာ ဒုတိယအင်ဂျင်နီယာရုံးကို လိပ်မူပြီးတော့ လျှောက်ထားရပါမယ်။ မိမိရဲ့ ဖုန်းပိုင်ဆိုင်မှု မူရင်းကိုလည်း တွဲပြီး တင်ပြရပါမယ်''ဟု Elite Tech Co., Ltd မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး မှတာဝန်ရှိသူကလည်း ''ကျွန်မတို့ဆီမှာက နံပါတ် ၇၂ စတဲ့ ခြင်းဖုန်း အမျိုးအစားတွေကို ၅၀၀၀၀၀ တန် CDMA 800 MHz ဖုန်း အမျိုးအစားတွေနဲ့ အစားထိုး လဲလှယ်ဖို့ ဆောင်ရွက်ပေးနေပါတယ်။ အချက်အလက် ပြည့်စုံရင်တော့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါတယ်''ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အသုံးပြုနေသော GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀၀ နှင့် WCDMA တယ်လီဖုန်း အလုံးရေမှာ ၂၈၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-09-2010, 11:05 AM
စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ
စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ၊ စင်ကာပူ ရှိ ကုမ္ပဏီလုပ်ငန်းစုများတွင် S Pass ဖြင့် အလုပ်လုပ်ကိုင်နေကြသော မြန်မာများထဲမှ နေထိုင်ခွင့်ရရန် သက်တမ်းပြန်လည်တိုးခြင်း၊ အသစ် လျှောက်ထားခြင်းများ၌ အခက်ကြုံမှုများရှိကာ နေထိုင်ခွင့်မရဘဲ ပြန်လာခဲ့ရသည့်ဖြစ်စဉ်များ သြဂုတ်လအစောပိုင်းမှ စတင်ကာ ကြုံတွေ့နေကြရကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာလူငယ်များ၊ စင်ကာပူသို့သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
အကြောင်းမှာ စင်ကာပူရှိလူဝင်မှုကြီးကြပ်ရေးက ၎င်းတို့နိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသူများထဲမှ ကျောင်းသားဗီဇာမှလွဲ ၍ အလုပ်ဗီဇာ၊ အလည်အပတ်ဗီဇာဖြင့် လာရောက်သူတိုင်းကို လေဆိပ်အ၀င် လူဝင်မှုကြီးကြပ်ရေးမှ စတင်ကာ တင်းကျပ်စွာ စစ်ဆေးမှုများရှိနေခြင်းကြောင့် ယင်းကဲ့သို့နေထိုင်ခွင့်မရဘဲ ပြန်လာရသူများရှိခဲ့သည်ဟု လတ်တလောစင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်ကာပြန်လာသူ အမျိုးသားတစ်ဦးက ပြောပြခဲ့သည်။
" ဒီကမြန်မာလူငယ်တွေ အရင်ကတည်းက စင်ကာပူကို အလည်အပတ် ဗီဇာနဲ့ထွက်ပြီး အလုပ်ရှာကြတယ်။ အဲဒီလို အလုပ်ရှာဖို့ကိုလည်း သူတို့ လူဝင်မှုကြီးကြပ်ရေးက လုံလောက်တဲ့ ငွေပမာဏပြနိုင်ရင် ပေးဝင်တယ်။ တချို့ကျတော့လည်း သူတို့ပြခိုင်းတဲ့ ငွေမပြနိုင်ရင်ပဲဖြစ်ဖြစ်၊ Personality သိပ်မကောင်းရင်ပဲဖြစ်ဖြစ်၊ ဆေးကျရင်ပဲဖြစ်ဖြစ် လေဆိပ်ကနေ အကြောင်းပြချက်မရှိဘဲ ပြန်လွှတ်ခံရတဲ့ ဖြစ်ရပ်တွေရှိတယ်" ဟု ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလပိုင်းက အလည်အပတ်ဗီဇာဖြင့် စင်ကာပူသို့ သွားရောက်ခဲ့သူ ကွန်ပျူတာဘွဲ့ရကျောင်း သားတစ်ဦးက ပြောပြခဲ့သည်။
ယခုအခါ စင်ကာပူလူဝင်မှု ကြီးကြပ်ရေးအနေဖြင့် မြန်မာအပါအ၀င် နိုင်ငံခြားသားများ၏ နေထိုင်ခွင့်များနှင့်ပတ်သက်၍ တင်းကျပ်မှု များကြောင့် S Pass ဖြင့်အလုပ်လုပ် ကိုင်နေကြသော စင်ကာပူရောက် မြန်မာများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။ ထို့ပြင် စင်ကာပူ၌ကျောင်း ပြီးထားသော မြန်မာများတွင်လည်း S Passလျှောက်ထားမှု မရရှိခြင်း၊ S Passသက်တမ်းတိုးစဉ်အခက်အခဲ များ ရှိနေသည့် ဖြစ်ရပ်များသည် စင်ကာပူအနေဖြင့် နိုင်ငံခြားသားများ အပေါ် ၎င်းနိုင်ငံသားများနှင့်တန်းတူ အလုပ်အကိုင်ရရန် ကန့်သတ်လာခဲ့ခြင်း သဘောဆောင်ပြီး လက်ရှိတွင် ကျောင်းသားဗီဇာဖြင့် ပညာသင် သွားမည့်သူများအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိလာဦးမည်မဟုတ်ကြောင်း စင်ကာပူရေးရာ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြခဲ့ပါသည်။
စင်ကာပူလူဝင်မှုကြီးကြပ်ရေး (Immigration and Checkpoint Authority) အနေဖြင့် မြန်မာ အပါ အ၀င် မည်သည့်နိုင်ငံမှမဆို အလည် အပတ်ဗီဇာဖြင့် ၀င်ရောက်လာကြသူ တိုင်းအား နိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် ၁၄ ရက်မှ တစ်လအတွင်းပေးကာ ယင်းကာလအတွင်း စင်ကာပူ၌ မည်သည့်နေထိုင်ခွင့်ဖြင့် (S Pass ၊ Student Pass၊ Work Permit စသည်) နေထိုင်သွားမည် ကို သက်ဆိုင်ရာ အလုပ်သမားရေးရာ ဌာန၊ ကျောင်းများသို့ ပြန်လည် လျှောက်ထားကြရကြောင်း သိရသည်။
"ဟိုဘက်က S Pass မရတာ၊ ပြီးတော့အလည်နဲ့ ဒီကထွက်ပြီး ဟိုဘက်က ICA က ၀င်ခွင့်မရတာဆိုတာ ဒီဘက်ကသံရုံးနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ဘယ်လိုကိစ္စနဲ့မဆို စင်ကာပူကိုသွားဖို့ ခိုင်လုံတဲ့အထောက် အထားတွေရှိရင် ဒီဘက်က ဗီဇာ တစ်လ ပေးတာပဲ။ သဘောကတော့ စင်ကာပူကို တစ်လအတွင်းသွားဖို့ ပြည်ဝင်ခွင့်ပေးပြီးပြီဆိုတဲ့ သဘောပါပဲ"ဟု မြန်မာနိုင်ငံရှိ စင်ကာပူ သံရုံးနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ တစ်ဦးက ပြောပြခဲ့သည်။
"လက်ရှိမှာတော့ Visit Visa နဲ့ သွားတဲ့သူတိုင်း အလုပ်ရဖို့ မသေချာသလောက်ပဲ။ ကျွန်တော်လည်း အခုထိ အလုပ်ရှာနေရတုန်း။ သူတို့နိုင်ငံသားတွေနဲ့ယှဉ်ရင် အလုပ်ရဖို့ ကျွန်တော်တို့လို နိုင်ငံခြားသားတွေ တော်တော် ခက်တာ ဟိုရောက်မှသိတော့တယ်။ သူ့နိုင်ငံရဲ့ဒီပလိုမာ အဆင့်လောက်နဲ့တောင် နိုင်ငံခြားသားတွေအလုပ်ရဖို့ သိပ်မလွယ်ဘူး။ ကျွန်တော့်လို အလုပ်ရှာပြီး မရလို့ ပြန်သွားရတဲ့သူ တွေလည်းရှိတယ်"ဟု သြဂုတ်လဆန်းပိုင်းက အလည်အပတ်ဗီဇာဖြင့် သွားရောက်ခဲ့သူ မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့သည်။
@news-eleven.com

poohcartoon
09-09-2010, 11:11 AM
အရပ်လက်သည်၊ ဆေးဆရာနှစ်ဦးတို့နှင့် မီးဖွားရာမှ မိခင်သေဆုံးခဲ့ရသည့် ဖြစ်ရပ်အား ကျန်းမာရေးဦးစီးဌာနက စစ်ဆေးခဲ့
ရန်ကုန်တိုင်း တွံတေးမြို့နယ် ထိန်ကုန်းကျေးရွာတွင် အရပ်လက်သည်၊ အရပ်ဆေးဆရာနှစ်ဦးတို့နှင့် ကလေးမီးဖွားပြီး နာရီပိုင်းအကြာတွင် မိခင်သေဆုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခုသည် ပြီးခဲ့သည့်ဇွန်လ ၁ ရက် နေ့က ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကလေးမိခင်မှာ ပုံမှန် မီးမဖွားနိုင်ဘဲ သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်များအရ ကလေးမိခင်မှာ အရပ်လက်သည်နှင့် အရပ်ဆေး ဆရာနှစ်ဦးတို့၏ ကျွမ်းကျင်မှုမရှိဘဲ မွေးပေးခြင်းကိုခံခဲ့ရပြီး မွေးပြီးသွေး ထွက်လွန်၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် အရပ်ဆေးဆရာအား သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပြီး အရပ်လက်သည်ကိုလည်း အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
အမှုဖြစ်စဉ်မှာ တွံတေးမြို့နယ် ထိန်ကုန်းရွာနေ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ဗိုက်နာနေချိန်တွင် မီးဖွားရန် အပ်နှံထားသည့် သားဖွား ဆရာမမှာလည်း မြို့နယ်ဆေးရုံသို့ သွားနေ၍ မရှိသောကြောင့် ၎င်း၏ ဖခင်ဖြစ်သူက အရပ်လက်သည်တစ်ဦးနှင့် ခေါ်ယူကြည့်ရှုစေခဲ့ကြောင်း၊ ည ၇ နာရီ အချိန်ခန့်တွင် အရပ်ဆေးဆရာတစ်ဦးအား ထပ်မံခေါ်ခဲ့သည်။
ထိုသို့ အရပ်လက်သည်နှင့် ဆေးဆရာနှစ်ဦးတို့ဖြင့် ကလေးမွေးဖွားရာ မရသဖြင့် အရပ်ဆေးဆရာက သားအိမ်ပွင့်ဆေးထိုးကာ မွေးလမ်းဝကို ၀ါးခြမ်းဖြင့်ခွဲချကာ မွေးဖွားခဲ့ရာ မရခဲ့ကြောင်း၊ ည ၁၀ နာရီကျော် အချိန်ခန့်တွင် ကလေးမွေးဖွားနိုင်သော်လည်း မိခင်မှာသွေးထွက်လွန်ခဲ့ကြောင်း၊ မွေးပြီး ၅ နာရီခန့်အကြာတွင် ကလေးမိခင်မှာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရှိရသည်။
ယင်းဖြစ်စဉ်၌ သေဆုံးသူမိခင်မှာ ဆေးရုံတွင်တက်ရောက်မွေးဖွားရန် ကြိုတင်ပြင်ဆင်နိုင်ခဲ့သော်လည်း အမှန်တကယ် မွေးဖွားချိန်တွင်ဆေးရုံသို့ သွားရောက်ရန် မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်းမရှိခြင်းကြောင့် သေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးရေး အဖွဲ့၏သုံးသပ်ချက်များအရ သိရှိရသည်။
@news-eleven.com

poohcartoon
09-09-2010, 11:38 AM
မြစ်ရေကြီးမှု တတိယကာလအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌ၀တီမြစ်နှင့် သံလွင်မြစ်တို့တွင် စိုးရိမ်ရေမှတ်များသို့ ရောက်နိုင်သည်ဟု ခန့်မှန်း
မြစ်ရေကြီးမှု တတိယကာလဖြစ်သော စက်တင်ဘာလအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌ၀တီမြစ်နှင့်သံလွင်မြစ်တို့တွင် စိုးရိမ်ရေမှတ်များသို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
စက်တင်ဘာလ မိုးနှောင်းကာလအတွက် ခန့်မှန်း ထုတ်ပြန်ချက်များ၌ ဧရာဝတီမြစ်တွင် ညောင်ဦးမြို့နှင့် ဟင်္သာတမြို့တို့၌ တစ်ကြိမ် ခန့်စီ၊ ဒုဋ္ဌ၀တီမြစ်တွင် မြစ်ငယ်မြို့၌ တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့၌ တစ်ကြိမ်ခန့် စိုးရိမ်ရေ မှတ်များသို့ အသီးသီးရောက်ရှိနိုင် သည်ဟု ဖော်ပြထားကြောင်း သိရှိရ ပါသည်။
စက်တင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အကျုံးဝင်သည့် စက်တင်ဘာလ ပထမ ၁၀ ရက် အပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ကသာမြို့တို့တွင် ငါးပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့တွင် သုံးပေခန့်၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူး မြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည် မြို့နှင့် ဟင်္သာတမြို့တို့တွင် နှစ်ပေခန့် လက်ရှိရေအမှတ်များအထက် သို့ မြင့်တက်လာနိုင်သည်ဟု သိရှိရ သည်။
ထို့အတူ ချင်းတွင်းမြစ်တွင် မြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့ တို့တွင် ငါးပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မုံရွာမြို့တို့တွင် သုံးပေခန့်လက်ရှိ ရေအမှတ်များအထက်သို့ မြင့်တက်လာနိုင်သည်ဟုခန့်မှန်း ထားသည်။
၂၀၁၀ ပြည့်နှစ်သည် မြစ်ရေကြီးမှု နည်းပါးသည့် နှစ်တစ်နှစ်ဟု ဆိုနိုင်ပြီး စက်တင်ဘာလဆန်း ရောက်ရှိသည်အထိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တို့တွင် မြစ်ရေကြီးမှု မကြုံတွေ့ရသေးခြင်း၊ ဧရာဝတီမြစ် တွင် မြစ်အောက်ပိုင်းဒေသများ၌ သာ မြစ်ရေကြီးမှုကြုံနိုင်ခြင်း၊ မြစ်ငယ်များဖြစ်သော ဒုဋ္ဌ၀တီမြစ်နှင့် ပဲခူးမြစ်တို့မှအပ ကျန်မြစ်များတွင် မြစ်ရေကြီးမှု မကြုံရသေးခြင်းတို့ကလည်း ပြီးခဲ့သောနှစ်များကနှင့် အနည်းငယ်ကွဲပြားလာသော အခြေအနေများဖြစ်သည်ဟု သိရှိရပါ သည်။
၂၀၁၀ ပြည့်နှစ်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကကဲ့သို့ မြစ်ရေ ကြီးမှုနည်းပါးသော နှစ်တစ်နှစ်ဖြစ် လာနိုင်သည်ဟု သိရသည်။
ထိုသို့ မြစ်ရေကြီးမှုနည်းပါး သော နှစ်တစ်နှစ်ဖြစ်နိုင်သည်ဟု နှစ်လယ်ပိုင်းမရောက်မီ ခန့်မှန်းမှု များရှိခဲ့သော်လည်း ဇွန်၊ ဇူလိုင်လများ ၀န်းကျင်ကမူ လာနီညာ၏ သဘောသဘာဝအရ မြစ်ရေကြီးမှု များ ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းမှု များ ဖြစ်ပေါ်လာခဲ့သည်ဟု သိရှိရသည်။
သြဂုတ်လအတွင်းတွင်မူ ဒုဋ္ဌ၀တီမြစ်နှင့် ပဲခူးမြစ်တို့တွင် မြစ်ရေကြီးခြင်းသတိပေးချက်များ ထုတ်ပြန်ခဲ့ရကာ ဒုဋ္ဌ၀တီမြစ်တွင် ပထမ အကြိမ်ထုတ်ပြန်စဉ်က စိုးရိမ်ရေ မှတ်သို့ မရောက်ရှိခဲ့သော်လည်း ဒု တိယအကြိမ်တွင် စိုးရိမ်ရေမှတ်သို့ ကျော်လွန်ခဲ့ကြောင်းလည်း သိရှိရပါ သည်။
ပဲခူးမြစ်သည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်အပြီး တစ်ရက်အကြာတွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
09-09-2010, 11:42 AM
သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိ
http://img84.imageshack.us/img84/2928/bi3248.jpg
သောကြာဂြိုဟ် ကြတ်သည့် နေကြတ်မှုဖြစ်စဉ်အား မြင်တွေ့ရစဉ်
သောကြာဂြိုဟ် ကမ္ဘာနှင့် နီးကပ်လာမှုနှင့်အတူ သောကြာဂြိုဟ် ကြတ်သည့် နေကြတ်မှုဖြစ်စဉ်လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင်အသိုင်းအ၀ိုင်းမှ စုံစမ်း သိရှိရပါသည်။
ယင်းကဲ့သို့သော ဖြစ်စဉ်သည် နှစ်နှစ်လျှင်တစ်ကြိမ် (သို့မဟုတ်) သုံးနှစ်လျှင်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄၀ တွင် လည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ ယခု ဖြစ်ပေါ်မည့်ဖြစ်စဉ် တွင် သောကြာဂြိုဟ်သည် ကမ္ဘာ နှင့် နီးကပ်စွာ တစ်တန်းတည်းရှိ နေမည့်အပြင် တနင်္ဂနွေဂြိုဟ် ဟု ခေါ်သည့် နေမင်းနှင့်ပါ တစ်တန်းတည်း ကျရောက်နေမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းဖြစ်စဉ်ကို နက္ခတ်ပညာရပ် အခေါ်အဝေါ်အရ နေမင်း၏ အ၀န်းအ၀ိုင်းအတွင်းသို့ သောကြာဂြိုဟ်ဖြတ်ခြင်း (သို့ မဟုတ်) သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ်ဟု ခေါ် ကြောင်း သိရှိရပါသည်။
"အောက်တိုဘာလ ၂၉ ရက် နေ့မှာဖြစ်ပေါ်မယ့် သောကြာဂြိုဟ် ကြတ်မယ့် နေကြတ်မှုဖြစ်စဉ်က နံနက် ၇ နာရီ ၉ မိနစ်မှာ ဖြစ်ပေါ် မှာ ဖြစ်ပြီးဒီဖြစ်စဉ်ရဲ့ထူးခြားချက် အနေနဲ့ကတော့ ဖြစ်စဉ်ဖြစ်ပေါ်နေ တဲ့ အချိန်ကနေ သုံးနာရီအတွင်း နေမင်းရဲ့အ၀န်းအ၀ိုင်းအတွင်းမှာ သောကြာဂြိုဟ်ကိုအမည်းစက် အသွင်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ သောကြာဂြိုဟ်က ကမ္ဘာနဲ့ အနီးဆုံးနေရာမှာ ရောက်ရှိနေမှာဖြစ်တဲ့ အတွက် ကမ္ဘာနဲ့ မိုင်သန်းပေါင်း ၂၅.၄၅ သန်း အကွာအဝေးမှာရှိနိုင် ပါတယ်။ ဂြိုဟ်တွေတစ်တန်းတည်း ကျရောက်မှုက အရှေ့လောင်ဂျီတွဒ် ၁၆၅ ဒီဂရီ ၉ မိနစ်နဲ့မြောက်လတ္တီတွဒ် ၀ ဒီဂရီ ၁၃ မိနစ်မှာ ပါပူးဝါ နယူး ဂီနီကျွန်းအရှေ့ဘက်၊ မြောက် ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်မှာဖြစ် တယ်"ဟု နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ပြောပါသည်။
ယင်းဖြစ်စဉ်၏ အကျိုးဆက် အနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင် ရာ ထူးခြားချက်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်ပြီး အင်ဒိုနီးရှားနိုင်ငံ နယူးဂီနီကျွန်း၌လည်း ဖြစ်စဉ် ဖြစ်ပေါ်ပြီး သုံးရက်အတွင်း ထူးခြား ချက်ဖြစ်ပေါ်နိုင်ကြောင်းသိရှိရပါ သည်။
"၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက် နေ့မှာဒီလိုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီးတုန်း ကလည်း ပြည်ပရုပ်သံလိုင်းတွေက စိတ်ဝင်တစား ရိုက်ကူးဖော်ပြခဲ့ဖူးတယ်။ ပြီးတော့ဒီလိုဖြစ်စဉ်မျိုးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကို နက္ခတ်ပညာရှင်တွေရဲ့ သုတေသန ပြုချက်ကိုလည်း ဒီနှစ်အတွင်းမှာ Discovery ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တယ်"ဟု ဦးဇေယျာကို က ဆက်လက်ပြောပါသည်။
သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် ဖြစ်ပေါ်မည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ယင်းဂြိုဟ်သည် မြန်မာနိုင်ငံရှိ ကောင်းကင်၌နံနက် ၆ နာရီ မိနစ် ၂၀ မှညနေ ၅ နာရီခန့်အထိ ရှိနေမည်ဖြစ်ကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
09-09-2010, 11:54 AM
နယ်မှလာသည့် ရွေ့လျားဈေးသည်များ အသွင်ဖြင့် နေအိမ်များသို့သွားရောက်ကာ လိမ်လည်ရောင်းချမှုများရှိနေ
ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ နယ်မှလာသည့် ရွေ့လျားဈေးသည်အသွင်ဖြင့် အညာဒေသ ထွက်ကုန်များအား လိမ်လည် ရောင်းချမှုများရှိနေကြောင်း သိရှိရပါသည်။
ရွေ့လျားဈေးသည်များ အသွင်ဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း အပြင် အုပ်စုလိုက်လိမ်လည်မှုများလည်း ရှိနေကြောင်းကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူများထံမှ သိရှိရပါသည်။
"ပထမတော့ အမျိုးသမီးနှစ်ယောက် ထဲပါ။ နယ်ကပါလာတဲ့ ဆန်တွေရောင်းဖို့ပါတယ်ဆိုပြီး နမူနာပြ လာစပ်ပါတယ်။ ဆန်ကိုကြည့်လိုက်တော့ ကောင်းပြီးဈေးနှုန်းကလည်း လက်ရှိပေါက်ဈေးထက် တစ်ပြည်ကို ၂၀၀ ကျပ် သက်သာနေပါတယ်။ အရည်အသွေးကောင်း ဈေးနှုန်းသက်သာတဲ့အပြင် ဆိုင်မှာလည်း သွားဝယ်စရာမလိုဘူး။ နေကလည်းပူနေတော့ ဆန်လာစပ်တဲ့ အမျိုးသမီးကိုလည်းအားနာပြီး သနားတာနဲ့ယူမယ်ဆိုပြီး ဈေးနှုန်းညှိခဲ့ပါတယ်။ ဒါနဲ့ ဆန်သွားယူမယ်ဆိုပြီး အပြင်ခဏ ထွက်သွားပါတယ်။ ခဏနေတော့ အဖော်ယောက်ျားတစ်ယောက် ဆန်အိတ်ထမ်းပြီး ပါလာပါတယ်။ အန်တီတို့က ဆန် ၁၀ပြည် ၀ယ်လိုက်တယ်။ ဆန်ဖိုးငွေရှင်းပြီး ပြန်သွားတယ်။ ဆန်ကိုပြန်ချိန် ကြည့်တော့ဆန် ၁၀ ပြည်ဝယ်တာ ၆ ပြည် ကျော်ကျော်လေးပဲရှိတာကို တွေ့ရပါတယ်။ ခြင်တောင်းကို လည်း စစ်ပြီးမှဝယ်တာပါ။ ကိုယ့်ရှေ့မှာ အပြည့်ချိန်ပေးခဲ့ပေမယ့် ခြင်တောင်းမှာ အတိုးအလျှော့လုပ်နိုင် အောင်လျှာခံထားနိုင်တယ် ဆိုတာကို လုံးဝမစဉ်းစားလိုက်မိဘူး။ လိမ်သွားတယ်ဆိုတာ နောက်မှသိရတော့တယ်"ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပြခဲ့ပါသည်။
နယ်မှလာသည့် ရွေ့လျားဈေးသည်အသွင်ဖြင့် ဆန်၊ သနပ်ခါး၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် အညာဒေသထွက်ကုန် ပစ္စည်းများအစ ရှိသည်တို့ကို လိမ်လည်၍ရောင်းချသည့် ဖြစ်ရပ်များမှာ ဆင်ခြေဖုန်း ရပ်ကွက်များတွင် သာမက မြို့သစ် မြို့နယ်များအပါအ၀င် အချို့သော မြို့နယ်များတွင်လည်း အလားတူ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
"ဒီအဖြစ်မျိုးတွေက ခဏခဏ ဖြစ်နေပါတယ်။ လူတွေကလည်း ဈေးသက်သာတယ်။ ပစ္စည်းကြိုက်တယ်ဆိုရင် ဘာကြောင့်ဒီလိုလျှော့ရောင်းရတာလဲ ဆိုတာကိုမစဉ်းစားဘဲ နေအိမ်တွေထဲကို အလွယ်တကူ ၀င်ခွင့်ပေးကြတယ်။ ကိုယ့်အိမ်ထဲကို သူစိမ်းတွေ၊ အကြောင်းမသိတဲ့သူ တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ခေါ်ဖို့မသင့်ပါဘူး။ လူတိုင်းကို လည်းအလွယ်တကူနဲ့ မယုံကြည်သင့် ပါဘူး။ လူလိမ်အများစုက ရိုးသားတဲ့ပုံစံဖမ်းပြီး သားကောင်တွေရှာတတ် ပါတယ်။ အခုလိုကိစ္စမျိုးမှာ အမှန် တကယ်ရိုးသားဖြူစင်တဲ့ ကျေးလက် ဒေသခံတွေအတွက် များစွာ နစ်နာမှု တွေရှိပါတယ်"ဟု အငြိမ်းစား ရဲ ၀န်ထမ်းဟောင်းတစ်ဦးက ပြောပြခဲ့ ပါသည်။
ရပ်ကွက်များရှိ နေအိမ်များတွင်လည်း တံခါးများလုံခြုံစွာ ပိတ်ထားကြရန်နှင့် လူစိမ်းလာပါက အလွယ်တကူမဖွင့်ပေးကြရန်၊ အိမ်စောင့် ကျန်ရစ်ခဲ့သူများ အနေဖြင့်လည်း မပေါ့ဆကြဘဲ အထူးသတိရှိကြရန် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်လူကြီးများက သတိပေး ပြောကြားမှုများပြုလုပ်ကြကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
09-09-2010, 12:04 PM
မှတ်ပုံတင်ထားခြင်း မရှိသည့် အနောက်တိုင်းဆေး ရောနှောတိုင်းရင်းဆေးဝါး ၁၂ မျိုးကို သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားကြောင်း သိရ
အနောက်တိုင်းဆေး ရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသည့် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါး ၁၂ မျိုးစစ်ဆေး တွေ့ရှိကြောင်း စက်တင်ဘာလ ၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။
သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများသည် အနောက်တိုင်း ဆေးဝါးရောထားသည့် ဆေးများ၊ အနောက်တိုင်း ဆေးဝါးရောထားကာ မှတ်ပုံတင်မရှိသည့် ဆေးများ၊ မှတ်ပုံတင်မရှိသည့် ဆေးများနှင့် သက်တမ်းလွန်သည့် ဆေးများပါဝင်ကြောင်း သိရသည်။ ရွှေဂဲအကိုက် အခဲပျောက်ဆေး၊ ရောင်နီဝါ အကိုက်အခဲ ပျောက်ဆေး၊ Tiger Head and Pain Killer (powder) အပူကျ အကိုက်အခဲပျောက်ဆေး၊ Pain Killer ၊ နှစ်မိနစ် အကိုက်အခဲပျောက် ဆေးမှုန့်၊ မေတ္တာမွန် အကြောတက် လေးဘက်နာ သောက်ဆေး၊ ကျေးဇူးရှင် ပန်းနာရင်ကျပ်ပျောက်ဆေးတို့သည် အနောက်တိုင်းဆေးဝါးရောပြီး မှတ်ပုံတင်မရှိသည့် ဆေးဝါးများဖြစ် ကြောင်းသိရပါသည်။ ဆရာဒေါင်း ပန်းနာရင်ကျပ်သောက်ဆေးနှင့် ဆေးသုခပန်းနာရင်ကျပ် သောက်ဆေးနှစ်မျိုးသည် အနောက်တိုင်း ဆေးရောထားသည့် ဆေးများဖြစ်ကြောင်း၊ Top နားသန့်ဆေးရည်နှင့် နှင်းဆီဖြူ သွားကိုက်သွားနာ ခံတွင်းသန့်ဆေးတို့သည် မှတ်ပုံတင်ထားခြင်း မရှိကြောင်းနှင့်ဦးသိန်းထွန်း လုပ်သား ဆေးနီကျော်သည် သက်တမ်းလွန်သည့် ဆေးဖြစ်ကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသော ဖော်ပြပါတိုင်းရင်း ဆေးဝါးများသည် တိုင်းရင်းဆေး ၀ါးမှတ်ပုံတင်ထားခြင်း မရှိသည့် အပြင်ဘေးဥပါဒ်ဖြစ်စေသော အနောက်တိုင်း ဆေးဝါးများရောနှောထားသည့် တိုင်းရင်းဆေးဝါးများဖြစ်၍ စစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သည့် ဆေးဝါးများဖြစ်ကြောင်း၊ အများပြည်သူသုံးစွဲရန် မသင့်လျော် ကြောင်း သိရသည်။
"သုံးစွဲရန်မသင့်လို့ ထုတ်ပြန်ထား တဲ့ဆေးဝါးတွေက အခြေခံလူတန်းစားတွေ အသောက်များကြတယ်။ တိုင်းရင်းဆေးလည်းဖြစ်တယ်။ အလွယ်တကူ ၀ယ်ယူ သောက်နိုင်တဲ့အပြင် အများစုကကိုယ်ပူတာ၊ ဖျားနာတာ ဆိုဝယ်သောက်ကြတယ်။ ကျွန်မတို့ ဆေးဆိုင်မှာလည်း အခုနောက်ပိုင်း မှတ်ပုံတင်ထားတဲ့ တိုင်းရင်းဆေးကိုပဲ ရောင်းတော့တယ်။ ဒါတောင်တချို့ က သောက်သုံးဖို့ မသင့်ဘူးလို့ သတ်မှတ်ထားတာကို မသိလို့ လာမေးသူတွေလည်း ရှိပါတယ်" ဟု ရန်ကင်းမြို့နယ်၌ တိုင်းရင်းဆေးဝါး မျိုးစုံရောင်းချသည့်ဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ရှင်းပြခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါး များ၊ အနောက်တိုင်းဆေးရောနှော ထားသည့် ဆေးဝါးများကို ၀ယ်ယူ ခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေး ပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ စူးစမ်းဝယ်ယူ သုံးစွဲရန်နှိုးဆော်ထားရှိကြောင်း သိရသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းရှင်နှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန တွင် မှတ်ပုံတင်ထားခြင်းမရှိသော စံမညီဆေးဝါးများအား ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းလုံးဝမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက တည်ဆဲဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
news-eleven.com

စပိုင်ချစ်သူ
09-10-2010, 06:18 PM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း


“ကျင့်ဝတ် နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ နှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ MBS အဖွဲ့မှ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ် အဆောက်အဦးအတွင်း စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်များတွင် “ကျင့်ဝတ် နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် နည်းပညာနှီးနှောဖလှယ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်သည်။ MBS သည် နည်းပညာတိုးတက် လိုသည့်လူငယ်များဖြင့် ဖွဲ့စည်းထားပြီး နည်းပညာဆိုင်ရာဟောပြောပွဲ နှင့် တိုးတက်ပြန့်ပွားရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် BarCamp Yangon 2010 တွင်လည်း Organizer အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလ ၁၃ ရက်၊ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်၊ Conference Hall တွင် ယဉ်ကျေးမှု နှင့် နည်းပညာခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်ဖြစ်ပြီး ဆိုရှယ် မီဒီယာ အသုံးဝင်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ဆိုရှယ်နက်ဝေါ့ခ် နှင့် ကောင်းကျိုးဆိုးပြစ် စသည့်နည်းပညာ အခြေခံ လူမှုကွန်ယက်တိုးတက်ပြောင်းလဲမှုများအကြောင်းကို လူငယ်ပညာရှင်များမှ ဟောပြောကြမည်ဖြစ်သည်။

ဒုတိယနေ့အဖြစ် စက်တင်ဘာလ ၁၄ ရက်၊ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်၊ အခန်းအမှတ် (၂၀၅) တွင် ကျင့်ဝတ်နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်း စာနယ်ဇင်းဆရာ များမှ တက်ရောက်ကာ ၄င်းတို့၏ ဖြတ်သန်းလာမှုများနှင့် အတွေ့အကြုံများအား လည်းကောင်း၊ နည်းပညာဖြင့် ပေါင်းစပ် ပြောင်းလဲလာမှုများအားလည်းကောင်း၊ စာပေနှင့် ကျင့်ဝတ်ဆိုင်ရာများ မူပိုင်ခွင့်များနှင့် အခြားသောအခွင့်အလမ်းနှင့် နည်းပညာများအား နှီးနှောဖလှယ်ကြမည်ဖြစ်သည်။

အဆိုပါဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စား သူမည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း- ၆၅၂၂၇၆၊ ၇၃ဝ၈၈၃ဝဝ သို့ဆက်သွယ် စုံစမ်းနိုင်သည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
စပိုင်ချစ်သူ

စပိုင်ချစ်သူ
09-10-2010, 06:26 PM
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း


ICT Laboratory လက်တွေ့စမ်းသပ်ပြုလုပ်မည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့ လေ့လာမှုများအား အထောက်အကူပြုနိုင်ရန်၊ ICT ဆိုင်ရာ Research & Development လုပ်ငန်းများအတွက် အထောက်အပံ့ ဖြစ်စေရန်နှင့် MCPA Research & Development Center တည်ထောင်မည့်လုပ်ငန်းတွင် ပထမအဆင့်အဖြစ် လုပ်ကိုင်နိုင်ရန် အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ MCPA Laboratory သည် MCPA အသင်းသားများ၏ နည်းပညာဆိုင်ရာ လက်တွေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ အောက်ပါ Experiment မျာကို လက်တွေ့စမ်းသပ်လုပ်ကိုင်ကြမည်ဖြစ်သည်။

(1) Date : 12.9.2010 (Sunday) (9:00 am – 12:00 pm)

Experiment Title : “Wireless Router Configuration – En Genius”

သင်တန်းသား : 24 ဦး (၁၂ ဦး ၂ ကြိမ်)

သင်တန်းဆရာ : U Tin Htoo Khaing (Access Spectrum Co.,Ltd.)


(2) Date : 19.9.2010 (Sunday) (1:00 pm – 5:00 pm)

Experiment Title : “Ethernet LAN”

သင်တန်းသား : 24 ဦး (၁၂ ဦး ၂ ကြိမ်)

သင်တန်းဆရာ : U Tin Oo (KMD)


(3) Date : 26.9.2010 (Sunday) (1:00 pm – 5:00 pm)

Experiment Title : “Ethernet over Power line (Data Transmission)”

သင်တန်းသား : 24 ဦး (၁၂ ဦး ၂ ကြိမ်)

သင်တန်းဆရာများ : U Aung Soe Moe, U Aung Zaw Myint, U Zaw Win Tun, U Ye Kyaw Thein


မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့ကျင့်နိုင်ပြီး (၂) နာရီ တစ်ချိန်လျှင် ၁၂ ဦးဖြင့် လက်တွေ့လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ LAB အသုံးပြုစရိတ်အနေဖြင့် Experiment တစ်ခုစီ အတွက် Member တစ်ဦးလျှင် (၂၅ဝဝ) ကျပ်နှင့် Non Member တစ်ဦးလျှင် (၃ဝဝဝ) ကျပ် ပေးသွင်းရမည်ဖြစ်ပြီး ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
စပိုင်ချစ်သူ

kosithuag
09-11-2010, 12:18 PM
ဆောက်လုပ်ရေး ဈေးကွက်အတွင်း ဝင်ရန် ပြည်ပနိုင်ငံအချို့ စောင့်ကြည့်နေ
http://popularmyanmar.com/mpaper/wp-content/uploads/2010/09/Construction-199x300.jpg
မြန်မာ့ဆောက်လုပ်ရေး ဈေးကွက်သို့ ပြည်ပနိုင်ငံ အချို့ ဝင်ရောက်လုပ်ကိုင်ရန် အတွက် စောင့်ကြည့် မှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေး လုပ်ငန်း များ သို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များ ဝင် လာချိန်တွင် ပြည်တွင်းဆောက်လုပ် ရေးလုပ်ငန်းများ၊ နည်းပညာနှင့် နည်းစနစ် ယှဉ်ပြိုင်နိုင်ရန် ယခုက တည်းက စတင် လုပ်ဆောင်သင့်ပြီ ဟု မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း နှစ် ပတ်လည်အသင်းသား စုံညီအစည်း အဝေးတွင် ဦးကိုကိုထွေး (တော် ဝင်မိသားစု) မှ ပြောသည်။ ”နည်းပညာတွေ ရှိနေပေမယ့် နည်းစနစ် မှန်ကန်စွာ အသုံးပြုဖို့ လို အပ်တယ်။ နည်းစနစ် မမှန်ရင် ယှဉ် ပြိုင်လို့မရဘူး။ အဲ့ဒီအချိန်ထိ ခုပုံစံ အတိုင်းပဲ ဆက်သွားနေဦးမယ် ဆိုရင် တဖြည်းဖြည်း နိမ့်ကျလာမှာပါ” ဟု ၄င်းက ပြောသည်။ ဆောက်လုပ်ရေး သုံးပစ္စည်း များကို ပြည်ပမှ လွတ်လပ်စွာ တင် သွင်းခွင့် ရှိနေပြီ ဖြစ်သောကြောင့် အသင်းအနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ၏ အားနည်းချက်များ ကို ဖြည့်ဆည်းပေးရန်လိုအပ်ပြီး နည်းစနစ်မှန်ကန်စွာ အသုံးချနိုင် ရေးကို အသင်းမှ တာဝန်ယူလုပ် ဆောင်ပေးသင့်ကြောင်း ၄င်းက ပြောသည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းများသို့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဗီယက်နမ် နှင့် ဂျပန်နိုင်ငံတို့မှ ဝင်ရောက်ရန် အတွက် စောင့်ကြည့်လျက်ရှိ ကြောင်းသိရသည်။ အသင်းအနေဖြင့် နည်းပညာ နှင့် နည်းစနစ်ပံ့ပိုးမှု၊ စီမံခန့်ခွဲမှု ဆိုင်ရာပံ့ပိုးမှု၊ အလုပ်သမားနှင့် ကန်ထရိုက်၊ ကန်ထရိုက်နှင့် မြေရှင် ပြဿနာများကို ရပ်တည်ဖြေရှင်း သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များမှ အသင်းကို အားကိုးနိုင်ရန် ရည်ရွယ် လုပ်ဆောင်သွားမည်ဟု သိရသည်။ ”ဆောက်လုပ်ရေးသုံး ပစ္စည်း တွေကို လွတ်လပ်စွာ တင်သွင်းနိုင် သလို ကန်ထရိုက်နဲ့ မြေရှင်က လည်း ပူးပေါင်း လုပ်ဆောင် နေတဲ့ အတွက် အသင်းအနေနဲ့ ပြဿနာ တွေ ဖြေရှင်းပေးပြီး လုပ်ငန်းရှင်တွေ အားကိုးလို့ရဖို့ ရည်ရွယ်လုပ်ဆောင် သွားမယ်” ဟု အသင်းမှ ဦးကိုကို ထွေးက ပြောသည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ် လာပါက အလုပ်သမားများမှ ရပိုင် ခွင့်တောင်းဆိုမှုများ ရှိလာနိုင်သည့် အပေါ် ဖြေရှင်းရန် ကြိုတင်ပြင်ဆင် လျက်ရှိပြီး ဆောက်လုပ်ရေး လုပ် ငန်းများလည်း ယခုထက်ပိုမို တိုး တက်ဖွံ့ဖြိုးလာနိုင်၍ ပြောင်းလဲလာ မည့်အချိန်အတွက် လုပ်ငန်းရှင်များ ဘက်မှ ကြိုတင် ပြင်ဆင် မှုများ ပြု လုပ်သင့်ပြီဟု သိရသည်။
ဝေယံမိုးမြင့်
@ပေါ်ပြူလာ မြန်မာ ဂျာနယ်

kosithuag
09-11-2010, 12:19 PM
သစ်အစားထိုး ဘိလပ်မြေ ကျောက်ပြားတစ်မျိုး ပြည်တွင်းဈေးကွက်သို့ တိုးဝင်

http://popularmyanmar.com/mpaper/wp-content/uploads/2010/09/Aung-Khun-Sat-Kyauk-Pyur-300x225.jpg
သဘာဝပတ်ဝန်းကျင် အထောက်အကူပြု သစ်အစားထိုး Smile Board ရေစိုခံဘိလပ်မြေ ကျောက်ပြားများ ဈေးကွက်အတွင်း ရောက်ရှိလာကြောင်း သိရသည်။
၎င်းကျောက်ပြားများကို ထိုင်းနိုင်ငံမှ ထုတ်လုပ်ကာ ဘိလပ်မြေ ၇ဝရာခိုင်နှုန်း၊ သစ် ၂၅ ရာခိုင်နှုန်း၊ ရေ ၃ ရာခိုင်နှုန်း နှင့် ဓာတုပစ္စည်း ၂ ရာခိုင်နှုန်းဖြင့် ပေါင်း စပ်ဖွဲ့စည်းထားပြီး ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ မီးလောင်မှုမရှိုခြင်း၊ သစ်သားထက် ဈေးနှုန်းသက်သာခြင်း များအပြင် လွယ်ကူလျင်မြန်စွာ တပ်ဆင်အသုံးပြု နိုင်သည့်အတွက် ကုန်ကျစရိတ် သက်သာမှုရှိကြောင်း အင်တာနေရှင်နယ်ကုမ္ပဏီလီမီ တက်မှ Sales & Marketing Manager ကိုကျော်လင်းဖြိုးက ပြောသည်။ ”သူ့ရဲ့အဓိက အားသာချက် က သစ်တောပြုန်းတီးမှုကို ကာကွယ်လျှော့ချပေးနိုင်ပါတယ်။ အဆောက်အအုံအတွင်း၊ အပြင်နံရံ များ၊ အခင်း၊ မျက်နှာကြက်၊ အမိုး အောက်ခံပြားနဲ့ ဆောက်လုပ်ရေး ပျဉ်ပြားလိုလည်းသုံးနိုင်ပါတယ်။ ပြီးတော့ မိုးဒဏ် လေဒဏ် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိတဲ့အတွက် ဆိုင်ကလုန်းရှဲလ်တာတွေမှာ အသုံးပြုဖို့ အထူးသင့်လျော်ပါတယ်။ ပရိဘောဂပစ္စည်းတွေလည်း လုပ်လို့ရပါ တယ်။ သူက အပူဒဏ်ကြောင့် ကော့သွား၊ ကွေးသွားတာ ရေကြောင့် ဆွေးမြည့်သွားတာမျိုး လုံးဝ မရှိပါဘူး။ ဈေးကွက်ထဲဖြန့်တာ ၆ လလောက်ပဲ ရှိသေးတဲ့အတွက် ခုချိန်မှာတော့ ဒီပစ္စည်းအကြောင်းကို အသိပညာပေး အနေနဲ့ပဲ အရင်ဆုံးလုပ်နေပါတယ်” ဟု ၄င်းကပြောသည်။ ၄င်းကျောက်ပြား ၈ ပေ ၄ ပေ တစ်ချပ်လျှင် ကျပ် ၁၃၅ဝဝကျ ပြီး မူလအရောင်အပြင် စိတ်ကြိုက် အရောင်နှင့် ဆေးအမျိုးမျိုးကို သုံးစွဲနိုင်ပြီး ဖရိန်ကိုလည်း သစ်သား၊ သံ၊ အလူမီနီယမ်ဖရိန် များဖြင့် တပ်ဆင် အသုံးပြုနိုင်ကာ ဖြတ်တောက်ခြင်း၊ ဝက်အူစုပ်ခြင်း၊ သံရိုက်ခြင်းနှင့် ဖောက်ခြင်းများကို အလွယ်တကူ ပြုလုပ်နိုင်ကြောင်း သိရသည်။
”ကုမ္ပဏီအနေနဲ့လည်း လပွတ္တာဘက်မှာ စာသင်ကျောင်း တစ်ကျောင်း လှူဖို့ရှိပါတယ်။ ဒီပစ္စည်းတွေနဲ့ပဲ အကုန်အစအဆုံး ဆောက်သွားမှာပါ” ဟု ၄င်းက ထပ်လောင်းပြောသည်။

အောင်ခွန်းဆက်
@ပေါ်ပြူလာ မြန်မာ ဂျာနယ်

kosithuag
09-11-2010, 12:20 PM
မလေးရှားဈေးကွက် မြှင့်တင်ရေးအဖွဲ့ မြန်မာတွင် ကုန်စည်ပို့ဆောင်ရေးကဏ္ဍ မြှင့်တင်ရန် လာရောက်ဆွေးနွေးခဲ့

http://popularmyanmar.com/mpaper/wp-content/uploads/2010/09/DSC_2510-300x201.jpg
မလေးရှားနိုင်ငံ၏ ကုန်စည်သစ် ဖြန့်ဖြူးမှုကဏ္ဍကို ပထမဆုံးအကြိမ် မြှင့်တင်သည့်အနေဖြင့် ပြည်ပကုန်သွယ်မှု တိုးတက်ရေးကော်ပိုရေး ရှင်း (MATRADE) သည် အထူး ဈေးကွက်မြှင့်တင်ရေး မစ်ရှင်အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် သြဂုတ်လ နောက်ဆုံးပတ်က လာရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မလေးရှား ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှ မြန်မာနိုင်ငံအတွက် မစ်ရှင်တွင် ကုမ္ပဏီ ၂၇ ခုနှင့် ကိုယ်စားလှယ် ၄ဝ ခန့် မှတ်ပုံတင်ကြ ပြီး မလေးရှား-မြန်မာ စီးပွားရေး အခွင့်အလမ်းခေါင်းစဉ်ဖြင့် ၂ ရက်ကြာ မစ်ရှင်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ”မလေးရှားမစ်ရှင်အဖွဲ့က ရန်ကုန်မြို့ရဲ့ အဓိကဆိပ်ကမ်း ၂ ခု ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ မလေးရှား အထူးမစ်ရှင်သည် ရန်ကုန်မြို့သို့ လာရောက်ခဲ့သည့် နည်းတူ စက်တင်ဘာ ၉ ရက်မှ ၂၅ ရက်အထိ ဆလိုဗေးနီးယားနိုင်ငံ ကော်ပါးနှင့် ပြင်သစ်နိုင်ငံ မာဆေးဆိပ်ကမ်း မြို့တော်များသို့ သွားရောက်မည်ဖြစ်ပြီး အာဆီယံ၊ ဥရောပသမဂ္ဂနှင့် မြောက်အာဖရိကဒေသများတွင် မလေးရှား ကုန်စည်သစ် ဖြန့်ဖြူးမှုကဏ္ဍကို အရောင်းမြှင့်တင်ရေး ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ”အခုအချိန်ဟာ မလေးရှားရဲ့ စွမ်းဆောင်မှုကို ကမ္ဘာက သတိပြုလာအောင် စုစုစည်းစည်းနဲ့ မြှင့်တင်နေတဲ့အချိန် ဖြစ်ပါတယ်။ တရားဝင်မစ်ရှင်ဟာ အတွေ့အကြုံသစ်တွေ ရရှိစေမှာဖြစ်သလို မလေးရှား ကုန်စည်ပို့ဆောင်သူတွေ အနေနဲ့လည်း နိုင်ငံရပ်ခြားကုမ္ပဏီများကို ပေးနိုင်မယ့် ဝန်ဆောင်မှုတွေ တိုးလာမှာ ဖြစ်ပါတယ်” ဟု MATRADE ၏ အမှုဆောင် အရာရှိချုပ် Datuk Naharuddin Nordin က ပြော ကြားသည်။
မင်းထက်စံ၊ Source – Internet
@ပေါ်ပြူလာ မြန်မာ ဂျာနယ်

kosithuag
09-11-2010, 12:21 PM
တန်းမဝင် စွန့်ပစ်ကျောက်စိမ်းများကို ဗီယက်နမ် ဝယ်ယူမည်


ကျောက်မျက်ကုမ္ပဏီများ နှင့် ကျောက်ဖြတ်ဝိုင်းများမှ အရည်အသွေးနိမ့်၍ စွန့်ပစ်ထားသော ကျောက်စိမ်းများကို လူ့အသုံးအဆောင်ပစ္စည်း ပြုလုပ်ရန်အတွက် ဗီယက်နမ် နိုင်ငံမှ ဝယ်ယူမည်ဖြစ်ကြောင်း ကျောက်မျက်ကျွမ်းကျင်သူ ဦးရွှေကြည်က ပြောသည်။
”ကျွန်တော်သွားကြည့် တာ တချို့ကျောက်တွေဆို အမှိုက်လို ပစ်ထားတာ။ အဲဒါကို ဈေးကွက်ရှိအောင်၊ ကြီးမားလာအောင် လုပ်ဆောင်တာပါ။ အမှိုက်ကနေ ရွှေ ဖြစ်အောင် လုပ်တဲ့သဘောပါပဲ” ဟု ဆိုသည်။ ကျောက်မျက်ဈေးကွက် တွင် တရုတ်က အဓိကဝယ်ယူ ပြီး အိန္ဒိယ၊ မလေးရှား၊ ကိုရီး ယားနှင့် ထိုင်းတို့၏ ဝယ်ယူမှု ဈေးကွက်အပြင် ဗီယက်နမ် ဈေးကွက်ပါ တိုးဖောက်လာသောကြောင့် ကျောက်မျက်ကုန်သည် များအတွက် အလား အလာကောင်းများ ရှိနေကြောင်း သိရသည်။
”စွန့်ပစ်ကျောက်သားတွေ ကို ရသလောက်ဝယ်ယူမှာပါ။ နောက်ပိုင်း လေလံပွဲတွေမှာလည်း ဗီယက်နမ် ကျောက်စိမ်း ကုန်သည်တွေ ဝယ်ယူဖို့ရှိပါ တယ်။ အခု ရန်ကုန်မှာ ဝယ်ယူ ပြီးရင် မန္တလေးဈေးကွက်ကိုပါ ခြေဆန့်သွားမှာဖြစ်ပါတယ်” ဟု ဦးရွှေကြည်က ပြောသည်။
မန္တလေးကျောက်စိမ်းဈေး ကွက်တွင်လည်း အဓိကအားဖြင့် တရုတ်ကိုယ်စားလှယ်များက လာ ရောက်ဝယ်ယူကြကြောင်း၊ လက်ရှိ ဈေးကွက်မှာ အဝယ် အေးလျက်ရှိကြောင်း၊ ကျောက်ဖြတ်ခုံးများမှ အရည်အသွေး နိမ့်ဖြတ်သားများကို ကီးချိန်း၊ လက်ကောက်၊ ပုတီးနှင့်လက်စွပ်များ ပြုလုပ်၍ရောင်းချရန် အတွက် ဝယ်ယူကြကြောင်း သိရသည်။ ”အရိုင်းတုံးကို ဖြတ်လိုက်လို့ အရည်အသွေးနိမ့်သွား တယ်ဆိုရင် ဈေးနည်းနည်းပဲ ရောင်းကြတယ်။ အဲဒါကိုမှ လက်စွပ်သွေးတဲ့လူ၊ ပန်းပု ထုတဲ့လူတွေက အပြိုင်ဝယ်ကြတာ။ ဖြတ်သားစသေးသေးလေး တွေဆိုလည်း ပန်းချီကားကပ်ဖို့အ တွက် လာဝယ်တဲ့သူရှိပါတယ်” ဟု မန္တလေးမြို့ရှိ ကျောက်ဖြတ် ခုံးပိုင်ရှင် တစ်ဦးကဆိုသည်။
ကျောက်မျက် ဈေးကွက်သို့ ဗီယက်နမ်မှ အစပျိုးဝင်ရောက် လာခြင်းအတွက် ဈေးကွက်လှုပ်ခတ်မှုမရှိဘဲ ပုံမှန်အနေအထားတွင်သာလည်ပတ်နေမည်ဖြစ်ကြောင်း ကျောက်မျက်ကုန်သည် များက သုံးသပ်သည်။
မြန်မာ့ကျောက်မျက်များကို ပြည်ပသို့ ရောင်းချရာတွင် ကျောက်စိမ်းအရိုင်းတုံးများကို ရောင်းချခြင်း မပြုရန် နိုင်ငံတော်မှ တားဆီးပိတ်ပင်ထားကြောင်း သိရသည်။

မင်းထက်စံ၊ ထက်ထက်မိုးမြင့်
@ပေါ်ပြူလာ မြန်မာ ဂျာနယ်

kosithuag
09-11-2010, 12:21 PM
နေပြည်တော် ပျဉ်းမနားမြေဈေးတက်၊ တိုးချဲ့ရပ်ကွက် ဈေးပိုတက်လာ

http://popularmyanmar.com/mpaper/wp-content/uploads/2010/09/MTHK-4-300x225.jpg
တစ်ချိန်က နေပြည်တော် ပျဉ်း မနားမြို့၏ လူစည်ကားရာနေရာ၊ စီးပွားရေး ဈေးကွက်ဖြစ်ထွန်းရာ နေရာ၊ အိမ် ခြံမြေဈေးကွက်ကောင်း ရာနေရာ မြို့တွင်း ဗိုလ်ချုပ်လမ်း တစ်ဖက် တစ်ချက် မင်္ဂလာရပ်ကွက် ရွှေချီရပ်ကွက်မှာ ယခုအခါတွင် ကျပ် သိန်း ၅ဝဝ မှ ကျပ် သိန်း ၈ဝဝ/ ၁၅ဝဝထိဈေးမြင့် တက်လာခဲ့ ကြောင်း ဈေးကွက်မှ သိရသည်။ ၂ဝဝ၆ ခုနှစ်နေပြည်တော် ဖြစ်ပြီးနောက်ပိုင်း နေပြည်တော် ပျဉ်းမနားမြို့၏ လူနေစည်ကားရာ၊ စီးပွားရေးအချက် အချာကျရာ ရပ်ဝန်း ဒေသ မြို့တွင်းသည် တဖြည်း ဖြည်းချင်းမြို့၏ မြောက်ဘက်ရာဇ ဌာနီလမ်း (ပေါင်းလောင်း၃) ဘက် ပြောင်းရွှေ့ရောက်ရှိသွားပြီး ယခု (၂ဝ၁ဝ ပြည့်နှစ်) နေပြည်တော် ပျဉ်းမနား မြို့ပေါင်းလောင်းတိုးချဲ့ရာစု ဌာနီလမ်းဘေးက အိမ်ခြံမြေဈေး ကွက်သည် နေပြည်တော် ပျဉ်း မနားမြို့ ဗိုလ်ချုပ်လမ်းဘေးအိမ်ခြံ မြေ ဈေးကွက်ထက် ၃ ဆ၊ ၄ ဆ ပိုမြင့်နေကြောင်းသိ ရသည်။ ယခု နေပြည်တော် ပျဉ်းမနား မြို့၏ မြို့တွင်းနေရာဖြစ်သည့် ပေါင်း လောင်း တိုးချဲ့- ရာဇဌာနီလမ်းဘေး အိမ်ခြံမြေ ဈေးကွက် သည် စောစော ပိုင်းတွင် အိမ်ခြံမြေဈေးကွက်တန်ဖိုး ထောင်ဂဏန်းသေးသေးမှ ယနေ့ ထောင်ဂဏန်းကြီးကြီး ဈေးကွက် ဖြစ်နေသလို မြေနေရာနှင့် ခေတ်မီ အဆောက် အအုံပါသည့် အနေအ ထားအလိုက် ဈေးခေါ်ပြီး အရောင်း ဝယ်ဖြစ်နေကြသည်။ နေပြည်တော်ပျဉ်းမနား မြို့ တွင်းနေရာဖြစ်သည့် လမ်းဘေးဝဲ/ ယာတွင် အဆင့်မြင့်ဈေး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း၊ အဆင့်မြင့် ဟိုတယ်၊ မိုတယ်၊ အဆင့်မြင့်စား သောက်ဆိုင်၊ အဆင့်မြင့်အီလက် ထရွန်းနစ်ပစ္စည်းနှင့် ဆက်သွယ်ရေး အရောင်းဆိုင်၊ ဟိုတယ်သင်တန်း၊ ကုမ္ပဏီသင်တန်းခန်းမများ၊ ကုမ္ပဏီ အရောင်းပြခန်းများဖွင့်လှစ်ပြီး တစ်နေ့တစ်ခြား စီးပွားရေးလုပ်ငန်း လုပ်ကိုင် ရာရပ်ဝန်း တစ်ခုဖြစ်လာ သည့်အတွက် နေပြည်တော် ပျဉ်းမနားမြို့တွင်းသည် နေပြည် တော်ပျဉ်းမနားမြို့ ပေါင်းလောင်း တိုးချဲ့ရာဇဌာနီလမ်းဖြစ်လာသည် ဟု နေပြည်တော် ပျဉ်းမနားမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြော သည်။
မျိုးသီဟကို
@ပေါ်ပြူလာ မြန်မာ ဂျာနယ်

kosithuag
09-11-2010, 12:22 PM
မန္တလေးမှ လုပ်ငန်းရှင်အချို့ FTTH ထက် ADSL ကို ပြန်စိတ်ဝင်စား
အတွဲ(၁၁) အမှတ်(၃၄)

မန္တလေးမှ လုပ်ငန်းရှင်အချို့မှာ FTTH စနစ်ဖြင့် အင်တာနက်ချိတ်ဆက်ရန် စောင့်ဆိုင်းခြင်းကို စိတ်လျှော့လာကြပြီး ADSL လိုင်းများကိုသာ ပြန်လည်ဝယ်ယူအသုံးပြုလာကြကြောင်း သိရသည်။ FTTH မြန်နှုန်းမြင့် အင်တာနက်စနစ်တွင် အင်တာနက်အသုံးပြုခြင်းအပြင် တယ်လီဖုန်းအသုံးပြုခြင်းနှင့် ရုပ်မြင်သံကြားကြည့်ရှုခြင်းတို့ကိုပါ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကနဦးတပ်ဆင်ခကိုးသိန်းခန့်သာ ကျသင့်မည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များ စိတ်ဝင်စားခဲ့ကြသည်။ အဆိုပါ အင်တာနက်ဝန်ဆောင်မှုကို ပြင်ဦးလွင်မြို့တွင် စတင်အသုံးပြုခွင့်ပေးခဲ့ပြီး မန္တလေးမြို့တွင်လည်း လိုင်းပေါင်း ၆,၀၀၀ ကိုချထားရန် စီစဉ်ထားသည်။ “လုပ်ငန်းမှာအသုံးပြုဖို့ အင်တာနက်ချိတ်ဆက်ဖို့လုပ်တော့ FTTH ၀န်ဆောင်မှုကို စောင့်ဆိုင်းပြီး လျှောက်ထားဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစနစ်ကို မန္တလေးမြို့မှာ လိုင်းပေါင်း ၆,၀၀၀ ကို အရင်ချထားပေးမယ်လို့သိရတော့ လျှောက်ထားမယ့်လူအရေအတွက် အများကြီးထဲမှာ ကိုယ်ရနိုင်၊ မရနိုင်ဆိုတာက မသေချာဘူးလေ။ နောက်အသုတ်တွေထဲမှာ ပါဖို့ဆိုတာကလည်း အချိန်အကြာကြီး စောင့်ရဦးမှာဆိုတော့ ADSL လိုင်းကိုပဲ ၀ယ်သုံးဖြစ်တော့တယ်” ဟု မန္တလေးမှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “အရင်ကအလုပ်မှာ ADSL ရော၊ WiMax လိုင်းရော နှစ်လိုင်းသုံးဖြစ်ခဲ့ပါတယ်။ FTTH စနစ်တွေ ချထားတော့မယ်ဆိုတော့ အဲ့ဒီစနစ်ကို ထပ်မံလျှောက်ထားမယ်ဆိုပြီး WiMax လိုင်းကို ပြန်ရောင်းဖြစ်သွားတယ်။ ဒါပေမယ့် FTTH စနစ်က စောင့်ရတာကြာလာတော့ အလုပ်မှာ အင်တာနက်လိုင်းတစ်ခုတည်းနဲ့ အခက်အခဲဖြစ်လာတယ်။ အဲ့ဒါကြောင့် နည်းနည်းထပ်စောင့်လို့မှ မရသေးရင် WiMax လိုင်းကိုပဲ ပြန်ဝယ်တော့မယ်လို့ စဉ်းစားထားတယ်” ဟု မန္တလေးအခြေစိုက် ကုန်ပစ္စည်း ဖြန့်ချိရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
@အင်တာနက်ဂျာနယ်

kosithuag
09-11-2010, 12:23 PM
နေပြည်တော် အဆင့်မြင့် ဘောလုံးကွင်း ၃၅ ရာခိုင်နှုန်းခန့် ပြီးစီး
http://popularmyanmar.com/mpaper/wp-content/uploads/2010/09/Stadium-1-300x225.jpg
နေပြည်တော်၊ ဇမ္ဗူသီရိမြို့၌ မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသော အဆင့်မြင့် ဘောလုံးကွင်း တည်ဆောက်နေမှု မှာ ယခုအခါ၌ ၃၅ ရာခိုင်နှုန်း ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။ နေပြည်တော် အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး မှ တာဝန်ရှိသူတစ်ဦးက ၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို နေပြည်တော်၌ ကျင်းပ မည်ဖြစ်သည့်အတွက် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ အားကစား ရွာနှင့် အဆင့်မြင့်ဘောလုံးကွင်းတို့ ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အားကစားရွာ တည်ဆောက်မှု အပိုင်း၌ ဘိုးလင်း၊ ဘိလိယက်နှင့် ဘော်လီဘောရုံများအား တည် ဆောက်မှုမှာ ပြီးစီးသွားပြီဖြစ်သော် လည်း ထပ်မံ ဆောက်လုပ်ရန်ရှိ သည့် မြားပစ်ကွင်း၊ ရေကူးကန် စသည်တို့ကို ၂ဝ၁၂ ခုနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ် ကြောင်း ပြောသည်။”ဘောလုံးကွင်း တည် ဆောက်နေမှုအပိုင်းက အခု လော လောဆယ် ဖောင်ဒေးရှင်းအဆင့် ပြီးသွားပြီ။ ကျွန်တော့်အထင်တော့ ၂ဝ၁၁ ခုနှစ် အောက်တိုဘာ၊ နိုဝင် ဘာမှာ ပြီးမယ်လို့ ထင်ပါတယ်။ ဒီကွင်းက ပရိသတ် ၃ သောင်း ဆံ့ပြီး မိုးလုံလေလုံ ဖြစ်ပါတယ်။ ဒီကွင်းမှာ ထူးခြားတာက ပွဲကြည့်စင် ခေါင်မိုးတွေကို အလူမီနီယမ် အမိုး တွေပဲတပ်ဆင်သွားမှာဖြစ်ပြီး အမှတ် တရပစ္စည်း အရောင်းဆိုင်၊ ဆံပင် ညှပ်ဆိုင်၊ စားသောက်ဆိုင် စတာ တွေလည်းပါဝင်ပါတယ်” ဟု ၄င်းက ထပ်လောင်း ပြောသည်။
@ပေါ်ပြူလာ မြန်မာ ဂျာနယ်

manawphyulay
09-11-2010, 06:23 PM
နေပြည်တော် အဆင့်မြင့် ဘောလုံးကွင်း ၃၅ ရာခိုင်နှုန်းခန့် ပြီးစီး
http://popularmyanmar.com/mpaper/wp-content/uploads/2010/09/Stadium-1-300x225.jpg
နေပြည်တော်၊ ဇမ္ဗူသီရိမြို့၌ မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသော အဆင့်မြင့် ဘောလုံးကွင်း တည်ဆောက်နေမှု မှာ ယခုအခါ၌ ၃၅ ရာခိုင်နှုန်း ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။ နေပြည်တော် အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး မှ တာဝန်ရှိသူတစ်ဦးက ၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို နေပြည်တော်၌ ကျင်းပ မည်ဖြစ်သည့်အတွက် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ အားကစား ရွာနှင့် အဆင့်မြင့်ဘောလုံးကွင်းတို့ ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အားကစားရွာ တည်ဆောက်မှု အပိုင်း၌ ဘိုးလင်း၊ ဘိလိယက်နှင့် ဘော်လီဘောရုံများအား တည် ဆောက်မှုမှာ ပြီးစီးသွားပြီဖြစ်သော် လည်း ထပ်မံ ဆောက်လုပ်ရန်ရှိ သည့် မြားပစ်ကွင်း၊ ရေကူးကန် စသည်တို့ကို ၂ဝ၁၂ ခုနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ် ကြောင်း ပြောသည်။”ဘောလုံးကွင်း တည် ဆောက်နေမှုအပိုင်းက အခု လော လောဆယ် ဖောင်ဒေးရှင်းအဆင့် ပြီးသွားပြီ။ ကျွန်တော့်အထင်တော့ ၂ဝ၁၁ ခုနှစ် အောက်တိုဘာ၊ နိုဝင် ဘာမှာ ပြီးမယ်လို့ ထင်ပါတယ်။ ဒီကွင်းက ပရိသတ် ၃ သောင်း ဆံ့ပြီး မိုးလုံလေလုံ ဖြစ်ပါတယ်။ ဒီကွင်းမှာ ထူးခြားတာက ပွဲကြည့်စင် ခေါင်မိုးတွေကို အလူမီနီယမ် အမိုး တွေပဲတပ်ဆင်သွားမှာဖြစ်ပြီး အမှတ် တရပစ္စည်း အရောင်းဆိုင်၊ ဆံပင် ညှပ်ဆိုင်၊ စားသောက်ဆိုင် စတာ တွေလည်းပါဝင်ပါတယ်” ဟု ၄င်းက ထပ်လောင်း ပြောသည်။
@ပေါ်ပြူလာ မြန်မာ ဂျာနယ်
၃၅ ရာခိုင်နှုန်း ပြီးစီး သွားတာ ကုန်ကျစရိတ်က ဘယ်လောက်ကုန်ကျသွားသလဲဟင်....

kosithuag
09-12-2010, 03:10 PM
ရထားလမ်းဟောင်းများနှင့် လမ်းသစ်များအတွက် ကွန်ကရစ် ဇလီဖားတုံးစက်ရုံများ ထပ်မံတည်ဆောက်

http://www.news-eleven.com/images/stories/myanmar/mm/we5496.jpg
ကွန်ကရစ်ဇလီဖားတုံး စက်ရုံ(မင်းဘူး) တည်ဆောက်ရေး လုပ်ငန်းခွင်မြင်ကွင်း

နိုင်ငံတစ်ဝန်းရှိ ရထားသံလမ်းများတစ်လျှောက် ကြိုတင်အားဖြည့် ကွန်ကရစ်ဇလီဖားတုံးများ လဲလှယ်တပ်ဆင်ရန်နှင့် ဖောက်လုပ်ဆဲရထားလမ်းသစ်များအတွက် တရုတ်နိုင်ငံ နှင့်အိန္ဒိယနိုင်ငံတို့၏ နည်းပညာ များကို အသုံးပြုထားသည့် ကြိုတင်အားဖြည့် ကွန်ကရစ်ဇလီဖားတုံး ထုတ်လုပ်သည့်စက်ရုံပေါင်း ခြောက်ရုံ ထပ်မံတည်ဆောက်သွားရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဟု သိရသည်။

ယခင်က တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည့် ကွန်ကရစ်ဇလီဖားတုံး စက်ရုံငါးရုံအပြင် ထပ်မံတည်ဆောက်သွားမည့် စက်ရုံခြောက်ရုံအပါအ၀င် စုစုပေါင်းကြိုတင်အားဖြည့် ကွန်ကရစ်ဇလီဖားတုံးစက်ရုံ ၁၁ ရုံ အထိ ရှိလာမည်ဖြစ်ပြီး ယင်းစက်ရုံများမှ တစ်နှစ်လျှင် ကွန်ကရစ်ဇလီ ဖားတုံး ၂၂ သိန်းထုတ် လုပ်နိုင်မည် ဖြစ်သည်ဟု သိရသည်။

တည်ဆောက် ပြီးစီးသွားပြီဖြစ်သည့် ကြိုတင်အားဖြည့် ကွန်ကရစ်ဇလီဖားတုံး ထုတ်လုပ်သည့် စက်ရုံ များမှာမန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့တွင် တစ်နှစ်လျှင် ကွန်ကရစ် ဇလီဖားတုံးသုံးသိန်း ထွက်သည့်စက်ရုံ တစ်ရုံ၊ မွန်ပြည်နယ်မုတ္တမမြို့တွင် တစ်နှစ်လျှင် ကွန်ကရစ်ဇလီဖားတုံး နှစ်သိန်းထွက် စက်ရုံတစ်ရုံ၊ ပဲခူးတိုင်းဒေသကြီး ပြွန်တန်ဆာမြို့စက်ရုံတွင် တစ်နှစ်တစ်သိန်းထွက် စက်ရုံတစ်ရုံ နှင့်ဥသျှစ်ပင်မြို့တွင် နှစ်သိန်းထွက် စက်ရုံတစ်ရုံ၊ မကွေးတိုင်းပခုက္ကူမြို့ တွင်တစ်နှစ်ကွန်ကရစ်ဇလီဖားနှစ် သိန်းထွက်စက်ရုံတစ်ရုံစုစုပေါင်းတစ် နှစ်လျှင်ကွန်ကရစ်ဇလီဖားတုံး ၁၀ သိန်းထွက်ရှိမည့် စက်ရုံငါးရုံပြီးစီးသွားပြီဖြစ်ပြီး မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၊ စစ်ကိုင်းတိုင်းဒေကြီး ခင်ဦးမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့၊ ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နှင့်နမ့်စန်မြို့တွင် တစ်ရုံစီ ထပ်မံတည်ဆောက်လျက် ရှိသည်ဟု သိရသည်။

ရထားသံလမ်း တစ်မိုင်လျှင် ဇလီဖားတုံး ၁၄၄၈ တုံး ခင်းကျင်း သွားရမည်ဖြစ်ရာ သံလမ်းမိုင်ပေါင်း ၆၇၃၄ အတွက် ဇ-ီးဖားတုံးပေါင်း ၁၆၅၀၆၈၆၄ တုံး လိုအပ်မည်ဖြစ်သည်။ သစ်သားဇလီဖားတုံး၏ ခံနိုင်ရည်မှာငါးနှစ်ဖြစ်၍ ငါးနှစ် တစ်ကြိမ် အဟောင်းနှင့် အသစ်လဲလှယ် အသုံးပြုပါက တစ်နှစ်လျှင် ဇလီဖား တုံး ၃၃၀၁၃၇၀ အတွက် သစ်တန် ၁၀၀၀၄၁ လိုအပ်နေမည်ဖြစ်ရာ သစ်တောပြုန်းတီးခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက်နှစ် ၆၀ ခန့်ခံနိုင်ရည်ရှိ သည့် ကွန်ကရစ်ဇလီဖားတုံးများကို သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

@first-11

kosithuag
09-12-2010, 03:11 PM
နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် (Solar Hut)များကို မြို့တွင်းဆင်ခြေဖုံး ဒေသများ၌သာမက လျှင်စစ်မီးမရရှိသည့် ကျေးလက်ဒေသများတွင်ပါ တိုးချဲ့တပ်ဆင်ပေးနိုင်ရန် စီစဉ်

http://www.news-eleven.com/images/stories/myanmar/mm/we5497.jpg

နေရောင်ခြည်သုံး လျှပ်စစ် ဓာတ်အားပေးစနစ်(Solar Hut) များ ကို မြို့တွင်းဆင်ခြေဖုံးဒေသများ၌ သာမက လျှပ်စစ်မီးမရရှိသည့် ကျေးလက်ဒေသများတွင်ပါ တိုးချဲ့တပ်ဆင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း Solar Hut ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိနိုင်ရန် အတွက် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင်ရာတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်မြင့်မားသော်လည်း လျှပ်စစ်မီတာခပေး ရန်မလိုသည့်အတွက် စိတ်ဝင်စားသူ များပြားလာကြောင်း သိရှိရသည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်သည် နေရောင်ခြည်ခံပြား၊ ဘက်ထရီအိုး၊ နေရောင်ခြည်ထိန်းညှိကိရိယာ၊ အင်ဗာတာ၊ ထိန်းချုပ်ကိရိယာစသည့် တို့ကိုအသုံးပြု၍ နေမှရရှိသည့်နေစွမ်းအင်ကို နေရောင်ခြည်ခံပြားဖြင့်ရယူပြီး လျှပ်စစ်မီးအဖြစ် အသုံးပြုနိုင်ရန် စွမ်းအင်လွှဲပြောင်း ထုတ်လွှတ်ပေးသည့်စနစ် ဖြစ်ကြောင်း သိရှိရသည်။ Solar Hut Co.,Ltd မှ Consultant ဦးခင်မောင်က"ဒီနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စနစ်ကို ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသတွေမှာ Security Light အတွက် အသုံးပြုတာတွေ များပါတယ်။ ဒီ Solar Hut ကို နေ့ဘက်မှာအားသွင်းပြီးရင်လျှပ်စစ်တောက်လျှောက် အသုံးပြုလို့ရပါတယ်။ ဘတ္ထရီဝပ်များလေ လျှပ်စစ်ဓာတ်အားပမာဏများများ သုံးလို့ရလေဖြစ်ပါတယ်။

Solar Panal အတွက် အနှစ် ၂၀ အာမခံပေးထားပါတယ်။ ဘက်ထရီအတွက် သုံးနှစ်အာမခံ ပေးထားပါတယ်။ မီးစက်တွေလိုမျိုး ဆူညံမှု၊ အငွေ့အနံ့ထွက်မှု၊ ကာဗွန်ဒိုင်အောက် ဆိုဒ်ထွက်မှုတွေ မရှိပါဘူး။ နေ့ခင်းဘက်မှာ နေရောင်ခြည်အောက်ထားလိုက်ရင် ညဘက်အပြင် နောက်နေ့မနက် ၁၁ နာရီအချိန်အထိ အသုံးပြုလို့ရပါတယ်။ စတင်တပ်ဆင်အသုံးပြုဖို့ ကုန်ကျစရိတ်မြင့်မားပေမယ့် လျှပ်စစ်မီတာခပေးဆောင်ဖို့ မလိုတဲ့အတွက် လျှပ်စစ်မီးမရရှိတဲ့ ကျေးလက်ဒေသတွေက ဒေသခံအချို့ အသုံးပြုဖို့စိတ်ဝင် စားလာကြပါတယ်။ ဒီစနစ်ကိုကျေးလက်ဒေသတွေက တပ်ဆင်ပေးဖို့ ကမ်းလှမ်းလာတာတွေရှိရင် ဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်" ဟုပြောကြားခဲ့သည်။

အဆိုပါစနစ်၏ ကုန်ကျစရိတ်မှာ 1W အတွက် ဆိုလာပြား တစ်ချပ်လျှင်ကျပ် ၃၅၀၀ ၀န်းကျင် ကျသင့်မည်ဖြစ်ပြီး အသုံးပြုလိုသည့် ၀ပ်အားပေါ်မူတည်ကာ ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေး စနစ်ကို တစ်နေ့လျှင် ငါးနာရီနှုန်းဖြင့် နေရောင်ခြည် ပေးသွင်းပါက ၀ပ် ၆၀၀ ထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

@first-11

kosithuag
09-12-2010, 03:12 PM
မန္တလေးတိုင်း ဒေသကြီးအတွင်း၌ တရုတ်နိုင်ငံ ပြည်မကြီးမှ စီးပွားရေး လုပ်ငန်းများ အခြေချ

http://www.news-eleven.com/images/stories/myanmar/mdy/we5491.jpg
တရုတ်နိုင်ငံနှင့် ကူးသန်း ရောင်းဝယ်ရာတွင် စီးပွားရေး အချက်အချာနေရာဖြစ်သော မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ၂၀၀၉ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံ ပြည်မကြီးမှ စီးပွားရေးလုပ်ငန်းများ အခြေချလုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။ လက်မှုလုပ်ငန်းကို အခြေခံသောအလုပ်ရုံများကို မန္တလေးတိုင်း ဒေသကြီးရှိ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ မိတ္ထီလာ စသည့်မြို့များ တွင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက လာရောက်ရင်းနှီး မြှုပ်နှံလာခြင်းဖြစ်ပြီး ယင်းသို့ရင်းနှီးမြှပ်နှံမှုများမှာ လမ်းပန်းဆက်သွယ်မှု အခြေအနေနှင့် နေရာအကျယ်အ၀န်းပေါ် မူတည်၍ သုံးစွဲမှုစရိတ် သက်သာခြင်း အပါအ၀င် လုပ်သားအင်အားရရှိနိုင်မှု အခြေအနေများ ကောင်းမွန်မှုမှာ အဓိကဖြစ်ကြောင်း မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပါသည်။

ယင်းသို့ပြည်မကြီးမှ အလုပ်ရုံများ ဖွင့်လှစ်လာမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာခြင်းနှင့်အတူ အဆိုပါမြို့နယ်များအတွင်းရှိ အိမ်ခြံမြေငှားရမ်းမှုများ လည်းမြင့်မားလာကြောင်း သိရသည်။

"ပြီးခဲ့တဲ့နှစ်အတွင်းမှာ တရုတ် နိုင်ငံက လုပ်ငန်းရှင်တွေအနေနဲ့ မန္တလေးဝန်းကျင်မှာ လက်မှုလုပ်ငန်း ကို အခြေခံတဲ့အလုပ်ရုံတွေ ဖွင့်လှစ် ပြီး ရင်းနှီးမြှုပ်နှံလာတယ်။ ၂၀၁၀ နှစ်ဆန်းပိုင်းမှာ ပိုများလာတာတွေ့ရ တယ်။ မန္တလေးမြို့ဟာ တရုတ်နိုင်ငံ နဲ့ကူးသန်းရောင်းဝယ်မှုမှာ စီးပွား ရေး အချက်အချာကျလို့ အခုလို ရင်း နှီးမြှုပ်နှံလာတာဖြစ်သလို လုပ်အား ရရှိမှုက အဓိကကျပါတယ်။ နောက်ပြီး အလုပ်ရုံအတွက် သုံးစွဲမှုစရိတ်က ပြည်မကြီးထက်စာရင် နည်းပါးတဲ့ အတွက် အခြေချလုပ်ကိုင်မှု ပိုလာတဲ့သဘောပဲ။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင် အခွင့်အလမ်းတွေ များလာတယ်"ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကဆိုသည်။

"လက်မှုအခြေခံတဲ့ ဆံပင်တု လုပ်ငန်း၊ နှုတ်ခမ်းမွှေးအတုလုပ်ငန်း စတဲ့ အလုပ်ရုံမျိုးတွေမှာ ကုန်ကြမ်း ကို တရုတ်နိုင်ငံကနေ တိုက်ရိုက်ဝင် လာပြီးထွက်ရှိတဲ့ ကုန်ချောပစ္စည်းတွေကိုလည်း ဈေးကွက်အနေနဲ့ ဒီမှာ မရှိ ဘူး။ တရုတ်နိုင်ငံကို ပြန်လည်တင် သွင်းတာပါ။ ဒီမှာတော့ ထုတ်လုပ်မှု တစ်ခုပဲလုပ်ပြီးဈေးကွက်ထိုးဖောက်မှု လုပ်တာမျိုး မတွေ့ရဘူး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံများတွင် အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင် သူများမှာတစ်ရက်လုပ်ခ ကျပ် ၈၀၀ စတင်ရရှိပြီး ကျွမ်းကျင်မှုပေါ်မူတည် ၍ တစ်လလျှင်ကျပ် ၆၀၀၀၀ ၀န်း ကျင်ရရှိနိုင်ကြောင်းလည်းသိရသည်။

ယင်းကဲ့သို့လုပ်ငန်းများ အပြင် မန္တလေးမြို့နှင့် နယ်နိမိတ်ချင်းထိစပ် နေသော စစ်ကိုင်းမြို့ပတ္တမြားစက်မှုဇုန်တွင် လည်ပတ်လုပ်ကိုင်နေသော အဖိုးတန်စံချိန်မီအုပ်စု(ယခင်ဟုန်းပန်း အုပ်စု)မှ ကွန်ကရစ်တိုင်စက်ရုံ၊ ၀ါ ယာကြိုးစက်ရုံ၊ လျှပ်စစ်ပစ္စည်းစက် ရုံ၊ သောက်ရေသန့်စက်ရုံ စသည် တို့ကို ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်လည်ပတ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

"စစ်ကိုင်းပတ္တမြား စက်မှုဇုန်ကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ စတင် အကောင်အထည်ဖော်ခဲ့ပြီးချိန် မှာဟုန်းပန်းအုပ်စုအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အများအပြားနဲ့ လည်ပတ်ခဲ့တယ်။ စစ်ကိုင်းစက်မှုဇုန်က မန္တလေးစက်မှု ဇုန်နဲ့ နှိုင်းယှဉ်ရင် လမ်းခရီးအကွာအဝေးအနေနဲ့ တူညီသလို နေရာအကျယ်အ၀န်းနဲ့ အလုပ်သမားအင်အား ရရှိမှုတွေမှာ အားသာတဲ့အတွက် အခြေချလုပ်ကိုင်တဲ့လုပ်ငန်းတွေ များတယ်။ ဒါပေမယ့် ပြည်တွင်းလုပ်ငန်း အနည်းငယ်ပဲရှိခဲ့ပြီး ပြည်မကနေ လာရောက်ရင်းနှီးမြှုပ်နှံသူက များပြားခဲ့ပါတယ်။ အခုချိန်မှာတော့ ပတ္တမြား စက်မှုဇုန်မှာ လည်ပတ်တဲ့လုပ်ငန်းတွေက အရင်ကလောက်တော့ မရှိတော့ဘဲ တချို့စက်ရုံတွေက လည်ပတ်မှုမရှိတော့ဘူး"ဟု စစ်ကိုင်းမြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ အခြေအနေတွင် အိမ်ခြံမြေပွဲစားတစ်ဦးက"မန္တလေးမြို့ပေါ်လိုနေရာမျိုးမှာ မြေငှားရမ်းဖို့ဆိုတာ ဈေးနှုန်းမြင့်မားတဲ့အတွက် မန္တလေးနဲ့နယ်နိမိတ်ထိစပ်နေတဲ့ အမရပူရ၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မိတ္ထီလာ စတဲ့နေရာတွေမှာ နေရာအကျယ်အ၀န်း ကောင်းကောင်းကို သင့်တင့်တဲ့ နှုန်းထားတွေနဲ့ ငှားရမ်းနိုင်တဲ့အတွက် အဲဒီနေရာတွေမှာ လာရောက်အခြေချလာပါတယ်။ အလုပ်ရုံတစ်ခုအတွက် တစ်လငှားရမ်းနှုန်း ကျပ်တစ်သိန်း၊ ကျပ်တစ်သိန်းခွဲ ၀န်းကျင်လောက် သုံးစွဲရတာမို့ အနည်းဆုံး သုံးနှစ် စာချုပ်မျိုး ချုပ်ဆိုလုပ်ကိုင်နေကြပါ တယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သော နိုင်ငံများစာရင်းတွင် ထိုင်းနိုင်ငံမှာ ထိပ်ဆုံးမှရှိနေပြီး တရုတ်နိုင်ငံမှာ ဒုတိယ အများဆုံးဖြစ်နေရာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၀ ပြည့်နှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၁၈၄၈ ဒသမ ၅၆ သန်း ရှိနေရာမှ ဇူလိုင်လ တွင် ၆၄၁၅ ဒသမ ၅၈ သန်းထိ တိုးတက်လာခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်မှုများတွင်လည်း မန္တလေးတိုင်း ဒေသကြီးအတွင်း ပိုမို တိုးတက်လာခဲ့ကြောင်း သိရှိရသည်။

@first-11

kosithuag
09-12-2010, 10:18 PM
မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံအဆောက်အအုံ ဒီဇိုင်းပြိုင်ပွဲသို့ မြန်မာအင်ဂျင်နီယာများ ၀င်ရောက်ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်မည့် အာဆီယံအဆောက်အအုံ ဒီဇိုင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အင်ဂျင်နီယာများဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

"ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင် ဖို့ အတွက် AAET အဖွဲ့ကဖိတ်ခေါ် ထားတာပါ။ မြန်မာနိုင်ငံက ပြိုင်ပွဲ ၀င်စည်းကမ်းချက်နဲ့ကိုက်ညီတဲ့ အင်ဂျင်နီယာတွေရဲ့ဒီဇိုင်းပုံစံတွေထဲက အကောင်းဆုံးဒီဇိုင်းသုံးခုကို အသင်းကနေရွေးချယ်ပြီး မလေးရှားနိုင်ငံကို ပေးပို့ရမှာပါ။ အာဆီယံနိုင်ငံအသီးသီးက ယှဉ်ပြိုင်လာတဲ့ ဒီဇိုင်းတွေကို ရွေးချယ်ရေးအဖွဲ့က စိစစ်သွားမှာပါ" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း မှတာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြိုင်ပွဲသို့ ဘွဲ့ရအင်ဂျင်နီယာ များ၊ ဘွဲ့မရရှိသေးသော လူငယ်အင်ဂျင်နီယာများနှင့် အသက် ၃၀ နှစ်အောက် လူငယ်အင်ဂျင်နီယာများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဒီဇိုင်းပုံစံကို ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေမှု ဖြစ်မည့် ပုံစံများ ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲဝင်ဒီဇိုင်းပုံစံများကို အာဆီယံနိုင်ငံများမှ အင်ဂျင်နီယာများ နှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော AAET( The Asean Academy of Engineering and Techno- logy) အဖွဲ့နှင့် မလေးရှားနိုင်ငံမှ အင်ဂျင်နီယာများက ရွေးချယ်သွားမည် ဖြစ်ပြီး ဆုရရှိမည့်ဒီဇိုင်းများကို ပထမဆုအဖြစ် ဒေါ်လာ ၅၀၀၀၊ ဒုတိယဆု အဖြစ်ဒေါ်လာ ၃၀၀၀နှင့် တတိယ ဆုရရှိသူကို ဒေါ်လာ ၂၀၀၀ အသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှဝင်ရောက်ယှဉ် ပြိုင်မည့် ဒီဇိုင်းပုံစံများကို စက်တင် ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် စုံစမ်းနိုင်ကြောင်း သိရသည်။
@Eleven Media Group

kosithuag
09-12-2010, 10:19 PM
တည်ဆောက်ဆဲ သီရိမင်္ဂလာဈေးသစ် ၀န်းကျင်တွင် အိမ်အ၀ယ်အငှား သွက်လာပြီး ဈေးနှုန်း သုံးပုံတစ်ပုံခန့် မြင့်တက်

ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ ပိတောက်ချောင်း အနီးတွင် သီရိမင်္ဂလာဈေးသစ်ကြီးမှာ တည်ဆောက်ဆဲ ဖြစ်သော်လည်း ယင်းပတ်ဝန်းကျင်တွင် အိမ်အရောင်းအ၀ယ်နှင့် ငှားရမ်းမှု သွက်လာပြီး ဈေးနှုန်းများလည်း ယခင်ထက် သုံးပုံတစ်ပုံခန့် မြင့်တက်လာကြောင်း စုံစမ်းသိရှိရသည်။ ယခင်က အိမ်အရောင်းအ၀ယ်နှင့် ငှားရမ်းမှုများ နည်းပါးခဲ့သော်လည်း ဇူလိုင်လအတွင်းမှ စတင်ကာ ငှားရမ်းမှုနှင့် ၀ယ်ယူမှုများ ပြန်သွက်လာခဲ့သည်ဟု သိရှိရသည်။

''သီရိမင်္ဂလာဈေးသစ်ကြီးက ဒီစက်တင်ဘာလကုန်မှာ ဖွင့်မယ်လို့ အပြင်မှာ ကြားနေတော့ အဲဒီ ပတ်ဝန်းကျင်က အိမ်ဝယ်တာတို့၊ အိမ်ငှားချင်တာတွေ စိပ်လာပါတယ်။ အိမ်အ၀ယ်ရော၊ အငှားပါ အရင်ထက် သုံးပုံတစ်ပုံလောက် ဈေး တက်သွားပါတယ်။ ဘုရင့်နောင် လမ်းမကြီးပေါ်က အေးရိပ်မွန်အိမ်ရာ တိုက်ခန်းတွေဆိုရင် မြေညီထပ်ကို အ၀ယ်သိန်း ၂၅၀ ၀န်းကျင်ကနေ အခု သိန်း ၃၈၀ ကနေ သိန်း ၄၀၀ ၀န်းကျင်အထိ ဖြစ်နေပါတယ်။ ဈေးသစ် ဖွင့်လှစ်လိုက်ပြီဆို ရင်တော့ ဈေးနှုန်းတွေ ထပ်ပြီး တက်လာနိုင်ပါတယ်''ဟု အာရှမြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ''သီရိမင်္ဂလာဈေးသစ် တည်ဆောက်နေတဲ့ နေရာအနီး တစ်ဝိုက်က အရင်ကတည်းက ဘုရင့်နောင်ပွဲရုံ နဲ့ ဆက်စပ်ပြီး အရောင်းအ၀ယ် အခံလေး နည်းနည်းရှိခဲ့တယ်။ အခုချိန် ကျတော့ သီရိမင်္ဂလာဈေးသစ် ထပ်ပြီး ဖွင့်တော့မယ်ဆိုတော့ အရောင်းအ၀ယ် နည်းနည်းလေး သွက်လာတယ်''ဟု ရှင်းပြခဲ့သည်။

အဆိုပါ ပတ်ဝန်းကျင်တွင် အိမ်ငှားရမ်းရန် စုံစမ်းခဲ့ဖူးသူ တစ်ဦးက''အရင်က ဘုရင့်နောင်လမ်းပေါ်က အေးရိပ်မွန်အိမ်ရာမှာ ပထမထပ ငှားဖို့ စုံစမ်းခဲ့တာ အရင်က တစ်လ ငှားရမ်းခ ကျပ်ငါးသောင်းကနေ အခု ရှစ်သောင်းလောက်အထိ ဖြစ် နေတယ်လို့ သိရတယ်။ အ၀ယ်ဆိုရင်တော့ ပထမထပ်ကိုတော့ သိန်း၂၀၀ လောက်အထိ ဈေးခေါ်ပါတယ်''ဟု ဆိုပါသည်။
@Eleven Media Group

nyi.nyi
09-14-2010, 11:49 PM
ကျွန်တော့ သူငယ်ချင်း တစ်ယောက် ဒီမနက် ပေးဖတ်တဲ့ သတင်းပါ။
ဟုတ်လား မဟုတ်လား တော့ သေချာ မသိ
မြန်မာပြည် က တချို့  အကြော်ဆိုင်တွေမှာ အကြော်တွေ တနေကုန် အထားခံ ကြွပ်နေအောင်ဆိုပြီး ပလက်စတစ်တွေ ဆီထဲ ထည့်ကြော်တယ်တဲ့
အံ့ရော အံ့ရော
??? ??? ???
Modern Times, Sept 14
http://www.scribd.com/doc/37428596/Plastic
http://d1.scribdassets.com/ScribdViewer.swf?document_id=37428596&access_key=key-1eyvsil025m0hhhhmq3s&page=1&viewMode=list

ကိုထွန်း
09-15-2010, 05:11 AM
ပလက်စတစ်တွေ ဆီထဲထည့်ကြော်တာ ပြီးခဲ့တဲ့နှစ်တွေက ယိုးဒယားကစခဲ့ပါတယ်။ ပြီးတော့ မလေးရှားကို ကူးစက်သွားပါတယ်။ မလေးဘာသာနဲ့ ရိုဂျတ် Rojak ဆိုတဲ့ အကြော်စုံဆိုင်တွေမှာ တွင်တွင်ကျယ်ကျယ်ကိုသုံးခဲ့ပြီး၊ အာဏာပိုင်တွေမှ အကြော်ဆိုင်တွေကိုစစ်ဆေးပြီး၊ ပြင်းပြင်းထန်ထန်တာဆီးအရေးယူခဲ့တယ်လို့ ရုံးက မလေးရှန်းအင်ဒီးယန်း Malaysian-Indian တစ်ဦးက ပြောပြလို့ သိခဲ့ရပါတယ်။ ရိုဂျတ် Rojak ဆိုတဲ့ အကြော်စုံကို၊ စက်ာပူမှာလည်း၊ Singaporean-Chinese, Singaporean-Malay နဲ့ Singaporean-Indian လူမျိုးတွေ တွင်တွင်ကျယ်ကျယ်စားကြပါတယ်။ ပလတ်စတစ်ပုံးက ပလက်စတစ်စ လက်တဝါးစာလောက်ဖြတ်ပြီး ပွက်ပွက်ဆူနေ တဲ့ ဆီထဲကို ထည့်ကာပျော်သွားတဲ့ အထိအရင်ကြော်ရပါတယ်။ ပြီးတော့မှ Rojak တွေကိုထည့်ကြော်ထားရင်၊ ကြွတ်ရွနေပြီး၊ တနေကုန်အထားခံပါသတဲ့။ အခုတော့ ကင်ဆာ အစရှိတဲ့ရောဂါတွေဖြစ်စေတတ်တဲ့ ပလက်စတစ်တွေ ဆီထဲထည့်ကြော်နည်းဟာ ယိုးဒယား နဲ့ မလေးရှားမှာ၊ ပျောက်ကွယ်သွားပြီး၊ မြန်မာပြည်ကို ကူးစက်လာခဲ့တာ စိတ်မကောင်းစရာပါ။

စပိုင်ချစ်သူ
09-16-2010, 09:51 PM
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် (MCF) မှ ITPEC စာမေးပွဲများကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲကို ကျင်းပ မည်ဖြစ်သည်။

Information Technology Passport Examination (IT Passport) စာမေးပွဲသည် IT ဆိုင်ရာအခြေခံဗဟုသုတ ရှိပြီး IT နှင့် သက်ဆိုင်သောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် ရည်ရွယ်၍စစ်ဆေးသော စာမေးပွဲဖြစ်သည်။

Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် IT ဗဟုသုတအခြေခံ ကျွမ်းကျင်မှုရှိပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများ နှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် ရည်ရွယ်၍ စစ်ဆေးသည့်စာမေးပွဲဖြစ်သည်။

စာမေးပွဲသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီး IT စိတ်ပါဝင်စားသည့်ကျောင်းသား၊ ကျောင်းသူများ ၊ IT နှင့်သက်ဆိုင်သော လုပ်ငန်းများတွင်လုပ်ကိုင်နေသူများနှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ ဝင်ရောက်ဖြေဆိုနိုင်သည်။

စာမေးပွဲအမျိုးအစား- Fundamental Information Technology Engineer Examination (FE)
စာမေးပွဲကျင်းပမည့်နေ့ - ၃၁.၁၀.၂၀၁၀ (တနင်္ဂနွေ)
စာမေးပွဲကျင်းပမည့်အချိန်- နံနက် ၉:၃၀ မှ ၁၂:၀၀ ထိ နေ့လည် ၁:၀၀ မှ ၃:၃၀ ထိ
စာမေးပွဲကြေး- (၁၀၀၀၀) ကျပ်
စာမေးပွဲကျင်းပမည့်နေရာ- မြန်မာအင်ဖိုတက်ခ်

စာမေးပွဲအမျိုးအစား- Information Technology Passport Examination ( IT Passport )
စာမေးပွဲကျင်းပမည့်နေ့ - ၃၁.၁၀.၂၀၁၀ (တနင်္ဂနွေ)
စာမေးပွဲကျင်းပမည့်အချိန်- နံနက် ၉:၃၀ မှ ၁၂:၁၅ ထိ
စာမေးပွဲကြေး- (၅၀၀၀) ကျပ်
စာမေးပွဲကျင်းပမည့်နေရာ- မြန်မာအင်ဖိုတက်ခ်

အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ အဆောင်(၁)၊ မြန်မာအင်ဖိုက်ခ်၊ ဖုန်း- ၆၅၂၃၀၇ သို့ဆက်သွယ်မေးမြန်းနိုင်သည်။ (၂၇.၁၀.၂၀၁၀)

နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

မည်သည့်အရာကိုမျှသိမ်းပိုက်မထားသော
စပိုင်ချစ်သူ

kosithuag
09-16-2010, 10:04 PM
၂ဝ တန် ကတ်ဖုန်းများတွင် နံပါတ်သေငွေဖြည့်ကတ်သုံးရန် ဆော့ဖ်ဝဲထည့်သွင်းထား၊ နံပါတ်သေအဖြစ် မည်သည့်အချိန်ပြောင်းမည် မသိရသေး

http://popularmyanmar.com/mpaper/show_image_NpAdvSinglePhoto.php?filename=/2010/09/Wai-Yan-Phone.jpg&cat=17&pid=5051&cache=false
GSM တစ်ခါသုံးကတ်ဖုန်း (င်္FEC၂ဝ တန်) ကတ်များကို နံပါတ်သေအဖြစ်ထားရှိ၍ ငွေဖြည့်ကတ်အသုံးပြုနိုင်ရန် ဆော့ဖ်ဝဲများ ရေးဆွဲထည့်သွင်းထားသော်လည်း မည်သည့်အချိန်တွင် နံပါတ်သေအဖြစ် ပြောင်းလဲသွားမည်ကို မသိရှိရသေးကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ဗဟန်းအိတ်ချိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၄င်းဖုန်းကတ်များကို ထုတ်လုပ်စဉ်က နံပါတ်သေအဖြစ်ထားရှိပြီး ငွေဖြည့်ကတ်အသုံးပြုနိုင်ရန် ဆော့ဖ်ဝဲများရေးဆွဲထည့်သွင်းထားခြင်းဖြစ်ပြီး ငွေလက်ကျန် တစ်ကျပ်လောက်သာကျန်ရှိတော့ပါက အော်တိုမက်ဆေ့ခ်ျ ဝင်ရောက်၍ ငွေထပ်မံဖြည့်ရန် သတိပေးသော စနစ်ဖြစ်ကြောင်း သိရသည်။”စထုတ်တုန်းကဆော့ဖ်ဝဲ ရေးဆွဲပြီး ထည့်ထားတာ၊ နောကGSM တိုင်တွေ မလောက်ငတာနဲ့ တစ်ခါသုံးအဖြစ်နဲ့ပဲ ထုတ်လိုက်တာ” ဟု ဗဟန်းအိတ်ချိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။GSM ဖုန်းများကို ယခင်က ဗဟန်း၊ စမ်းချောင်းနှင့် အလုံGSM အိတ်ချိန်းရုံး ၃ ခုမှ ဆက်သွယ်ရေး ဆောင်ရွက်ပေးပြီး ယခုအခါ ဗဟန်း အိတ်ချိန်းရုံးမှာ ပရီပိတ်စနစ်တစ်ခုတည်းကိုပဲ ဆောင်ရွက်မှု ပြုလုပ်နေပြီး ကျန်အိတ်ချိန်းရုံးနှစ်ခုမှသာGSM လိုင်းများအတွက် ဆက်သွယ်ရေး ဆောင်ရွက်ပေးတော့မည်ဟု သိရသည်။GSM အိတ်ချိန်းရုံးမှာ အဓိက အားဖြင့် ရန်ကုန်တွင် ၂ ရုံးနှင့် မန္တလေးတွင် ၁ ရုံးရှိပြီး GSM Network များကို တိုးချဲ့ရန်အတွက် GSM ရေဒီယိုစခန်း ၃ဝခု တိုးချဲ့ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

@ပေါ်ပြူလာ မြန်မာ ဂျာနယ်

poohcartoon
09-20-2010, 11:06 AM

၅၀ ကျပ်ဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်းများ ပျောက်ကွယ်သွားခြင်း မရှိအောင် ဆောင်ရွက်ပြီး အထူးယာဉ်လိုင်း အချို့ကိုလည်း ရိုးရိုးယာဉ် လိုင်းများအဖြစ် ပြောင်းလဲ ပြေးဆွဲသွားမည်
http://img440.imageshack.us/img440/1496/73110456.jpg
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသောကျပ် ၅၀၊ ကျပ် ၁၀၀ ရိုးရိုးယာဉ်လိုင်းများအား ပျောက်ကွယ်သွားခြင်းမရှိအောင် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အထူးယာဉ်လိုင်းအဖြစ် ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့ကိုလည်း ရိုးရိုးယာဉ်လိုင်းများ အဖြစ် ပြောင်းလဲပြေးဆွဲသွားမည် ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအချို့ထံမှ သိရှိရသည်။
သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ အချို့မှာ အထူးယာဉ်လိုင်းအချို့ကို ရိုးရိုးယာဉ်လိုင်းများအဖြစ် ပြောင်းလဲ ပြေးဆွဲသွားမည်နှင့်အတူ တာဝန်ရှိသူများကလည်း ယာဉ်ပိုင်ရှင်များဘက်မှ ရိုးရိုးယာဉ်လိုင်းများပြေးဆွဲရန် တင်ပြလာပါကလည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
"အခုအချိန်မှာ ဘတ်စကားစီး သူတွေကလည်း ကျပ် ၅၀တန်၊ ကျပ် ၁၀၀ တန်ရိုးရိုးယာဉ်လိုင်းတွေကို ပိုပြီးပြေးဆွဲတာကို လိုလားတယ်။ အဲဒီလိုင်းတွေ ပျောက်ကွယ်သွားမှာ ကို စိုးရိမ်နေကြတယ်။ အဲဒီလိုဖြစ် ရခြင်းအကြောင်းအရင်းကလည်း အထူးယာဉ်လိုင်းတွေအများအပြား ထွက်ပေါ်လာခြင်းကြောင့်ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှာ ပြေးဆွဲနေတဲ့ ရိုးရိုးယာဉ်လိုင်း ငါးလိုင်းကို ယာဉ်အစီးရေ ၁၅၀ ၀န်းကျင်နဲ့ ပြေးဆွဲနေတယ်။ အဲဒီယာဉ်လိုင်းတွေကိုလည်း ဖျက်သွားဖို့ မရှိဘူး။ အထူးယာဉ်လိုင်း တွေပြေးဆွဲနေတဲ့ယာဉ်လိုင်းတချို့ ကိုရိုးရိုးယာဉ်လိုင်းတွေအဖြစ်ပြောင်း လဲပြေးဆွဲသွားပါမယ်။ အခု ပထမဦးဆုံး အကြိမ်အနေနဲ့ကတော့ ရန်ကုန်- သန်လျင်-ကျောက်တန်းကို အထူး ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲနေတဲ့ ၁၇၃ ယာဉ်လိုင်းကို ရိုးရိုးယာဉ်လိုင်းအဖြစ် ပြောင်းလဲပြေးဆွဲသွားပါ မယ်"ဟုဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
http://img693.imageshack.us/img693/787/we5501b.jpg
ရိုးရိုးယာဉ်လိုင်းတစ်စီးပေါ်သို့ ခရီးသည်များ တက်ရောက်နေစဉ် ၊အထူးယာဉ်လိုင်းတစ်စီး ခရီးသည်များအား စောင့်မျှော်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး (မထ သ)ရုံးချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး တင်မောင်ဆွေ (ငြိမ်း)ကလည်း "ကျွန်တော်တို့အနေနဲ့ ကားပိုင်ရှင်တွေကရော ကားလိုင်းပြေးဆွဲချင်တဲ့သူတွေကရော ကျပ် ၅၀ တန်၊ ကျပ် ၁၀၀တန်၊ကျပ် ၁၅၀ တန် ရိုးရိုးယာဉ်လိုင်းတွေကို ပြေးဆွဲချင် တယ်ဆိုရင် စိစစ်ပြီးတော့ ခွင့်ပြု သွားမှာပါ။ နောက်ပြီးတော့လည်း အခုလက်ရှိ စက်တင်ဘာလ ၇ ရက် နေ့အထိ ရိုးရိုးယာဉ်လိုင်းတွေအဖြစ် ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၄၆ လိုင်း မှာ ယာဉ်အစီးရေ ၉၄၉ စီးနဲ့ပြေး ဆွဲနေတယ်။ အဲဒီယာဉ်တွေကိုလည်း အထူးယာဉ်လိုင်းတွေအဖြစ် ပြေးဆွဲသွားဖို့ အစီအစဉ်တွေမရှိသလို အဲဒီယာဉ်လိုင်းတွေကိုလည်း ထုတ်ပယ်သွားဖို့ အစီအစဉ်မရှိပါဘူး။ ကား ပိုင်ရှင်တွေအနေနဲ့ကလည်း တရုတ်၊ ကိုရီးယားက သွင်းတဲ့ယာဉ်တွေကို စိတ်ဝင်စားမှုမရှိကြဘူး။ ၂၀၀၃ မော် ဒယ်နဲ့အထက်ကားတွေဖြစ်ရမယ် စတဲ့စည်းမျဉ်းတွေနဲ့ညီတဲ့ ကားတွေ ကသွင်းရင် ဈေးကြီးလွန်းတယ်။ အဲဒါတွေကြောင့်လည်း ယာဉ်ပိုင်ရှင် တွေက ကားဝယ်ယူဖို့အတွက်ကို စဉ်းစားစောင့်ကြည့်နေတဲ့ အတွက် အခုအချိန်မှာယာဉ်လိုင်းအသစ်တွေ ထပ်တိုးဖို့ အစီအစဉ်မရှိသေးပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။
အထူးယာဉ်လိုင်းတွေ အများစုက ရိုးရိုးယာဉ်လိုင်း တွေလိုပါပဲ။ လူတွေကိုလည်း ပိုပြီး တင်ဆောင်ပြေးဆွဲနေကြတယ်။ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေ က အကြောင်းအမျိုးမျိုးကြောင့် ထိုင်ခုံအပြည့်ထက် ခရီးသည်တွေကို ပိုပြီးတင်ချင်တယ်။ လူပိုတင်မိခဲ့လို့ စစ်ဆေးတွေ့ရှိမိခဲ့ရင် ထိထိရောက် ရောက်အရေးယူသွားမယ်..
မထသမှ ယာဉ်ပိုင်ရှင်များ အတွက် တင်သွင်းပေးမည့် စီအင်ဂျီ ဖောက်ပြီး တရုတ်နိုင်ငံမှ ကားကြီး များ မှာယူရန်အတွက်ကိုလည်း ယခုအချိန်အထိ ယာဉ်ပိုင်ရှင်များ ဘက်မှအစီးရေ ၂၀ ၀န်းကျင်ခန့် သာတင်ပြထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးမထသ အောက်တွင် ရိုးရိုးယာဉ်ကြီးလိုင်း ၄၆ လိုင်းတွင် အစီးရေ ၉၄၉ စီး၊ အထူးယာဉ် ၁၀ လိုင်းတွင် ယာဉ်အစီးရေ ၃၇၄ စီး၊ ဒိုင်နာ ၃၅ လိုင်းတွင် ယာဉ်အစီးရေ ၄၆၄ စီး၊ ဟိုင်းလတ် ၁၁ လိုင်းတွင် ၂၀၇ စီး၊ ဘီအမ် ငါး လိုင်းတွင် ၄၅ စီး၊ အေအမ်ဟီးနိုး တစ်လိုင်းတွင် ကိုးစီး၊ စစ်ကျန်ဘတ် ၂၁ လိုင်း တွင် ၃၄၄ စီးနှင့် မီနီဘတ် ခြောက်လိုင်းတွင် ၁၇၂ စီး စုစု ပေါင်း စက်တင်ဘာလ ၇ ရက်နေ့ အထိစာရင်းဇယားများအရ ယာဉ် အစီးရေ ၂၅၆၄ စီးဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။
အလားတူ ဗန္ဓုလသယ်ယူပို့ ဆောင်ရေးကုမ္ပဏီလီမိတက်တွင်လည်း အထူးယာဉ်လိုင်း ၁၀ လိုင်းတွင် ယာဉ်အစီးရေ ၂၅၀ ၀န်းကျင်နှင့် ရိုး ရိုးယာဉ်လိုင်း ငါးလိုင်းတွင် ယာဉ် အစီးရေ ၁၂၀ကျော် ပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။ ယာဉ်လိုင်း တာဝန်ရှိသူများမှာလည်း အထူး ယာဉ်လိုင်းအဖြစ် ပြေးဆွဲနေသော ယာဉ်များတွင် စစ်ဆေးအရေးယူမှု များကို တင်းကြပ်စွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
"အခုပြေးဆွဲနေတဲ့ အထူးယာဉ်လိုင်းတွေ အများစုက ရိုးရိုးယာဉ်လိုင်း တွေလိုပါပဲ။ လူတွေကိုလည်း ပိုပြီး တင်ဆောင်ပြေးဆွဲနေကြတယ်။ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေ က အကြောင်းအမျိုးမျိုးကြောင့် ထိုင်ခုံအပြည့်ထက် ခရီးသည်တွေကို ပိုပြီးတင်ချင်တယ်။ လူပိုတင်မိခဲ့လို့ စစ်ဆေးတွေ့ရှိမိခဲ့ရင် ထိထိရောက်ရောက် အရေးယူသွားမယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးရေးကော် မတီမှ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။
@news-eleven.com

poohcartoon
09-20-2010, 11:24 AM
CDMA 800 MHz ငါးသိန်းတန်ဖုန်းဟန်းဆက်များ တရုတ်နိုင်ငံမှ အများအပြားဝင်ရောက် PDF
ဖုန်းဈေးကွက် အတွင်းသို့ CDMA 800 MHz ငါးသိန်းတန် ဖုန်းဟန်းဆက်များ တရုတ်နိုင်ငံမှ အများအပြားဝင်ရောက်လာကြောင်း သတင်းရရှိပါသည်။
"Nokia X5 အမျိုးအစားဆို သုံးတဲ့သူတွေ တော်တော်များပါတယ်၊ ဒီဖုန်းကတရုတ်ကလုပ်တာ ဆိုတော့ ဈေးလည်းသက်သာတယ်။ Mp3, BlueTooth, ကင်မရာအပြင် Function တော်တော်များပါတယ်။ အခုတလော GSM ဟန်းဆက်တောင်အရောင်းပါးပြီး ငါးသိန်းတန် ဖုန်းဟန်းဆက်တွေက တော်တော်အ၀ယ်လိုက်နေတယ်။ ဒီဖုန်းတွေထဲက တချို့တစ်ဝက်က GSM Sim Card နဲ့ CDMA Sim Card ပါနှစ်မျိုးစလုံး သုံးလို့ရတာတွေလည်း ပါပါ တယ်"ဟု Mr.Fone မှတာာဝန်ရှိသူက ရှင်းပြခဲ့သည်။
CDMA 800 MHz လိုင်းဆွဲအားကို အသုံးပြုထားသည့်ငါးသိန်း တန်ဖုန်းသည် ရန်ကုန်မြို့တွင်း မိုဘိုင်းဖုန်းကဲ့သို့ တစ်နေရာမှတစ်နေရာ သို့ ကိုင်ဆောင်အသုံးပြုနိုင်ခြင်း၊ ကြိုတင်ငွေပေးချေသည့် စနစ်ကိုအသုံးပြု သည့်အတွက် ဖုန်းခေါ်ဆိုခများအား ချိန်ဆကန့်သတ် တွက်ချက်ဖုန်းပြောဆိုနိုင်ခြင်း စသည်တို့ကြောင့် သုံးစွဲ သူများမှကြိုက်နှစ်သက်လျက်ရှိသည်။
"ဒီမှာရောင်းရတဲ့ ငါးသိန်းတန် ဖုန်းဟန်းဆက်တွေက Huawai,TaTa, Samaumg Anycall, Nokia စတဲ့ တရုတ်နိုင်ငံက ၀င်လာတဲ့ဖုန်းတွေ ပါ။ ကျန်တာတွေက ဒီဖုန်းတွေ လောက် သိပ်မရောင်းရသေးဘူး"ဟု အဆိုပါတာဝန်ရှိသူက ဆက်လက် ရှင်းပြခဲ့သည်။
တရုတ်နိုင်ငံထုတ် CDMA 800 MHz ငါးသိန်းတန်ဖုန်း ဟန်းဆက်ဈေးနှုန်းအချို့
E 662 ၉၅၀၀၀ ကျပ်
VL 650 ၁၀၅၀၀၀ ကျပ်
JV 818 ၇၅၀၀၀ ကျပ်
A 310 ၇၅၀၀၀ ကျပ်
F 609 ၁၁၀၀၀၀ ကျပ်
Nokia X5 GSM&CDMA800MHz ၁၁၀၀၀၀ ကျပ်
Nokia X6 GSM&CDMA800MHz ၁၄၀၀၀၀ ကျပ်
Nokia 2701 GSM&CDMA800MHz ၁၄၀၀၀၀ ကျပ်
Nokia 3806 GSM&CDMA800MHz ၁၆၀၀၀၀ ကျပ်
မှတ်ချက်။ ။ GSM&CDMA800MHz ဟု ဖော်ပြထားသည့် ဖုန်းများသည် Sim Card နှစ်မျိုးထည့်သွင်း အသုံးပြုနိုင်သည်။
@news-eleven.com

kosithuag
09-21-2010, 02:36 PM
အခပေး ရုပ်သံလိုင်းသစ် ၂၉လိုင်းနှင့် အခမဲ့ ရုပ်သံလိုင်းသစ်တစ်လိုင်း ကို ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအတွင်း စမ်းသပ်မှုများနှင့် စတင်ထုတ်လွှင့်ရန် စီစဉ်လျက်ရှိ
http://img697.imageshack.us/img697/845/we5502.jpg
ပြည်တွင်း၌ အခပေးရုပ်သံ လိုင်းသစ် ၂၉ လိုင်းနှင့် အခမဲ့ရုပ်သံ လိုင်းသစ်တစ်လိုင်းကို ၂၀၁၀ ပြည့် နှစ် အောက်တိုဘာလမှ စတင်ကာ သုံးလတာ စမ်းသပ်ထုတ်လွှင့်မှု ကာလအဖြစ် သတ်မှတ်ထုတ်လွှင့်ရန် FM လုပ်ငန်းများ လုပ်ဆောင်သည့် ကုမ္ပဏီနှစ်ခုမှ ပူးပေါင်းစီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အသစ်ထုတ်လွှင့်မည့် အခပေး ရုပ်သံလိုင်းသစ် ၂၉ လိုင်းမှာ ပြည်ပ နိုင်ငံရုပ်သံလိုင်းများနှင့် ချိတ်ဆက် ကာပြသပေးမည့် တစ်လိုင်းချင်း သီးသန့်ခံစားနိုင်သော လိုင်းများအဖြစ် ထုတ်လွှင့်ပေးမည်..။

အဆိုပါ ရုပ်သံလိုင်းများ ထုတ်လွှင့်နိုင်ရန်အတွက် ရုပ်သံမီဒီယာ လုပ်ငန်းများနှင့် တွေ့ဆုံတိုင်ပင် ဆွေးနွေးမှုများကို သြဂုတ်လ လကုန်ပိုင်း က ပြုလုပ်ခဲ့ကြောင်း ရုပ်သံမီဒီယာ အသိုင်းအ၀န်းမှ သတင်းရရှိပါသည်။
http://img829.imageshack.us/img829/4198/we5503.jpg
အသစ်ထုတ်လွှင့်မည့် အခပေး ရုပ်သံလိုင်းသစ် ၂၉ လိုင်းမှာ ပြည်ပ နိုင်ငံရုပ်သံလိုင်းများနှင့် ချိတ်ဆက် ကာပြသပေးမည့် တစ်လိုင်းချင်း သီးသန့်ခံစားနိုင်သော လိုင်းများအဖြစ် ထုတ်လွှင့်ပေးမည်ဟု သိရသည်။ အခမဲ့ရုပ်သံကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ Analogue စနစ်ဖြင့် ထုတ်လွှင့်ပေးမည် ဖြစ်သော်လည်း အဆိုပါစမ်းသပ် ထုတ်လွှင့်မှုကို ရန်ကုန်နှင့်မန္တလေးမြို့ များတွင်သာ ဖမ်းယူရရှိနိုင်ဖွယ်ရှိသည်ဟု အဆိုပါတွေ့ဆုံဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သူများက ဆိုသည်။

"အသစ်ထုတ်လွှင့်မယ့် အခပေးလိုင်း ၂၉ လိုင်းကိုတော့ စမ်းသပ်ထုတ်လွှင့်တဲ့ အစီအစဉ်မှာ ပါနိုင်မှာမဟုတ်ပါဘူး။ အခပေးလိုင်းကိုတော့ စမ်းသပ်ထုတ်လွှင့်ပေးမှာပါ။ ပုံမှန်ထုတ်လွှင့်မှုကိုတော့ ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ စလွှင့်မယ်လို့ သိရပါတယ်။ ပုံမှန်ထုတ်လွှင့်တဲ့ အချိန်မှာတော့ Digital နဲ့ထုတ်လွှင့်မှာဖြစ်တဲ့အတွက် ဖမ်းယူကြည့်ရှုလိုသူတွေက Receiver ၀ယ်ဖို့လိုပါတယ်။ Receiver ကို ကျပ်တစ်သောင်းဝန်းကျင်နဲ့ ရောင်းချ ပေးနိုင်အောင် စီစဉ်မယ်လို့တော့ သိခဲ့ရပါတယ်"ဟု ၀ါရင့်ရုပ်သံမီဒီယာ လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ရှင်း ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ပြသပေးလျက်ရှိသည့် ပြည်တွင်းရုပ်သံလိုင်းများစာရင်း
စဉ် အမည် ခုနှစ် လ အမျိုးအစား
၁။ MRTV ၁၉၈၀ ဒီဇင်ဘာ အခမဲ့လိုင်း
၂။ MWD ၁၉၉၅ မတ်လ ၂၇ အခမဲ့လိုင်း
၃။ MRTV 3 ၂၀၀၁ သြဂုတ် အခမဲ့လိုင်း
၎။ MRTV 4 ၂၀၀၅ မေ အခမဲ့လိုင်း
၅။ 5 Movie ၂၀၀၅ အခပေးလိုင်း
၆။ MWD2,MWD3 ၂၀၀၈ ဇန်န၀ါရီ အခမဲ့လိုင်း (စမ်းသပ်ထုတ်လွှင့်မှုသာ)
၇။ Myanmar International၂၀၁၀ ဖေဖော်ဝါရီ အခမဲ့လိုင်း

@news-eleven.com

kosithuag
09-22-2010, 02:18 PM
ထားဝယ်ရေနက်ဆိပ်ကမ်း အပါအ၀င် စီမံကိန်းပါ ရှစ်လမ်းသွား လမ်းမကြီး တည်ဆောက်မှု ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် စတင်မည် ဖြစ်ပြီး ငါးနှစ်အတွင်း အပြီးသတ်ရန် မျှော်မှန်းထား

ထားဝယ် ရေနက်ဆိပ်ကမ်း အပါအ၀င် စီမံကိန်းပါ လမ်းမကြီးများ တည်ဆောက်မှုကို ၂၀၁၁ ဇန်န၀ါရီလတွင် စတင်ရန် စီစဉ်ထားပြီး စီမံကိန်း တစ်ခုလုံးအား ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ရန် မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌက ပြောကြားကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုမှာ ထိုင်းငွေဘတ် ဘီလျံပေါင်း ၁၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနှင့် ထိုင်းနိုင်ငံ တို့ကြား နားလည်မှု စာချွန်လွှာကို ၂၀၀၈ ခုနှစ် မေလကတည်းက ရေးထိုးထားကြောင်း သိရှိရသည်။

ထားဝယ်မှ ထိုင်းနိုင်ငံ ကန်ချနာဘူရီ ခရိုင်ကို ဆက်သွယ်မည့် ရှစ်လမ်းသွား လမ်းမကြီး တည်ဆောက်မည့် အစီအစဉ် ပါဝင်ပြီး ပထမဆင့်အနေဖြင့် လေးလမ်းသွား လမ်းမအဖြစ် စတင် ဖော်ဆောင်ရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ချက်များ အရ သိရှိရသည်။

''ဒီစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံအကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပါတယ်''ဟု ထိုင်းနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌက ပြော ကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်သွင်းကုန်အတွက် သယ်ယူပို့ဆောင်ရာ၌ မလက္ကာ ရေလက်ကြားကိုသာ အဓိက အသုံးပြုရပြီး ယခုအခါ သင်္ဘောသွားလာမှု များပြားကာ အချိန်ယူ လုပ်ကိုင်နေရကြောင်း သိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်းမှ သယ်ယူမည် ဆိုပါက အချိန်များစွာ ကုန်ကျမှု၊ စရိတ်များစွာ ကုန်ကျမှု သက်သာမည် ဖြစ်၍ . . .

စီမံကိန်းအား ထိုင်းနိုင်ငံမှ Italian-Thai Development ကုမ္ပဏီ မှ တာဝန်ယူ အကောင်အထည် ဖော်ရန် အလားအလာ ရှိကြောင်းနှင့် ထားဝယ်နှင့် ကန်ချနာဘူရီကြား ဆက်သွယ်မည့် ၁၆၀ ကီလိုမီတာ အရှည်ရှိ လမ်းပိုင်းအား စတင်မည်ဟု လည်း အဆိုပါ ကုမ္ပဏီမှ စီမံကိန်း မန်နေဂျာ Surin Vichian က ပြောကြားခဲ့သည်။

လတ်တလောတွင် အသစ်ဖောက်လုပ်မည့် ထားဝယ်-ကန်ချနာဘူရီ လမ်းမသစ်ကြီးအတွက် လမ်းအမှတ်အသားများကို ကီလိုမီတာ ၁၀၀ ၀န်းကျင်အထိ တိုင်းတာမှတ်သား လုပ်ကိုင်ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့်ထိုင်း အကြား ဖောက်လုပ်မည့် အဆိုပါ လမ်းသစ် စီမံကိန်းသည် မည်သည့် ကျေးရွာ၊ မည်သည့် ရပ်ရွာ အသိုင်းအ၀ိုင်းကိုမျှ ဖြတ်သန်း ဖောက်လုပ်မည့် အစီအစဉ် မပါရှိကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန် သွင်းကုန်အတွက် သယ်ယူပို့ဆောင်ရာ၌ မလက္ကာ ရေလက်ကြားကိုသာ အဓိက အသုံးပြုရပြီး ယခုအခါ သင်္ဘောသွားလာမှု များပြားကာ အချိန်ယူ လုပ်ကိုင်နေရကြောင်း သိရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်းမှ သယ်ယူမည် ဆိုပါက အချိန်များစွာ ကုန်ကျမှု၊ စရိတ်များစွာ ကုန်ကျမှု သက်သာမည် ဖြစ်၍ ထားဝယ်ရေနက် ဆိပ်ကမ်းကို အကောင်အထည် ဖော်ဆောင်ရန် စီစဉ်ခြင်းလည်း ဖြစ်သည်ဟု သိရပါသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း၏ တည်ရှိနေပုံမှာ ထိုင်းနိုင်ငံအတွက် သာမက မြန်မာနှင့် အိမ်နီးချင်းနိုင်ငံ အချို့၏ သယ်ယူပို့ဆောင်မှုများကိုပါ အထောက်အပံ့ကောင်းများစွာ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ရှစ်လမ်းသွား လမ်းမကြီးအပြင် မီးရထားလမ်းပါ တွဲဖက် ဖောက်လုပ် မည့် အစီအစဉ် ရှိကြောင်းလည်း သိရသည်။

မေလ ၁၄ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပသည့် မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းအလိုက် တွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ စီးပွားရေး ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ထိုင်းနိုင်ငံ Kanchanaburi မှ Mr. Rerngsak Mahavinitchaimontri Governor က''ထားဝယ်မှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး တည်ရှိနေပါတယ်။ ထားဝယ်နဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီ အပါအ၀င် ခရိုင်လေးခု ဟာ စီးပွားရေးအရ လက်ရှိမှာလည်း ဆက်သွယ် လုပ်ကိုင်မှုတွေ ရှိပါတယ်။ ပိုပြီး အဆင်ပြေစေဖို့အတွက် ထားဝယ်နဲ့ ကန်ချနာဘူရီ ခရိုင် အပါအ၀င် ခရိုင်လေးခရိုင် ဆက်သွယ်မှု ကောင်းအောင် နေပြည်တော်လမ်းမကြီးလိုပဲ ရှစ်လမ်းသွား လမ်းမကြီး ဖောက်လုပ်သွားဖို့ ရှိပါတယ်''ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကားလမ်းအပြင် မီးရထားလမ်းကိုပါ ဖောက်လုပ်ရန် စီစဉ်ထားမှုအပေါ် ၎င်းက ''ကားလမ်းအပြင် မီးရထားလမ်း ဖောက်လုပ်ဖို့ကိုပါ စီမံကိန်း ထားရှိပါတယ်။ ထားဝယ်နဲ့ ထိုင်းနိုင်ငံက ခရိုင်နယ်မြေ လေးခုဟာ အလွန်နီးကပ်စွာ တည် ရှိနေပါတယ်။ ထိုင်းနိုင်ငံဘက်က ခရိုင်လေးခုမှာ စက်မှုဇုန်တွေ တည်ရှိနေတဲ့အတွက် တကယ်လို့ ဆက်သွယ်မှုတွေ ပြီးသွားခဲ့ရင် ပိုပြီးတော့ ကုန်ထုတ်လုပ်မှုပိုင်း အားကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်''ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
@Eleven Media Group

kosithuag
09-22-2010, 09:51 PM
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ရွှေလီသို့ ရထားလမ်းနှင့် ကားလမ်း ဖောက်လုပ်ရန် စီစဉ်နေ

http://news-eleven.com/images/stories/myanmar/mm/bi3264.jpg
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ တရုတ်နိုင်ငံရွှေလီမြို့သို့ ရထားလမ်းနှင့် ကားလမ်းဖောက်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ကျောက်ဖြူ-ရွှေလီ စင်္ကြံလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး Mr. Freng Zhenglin ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးတင့်ဆွေ ဦးဆောင်သောအဖွဲ့တို့ပထမအကြိမ် အစည်းအဝေးအဖြစ် စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ အစည်းအဝေးတွင် ယင်းစီမံကိန်းနှင့် ပတ်သက်၍ Master Plan စတင် ရေးဆွဲရန် အရေးကြီးကြောင်း၊ Master Plan ရေးဆွဲပြီးမှ အပိုင်းလိုက် အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် ကျောက်ဖြူ၊ မကွေး အပိုင်းကို ဖြစ်နိုင်စွမ်းလေ့လာချက် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီချက်များ ရရှိခဲ့ကြောင်း လည်းသိရှိရသည်။

ကျောက်ဖြူမှ ရွှေလီသို့ ရထားလမ်းနှင့် ကားလမ်း ဖောက်လုပ်ရေးကိုလည်း ကာလအပိုင်းအခြားတစ်ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းမှ တရုတ်သို့ဦးစွာ ဖောက်လုပ်မည့် လမ်းကြောင်းများဖြစ်ကြောင်း လည်းသိရသည်။ ကျောက်ဖြူဒေသသည် ရခိုင်ပြည်နယ်အတွင်း စက်မှု စီးပွားဖွံ့ဖြိုးရာ ဒေသကြီးတစ်ခုဖြစ်လာနိုင်သကဲ့သို့ လက်ရှိအနေအထား တွင်လည်း အိမ်ခြံမြေများဈေးမြောက် လာခဲ့ရာ ယခင်ငါးနှစ်ကထက် သုံးဆခန့် မြင့်တက်လာလျက်ရှိကြောင်း လည်း သိရှိရသည်။
စီမံကိန်းများအရ ကျောက်ဖြူမြို့တွင် အထူးစက်မှုဇုန်တစ်ခုကို တည်ထောင်သွားမည် ဖြစ်သည့်အပြင် ရေနံတင်ဆိပ်ကမ်းနှင့် လေဆိပ်တို့ကိုပါ ဆောက်လုပ်သွားရန်ရှိသဖြင့် စီးပွားရေး အချက်အချာကျသော မြို့တစ်မြို့ ဖြစ်လာနိုင် ...

ကျောက်ဖြူဆိပ်ကမ်း တည်ဆောက်ရေးအတွက်လည်း တရုတ် နှင့် မြန်မာ နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ ကျောက်ဖြူမြို့ သည် ရခိုင်ပြည်နယ်အတွင်း အဓိက ရေနံတင်ဆိပ်ကမ်း ဖြစ်လာနိုင်ရုံသာ မက အရေးပါသော အထူးစီးပွား ရေးဇုန်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

စီမံကိန်းများအရ ကျောက်ဖြူ မြို့တွင် အထူးစက်မှုဇုန်တစ်ခုကို တည်ထောင်သွားမည် ဖြစ်သည့်အပြင် ရေနံတင်ဆိပ်ကမ်းနှင့် လေဆိပ်တို့ ကိုပါ ဆောက်လုပ်သွားရန်ရှိသဖြင့် စီးပွားရေး အချက်အချာ ကျသောမြို့ တစ်မြို့ဖြစ်လာနိုင်ခြေရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။ ယင်းအတွက်ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် အာရှနိုင်ငံများအပြင် အင်အားကြီး နိုင်ငံများပါဝင်လာအောင် ဖိတ်ခေါ်ရန် လိုအပ်လျက်ရှိကြောင်း၊ လက်ရှိ တွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု မှာ အများအပြား ရှိနေသကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များနှင့် အကျိုးတူပူးပေါင်းသော ဆောင်ရွက်မှု ကဏ္ဍကိုလည်း အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးကိစ္စရပ်များတွင် နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မဖြစ်စေရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အလားတူ လွန်ခဲ့သည့် ဆယ်စု နှစ်များအတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် တိုးတက်လာခဲ့ရာ ပြီးခဲ့သည့်နှစ်များ အတွင်း၌ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ် တန်းရေး၊ ရေအားလျှပ်စစ်၊ စက်မှု အခြေခံ အဆောက်အအုံနှင့် စိုက်ပျိုး ရေးကဏ္ဍ စသည့်စီမံကိန်းကြီးများ ကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
@Eleven Media Group

kosithuag
09-22-2010, 09:52 PM
နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်းသို့ အများအပြားဝင်ရောက်
http://news-eleven.com/images/stories/myanmar/mm/bi3265.jpg
ပြည်တွင်းဈေးကွက်ရှိ အီလက်ထရောနစ် ပစ္စည်းများ အရောင်းဆိုင်တစ်ဆိုင်

ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ အများအပြား ၀င်ရောက်လာကြောင်း အဆိုပါကုမ္ပဏီ များထံမှ သိရှိရသည်။

ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ပစ္စည်းများနှင့်တရုတ်နိုင်ငံမှ ပစ္စည်းအတုများ အများအပြား ၀င်ရောက် ရောင်းချလျက်ရှိခြင်းကြောင့် တရားဝင်တင်သွင်းရောင်းချ နေသော အီလက်ထရောနစ် ကုမ္ပဏီများမှ ရောင်းအားကျဆင်းခြင်းနှင့် အတူ ကုမ္ပဏီအပေါ်ကိုလည်း Customer ယုံကြည်မှု အနည်းငယ်ကျဆင်းလာကြောင်း သိရှိရ သည်။

"အခုပြည်တွင်းဈေးကွက် အတွင်းမှာ ယိုးဒယား၊ တရုတ် နယ်စပ်ဝင်ပေါက်ကနေ အီလက် ထရောနစ်ပစ္စည်းတွေရဲ့ လိုင်စင်မဲ့ ပစ္စည်းတွေကိုလည်း တင်သွင်းလာတယ်။ ပစ္စည်းအတုတွေကိုလည်း ပြည်တွင်းဈေးကွက်ထဲမှာနာမည်အခိုင် အမာရပြီးသားဖြစ်တဲ့ ပစ္စည်းတွေကို အတုအပလုပ်ပြီးတော့ တင်သွင်း ရောင်းချနေတာ တော်တော်များလာတယ်။ ဒါ့အပြင်အခုတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ လမ်းပေါ်ပွဲစားတွေပိုပြီး များလာတယ်။ အဲဒီပွဲစားတွေက Electronic Show Room တွေ လူစည်ကားရာနေရာတွေမှာ စောင့်နေပြီးတော့ ပစ္စည်းဝယ်ယူမယ်လို့ ထင်ရတဲ့ Customer တွေကိုလိုက်ပြီး စည်းရုံးပြီးတော့ ကျွန်တော်တို့ဆိုင်မှာက ဈေးသက်သာတယ်။ ဈေးရောင်းပွဲတော်လည်း လုပ်နေတယ် စသည်ဖြင့် လိမ်ညာပြီးတော့ ရောင်းဝယ်မှုတွေ လုပ်နေတာလည်း အများအပြားရှိ လာပါတယ်"ဟု အီလက်ထရောနစ် ကုမ္ပဏီတစ်ခုမှ မာကတ်တင်း မန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းဈေးကွက်၌ နာမည်ရပြီး အီလက်ထရောနစ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Samsung အီလက်ထရောနစ် ကုမ္ပဏီမှာ မာကတ်တင်းမန် နေဂျာဖြစ်သူ မသန္တာကလည်း "အခု ပြည်တွင်း အီလက်ထရောနစ်ဈေး ကွက်ထဲမှာ တရားမ၀င်ဘဲ တံဆိပ် အတုအပပစ္စည်းတွေ ရောင်းချနေတဲ့ ဆိုင်တွေ တော်တော်လေး များလာပါပြီ။ သူတို့တွေအနေနဲ့က ကျွန်မတို့ လို တရားဝင်တင်သွင်းရောင်းချတဲ့ ပစ္စည်းတွေထက် ဈေးလျှော့ရောင်းတယ်။ ကျွန်မတို့အနေနဲ့က အဘက်ဘက်က ကုန်ကျစရိတ်တွေရှိတဲ့ အတွက်ကြောင့် ဈေးနှုန်းကို အသင့်အတင့်နဲ့ ရောင်းချတယ်။ ကိုယ့်ရဲ့ ပစ္စည်းအာမခံချက်ပေးတယ်။ လိမ်လည်ရောင်းနေတဲ့ ပစ္စည်းတွေကိုကျတော့ အာမခံချက်မပေးကြပါဘူး။ အတုမှန်း အစစ်မှန်း မခွဲခြားတတ်တဲ့ ၀ယ်ယူသူတွေကတော့ ဈေးနှုန်းသက်သာတဲ့ အချက်တစ်ချက်ကြောင့် ၀ယ်ယူလာကြပါတယ်။ ဒီလိုမျိုး ကျွန်မတို့ကုမ္ပဏီရဲ့ နာမည်ကိုအတုလုပ်ပြီး ရောင်းချနေလို့ ကျွန်မတို့ကုမ္ပဏီ အနေနဲ့ကလည်း Customer တွေရဲ့ ယုံကြည်မှုတွေ လျော့လာတယ်။ ရောင်းအားအနည်း ငယ်ကျဆင်းလာတယ်။ အတုလုပ်ပြီး ရောင်းချနေတဲ့သူတွေကိုလည်း တရားစွဲတာတွေ လုပ်ခဲ့ဖူးပါတယ်" ဟု ဈေးကွက်၏ အနေအထားအား သုံးသပ်ပြောကြားခဲ့ပါသည်။

"ကျွန်မတို့ TMW Enterprise Limited အနေနဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်လောက်က ကျွန်မတို့ ကုမ္ပဏီရဲ့တံဆိပ်ကို အတုအပလုပ် ပြီးတော့ ရောင်းချတာတွေရှိလာတဲ့ အတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီက ပစ္စည်းအစစ် တွေဆိုရင် အာမခံချက်ပေးတယ်။ တချို့ဝယ်ယူသူတွေ ဆိုရင် ကျွန်မ တို့ကုမ္ပဏီကိုလာပြီးတော့ ဒီပစ္စည်းဝယ်တာ မကြာသေးဘူး။ ပျက်သွားပါတယ်။ အဲဒါကြောင့်မို့လို့ အစ်မတို့ ကုမ္ပဏီကိုလာပြတာပါ။ အဲဒီပစ္စည်းကို အစ်မတို့ကြည့်တော့ Sony TV ဖြစ်တယ်။ ဒါပေမဲ့ အစ်မတို့ကုမ္ပဏီက ပစ္စည်းမဟုတ်ဘူး။ အဲလိုမျိုးကိစ္စတွေ ခဏခဏ ဖြစ်လာပါတယ်။ တရားဝင် တင်သွင်းရောင်းချတဲ့ ကုမ္ပဏီရဲ့ဆိုင်တွေမှာပဲ ၀ယ်ယူသင့်တယ်"ဟု TMW Enterprise Limited Sale & Marketing Department မှ Deputy Manager ဖြစ်သူ မလွင်လွင်မြကဆိုသည်။
ထို့အပြင် ကုမ္ပဏီများမှာ မိမိ ၏ကုန်ပစ္စည်းအပေါ်အာမခံချက် ပေးခြင်း၊ အာမခံချက်ဆိုသည်မှာ မည်သို့အခွင့်အရေးများရှိသနည်း စသည့် ဆွေးနွေးပြောကြားခြင်း များကိုလည်း သီးသန့်ပြုလုပ်လာ ရကြောင်း ကုမ္ပဏီအချို့ထံမှသိရှိ ရသည်။

ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်၌ ၂၀၁၀ ပြည့်နှစ် ရောင်းအား အခြေအနေအား ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။
@Eleven Media Group

kosithuag
09-22-2010, 09:53 PM
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ဆက်သွယ်ထားသော နေပြည်တော် စီလမ်းဆုံမှ ဖောက်လုပ်ထားသည့် ကွန်ကရစ် လမ်းမကြီး တိုးချဲ့ခြင်း လုပ်ငန်းများ ပြန်လည် စတင်

http://www.news-eleven.com/images/stories/myanmar/loc/b32613
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ဆက်သွယ်ထားသော နေပြည်တော် စီလမ်းဆုံမှ ဖောက်လုပ်ထားသည့် ကွန်ကရစ် လမ်းမကြီးအား တိုးချဲ့ခင်းကျင်းခြင်း လုပ်ငန်းများ ပြန်လည် စတင် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် တိုက်ရိုက် ဆက်သွယ်ထားသည့် နေပြည်တော် ဒက္ခိဏသီရိမြို့ စီလမ်းဆုံမှ ဖောက်လုပ်ထားသည့် ကွန်ကရစ်လမ်းမကြီးကို ၂၀၁၀ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှ စတင်၍ ကွန်ကရစ် ခင်းခြင်းများ၊ လမ်းတိုးချဲ့ခြင်းများ ပြုလုပ်လျက်ရှိပြီး ယခင် ဖောက်လုပ်ထားသော လမ်းပိုင်းဆိုင်ရာမှာ အသွားအပြန် တစ်ဖက်လျှင် နှစ်လမ်းသွား စုစုပေါင်း လေးလမ်းသွားပြီးစီး၍ ယခုအခါတွင် ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ ဖောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။

''နေပြည်တော်မှာ ရှိတဲ့ လမ်းပိုင်းဆိုင်ရာတွေ အရင်က အပြီးမသတ်သေးတဲ့ ကွန်ကရစ် ခင်းကျင်းခြင်း လုပ်ငန်းတွေကို လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြီးသတ်နိုင်အောင် ပြုလုပ်နေကြတာပါ။ စီလမ်းဆုံကနေ ရန်ကုန်-မန္တလေး လမ်းမ ကြီးအထိ တစ်ဖက်ကို နှစ်လမ်းသွားပဲ ပြီးသေးတော့ အခု ကျန်တဲ့အပိုင်းတွေကို ဆက်လက်ပြီးစီးအောင် ပြုလုပ်သွားမှာပါ''ဟု လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် တိုက်ရိုက်ဆက်သွယ် ဖောက်လုပ်ထားသည့် ဒက္ခိဏသီရိမြို့ စီလမ်းဆုံ လမ်းမကြီး၏ မိုင်အရှည်မှာ လေးမိုင်ကျော်ခန့် ရှည်လျားပြီး ယင်းလမ်းမကြီး၏ ကျန်ရှိသေးသည့် လမ်းပိုင်းဆိုင်ရာများအား ကွန် ကရစ်ခင်းခြင်း လုပ်ငန်းများ ပြန်လည် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
@Eleven Media Group

kosithuag
09-22-2010, 09:55 PM
နေပြည်တော်ရှိ Myanmar International Convention(MICC) အဆောက်အအုံ တည်ဆောက်ပြီးစီး

http://www.news-eleven.com/images/stories/myanmar/loc/b32615
http://www.news-eleven.com/images/stories/myanmar/loc/b32616http://www.news-eleven.com/images/stories/myanmar/loc/b32617
နေပြည်တော်တွင် Myanmar International Convention Center (MICC) အဆောက်အအုံ တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ရာ ခန်းမများ ငှားရမ်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။

အဆိုပါ MICC အဆောက်အအုံတွင် နိုင်ငံတကာအဆင့် ညီလာခံများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ စေ့စပ်မင်္ဂလာ အခမ်းအနားများ၊ လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ ငှားရမ်း အသုံးနိုင်ကြောင်း သိရသည်။

''ဒီအဆောက်အအုံကြီးကို သုံးထပ် အဆောက်အအုံအဖြစ် တည်ဆောက်ထားပါတယ်။အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ နိုင်ငံတကာအဆင့် ညီလာခံတွေ ပြုလုပ်နိုင်ဖို့ လူ ၁၉၀၀ လောက်ဆံ့တဲ့ ခန်းမကြီးအပြင် ပရိုဂျက်တာကြီးလည်း ပါဝင်ပါတယ်။ငှားရမ်း အသုံးပြုခကိုတော့ လူ ၅၀၀ ဆံ့တဲ့ အခန်းတွေအတွက် နှစ်နာရီကို ကျပ်ငါးသိန်း သတ်မှတ်ထားပြီး နာရီ ထပ်တိုးချင်ပါက တစ်နာရီလျင် ကျပ်နှစ်သိန်း ဖြစ်ပါတယ်။လူ ၅၀၀ အောက် အခန်းတွေကိုတော့ ကျပ် သုံးသိန်းနဲ့ နာရီ ထပ်တိုးချင်ပါက တစ်နာရီ ကျပ်တစ်သိန်း သတ်မှတ်ထားပါတယ်'' ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

MICC အဆောက်အအုံရှိ ခန်းမများကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များပါ ငှားရမ်းအသုံးပြုနိုင်ပြီ ဖြစ်ရာ နိုင်ငံတကာအဆင့် ညီလာခံများ၊ ဆွေးနွေးပွဲများ ဖြစ်ပါက ခန်းမအတွင်းရှိ မီဒီယာစင်တာမှ အင်တာနက် သုံးစွဲ၍ သတင်းအချက်အလက်များ ပေးပို့နိုင်ကြောင်း သိရသည်။
@Eleven Media Group

kosithuag
09-22-2010, 09:56 PM
မန္တလေး မြို့တော်ခန်းမတွင် အင်ဂျင်နီယာ နည်းပညာနှင့် မော်တော်ကားပြပွဲ ကျင်းပ

http://www.news-eleven.com/images/stories/myanmar/mdy/b32618
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (မန္တလေးရုံးခွဲ)မှ ကြီးမှူးကျင်းပသော Automobile, Living Products and Education Show ပြပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ထိ မန္တလေး မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ကုမ္ပဏီပေါင်း ၃၅ ခု ပါဝင်ပြသခဲ့ကြရာ မော်တော်ကား ကုမ္ပဏီအနေဖြင့် Super Seven Star ကုမ္ပဏီ တစ်ခုသာ မော်တော်ကားများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။ Super Seven Star ကုမ္ပဏီအနေဖြင့် တောင်ဒဂုံမြို့သစ် ရွာသာကြီး စက်မှုဇုန်ထုတ် Foton Aumark အမျိုးအစား နှစ်တန်(၁၀ပေ)၊ နှစ်တန်ခွဲ (၁၄ပေ) ကုန်တင်ယာဉ်များ၊ မော်ဒယ် ၉၃၊ ၉၄၊၂၀၀၀ ထုတ် ဘက်စုံသုံး အိမ်စီးကားများ၊ SMPV-03 ခေါင်းမြင့်၊ SMPV-20 ခေါင်းနှိမ့် အမျိုးအစား ကားများ ပြသထားသည်။

''ခုပြပွဲမှာ ဘက်စုံသုံး အိမ်စီးကားတွေကို စိတ်ဝင်စားမှု များကြပါတယ်။ ၁၄ ပေ နှစ်တန်ခွဲ ကုန်တင်ယာဉ်ကို ရောင်းဈေး ကျပ်သိန်း ၁၉၀ ဖြစ်ပြီး ၁၀ပေ(နှစ်တန်)ကိုတော့ သိန်း ၁၈၀ သတ်မှတ်ထားပါတယ်။ ဘက်စုံသုံး အိမ်စီးကားတွေကတော့ မော် ဒယ်အလိုက် ကျပ်သိန်း ၅၉၀၊ ၃၉၀နဲ့ ၃၅၀ ၀န်းကျင်တွေ ရှိပါတယ်''ဟု Super Seven Star မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ပြပွဲတွင် အိမ်ဆောက် ပစ္စည်းများနှင့် အိမ်အလှဆင် ပစ္စည်းများ၊ သစ်အချောထည်များ၊ အလှကုန်ပစ္စည်း အမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ စီစီတီဗွီ ကင်မရာများ၊ ပညာရေး ၀န်ဆောင်မှု လုပ်ငန်း၊ စီးပွားရေးဥပဒေ အကျိုးဆောင်လုပ်ငန်း စသည်တို့ ပါဝင်ပြသခဲ့ကြောင်း သိရသည်။
@Eleven Media Group

poohcartoon
09-23-2010, 09:18 AM
ဘီလူးကျွန်း ဒေသထွက် မြန်မာ့ လက်မှုလုပ်ငန်းများနှင့် ကရင်ပြည်နယ် အထင်ကရ ဂူ၊ ဘုရားရှုခင်းများ နိုင်ငံခြားသား ဧည့်သည်များအား ဆွဲဆောင်မှု တစ်ခုအဖြစ် ရပ်တည်လျက်ရှိ
http://www.news-eleven.com/images/stories/myanmar/loc/b32619
မွန်ပြည်နယ် ဘီလူးကျွန်း ဒေသထွက် မြန်မာ့ လက်မှုလုပ်ငန်းများနှင့် ကရင်ပြည်နယ်ရှိ အထင်ကရ ဂူ၊ ဘုရားစေတီ ရှုခင်းများသည် ကမ္ဘာလှည့် ခရီးသည်များအား အဓိက ဆွဲဆောင်မှု တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပြီး မိုးတွင်းကာလ ရောက် ရှိနေသည့်တိုင် ရေလမ်းခရီးဖြင့် လာရောက်မှု ရှိနေသေးကြောင်း သတင်း ရရှိသည်။
''ဘီလူးကျွန်းဒေသ ရွာလွတ်၊ မူဒူး ကျေးရွာတွေမှာ မြန်မာ့ လက်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကမ္ဘာကျော် ဆေးတံ၊ တောင်ဝှေး၊ လူ့အသုံးအဆောင် ပစ္စည်းတွေအပြင် သင်ပုန်းကျောက်ကနေ စာရေးတဲ့ ကျောက်သင်ပုန်း၊ ကျောက်တံ လုပ်ငန်းတွေကို တကူး တက လာရောက် လေ့လာကြတာ တွေ့ရှိရတယ်။ ကရင်ပြည်နယ်မှာရှိတဲ့ ကမ္ဘာကျော် ကော့ဂွန်းဂူနဲ့ ဇွဲကပင်တောင်ရဲ့ အလှရှုခင်းတွေကို စိတ်ဝင်တစား လေ့လာလိုတဲ့အတွက် အခုလို မိုးကာလမှာ လာရောက်မှု ရှိနေသေးတာ တွေ့ရှိရပါတယ်''ဟု ဒေသခံ ဧည့်လမ်းညွှန် တစ်ဦးဖြစ်သူ ဦးဖိုးခွားက ဆိုသည်။
ကမ္ဘာလှည့် ခရီးသည် အများစုမှာ အဆိုပါ ဒေသများသို့ ရေလမ်းခရီးဖြင့် လာရောက်မှု များပြားလျက်ရှိနေကာ သံလွင်မြစ်၏ လတ်ဆတ်သော လေညှင်းကို ရှူရင်း မြစ်ရိုးတစ်လျှောက်ရှိ သဘာဝရှုခင်းများကို ကြည့်ရှုခံစားလိုခြင်းကြောင့် ရေလမ်း ခရီးဖြင့် သွားလာမှုကို အများအားဖြင့် လိုလားမှု ရှိတတ်ကြောင်း ၎င်းက ထပ်မံပြောကြားပါသည်။

ရေလမ်းခရီးဖြင့် လာရောက် လည်ပတ် လေ့လာရာ၌ မော်လမြိုင်မှ ဘီလူးကျွန်းဒေသသို့ မော်လမြိုင်-ကလွီ(မှန်) ခရီးစဉ်ဖြင့် လည်းကောင်း၊ မော်လမြိုင်-ကလွီ(အထူး) ခရီးစဉ်ဖြင့် လည်းကောင်း၊ မော်လမြိုင်-နတ်မှော် ခရီးစဉ်ဖြင့် လည်းကောင်း၊ ဘား အံ-မော်လမြိုင် ခရီးစဉ်ဖြင့် လည်းကောင်း လာရောက် လည်ပတ်လေ့ ရှိကြပြီး အဆိုပါ ခရီးစဉ်များကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သံလွင်ဌာနခွဲ မော်လမြိုင်မြို့မှ ဇက်ရေယာဉ်၊ နှစ်ထပ် ရေယာဉ်များမှ ပြေးဆွဲပေးလျက် ရှိနေကာ ကမ္ဘာလှည့်ခရီးသည် တစ်ဦးလျှင် ရေယာဉ်စီးနင်းခ နှစ်ဒေါ်လာကျသင့်ကြောင်း သိရှိရသည်။
မွန်ပြည်နယ် ဘီလူးကျွန်း ဒေသထွက် မြန်မာ့လက်မှု ပစ္စည်းလုပ်ငန်းများနှင့် ကရင်ပြည်နယ် အထင်ကရ ဂူ၊ ဘုရားစေတီ ရှုခင်းများသည် နိုင်ငံခြားသား ခရီးသည်များကို ဆွဲဆောင်မှု တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြု ပေးလျက်ရှိနေကာ မိုးကာလ ရောက်ရှိနေသည့်တိုင် ရေလမ်းခရီးများဖြင့် ၀င်ရောက်မှု ရှိနေသေးကြောင်း သတင်းရရှိပါသည်။
@news-eleven.com

poohcartoon
09-23-2010, 09:21 AM
ရှေ့ပြေးငလျင်ကြောင့် ငလျင်ကြီးများ စိုးရိမ်ရခြင်းထက် နောက်ဆက်တွဲ ငလျင်အန္တရာယ် ပိုမိုသတိပြုသင့်
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် တွေ့ကြုံခံစားခဲ့ကြရသော အင်အားပြင်းထန်သည့် ငလျင်ကြီးလှုပ်ခတ်မှု အများစုတွင် ရှေ့ပြေးငလျင်များကြောင့် ငလျင်ကြီးများ စိုးရိမ်ရခြင်းထက် အင်အားပြင်း ငလျင်လှုပ်ခတ်ပါက နောက်ဆက်တွဲ ငလျင်အန္တရာယ်မှာ ပိုမိုသတိပြုသင့်ကြောင်း ငလျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
"အင်အားပြင်းထန်တဲ့ ငလျင်ကြီးတွေမလှုပ်ခင်မှာ Fore Shocks လို့ခေါ်တဲ့ ရှေ့ပြေးငလျင်တွေ လှုပ်လေ့ရှိကြတယ်။ ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ရှေ့ပြေးငလျင်တွေ မလှုပ်ဘဲ ရုတ်တရက် ငလျင်ကြီးတွေ လှုပ်တတ်တာလည်း တွေ့ရပါတယ်။ အရေးကြီးတာက ငလျင်ကြီးတွေလှုပ်ပြီးရင် နောက် ဆက်တွဲငလျင်လေးတွေ လှုပ်တတ်တယ်ဆိုတာကပိုပြီး သတိပြုသင့်တဲ့ အချက်ဖြစ်ပါတယ်" ဟု ငလျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့ သည်။
"ကမ္ဘာ့နိုင်ငံ တော်တော်များက ငလျင်ဒဏ်ခံခဲ့ရတဲ့နေရာတွေမှာဆို ရင်ငလျင်ကြီး လှုပ်ပြီးပေမယ့် နောက်ဆက်တွဲ ငလျင်လေးတွေက ဆက်တိုက် ဆိုသလို လှုပ်တာကိုလည်းခံစားခဲ့ကြ ရတယ်။ ဥပမာ ၂၀၁၀ ဇန်န၀ါရီ ၉ ရက်နေ့က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မြောက်ဘက် ကမ်းလွန်ဒေသမှာ အင်အား ရစ်ခ်ျတာစကေး ၆.၅ လောက်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခဲ့တယ်။ အဲဒီငလျင် လှုပ်ပြီး နောက်ဆက်တွဲငလျင် သုံးကြိမ်ဆက်တိုက် ထပ်လှုပ်တယ်လို့ သိရတယ်။ ဒီတော့ငလျင်ကြီးလှုပ်ပြီး တိုင်း နောက်ဆက်တွဲငလျင်ကိုပိုပြီး သတိပြုသင့်ပါတယ်"ဟုလည်းဘူမိ ဗေဒပညာရှင်တစ်ဦးက ပြောကြားသည်။
"ငလျင်လေးတွေလှုပ်ရင် ငလျင်ကြီးတွေစိုးရိမ်ကြပေမယ့် ငလျင်ကြီး လှုပ်တာ ခံစားရတာထက် နောက်ဆက်တွဲ ငလျင်လေးတွေလှုပ်တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက်ပါ ပိုခံစားရနိုင်ပါတယ်။ ဒီတော့ ရှေ့ ပြေးငလျင်တွေထက် နောက်ဆက်တွဲ ငလျင်တွေကို ပိုပြီးသတိပြုသင့်ပါ တယ်"ဟု ဘူမိဗေဒပညာရှင်တစ်ဦး က ပြောကြားခဲ့သည်။
၂၀၁၀ပြည့်နှစ် ရှေ့ပိုင်း နှစ်တော်တော်များများတွင် လှုပ်ခဲ့သော ငလျင်များတွင် နောက်ဆက်တွဲ ငလျင်လှုပ်မှု နည်းပါးခဲ့သော်လည်း ယခုနှစ်အတွက် လှုပ်ခဲ့သော ငလျင်တော်တော် များများတွင် နောက်ဆက်တွဲငလျင် များ လှုပ်ခတ်ခဲ့ကြောင်းလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်ကြီးများဖြစ်သည့် ပဲခူး၊ စစ်ကိုင်းနှင့်ပုဂံငလျင်များ လှုပ်ခတ်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။ အထက်ပါ ငလျင်ကြီးများလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လေးများ အနည်းငယ်လှုပ်ခတ်ခဲ့ ကြောင်းနှင့် ပဲခူးငလျင်ကြီးမှာမူလွန် ခဲ့သောနှစ် ၈၀ ခန့်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်သောကြောင့် စစ်ကိုင်းပြတ်ရွေ့ကြော တည်ရှိရာ အဆိုပါဒေသများသည် ငလျင်အန္တရာယ် သတိပြုသင့်ကြောင်းလည်း ငလျင်ဆိုင်ရာ ပညာရှင်များက ဆိုပါသည်။
ယနေ့ အချိန်ကာလသည် ကမ္ဘာ့ရာသီဥတု အနေအထားများ ပြောင်းလဲလာမှုကြောင့် နိုင်ငံအသီးသီးတွင် ရေကြီးခြင်း၊ မြေပြိုကျခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရာ ငလျင်ကြီးများ လှုပ်ခတ်မှုတွင်ပင် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာမှုမှာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှု၏ ပြယုဂ်တစ်ခုပင် ဖြစ်လာခဲ့ကြောင်းလည်း ငလျင်ဆိုင်ရာ ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-23-2010, 09:27 AM
ကျောက်စိမ်းထွက်ရှိရာ နေရာသစ် မိုးညှင်းမြို့နယ် အတွင်း တွေ့ရှိ
http://popularmyanmar.com/mpaper/wp-content/uploads/2010/09/Jade-2-300x199.jpg
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နယ်၊ ဘီလူးကျွန်းကျေးရွာအနောက် တောင်ကြားတစ်ခုတွင် ကျောက် စိမ်းအရိုင်းတုံးကို တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။ ”တောင်ယာသွားတဲ့ တစ် ယောက်က ကျောက်တုံးတစ်ခုဟာ ကျောက်စိမ်းနဲ့တူတယ်ဆိုလို့ လိုက် ကြည့်တော့ ကျောက်စိမ်းဖြစ်နေ တယ်။ ဒါပေမဲ့ သက်တမ်းနုနေ တယ်။ အရည်အသွေးကတော့ ဈေးကောင်းမမီဘူး။ တူးဖော်မယ် ဆိုရင်တော့ အရည်အသွေးကောင်း ကျောက်တွေရှိနိုင်ပါတယ်” ဟု ဘီလူးကျေးရွာမှ ကိုအောင်ဘိုဦးက ဆိုသည်။ ၄င်းကျောက်စိမ်း တွေ့ရှိရာနေ ရာသည် မိုးညှင်းမြို့နယ် အနောက် တောင်ဘက်ရှိ ကျောက်စိမ်းထွက်ရှိ ရာနန့်မရှီမှော်၏ ကျောက်စိမ်း ကြောအဆက်များ ဖြစ်နိုင်ကြောင်း၊ လွန်ခဲ့သည့် ၈ နှစ်ဝန်းကျင်ခန့်က လည်း ပင်းဟဲကျေးရွာအနောက် ဘက်တွင် အလေးချိန် ပိဿာ ၃ဝဝ ကျော်ရှိသော ကျောက်အရိုင်းတုံး ကို တွေ့ရှိခဲ့ပြီး ဒေသခံများက ဆင် များဖြင့် ဆွဲထုတ်၍ ကျောက်စိမ်း ဘုရားဆင်းတုထုဆစ်ကာ ပင်းဟဲ ရွှေမော်ဓောဘုရားတွင် ကိုးကွယ် ထားခဲ့သည်မှာ ယခုတိုင်ဖြစ် ကြောင်း သိရသည်။ ”အခု ကျွန်တော်တို့တွေ့တဲ့ ကျောက်အရိုင်းတုံးကို ထုတ်ဖို့လုပ် နေပါတယ်။ ကျောက်မျိုးကတော့ နန့်မရှီမှော် ဒေသက မှော်ကျောက် စိမ်းတွေနဲ့ အတူတူပါပဲ” ဟု အထက် ပါ ဒေသခံက ပြောသည်။ ကချင်ပြည်နယ်တွင် ကျောက် စိမ်းထွက်ရှိရာ ဖားကန့်မှော်ဒေသနှင့် မော်ဟန် ကျေးရွာရှိ နန့်မရှိမှော်ဒေသ တို့တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ စက်ယန္တရားများဖြင့် တူးဖော်လျက်ရှိကြောင်း သိရသည်။
@mmcybermedia.com

poohcartoon
09-23-2010, 07:46 PM
ကလေးမြို့တွင် ကာယကံမေတ္တာ အခမဲ့ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်လှစ်
http://www.news-eleven.com/images/stories/myanmar/loc/b32620
ကလေးမြို့တွင် ကာယကံမေတ္တာ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ အခမ်းအနားသို့ မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော် သံဃာတော်များ၊ ဒေသဆိုင် ရာ အာဏာပိုင်များနှင့် ဒေသခံ အလှူရှင်များ တက်ရောက်ခဲ့သည်ဟု သတင်း ရရှိပါသည်။
''ဆေးခန်းကို တစ်ပတ်မှာ စနေနေ့၊ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့ သုံးရက်ဖွင့်ပါမယ်။ ဆေးခန်းကို နံနက် ၆ နာရီခွဲကနေ နံနက် ၈ နာရီခွဲအထိ၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ ဖွင့်ပါမယ်။ ဆရာဝန် ခုနစ်ယောက်က အလှည့်ကျ ထိုင်ပါမယ်။ ကလေးမြို့ရဲ့ ပြည်သူလူထု ကျန်းမာရေးကို တတ်နိုင်သလောက် ဖြည့်စွမ်းပေးတာပါ''ဟု အဆိုပါ ဆေးခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါ ကာယကံမေတ္တာ နာမှုကူညီသူများမှ အောက်စီဂျင် ငှားပေးခြင်း၊ ချွဲစုပ်စက် ငှားပေးခြင်း၊ အရေးပေါ် လူနာတင်ယာဉ် ငှားပေးခြင်းနှင့် နာရေးယဉ် ကူညီခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကလေး မြို့ပေါ်ရှိ ဆင်းရဲချမ်းသာ၊ လူမျိုး မခွဲခြားဘဲ ဆောင်ရွက်လျက် ရှိသည်ဟု သိရှိရပါသည်။
''ဒီလို ပရဟိတ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာ အားရစရာပါ။ ရေရှည် တည်တံ့အောင် ဆောင်ရွက်နိုင်ဖို့ မြို့လူထုက ပါဝင် ဆောင်ရွက်ပေးဖို့ လိုပါမယ်။ အားလုံးအတွက် အကျိုးခံစားရနိုင်သလို အားလုံးကလည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးရပါ့မယ်။ အခက်အခဲတွေကို ဝေဖန်သုံးသပ်အကြံပြု အဖြေရှာပေးနိုင်မှသာ အကျိုးရှိနိုင်မယ်လို့ ထင်ပါတယ်''ဟု ကလေးမြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
09-23-2010, 07:50 PM
ချင်းတွင်းမြစ် တာရိုးနံဘေးတွင် အမှိုက်မပစ်ရန် ကြေညာထားသော်လည်း လိုက်နာမှု အားနည်း
http://www.news-eleven.com/images/stories/myanmar/loc/b32621
ချင်းတွင်းမြစ် တာရိုးနံဘေးတွင် အမှိုက်များ မစွန့်ပစ်ရန် မုံရွာမြို့ အပါအ၀င် ဆိပ်ကမ်းမြို့များတွင် မြစ်ကမ်းနံဘေးရှိ ဒေသများမှ ဒေသခံများ အနေဖြင့် လိုက်နာမှု အားနည်းနေသေးကြောင်း သိရသည်။
''ချင်းတွင်းမြစ် နံဘေးမှာ အမှိုက်တွေ မစွန့်ပစ်ဖို့ မုံရွာမြို့မှာ ဇူလိုင်လအတွင်းက ကြေညာခဲ့ပါတယ်။ တခြား ဆိပ်ကမ်းမြို့တွေလည်း ကြေညာထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ချင်းတွင်းမြစ်ဘေးက ကျေးရွာနဲ့မြို့တွေက ဒေသခံတွေ အနေနဲ့ အမှိုက်စွန့်ပစ်မှု အနေနဲ့ အားနည်းနေဆဲ ဖြစ်ပါတယ်''ဟူ၍ ချင်းတွင်းမြစ် အတွင်း စုန်ဆန်၍ ကူးသန်းသွားလာနေသူ တစ်ဦးက ပြောသည်။
''မြစ်နံဘေးတွေမှာ တွေ့ရာ အမှိုက်တွေ စွန့်ပစ်ခြင်းဟာ ကုန်းတွင်းပိုင်း ရေထုညစ်ညမ်းစေမှုရဲ့ အဆိုးဝါးဆုံး ပြဿနာပဲ ဖြစ်ပါတယ်။ စက်ဆီနဲ့ ဆပ်ပြာတွေက ရေကို ညစ်ညမ်းစေသလို အမှိုက်တွေထဲမှာ စွန့်ပစ် အညစ်အကြေးမျိုးစုံနဲ့ ရေထဲမှာ မပျော်ဝင်နိုင်တဲ့ အမှုန်တွေက ရေကို ပိုညစ်ညမ်းစေပါတယ်။မြစ်ရိုးထဲမှာ ပြဒါးတွေနဲ့ ရွှေကျင်တာတွေလည်း ပြဒါးဟာ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းပါပဲ''ဟု ပတ်ဝန်းကျင်နှင့် မြစ်ကြောင်း မညစ်ညမ်းရန် ထိန်းသိမ်းလိုသူ တစ်ဦးက ပြောပြ သည်။
''ချင်းတွင်းမြစ်ကမ်း နံဘေးမှာ တင်နေတဲ့ အမှိုက်တွေကို မြစ်ထဲဆီ ၀ါးလုံးနဲ့ ထိုးချတာတွေ အမှိုက်လှဲချတာတွေကို မြင်ဖူးပါတယ်။ အမှိုက်ထဲမှာ ကြွပ်ကြွပ်အိတ်လို တော်ရုံနဲ့ မဆွေးမြည့်နိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေလည်း ပါတတ်ပါတယ်။ မြစ်ကြမ်း ပြင်မှာ အနည်ထိုင်တဲ့ ကြွပ်ကြွပ်အိတ်က မဆွေးမြည့် မပျက်စီးဘဲ နေနိုင်လို့ မြစ်ရဲ့ဂေဟစနစ်ကို ထိခိုက်နိုင်ပါတယ်''ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ဝင်စားသူ လူငယ်တစ်ဦးက ပြောပြပါသည်။
@news-eleven.com

poohcartoon
09-23-2010, 07:52 PM
အညာဒေသရှိ ရေအရင်းအမြစ်များမှ စဉ်ဆက်မပြတ် ရေရရှိရေးအတွက် ဒေသနှင့် ကိုက်ညီသည့် ရှိရင်းစွဲ ရေစုပ်တင်သည့် စက်ပစ္စည်းများကို ပြန်လည်ပြင်ဆင်

အညာဒေသ ရေအခက်အခဲ ဖြေရှင်းနိုင်စေရေးနှင့် အညာဒေသရေ အရင်းအမြစ်များမှ စဉ်ဆက်မပြတ် ရေရရှိရေးတို့အတွက် ရေတွင်းရေကန်များ ထပ်မံတူးဖော်မှုများအပြင် ရှိရင်းစွဲဒေသနှင့်ကိုက်ညီသည့် ရေစုပ်တင် နိုင်သောစက်များနှင့် ဆက်စပ်ပစ္စည်းများကိုပါ ပြင်ဆင်မှုများ ပြုလုပ်လာကြကြောင်း သတင်းရရှိသည်။
အညာဒေသ၏ အဓိကရေရရှိနိုင်သည့် အရင်းအမြစ်များမှာ ရေကန်ငယ်များ၊ လက်တူးရေတွင်းများ၊ မိုးရေလှောင်ကန်များ၊ စဥ့်အိုးများဖြစ် ကြပြီး ၎င်းတို့မှာ အကန့်အသတ်ဖြင့်သာ သိုလှောင်နိုင်သည့် အခြေအနေရှိခြင်းကြောင့် မိုးရေရရှိမှုနည်းပါက တစ်နှစ်နှင့်တစ်နှစ် အလျင်မီမှုမရှိသဖြင့် ဒေသခံများရေရရှိမှု အခက်အခဲများနှင့် ကြုံတွေ့ရကြောင်း အညာ ဒေသရှိဒေသခံများက ဆိုပါသည်။
"ဒေသခံတွေအနေနဲ့ ရေရှည် ရေရရှိဖို့အတွက် သူတို့ဘာသာ ရေကန်တွေကြိုးစားပြီးတူးဖော်လာ ကြတာမျိုးတွေရှိသလို အရင်ကျေးလက်ဒေသ ရေရရှိရေး စီမံကိန်းကနေ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အ၀ီစိတွင်းဟောင်းတွေ၊ ချွတ်ယွင်း ပျက်စီးနေတဲ့ရေစုပ်စက်တွေကို ပြန် လည်ပြင်ဆင်ဖို့ နည်းလမ်းတွေရှာ လာကြတယ်၊ ပြန်လည်ပြင်ဆင်ဖို့ လုပ်လာကြပါတယ်"ဟု အညာဒေသ များသို့ သွားရောက်လေ့လာခဲ့သူ တစ်ဦးက ပြောပြခဲ့ပါသည်။
ကျေးလက်ရေရရှိမှု စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နှစ်သုံးဆယ်ဝန်းကျင် သက်တမ်းရှိ မိုနိုပန့်နည်းပညာသုံး ရေစုပ်စက်များကို ပြန်လည်ပြုပြင်လာကြကြောင်း သိရှိရပါသည်။
"အညာဒေသတွေမှာ အ၀ီစိတွင်းတွေကပေ ၇၀၀ကနေ ၉၀၀လောက် တူးမှရေရရှိတာပါ။မိုနိုပန့်နည်းပညာ ဆိုတာ အညာဒေသနဲ့လည်းကိုက်ညီ မှုရှိပါတယ်။ ပေ ၉၀၀ လောက် နက်တဲ့တွင်းထဲကရေကို စုပ်တင်နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၃၀ ၀န်း ကျင်လောက်က အညာဒေသတွေမှာ နိုင်ငံတော်စီမံကိန်းနဲ့ UNDP တို့ပူးပေါင်းပြီး တပ်ဆင်ပေးထားတာဖြစ် ပါတယ်။ ဒါပေမယ့် နှစ်ကြာပြီဆိုတော့ တော်တော်များများက ပျက်စီး နေပါတယ်။ ရေအခက်အခဲ အရမ်း ဖြစ်နေတော့ရွာတွေက သူတို့နည်း သူတို့ဟန်နဲ့ စက်တွေကို ပြန်ပြင် ကြတာရှိပါတယ်"ဟု မြန်မာ့ပြန်ပြည့် မြဲစွမ်းအင်အသင်း (REAM) မှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောပြခဲ့ပါသည်။
"အဓိကကတော့ သံပိုက်တွေ၊ ၀င်ရိုးတစ်ခုနဲ့တစ်ခု ဆက်နေတဲ့နေ ရာတွေမှာပျက်စီးနေတာတွေတွေ့ရ တယ်။ ၀င်ရိုးတစ်ခုနဲ့တစ်ခုဆက်တဲ့ ဘွတ်ရှ်တွေကို ပြည်တွင်းဖြစ်တာယာတွေနဲ့ လုပ်တဲ့အခါကျတော့သုံးလို့တော့ ရပေမယ့် ကောင်းသင့်သလောက် မကောင်းဘူး။ ရေရှည်မခံဘဲခဏပဲ အသုံးပြုလို့ရတာကို တွေ့ရပါတယ်၊ လိုအပ်တဲ့အပိုပစ္စည်းတွေ နည်းပညာတွေကို ပံ့ပိုးပြီး ရေရှည်အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးမယ်ဆိုရင် ရေရရှိရေးအတွက် ထိရောက်တဲ့ ကူညီမှုတစ်ရပ် ဖြစ်လာနိုင်မှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောပြခဲ့ပါသည်။
မိုနိုပန့်နည်းပညာဖြင့် ရေစုပ်တင်သည့် စက်များကိုစစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အစရှိသည့် အညာဒေသများတွင် ၁၀၀၀ ကျော် ၀န်းကျင်တပ်ဆင်ထားပြီး ၉၀ ရာခိုင် နှုန်းဝန်းကျင်မှာ ပျက်စီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
09-23-2010, 07:54 PM
အိမ်နီးချင်းနိုင်ငံ အားလုံးရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ညိုပိုးမွှားရောဂါ ဆိုးရွားစွာကျရောက်နေသဖြင့် ဘက်စုံပိုးမွှား ကာကွယ်ရေးစနစ် အသုံးပြုကာ မြန်မာနိုင်ငံသို့ ရောဂါမကူးစက်စေရန် ဆောင်ရွက်သွားမည်
http://www.news-eleven.com/images/stories/myanmar/mm/bi3266.jpg
မြန်မာနိုင်ငံ၏အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊အိန္ဒိယ၊တရုတ်၊ ဘင်္ဂလားဒေ့ရှ်အပြင်အခြားအာဆီယံ နိုင်ငံများရှိစပါးစိုက်ခင်းများ၌ပါ ဖြုတ်ညိုပိုးမွှားရောဂါ ဆိုးရွားစွာကျရောက် နေသဖြင့် မြန်မာနိုင်ငံသို့ကူးစက်လာ မှုများမရှိစေရန် ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်((Integrated Pest Management, IPM) ကိုအသုံးပြု ကာကွယ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက "အာဆီယံနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ဖြုတ်ညို ရောဂါပိုး မြန်မာနိုင်ငံကိုကူးစက် လာခြင်းမရှိအောင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတဲ့ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလအတွင်းမှာ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာဆန်စပါး သုတေသနဌာနက ပညာရှင်တွေပူးပေါင်းပြု လုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲရလဒ် တွေအရ မြန်မာနိုင်ငံမှာ သီးနှံတွေ ရဲ့ ဂေဟစနစ်ကိုကာကွယ်နိုင်မယ့် ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး စနစ်ကို စတင်ကျင့်သုံးပါမယ်။ ဒီဖြုတ်ပိုးတွေကျရောက်တဲ့အခါမှာ စပါးအရွက်နဲ့ပင်စည်တွေ ခြောက်သွေ့ကုန်ပြီး အ၀ါရောင်ဘက်ကို သန်းလာကာ အပင်သေတဲ့အထိ အန္တရာယ် ကျရောက်နိုင်တဲ့အတွက် အခုလိုကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြရတာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါ သီးနှံကာကွယ်ရေး စနစ်တွင် ပိုးမွှားဒဏ်ခံနိုင်ရှိသည့် မျိုးများစိုက်ပျိုးခြင်း၊ သီးလှည့်စနစ်ဖြင့် စိုက်ပျိုးယက်ခြင်း၊ အာဟာရဓာတ်မျှတစွာ ကျွေးခြင်း၊ စိုက်ပျိုးချိန်ပြောင်းလဲ စိုက်ပျိုးခြင်း၊ ရေကိုစနစ်တကျစီမံ သုံးစွဲခြင်း၊ ထောင်ချောက်သီးနှံများစိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါများ၏ ရန်သူများကို မွေးမြူထားပြီး ဖျက်ဆီးနှိမ်နင်းစေခြင်း၊ ဆေးဖျန်းကာကွယ်ခြင်းနှင့် တရားဥပဒေအရ ကာကွယ်ခြင်းစသည့် နည်းစနစ်များ ပါဝင်မည်ဖြစ်သည် ဟု သိရသည်။ အဆိုပါဘက်စုံပိုးမွှားကာကွယ် ရေးစနစ်စီမံကိန်းအရ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင်များ၊ နိုင်ငံတကာ ဆန်စပါး သုတေသနဌာန မှ တာဝန်ရှိသူများမှ ရောဂါကာကွယ်ရေးဆိုင်ရာ သင်တန်းများ လာရောက် ပို့ချပေးသွားမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ဆန်စပါးအဓိကစိုက်ပျိုးရာ တိုင်းဒေသကြီးများ၊ ပိုးမွှားကျရောက် နိုင်ဖွယ်ရှိသည့် ဒေသများကို ရွေးချယ်ကာ စတင် အကောင်အထည် ဖော်သွားမည်ဟု သိရှိရသည်။
ဆန်စပါး အဓိက စိုက်ပျိုးရာ နိုင်ငံအချို့တွင် ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ရသဖြင့် ယခုနှစ်၌ ကမ္ဘာ့ဆန်ဈေးနှုန်း မြင့်တက်နိုင်ဖွယ်ရှိသည်ဟု ဆန်စပါးပညာရှင် များက သုံးသပ်ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-23-2010, 08:23 PM
ကုန်တင်ကားများ အာဆီယံစံနှုန်းအတိုင်း တင်ဆောင်ရမည် ဆိုသော်လည်း ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှု ရှိနိုင်သည့်အတွက် ဖြည်းဖြည်းချင်းသာ လျှော့ချသွားမည်ဟုသိရ
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော ကုန်တင်ယာဉ်ကြီးများ အနေဖြင့် အာဆီယံစံချိန်စံညွှန်း နှင့်အညီ ၀င်ရိုးအလိုက်သာ ကုန်တင်ဆောင်ရမည် ဆိုသော်လည်းကုန်ဈေး နှုန်းပြောင်းလဲမှုအပေါ် သက်ရောက်မှု လျော့နည်းစေရန်အတွက် ဖြည်းဖြည်းချင်းသာ တန်ပိုလျှော့ချသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

အာဆီယံ စံချိန်စံညွှန်းနှင့် ကိုက်ညီမည့် ကုန်တင်ယာဉ်များ ဖြစ်လာစေရန်အတွက် ကုန်တင်ယာဉ်များ အား ယာဉ်အမျိုးအစားအလိုက် တင်ဆောင်ရမည့် ယာဉ်နှင့်ကုန်အလေးချိန်များကို ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သြဂုတ်လအတွင်းက ထုတ်ပြန်ထားကြောင်းလည်း သိရှိရသည်။

"ကုန်တင်ယာဉ်တွေကို အာဆီယံစံနှုန်းနဲ့ ကိုက်ညီတဲ့ ကုန်တင်ယာဉ်တွေ ဖြစ်လာစေဖို့ဆိုပြီး ကုန်တင်ယာဉ် အလိုက်တင်ရမယ့် ယာဉ်နဲ့ကုန်အလေး ချိန်တွေကို သက်ဆိုင်ရာကတော့ ထုတ်ပြန်ကြေညာထားပါပြီ၊ ဒါပေ မယ့်ဒီအစီအစဉ်ကိုဘယ်တော့လောက် စမယ်ဆိုတာကိုတော့တရားဝင်ကြေ ညာတာတော့ မကြားမိသေးပါဘူး၊ အာဆီယံစံနှုန်းအတိုင်းသာ ကုန်တင်ရမယ်ဆိုရင် ကုန်တင်ယာဉ်တွေလက်ရှိ တင်နေတာထက် ထက်ဝက်နီးပါး လောက်လျှော့ချတင်ဆောင်ရတော့ မှာဖြစ်ပါတယ်"ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ် ဦးက ပြောပြခဲ့သည်။

"တန်ပိုလျှော့တင်ရတော့မယ်လို့တော့ သိရတယ်၊ တန်ပိုတွေကိုချက်ချင်း လျှော့တင်ရမယ်ဆိုရင် ထက်ဝက်နီးပါး ကုန်လျှော့တင်ရမှာဖြစ်သလို တန်ဆာခကလည်း ထက်ဝက်လောက် ကို တက်လာနိုင်ပါတယ်။ တန်ဆာခ ပြောင်းလဲတာကသိပ်ပြဿနာမရှိပေ မယ့်ကုန်ဈေးနှုန်းတွေတန်ဆာခလို လိုက်တက်လာမှာကိုတော့ ထည့်စဉ်းစားရမယ့်အချက် ဖြစ်နေတယ်၊ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်ဖို့အရေးကြီးပါတယ်"ဟု ၀ါရင့်ကုန်သည် ကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

"ကားတွေကို တန်ပို စလျှော့ပြီး တင်ပို့ကိုကျွန်တော်တို့ကားဂိတ်တွေ အချင်းချင်းသတိပေး တင်ဆောင်မှုတွေ ပြုလုပ်နေကြပါပြီ။ပဲခူး(ကလိ)ဂိတ် မှာတော့ စစ်ဆေးနေတယ်လို့တော့သိ ရတယ်၊ဒါပေမယ့် တခြားဘယ်ဂိတ်က မှတော့မစစ်ဆေးသေးပါဘူး။ ၁၀လ ပိုင်းအကုန်လောက်စစ်ဆေးမယ်လို့ လည်းကြားရပြန်တယ်၊သက်ဆိုင်ရာ ကစစ်ဆေးမှုတွေမပြုသေးခင် တန်ပိုလျှော့ဖို့ ကားသမားတွေ အချင်းချင်း သတိပေးတင်ဆောင်မှုတွေတော့ လုပ် နေကြပါပြီ"ဟုလည်း ရန်ကုန်-မန္တလေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

"ကားတွေမှာ တန်ပိုလျှော့တင်လာရင် ဂိတ်တွေကလည်း တန်ပိုကြေး ကောက်ခံရရှိမှုလည်း နည်းသွားမယ်၊ လမ်းပိုင်းတွေအတွက်ကျတော့ လမ်းပျက်စီးမှုတွေ သက်သာလာမယ်၊ တစ်ခုရှိတာက ကုန်ဈေးနှုန်းပြောင်း လဲတာတို့ တန်ဆာခတက်တာတို့က တော့ရှိလာမှာပဲ။ တန်ပိုလျှော့တင်လို့ ကားသမားတွေက တွက်ခြေမကိုက်တာမရှိဘူး၊ သူတို့ဘက်က တန်ဆာခ တက်လိုက်ရင် တွက်ခြေကိုက်သွားပြီ။

B.O.T စနစ်နဲ့ လမ်းတံတားကြေး ကောက်တဲ့ သူတွေကလည်း သူတို့ တွက်ခြေကိုက်အောင်တော့ လုပ်မှာပါပဲ။ ကုန်သည်တွေကျတော့ တန်ဆာခပိုပေးရတော့ ကုန်ဈေးနှုန်းကို တက်လိုက်မှာပဲ။ အားလုံးကို ထိန်းထိန်းသိမ်းသိမ်းလေး လုပ်ဖို့တော့ လိုမယ်ထင်ပါတယ်"ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-23-2010, 08:26 PM
တန်ပိုတင်သော ၁၂ ဘီးကုန်တင် ယာဉ်ကြီးများအား စတင်အရေးယူ
အဝေးပြေး ကုန်တင်ယာဉ်များအား အာဆီယံစံချိန်စံညွှန်းနှင့် ကိုက်ညီစွာ ကုန်တင်ဆောင်ခြင်း အစီအစဉ်များ စတင်တော့မည်ဖြစ်ရာ ၅၅ တန်ထက် တန်ပိုတင်လာသော ၁၂ ဘီး ကားကြီးများအား စက်တင်ဘာ ဒုတိယပတ်မှ စတင်ကာ အရေးယူမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်များထံမှ သိရှိရသည်။
"၁၀ ဘီး၊၁၂ ဘီးကားကြီးတွေ ကို စက်တင်ဘာလကုန်ကနေစပြီး ၅၅ တန်ထက်ပိုမတင်ဖို့သတိပေး ထားပါပြီ။ ခုလည်းတန်ပိုတင်တဲ့ ကားတွေကိုစတော့ စစ်နေပြီ။ တချို့ကားကြီးတွေက ခုချိန်ထိ တန် ၆၀ နီးပါးတင်နေတာတွေ ရှိနေတော့ သတိပေးမှုတွေ ပြုနေတာဖြစ်မယ်။ သတိပေးပြီးရင်တော့ အရေးယူတော့မယ် ထင်ပါတယ်"ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"ကားတွေကို အာဆီယံစံနဲ့ အညီ ကုန်တင်ရတော့မယ် ဆိုတဲ့အသိပေးချက်တွေကိုတော့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ခုဆိုရင် ၁၂ ဘီး ကားတွေမှာ ၅၅တန်ထက်ပို တင်လာတဲ့ကားတွေကို စက်တင်ဘာလလယ် လောက်ကစပြီး အရေးယူမှုတွေ ပြုလုပ်နေပြီလို့ သိရတယ်။ အရေးယူခံရတဲ့ ကားတွေကိုတော့ ဒဏ်ငွေတပ်တယ်လို့ သိရပါတယ်"ဟု ယာဉ်မောင်းတစ်ဦး ကဆိုသည်။ ၀င်ရိုးလေးခုပါ ၁၂ ဘီးကားတစ်စီးလျှင် အာဆီယံစံချိန် စံညွှန်းနှင့် ကုန်တင်မည်ဆိုပါက ယာဉ်နှင့်ကုန် စုစုပေါင်းအလေးချိန်မှာ၂၅တန် သာ တင်ဆောင်ရမည်ဖြစ်သည်။
@news-eleven.com

poohcartoon
09-23-2010, 08:48 PM
ရန်ကုန်မြို့တွင် ပါရမီတက္ကစီများပြေးဆွဲမှု အစီးရေ ၇၀၀ နီးပါးရှိလာ
ဗန္ဓုလ သယ်ယူပို့ဆောင်ရေး၏ ပါရမီတက္ကစီလုပ်ငန်းတွင် အစီးရေ ၇၀၀ နီးပါးဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲနေလျက်ရှိသည်ဟု သိရသည်။
ပါရမီတက္ကစီများကို ဆလွန်း ယာဉ်အသစ်များဖြင့် ပြေးဆွဲပေးလျက်ရှိရာတွင် ယခုအခါ အစီးရေ ၆၉၅ စီးဖြင့် ပြေးဆွဲနေသည်ဟု သိရပြီး ရန်ကုန်မြို့အနှံ့နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အဝေး ပြေးကားဂိတ်များတွင်လည်းထားရှိ ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။ သို့ရာတွင် ရန်ကုန်တစ်မြို့လုံးတွင် ပြေးဆွဲနေသော စီးတီးတက္ကစီယာဉ် အစီးရေများနှင့် နှိုင်းယှဉ်ကြည့်ပါက နည်းပါးနေသည့်အတွက် စီးနင်းလို သူ များပြားသော်လည်း ပါရမီတက္ကစီများကို တွေ့ရှိစီးနင်းရမှုမှာ နည်းပါး နေသေးသည်ဟု ခရီးသည်များကဆို ကြသည်။
ပါရမီတက္ကစီများကို အစီးရေ ၁၀၀၀ နီးပါးခန့်ဖြင့် ပြေးဆွဲပေးနိုင်ရန် စီစဉ်ထားရာ လက်ရှိတွင် အစီး ရေ ၇၀၀ နီးပါးရှိလာခဲ့သည်ဟု သိရသည်။ စီးတီးတက္ကစီ စီးနင်းသူ ခရီး သည်များသည် ယာဉ်အသစ်များ၊ ၀န်ဆောင်မှု ကောင်းမွန်သောယာဉ် များ၊ ကားအဲယားကွန်းဖွင့်၍ မောင်းသော ယာဉ်များ၊ ယာဉ်စီးခ သင့်တင့် မျှတသော ယာဉ်များကိုသာ စီးနင်းလိုကြသည်ဟု သိရသည်။ ယာဉ်ပေါ်သို့ တက်လိုက်သည်နှင့် ယာဉ်စီးခ ဈေးဆစ်ရန်မလိုဘဲ သင့်တင့်မျှတ သောဈေးနှုန်း၊ မှန်ကန်သည့် ဈေးနှုန်းတို့ဖြင့်သာ စီးနင်းသွားလာလို ကြသော်လည်း ခရီးသည်နှင့်ယာဉ် မောင်း နှစ်ဦးနှစ်ဖက် ဈေးနှုန်းညှိနှိုင်း ပြီးမှသာ သွားလာနေကြရဆဲပင်ဖြစ် သည်ဟု သိရသည်။
"တက္ကစီငှားရင် တချို့က ကားသစ်လေးတွေကို ရွေးငှားကြတယ်။ ပါရမီတက္ကစီဆိုရင် အစီးရေ နည်းသေးလို့ ရှားနေတော့ တွေ့တာနဲ့ ငှားချင်တဲ့သူက များကြတယ်။ စီးချင်သူ ပေါကြတာပေါ့။ သူက အဲယားကွန်းလည်း ဖွင့်မောင်းကြတာများတော့ ခရီးသည်တွေ အကြိုက် တွေ့ကြတယ်။ ဒါပေမဲ့ မတွေ့ဖြစ်တာက များနေတယ်။ တချို့တွေ ကျတော့လည်း ကားဟောင်းလေးက ဈေးဆစ်လို့ရတယ်၊ လျှော့ပေးတယ်ဆိုပြီး ရွေးစီးကြတာတွေလည်း ရှိကြ ပါတယ်။ ကျွန်တော်တို့ကတော့ ဈေးနှုန်းမကွာရင်တော့ ကားကောင်းတာလေးကိုပဲ စီးချင်တာပေါ့။ နိုင်ငံခြား က တက္ကစီတွေလို အရောင်အသွေး သစ်လွင်တဲ့ ကားတွေပဲ များများစီး ချင်ပါတယ်"ဟု နေ့စဉ်စီးတီးတက္ကစီ အသုံးပြု စီးနင်းသွားလာနေသည့် အရောင်းအ၀ယ်သမားတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် ပြေးဆွဲနေသည့် တက္ကစီ အစီးရေ စုစုပေါင်း မှာ နှစ်သောင်းဝန်းကျင်ခန့် ရှိရာ ပါရမီတက္ကစီအစီးရေ အရေအတွက် မှာ ၅ ရာခိုင်နှုန်းခန့်ပင် မရှိသေးကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-24-2010, 11:34 AM
တရားမ၀င် တင်သွင်းလာသည့် ခြင်ဆေးခွေများကို ဓါတ်ခွဲခန်းတွင် ဆက်လက်စစ်ဆေးလျက်ရှိ
မြန်မာနိုင်ငံတွင်းသို့ တရားမ၀င် တင်သွင်းလာသည့် ခြင်ဆေးခွေများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း သီးနှံကာကွယ်ရေးဌာနခွဲ ပိုးသတ်ဆေးဓါတ်ခွဲခန်းတွင် ဆက်လက် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတွင်းသို့တရားမ၀င်တင် သွင်းလာသည့် မှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော အဆိပ်ရှိပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် ခြင်ဆေးခွေများ ကို အများပြည်သူ သုံးစွဲခြင်းမပြုရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နေ့စဉ်ထုတ် သတင်းစာများတွင် အသိပေးကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

တရားမ၀င် တင်သွင်းလာသော ခြင်ဆေးခွေအချို့တွင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားခြင်းမရှိသည့် erfluthrin အမျိုးအစား ဓာတုပစ္စည်းများ ပါဝင်နေကြောင်း သိရသည်။

တင်သွင်းလာသည့် ခြင်ဆေးခွေများတွင် အဆိပ်ရှိပစ္စည်းပါဝင်မှု စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ သီးနှံကာကွယ်ရေး ဌာနခွဲသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

ပြည်ပမှ တင်သွင်းလာသော ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေများကို တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးမှုများကို သိမ်းဆည်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံတွေ့ရှိရမှုများကိုလည်း သတိပေးကြေညာမှုများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှ ထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-24-2010, 11:43 AM
လူငယ်အားမာန် သင်တန်းကျောင်း၌ နာဂစ်ကြောင့် မိဘမဲ့ကလေး ၅၆ ဦးကို စောင့်ရှောက်ထား
လပွတ္တာ သုံးမိုင်မြို့သစ်ရှိ လူငယ်အားမာန် သင်တန်းကျောင်း၌ နာဂစ်ကြောင့် မိဘမဲ့ဖြစ်သွားသော ကလေး၅၆ဦးကို စောင့်ရှောက်ထား ကြောင်း သိရှိရပါသည်။

နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းရှိ မိဘမဲ့ကလေးများကို မုန်တိုင်းဖြစ်ပွားပြီး ၂၀၀၈ခုနှစ် မေလ ၂၇ရက်နေ့တွင် မအူပင်မြို့ ကွန်ပျူတာတက္ကသိုလ်နှင့် မြောင်းမြမြို့ စိုက်ပျိုးရေးသိပံ္ပကျောင်းတို့၌ စခန်းဖွင့်လှစ်၍ ယာယီ စောင့်ရှောက်ထားခဲ့ကြောင်း သိရသည်။ ထို့သို့ စခန်းဖွင့်လှစ်၍ ယာယီစောင့်ရှောက် ထားသော မိဘမဲ့ကလေးများမှ မိဘ သို့မဟုတ် အုပ်ထိန်းသူ လာရောက် ခေါ်ယူပါက မိဘ၊ အုပ်ထိန်းသူ ထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

ယခုအခါတွင် လပွတ္တာ သုံးမိုင်မြို့သစ်ရှိ လူငယ်အားမာန် သင်တန်းကျောင်းတွင် ယောက်ျားလေး ၃၅ဦးနှင့် မိန်းကလေး ၂၁ဦးတို့ကို စောင့်ရှောက်ထားကြောင်း၊ အဆိုပါ သင်တန်းကျောင်းတွင် စောင့်ရှောက်ထားသော ကလေးများသည် အသက်အရွယ်အားဖြင့် ၈နှစ်မှ ၁၈ နှစ်အတွင်းရှိသော ကလေးများဖြစ်သောကြောင့် ၂၀၁၀-၂၀၁၁ ပညာ သင်နှစ်တွင် လပွတ္တာသုံးမိုင်မြို့သစ်ရှိ အလယ်တန်းကျောင်းနှင့် လပွတ္တာ အထက်တန်းကျောင်းတို့တွင် အတန်း ပညာသင်ကြားပေးကြောင်းသိရသည်။

ယခုနှစ် ပညာသင်နှစ်တွင် လပွတ္တာ သုံးမိုင်မြို့သစ်ရှိ အလယ်တန်းကျောင်း၌ မူလတန်းပညာ သင်ကြားသူ ၂၃ဦးနှင့် အလယ်တန်း ပညာသင်ကြားသူ ၁၉ဦး ရှိကြောင်းနှင့် တက္ကသိုလ်ဝင်တန်းကို ယောက်ျားလေး ၂ဦးတက်ရောက် ပညာသင်ကြားနေကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-24-2010, 11:46 AM
ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်သည့် ဟူးကောင်းချိုင့်ဝှမ်းတွင် ကျားကောင်ရေ ၅၀ ကျော်သာ ရှိတော့ကြောင်း သိရ
http://www.news-eleven.com/images/stories/myanmar/mm/bi3268.jpg
နောက်ဆုံးထုတ်ပြန်သော စာရင်းများအရ ကမ္ဘာပေါ်တွင်ကျား ကောင်ရေ ၃၅၀၀ ၀န်းကျင်သာကျန် ရှိတော့ကြောင်း သိရပြီး တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်း(Wildlife Conservation Society-WCS)မှ ထုတ်ပြန်သောစာရင်းများအရ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်သည့် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ကျားကောင်ရေ ၅၀ကျော်သာရှိတော့ကြောင်း သိရှိရသည်။
ဟူးကောင်းချိုင့်ဝှမ်း ကျား ထိန်းသိမ်းရေးဒေသသည် မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းရှိ တနိုင်း မြို့အနီးတွင်တည်ရှိပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၈၄၅၂ ခန့်ကျယ်ဝန်း ကြောင်းသိရသည်။ ၂၀၀၄ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်း၏ စတုရန်းမိုင် ၂၅၀၀ကို ဘေးမဲ့တောအဖြစ် အစိုးရ ကသတ်မှတ်ခဲ့ပြီး အသစ် သတ်မှတ်ချက်အရ ဘေးမဲ့တောဧရိယာသည် ၆၇၄၈ စတုရန်းမိုင် ရှိလာမည် ဖြစ်ကာ ၄၂၄၈ စတုရန်းမိုင် ပိုမိုကျယ်ဝန်းလာ မည်ဖြစ်ကြောင်း သိရသည်။
ဟူးကောင်း ဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန်လေ့လာလိုသူများ အနေဖြင့် ကျားအပြင် ကျားသစ်၊ အင်းကျား၊ ဆင်၊ ၀က်ဝံ၊ တောကျွဲ၊ ပြောင်၊ ဆတ်၊ ဂျီ၊ တောကြောင်မျိုးများ၊ မျောက်မျိုးများ၊ တောဆိတ်၊ တောင်ဆိတ်အပါအ၀င် နို့တိုက် သတ္တ၀ါ ၃၅ မျိုး၊ ငှက်မျိုးစိတ် ၃၇၀ ကျော်၊ ဖားမျိုး ၄၆ မျိုး၊ ရေချိုငါးမျိုး စိတ် ၃၇ မျိုး၊ လိပ်မျိုးလေးမျိုး၊ လိပ် ပြာအမျိုးမျိုးအပြင် အပင်မျိုးစိတ် ပေါင်း ၁၃၅၀၀ ခန့် လေ့လာနိုင်ကြောင်း သိရသည်။
လက်ရှိထုတ်ပြန်ခဲ့သော စာရင်း များအရ ကမ္ဘာပေါ်တွင်ကျားကောင် ရေ ၃၅၀၀ခန့်သာ ကျန် ရှိနေပြီး ယင်း ကျား ကောင်ရေများထဲမှ သုံးပုံတစ်ပုံဖြစ်သော ကောင် ရေ ၁၀၀၀ ကျော်သာလျှင် မွေးဖွားနိုင်သော အရွယ်ရှိသည့် ကျားမများ ဖြစ်ကြကြောင်း သိရသည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ကျားကောင်ရေ ၁၀၀၀၀ခန့်လှည့်လည် ကျက်စားခဲ့သော အာရှဒေသများနှင့် ရုရှားနိုင်ငံ တို့က ၂၀၂၂ခုနှစ် အတွင်း ကျားကောင်ရေနှစ် ဆခန့် တိုးတက်လာစေရန်အတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက် သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနား ကျားနှင့်ဘင်္ဂလားကျားနှစ်မျိုး ကျက်စားနေပြီး ကျားကောင်ရေအများစု ကို ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ထမံသီဘေးမဲ့တောနှင့် တနင်္သာရီတိုင်းတို့ တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-25-2010, 10:49 AM
သားဂျာနယ်ကျော် ကွယ်လွန်
ကဗျာဆရာ၊ စာရေးဆရာ မိုးဟိန်း (သားဂျာနယ်ကျော်) ၆၈ နှစ်သည် ယနေ့နံနက် ၉ နာရီခန့်က ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် ကွယ်လွန် သွားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် မေလကတည်းက ဦးမိုးဟိန်းသည် လည်ချောင်း ကင်ဆာ ရောဂါဝေဒနာ ခံစားနေရပြီး ယင်းရောဂါနှင့်ပင် ကွယ်လွန်သွားကြောင်း တူဖြစ်သူ ကိုသိန်းစိုးက ပြောသည်။
http://www.irrawaddymedia.com/bur/images/stories/umoehein.jpg
၂၀၀၆ ခုနှစ် ဒီဇင်ဘာလက အခမ်းအနားတခုတွင် တွေ့ရသော ဦးမိုးဟိန်း (သားဂျာနယ်ကျော်)။ (ဓာတ်ပုံ - မိုးမခ)
“ကဗျာ စာအုပ်တွေရော၊ ကင်ဆာနဲ့ ပတ်သက်တဲ့ စာအုပ်တွေရော မဆုံးခင် ရေးသွားသေးတယ်။ စာအုပ်တွေတော့ မထုတ် ရသေးဘူး။ ရေးလက်စ ကျန်တဲ့ စာအုပ်တော့ မရှိဘူး”ဟု ကိုသိန်းစိုးက ဆိုသည်။
၂၀၀၉ ဒီဇင်ဘာလထုတ် ကလျာ မဂ္ဂဇင်း၌ လည်ချောင်း ကင်ဆာ ဖြစ်နေပြီဟု သိလိုက်ရချိန်တွင် ခံစားချက်ကို ရေးသား ထားသည့် “အကယ်၍များ ... ကျနော်နှင့် ကင်ဆာ” ဆောင်းပါးတွင် ဓာတ်ရောင်ခြည်ကင်ရန် အားရှိစေရေး အတွက် အာဟာရ လိုသော်လည်း သက်သတ် လွတ်စားသည့် အဓိဋ္ဌာန်ကို မဖျက်ခဲ့ကြောင်း ရေးသားထားသည်။
ဆောင်းပါးထဲတွင် “ပြောရလျှင် ကျနော် သက်သတ်လွတ် နေ့စဉ် စားလာသည်မှာ အနှစ် ၂၀ ပြည့်ပါတော့မည်။ ၁၉၈၉ ခု၊ နိုဝင်ဘာလမှာ စ အဓိဋ္ဌာန်ယူစဉ်က ကျန်းမာနေသမျှ စားပါမည်ဟု အကန့်အသတ် မထားပေမယ့်၊ နှစ် (၂၀) ထဲ ၀င်နေသည်မို့ မထွက်ချင်” ဟု ဦးမိုးဟိန်းက ရေးထားသည်။
ဦးမိုးဟိန်းသည် ဘာသာရေးစာပေ နှင့် ဘာသာပြန် ဆောင်းပါးများ၊ ကဗျာများ ရေးသားခဲ့ပြီး သူသိမီလိုက်သော ဂျာနယ်ကျော် မိသားစုအကြောင်း၊ ငယ်ဘ၀မှ အမှတ်ရစရာများ၊ ခရီးသွား အတွေ့အကြုံများနှင့် စာပေရေးရာများ အစရှိသည်ဖြင့် ရေးသားခဲ့ သည်။
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ပစ္ဆိမာရုံ ဘုန်းကြီးကျောင်း ပညာဒါန သင်တန်းကျောင်းတွင်လည်း အင်္ဂလိပ်စာ သင်ကြားပေးခဲ့ သည်။
ဦးမိုးဟိန်းသည် ၂၀၀၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့အထိ သုံးလကြာ အမေရိကန်နိုင်ငံ အိုင်အိုဝါ တက္ကသိုလ်တွင် ပြုလုပ်သည့် ၃၉ ကြိမ်မြောက် The International Writing Program သို့ တက်ရောက်ခဲ့သည်။
ထိုတက္ကသိုလ်တွင် ဖတ်ကြားသော စာတမ်းများနှင့် အတွေ့အကြုံများကို “ပြင်ပ အိပ်မက်တခု”အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သေးသည်။
ဦးမိုးဟိန်းသည် ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေးတို့၏ အငယ်ဆုံးသားဖြစ်သည်။ ဦးချစ်မောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဂျာနယ်ကျော်စာစောင်ကို စတင်ထုတ်ဝေသည်။ ဦးချစ်မောင် ကွယ်လွန်ပြီး နောက် ထုတ်ဝေသော “ဂျာနယ်ကျော် ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်း”၊ “သူ” စာအုပ်များမှာ ထင်ရှားသည်။
ဂျာနယ်ကျော် မမလေးသည်လည်း မြန်မာနိုင်ငံ အမျိုးသမီး ကလောင်ရှင်အသင်း ဒု ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေကလပ် အတွင်းရေးမှူးချုပ် စသဖြင့် ဆောင်ရွက်ခဲ့ပြီး ဂျာနယ်ကျော် စာစောင်တွင် ဦးစီးလုပ်ကိုင်ခဲ့သည်။ ဂျာနယ်ကျော် မမလေး ၏“သွေး”၊ “သူလိုလူ” စသည့် ဝတ္ထုများမှာ ထင်ရှားသည်။
စာရေးဆရာ၊ ကဗျာဆရာ မိုးဟိန်း၏ ရုပ်ကလာပ်ကို စနေနေ့ နံနက် ၁၁ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဟု သိရပြီး ကွယ်လွန်ချိန်တွင် ဇနီး၊ သားတဦးနှင့် သမီးတဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
@mmcybermedia.com

poohcartoon
09-25-2010, 10:52 AM
မြန်မာပန်းချီဆရာ ၂၅ ဦးပါဝင်သော ခေတ်ပြိုင်အနုပညာပြပွဲ ချင်းမိုင် အနုပညာ တက္ကသိုလ်တွင် ကျင်းပမည်
http://www.news-eleven.com/images/stories/entertainment/myanmar/bi3268.jpg
မြန်မာပန်းချီဆရာ ၂၅ ဦးပါဝင်သော ခေတ်ပြိုင်အနုပညာပြပွဲကို ချင်းမိုင်အနုပညာ တက္ကသိုလ်တွင် အောက်တိုဘာလ၉ရက်မှ အောက်တိုဘာလ၃၀ရက် နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ပြ ပွဲသည် Suvannabhumi ပန်းချီပြခန်း ၏ ခြောက်နှစ်မြောက်နှစ်ပတ်လည် ပြပွဲအဖြစ် စီစဉ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပန်းချီဆရာအချို့ လည်း ပြပွဲသို့တက်ရောက်ရန် စီစဉ် လျက်ရှိကြောင်း သိရှိရသည်။
"ချင်းမိုင်မှာရှိတဲ့ သုဝဏ္ဏဘူမိ ပန်းချီပြခန်းက မြန်မာပန်းချီပညာရှင် တွေရဲ့ပြပွဲကို မကြာခဏကျင်းပပေး လေ့ရှိပါတယ်။ ၂၀၀၇ခုနှစ်ကလည်း မြန်မာပန်းချီဆရာ ၂၆ ယောက်နဲ့ Suvannabhumi ပြခန်း သုံးနှစ်မြောက် အထိမ်းအမှတ် အနေနဲ့ ပြပွဲလုပ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ပြခန်း ခြောက်နှစ်မြောက်ကို ပြခန်းမှာ မကျင်းပဘဲ မြန်မာ့လက်ရာတွေကို ဒီထက်ပိုပြီး သိစေချင်၊ ကျယ်ပြန့်စေ ချင်တဲ့အတွက် ချင်းမိုင်အနုပညာ တက္ကသိုလ်မှာ ကျင်းပဖို့စီစဉ်ဖြစ်တာပါ။ ပြပွဲမှာ ပါဝင်တဲ့ အနုပညာရှင် ၂၅ ဦးစလုံးကလည်း ပြည်တွင်း၊ ပြည်ပမှာ အောင်မြင်မှု အတိုင်းအတာ တစ်ခုအထိ၊ ဈေးကွက်တစ်နေရာ အထိရောက်ရှိနေသူတွေကို စုစည်းထားတာ ဖြစ်ပါတယ်"ဟု စီစဉ်သူက ဆိုသည်။
ယင်းပြပွဲတွင် ပါဝင်သော ပန်းချီဆရာများမှာ ပန်းချီခင်မောင်ရင်၊ အောင်မြင့်၊ ကြီးမြင့်စော၊ လူမင်း၊ မောင်ဒီ၊ မင်းဝေအောင်၊ မင်းဇော်၊ မုတ်သုံ၊ မိုးညို၊ MPP ရဲမြင့်၊ MSO စန်းဦး၊ မြတ်ကျော့၊ နေမျိုးဆေး၊ ငြိမ်းချမ်းဆု၊ ပေါ်သိမ်း၊ ဖေညွန့်ဝေ၊ ပိုပို၊ ဆန်းမင်း၊ စန္ဒာခိုင်၊ စိန်မျိုးမြင့်၊ ဆန်နီညိမ်း၊ တင်မောင်ဦး၊ ၀င်းဖေ၊ ၀င်းဖေမြင့်နှင့် ဇော်ဝင်းဖေတို့ဖြစ်ကြ ပြီး အခရိုင်းလစ်၊ ဆီဆေးကားများ အပြင် အခြား Art Work များကို လည်း တွဲဖက်ပြသရန် စီစဉ်ထားကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-25-2010, 10:54 AM
ငါးသိန်းတန်ဖုန်း (CDMA 800 MHz) ဖုန်းများကို ၀ယ်ယူလျှောက်ထားသူ ယခုရက်ပိုင်းအတွင်း ထက်ဝက်ကျော် လျော့ကျ
ငါးသိန်းတန်ဖုန်း(CDMA 800 MHz ) ဖုန်းများကို ၀ယ်ယူ လျှောက်ထားသူ ယခုရက်ပိုင်းအတွင်း ထက်ဝက်ကျော် လျော့ကျသွားကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံ မှ သိရှိရပါသည်။
ငွေကျပ်၁၅သိန်းတန် ဖုန်းများထက် ဈေးနှုန်းနည်းပါးသော ငွေကျပ်ငါးသိန်းတန်ဖုန်းများကို ရန်ကုန် နှင့် မန္တလေးတိုင်း ဒေသကြီးတွင် စတင်ချပေးခဲ့စဉ်က လူကြိုက်များပြားခဲ့သော်လည်း နောက်ပိုင်းတွင် ၀ယ်ယူအသုံးပြုသူများ နည်းပါးသွားခဲ့သည်။ သို့သော် နယ်မြေအကန့် အသတ်မရှိဘဲ ခေါ်ဆိုခွင့်ပေးလိုက် ပြီးတွင်မူ သုံးစွဲသူများစိတ်ဝင်စားမှု ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ 'ရန်ကုန်မှာ နယ်မြေကန့် သတ်မထားတော့ဘဲ ဖွင့်ပေးလိုက်ပြီး နောက်မှာ ဖုန်းလျှောက်တဲ့သူများ လာပါတယ်။ စစဖွင့်ပေးတုန်းက ဆိုရင် တစ်ရက်ကို ဖုန်းလျှောက်လွှာ ၂၀၀၀ လောက်လက်ခံရရှိပါတယ်' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြခဲ့သည်။
နောက်ပိုင်းတွင် တစ်ရက်လျှင် ပုံမှန်အားဖြင့် ဖုန်းတစ်ထောင်ကျော် ၀န်းကျင်အား ချထားပေးမှုရှိခဲ့ရာ ယခုရက်ပိုင်းအတွင်းတွင် ဖုန်းလာရောက် လျှောက်ထားသူ ထက်ဝက်ကျော် လျော့ကျသွားကြောင်း သိရသည်။
ထိုသို့ ငါးသိန်းဖုန်းများအား စိတ်ဝင်စားသူ လျော့ကျသွားရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍လည်း "နေပြည်တော်မှာ ချထားပေးနေတဲ့ ငါးသိန်းတန် CDMA 450 MHz ဖုန်းတွေက ဒီလဆန်းပိုင်းကစပြီး တစ်နိုင်ငံလုံး သယ်ဆောင်အသုံးပြုနိုင်ဖို့ ခွင့်ပြုပေးလိုက်တဲ့အတွက် လူတွေ ပိုစိတ်ဝင်စားနေကြလို့ ထင်ပါတယ်" ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူကပြောပြခဲ့သည်။
" ငါးသိန်းဖုန်း(CDMA 800 MHz လိုင်းဆွဲအားသုံး)က သုံးရတာ အဆင်ပြေပေမယ့် အခုနေပြည်တော်မှာ ချပေးနေတဲ့ဖုန်းက တစ်နိုင်ငံလုံး မှာ ပြောလို့ရအောင်လည်း ဖွင့်ပေးလိုက်တယ်။ ဈေးကလည်း ငါးသိန်း ဆိုတော့ အရမ်း စိတ်ဝင်စားတယ်။ ဒါကြောင့် ငါးသိန်းချင်းအတူတူ ဒီဘက်ကို လှည့်သွားတာပေါ့"ဟု ဖုန်း သုံးစွဲသူတစ်ဦးက ဆိုသည်။
@news-eleven.com

kosithuag
09-25-2010, 02:37 PM
နေပြည်တော်-ရန်ကုန် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရန် ပြင်ဆင်

အောင်ထက် / ၂၄ စက်တင်ဘာ ၂၀၁၀
http://www.khitpyaing.org/upload_image/24910NPin41.jpg
တရုတ်၏နည်းပညာအကူအညီဖြင့် နေပြည်တော်-ရန်ကုန် မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း ဖောက်လုပ်မည်ဖြစ်ပြီး လမ်းပိုင်းမြေသား စတင်ပြုပြင်နေပြီဖြစ်ကြောင်း နေပြည်တော် မီးရထားဝန်ကြီးဌာနမှ အရာထမ်းတဦးက ပြောကြားသည်။

အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းသည် နေပြည်တော်-ရန်ကုန်ခရီးအား ကြာမြင့်ချိန် (၃) နာရီဖြင့် မောင်းနှင်မည်ဖြစ်ပြီး ရထားတွဲဆိုင်းများကိုလည်း တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် လာရောက်တပ်ဆင်ပေးမည်ဟု သိရသည်။

၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အမီ ဖောက်လုပ်ဖွင့်လှစ်မည်ဟု မီးရထားဝန်ကြီးဌာနမှ မီးရထား အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “မြန်မာ့မီးရထားဆိုက်က အင်ဂျင်နီယာတွေ ရောက်နေတယ်။ တရုတ်နည်းပညာရှင်တွေနဲ့ စက်တင်ဘာ (၂၂) ရက်နေ့က မီးရထားဝန်ကြီးဌာနမှာ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်” ဟု ပြောသည်။

လျှပ်စစ်ရထားလမ်း အစီအစဉ်ကို ၂၀၁၅ တွင် အပြီးတည်ဆောက်မည်ဟုလည်းကောင်း၊ ဂျပန်နည်းပညာ၊ တရုတ်နည်းပညာ၊ ကိုယ်ပိုင်နည်းပညာတခုခုဖြင့် ဖောက်လုပ်မည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခုဖောက်လုပ်မည့် နေပြည်တော်-ရန်ကုန် မြန်နှုန်းမြင့် ရထားလမ်းအရှည်မှာ (၂၂၆) မိုင်ဖြစ်ပြီး လက်ရှိပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် နေရာအတော်များများ၌ ယှဉ်လျက် ဖောက်လုပ်မည်ဖြစ်ကာ နေပြည်တော်-ရန်ကုန် ခြောက်လမ်းသွား ယာဉ်ကြောနှင့်မူ ဝေးကွာပြီး သီးသန့်လမ်းကြောင်းအဖြစ် ဖောက်လုပ်မည်ဖြစ်သည်ဟု မီးရထားအင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာဌာန တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “ရထားလမ်းတလျှောက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးရမယ်။ သံလမ်းတွေကို standard အဆင့် သုံးရမယ်။ ဆီးဂိမ်းအမီ ၂၀၁၃ မှာ အပြီးတည်ဆောက်ရမှာ ဖြစ်လို့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်” ဟု ဆိုသည်။

ရန်ကုန်မြို့လမ်းပိုင်း မြေသားပြုပြင်မှုကို မည်သည့်နေရာမှ စတင်လုပ်ဆောင်နေသည်ကို အတိအကျမသိရသော်လည်း ရွာသာကြီးဘူတာ ၀န်းကျင်အပိုင်းမှ စတင်ဆောင်ရွက်နိုင်သည်ဟု မီးရထားဝန်ထမ်းတို့က ပြောဆိုသည်။

နေပြည်တော်ဗဟိုပြု အမျိုးသားမီးရထား ကွန်ရက်စီမံကိန်းတွင် ရထားလမ်းစီမံကိန်း (၁၃) ခုရှိပြီး စုစုပေါင်းခရီး (၂၂၆၅) မိုင်အကွာအဝေးအတွက် ဖောက်လုပ်ပြီး ရထားလမ်းပိုင်းမှာ (၃၂၁) မိုင်သာရှိသေးကြောင်း၊ ယခု မြန်နှုန်းမြင့် လျှပ်စစ်ရထားစီမံကိန်းသည် (၁၄) ခုမြောက် ဖြစ်ကြောင်း ဌာနဆိုင်ရာသတင်းများအရ သိရသည်။

အဆိုပါ စီမံကိန်းအတွက် တရုတ်-မြန်မာ ပူးပေါင်းချစ်ကြည်ရေး နားလည်မှုစာချွန်လွှာ (MOU) ကိုမူ လက်မှတ်ရေးထိုးခြင်း မပြုရသေးပေ။

လတ်တလော ပြေးဆွဲလျက်ရှိသည် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းသည် (၂၃၄) မိုင် ရှည်လျားပြီး တနာရီ ပျမ်းမျှ (၄၀) မိုင်နှုန်းဖြင့် ပုံမှန်မောင်းနှင်ချိန် (၈) နာရီ မိနစ် (၄၀) ကြာမြင့်သည်။

@Khitpyaing

poohcartoon
09-26-2010, 10:17 AM
နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်းသို့ အများအပြားဝင်ရောက်
http://www.news-eleven.com/images/stories/myanmar/mm/bi3265.jpg
ပြည်တွင်းဈေးကွက်ရှိ အီလက်ထရောနစ် ပစ္စည်းများ အရောင်းဆိုင်တစ်ဆိုင်
ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ နယ်စပ်ဝင်ပေါက်များမှ လိုင်စင်မဲ့ပစ္စည်းများနှင့် ပစ္စည်းအတုများ အများအပြား ၀င်ရောက်လာကြောင်း အဆိုပါကုမ္ပဏီ များထံမှ သိရှိရသည်။
ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်အတွင်း၌ ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ပစ္စည်းများနှင့်တရုတ်နိုင်ငံမှ ပစ္စည်းအတုများ အများအပြား ၀င်ရောက် ရောင်းချလျက်ရှိခြင်းကြောင့် တရားဝင်တင်သွင်းရောင်းချ နေသော အီလက်ထရောနစ် ကုမ္ပဏီများမှ ရောင်းအားကျဆင်းခြင်းနှင့် အတူ ကုမ္ပဏီအပေါ်ကိုလည်း Customer ယုံကြည်မှု အနည်းငယ်ကျဆင်းလာကြောင်း သိရှိရ သည်။
"အခုပြည်တွင်းဈေးကွက် အတွင်းမှာ ယိုးဒယား၊ တရုတ် နယ်စပ်ဝင်ပေါက်ကနေ အီလက် ထရောနစ်ပစ္စည်းတွေရဲ့ လိုင်စင်မဲ့ ပစ္စည်းတွေကိုလည်း တင်သွင်းလာတယ်။ ပစ္စည်းအတုတွေကိုလည်း ပြည်တွင်းဈေးကွက်ထဲမှာနာမည်အခိုင် အမာရပြီးသားဖြစ်တဲ့ ပစ္စည်းတွေကို အတုအပလုပ်ပြီးတော့ တင်သွင်း ရောင်းချနေတာ တော်တော်များလာတယ်။ ဒါ့အပြင်အခုတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ လမ်းပေါ်ပွဲစားတွေပိုပြီး များလာတယ်။ အဲဒီပွဲစားတွေက Electronic Show Room တွေ လူစည်ကားရာနေရာတွေမှာ စောင့်နေပြီးတော့ ပစ္စည်းဝယ်ယူမယ်လို့ ထင်ရတဲ့ Customer တွေကိုလိုက်ပြီး စည်းရုံးပြီးတော့ ကျွန်တော်တို့ဆိုင်မှာက ဈေးသက်သာတယ်။ ဈေးရောင်းပွဲတော်လည်း လုပ်နေတယ် စသည်ဖြင့် လိမ်ညာပြီးတော့ ရောင်းဝယ်မှုတွေ လုပ်နေတာလည်း အများအပြားရှိ လာပါတယ်"ဟု အီလက်ထရောနစ် ကုမ္ပဏီတစ်ခုမှ မာကတ်တင်း မန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းဈေးကွက်၌ နာမည်ရပြီး အီလက်ထရောနစ် ကုမ္ပဏီ တစ်ခုဖြစ်သည့် Samsung အီလက်ထရောနစ် ကုမ္ပဏီမှာ မာကတ်တင်းမန် နေဂျာဖြစ်သူ မသန္တာကလည်း "အခု ပြည်တွင်း အီလက်ထရောနစ်ဈေး ကွက်ထဲမှာ တရားမ၀င်ဘဲ တံဆိပ် အတုအပပစ္စည်းတွေ ရောင်းချနေတဲ့ ဆိုင်တွေ တော်တော်လေး များလာပါပြီ။ သူတို့တွေအနေနဲ့က ကျွန်မတို့ လို တရားဝင်တင်သွင်းရောင်းချတဲ့ ပစ္စည်းတွေထက် ဈေးလျှော့ရောင်းတယ်။ ကျွန်မတို့အနေနဲ့က အဘက်ဘက်က ကုန်ကျစရိတ်တွေရှိတဲ့ အတွက်ကြောင့် ဈေးနှုန်းကို အသင့်အတင့်နဲ့ ရောင်းချတယ်။ ကိုယ့်ရဲ့ ပစ္စည်းအာမခံချက်ပေးတယ်။ လိမ်လည်ရောင်းနေတဲ့ ပစ္စည်းတွေကိုကျတော့ အာမခံချက်မပေးကြပါဘူး။ အတုမှန်း အစစ်မှန်း မခွဲခြားတတ်တဲ့ ၀ယ်ယူသူတွေကတော့ ဈေးနှုန်းသက်သာတဲ့ အချက်တစ်ချက်ကြောင့် ၀ယ်ယူလာကြပါတယ်။ ဒီလိုမျိုး ကျွန်မတို့ကုမ္ပဏီရဲ့ နာမည်ကိုအတုလုပ်ပြီး ရောင်းချနေလို့ ကျွန်မတို့ကုမ္ပဏီ အနေနဲ့ကလည်း Customer တွေရဲ့ ယုံကြည်မှုတွေ လျော့လာတယ်။ ရောင်းအားအနည်း ငယ်ကျဆင်းလာတယ်။ အတုလုပ်ပြီး ရောင်းချနေတဲ့သူတွေကိုလည်း တရားစွဲတာတွေ လုပ်ခဲ့ဖူးပါတယ်" ဟု ဈေးကွက်၏ အနေအထားအား သုံးသပ်ပြောကြားခဲ့ပါသည်။
"ကျွန်မတို့ TMW Enterprise Limited အနေနဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်လောက်က ကျွန်မတို့ ကုမ္ပဏီရဲ့တံဆိပ်ကို အတုအပလုပ် ပြီးတော့ ရောင်းချတာတွေရှိလာတဲ့ အတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီက ပစ္စည်းအစစ် တွေဆိုရင် အာမခံချက်ပေးတယ်။ တချို့ဝယ်ယူသူတွေ ဆိုရင် ကျွန်မ တို့ကုမ္ပဏီကိုလာပြီးတော့ ဒီပစ္စည်းဝယ်တာ မကြာသေးဘူး။ ပျက်သွားပါတယ်။ အဲဒါကြောင့်မို့လို့ အစ်မတို့ ကုမ္ပဏီကိုလာပြတာပါ။ အဲဒီပစ္စည်းကို အစ်မတို့ကြည့်တော့ Sony TV ဖြစ်တယ်။ ဒါပေမဲ့ အစ်မတို့ကုမ္ပဏီက ပစ္စည်းမဟုတ်ဘူး။ အဲလိုမျိုးကိစ္စတွေ ခဏခဏ ဖြစ်လာပါတယ်။ တရားဝင် တင်သွင်းရောင်းချတဲ့ ကုမ္ပဏီရဲ့ဆိုင်တွေမှာပဲ ၀ယ်ယူသင့်တယ်"ဟု TMW Enterprise Limited Sale & Marketing Department မှ Deputy Manager ဖြစ်သူ မလွင်လွင်မြကဆိုသည်။
ထို့အပြင် ကုမ္ပဏီများမှာ မိမိ ၏ကုန်ပစ္စည်းအပေါ်အာမခံချက် ပေးခြင်း၊ အာမခံချက်ဆိုသည်မှာ မည်သို့အခွင့်အရေးများရှိသနည်း စသည့် ဆွေးနွေးပြောကြားခြင်း များကိုလည်း သီးသန့်ပြုလုပ်လာ ရကြောင်း ကုမ္ပဏီအချို့ထံမှသိရှိ ရသည်။
ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်၌ ၂၀၁၀ ပြည့်နှစ် ရောင်းအား အခြေအနေအား ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-26-2010, 01:47 PM
ကျပ်ငါးသိန်းတန်ဖုန်း လိုင်း ၁,၀၀၀ ပြင်ဦးလွင်တွင် ချထားပေး
ကျပ်ငါးသိန်းတန် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ်မိုဘိုင်းဖုန်းလိုင်းပေါင်း ၁,၀၀၀ ကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ယခုလ ၉ ရက်မှ စတင်ချထားပေးလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ဦးလွင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လျှောက်ထားလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူအပါအ၀င် ရောင်စုံဓာတ်ပုံနှစ်ပုံကို တင်ပြလျှောက်ထားရန်လိုအပ်ပြီး အဆိုပါဖုန်းများအတွက် ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ကျပ် ၅၀ ဖြစ်သည်။ အဆိုပါဖုန်းများကို စတင်ချထားပေးသည့်အချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်သော်လည်း ယခုနှစ်မကုန်မီ တစ်နိုင်ငံလုံး၌ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။ “လတ်တလောအလုံးရေ ၁,၀၀၀ကန့်သတ်ပြီး ချထားပေးဖို့လုပ်နေတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့ လက်ရှိအသုံးပြုနိုင်မယ်။ တစ်နိုင်ငံလုံးအသုံးပြုနိုင်ဖို့ကတော့ နှစ်လ၊ သုံးလလောက်စောင့်ရဦးမယ်”ဟု ၎င်းကပြောသည်။ ကျပ်ငါးသိန်းတန်စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ်မိုဘိုင်းဖုန်းများကို ဒေသတွင်းသုံး မိုဘိုင်းဖုန်းများအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခုတွင် ချထားပေးလျက်ရှိသည်။
@myanmarinternetjournal.com

poohcartoon
09-27-2010, 09:34 AM
စမတ်ဖုန်းများတွင် မိုဘိုင်းခရီးသွားလမ်းညွှန် ဆော့ဖ်ဝဲ ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်
စမတ်ဖုန်းများတွင် နိုင်ငံတကာ ခရီးသွားများအတွက် မိုဘိုင်းခရီးသွား လမ်းညွှန်ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ယင်းဆော့ဖ်ဝဲ၏ အားသာချက်သည် လမ်းညွှန်စာအုပ်များထက် သတင်းအချက်အလက်များ ပိုမိုတင်ပြနိုင်ခြင်း၊ သတင်းအချက်အလက်များကို လွယ်ကူစွာနှင့် လျင်မြန်စွာ ရှာဖွေနိုင်ခြင်း၊ ဓာတ်ပုံများ၊ ဗီဒီယို များ၊ မြေပုံများဖြင့် သတင်းအချက် အလက်များကိုတင်ပြနိုင်ခြင်း၊ ဆော့ဖ်ဝဲမှတိုက်ရိုက်ဖုန်းခေါ်နိုင်ခြင်း စသည်တို့ဖြစ်ကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံအတွက် လုပ်ထား တာ တစ်ခု၊ နှစ်ခုပဲရှိတယ်။ သိပ်အသက်မ၀င်ဘူး။ အခုကတော့ Local အနေနဲ့ စိတ်ဝင်စားအောင် လုပ်ထားတာပါ။ အင်တာနက်မှာ Download လုပ်နိုင်အောင်လည်း တင်ထား မှာဖြစ်ပါတယ်"ဟု Winner Computer Group မှ ဥက္ကဋ္ဌ ဦးအောင်ဇော်မြင့်က ပြောကြားသည်။
The Golden Land -မြန်မာ ခရီးသွားလမ်းညွှန်သည် မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို တိကျသေချာစွာနှင့် ဓာတ်ပုံ၊ ဗီဒီယိုများ ဖြင့်တင်ပြရန်၊ လေယာဉ်ခရီးစဉ်များ၊ သံရုံးများ၊ အစိုးရရုံးများ၊ ဟိုတယ် နှင့်စားသောက်ဆိုင်များ၏ သတင်း အချက်အလက်များကိုအချိန်မှန် ပြင် ဆင်တင်ပြရန်ဖြစ်ပြီး နှစ်မကုန်မီ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
"မြန်မာနိုင်ငံကို FIT (မိမိအစီအစဉ်ဖြင့် လာရောက်သူ)ခရီးသွားတွေလာတာ Package Tour ထက် သုံးဆလောက်ရှိတယ်ဆိုတော့ အဲဒီခရီးသွားတွေအတွက်လည်း ရည်ရွယ်တာဖြစ်ပါတယ်"ဟု ဦးအောင်ဇော်မြင့်က ဆိုပါသည်။
The Golden Land ကို အသုံးပြုရန် အင်တာနက်မလိုအပ်ဘဲ မြန်မာစကားပြော အထောက်အကူပြုကဏ္ဍတွင် အသုံးဝင်မည့် မြန်မာစကားများကို အသံထွက်နှင့် ထည့်သွင်းပေးထား ကာ အသုံးပြုသူသည် မိုဘိုင်းလမ်း ညွှန်ဖြင့် ဆက်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်ဟု သိရှိရသည်။
၂၀၀၇ ခုနှစ်မှစတင်ကာ စမတ်ဖုန်း(iphone၊ Blackberry၊ android) များ ပေါ်ပေါက်လာမှုနှင့်အညီ မိုဘိုင်းဖုန်းများအား ဖျော်ဖြေရေး ကိရိယာ၊ မှတ်စုစာအုပ်၊ အိတ်ဆောင် ကွန်ပျူတာအဖြစ် အသုံးပြုလာကြကာ မြန်မာနိုင်ငံသို့ လာရောက် သည့်ခရီးသွားများအတွက် စမတ်ဖုန်းများတွင် လမ်းညွှန်ဆော့ဖ်ဝဲ ထည့်သွင်းနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-27-2010, 09:38 AM
ပုဂ္ဂလိကဘဏ်အချို့ အွန်လိုင်း ဘဏ်စနစ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေ
http://www.news-eleven.com/images/stories/myanmar/mm/we5516.jpg
စင်ကာပူရှိ DBS ဘဏ်၏အွန်လိုင်း ၀န်ဆောင်မှုကို တွေ့ရစဉ်
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ အနေဖြင့် အွန်လိုင်းဘဏ်စနစ်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
နိုင်ငံတကာတွင် အွန်လိုင်းဘဏ်စနစ်များ တွင်ကျယ်လျက်ရှိပြီး ပြည်တွင်း၌လည်း ဘဏ်များ၊ ပြည်သူများအနေဖြင့် ယင်းစနစ်ကို မျှော်လင့်နေကြကြောင်း သိရသည်။
"အွန်လိုင်းဘဏ်စနစ်ရှိ လာရင် account တစ်ခုကနေအခြားတစ် ခုကိုငွေလွှဲတာ၊ စာရင်းထဲမှာရှိတဲ့ ငွေပမာဏထဲက လိုအပ်တဲ့ပမာဏကို ကိုယ့်ရဲ့Debit Card ထဲလွှဲပြောင်းတာ၊ အွန်လိုင်းကနေ Top up လှမ်းလုပ်တာ၊ အွန်လိုင်းကနေငွေ အပေးအယူ အလွှဲအပြောင်း ငွေချေတဲ့ကိစ္စရပ်တွေ တော်တော်များများကို လုပ်ဆောင်လာနိုင်မှာပါ။ One Time Password Generator ကထုတ်ပေး တဲ့ Password က တစ်ခါနဲ့တစ်ခါမတူဘဲ ပြောင်းလဲနေမှာဖြစ်ပြီး အင်တာနက်ကဖေးမှာ သွားသုံးလို့လည်း မလုံခြုံမှာမပူရပါဘူး။ အဲဒီစက်ရဲ့ တန်ဖိုးက ကျပ်သောင်းဂဏန်းပဲရှိပြီး ကတ်ကိုစက်ထဲထည့်လိုက်ရင် အွန်လိုင်းမှာရိုက်ရမယ့် Password ကို ထုတ်ပေးမှာဖြစ်တယ်"ဟု Micro Peacock မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် Account Balance Check ဟု ခေါ်သောကတ်အတွင်းရှိ ငွေပမာဏကို စစ်ဆေးနိုင်သောစက် ကိုမူ ဘဏ်မှလက်ဆောင်အဖြစ်ပေးဖွယ်ရှိပြီး ၄င်းစက်မှာ သက်ဆိုင်ရာကတ်အတွက်သာ သီးသန့်အသုံးပြု နိုင်ကြောင်းလည်းသိရသည်။
Fingerprint Scanner with Smartcard Reader စက်မှာမူကျပ် ၂ သိန်းကျော်ခန့်ရှိပြီး အွန်လိုင်းမှ Debit Card လုပ်နိုင်ခြင်း၊ စာရင်းမှငွေ များကို ကတ်အတွင်းသို့ လွှဲပြောင်းနိုင်ခြင်းများကို လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
Debit Card များ၏ ထုတ်ယူသုံးစွဲနိုင်သော ငွေပမာဏမှာ ဘဏ်စာရင်းရှိ ငွေပမာဏပေါ်မူတည်၍ အကန့်အသတ်ရှိမည်ဖြစ်ကြောင်း သိရသည်။
"ဘဏ်စနစ်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတစ်ခုလုပ် ဖို့ရှိပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘဏ်တွေကရော အသုံးပြုမယ့်သူတွေပါ တော်တော်စိတ်ဝင်စားနေကြတာ တွေ့ရပါတယ်"ဟု ကွန်ပျူတာပညာရှင် အသင်းမှ ဦးဇော်ဝင်းထွန်းကပြောကြားခဲ့သည်။
အွန်လိုင်းဘဏ်စနစ်တွင် လုံခြုံမှုရှိရန်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ၌ အွန်လိုင်းပေါ်တွင် ငွေကြေးပိုင်းဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများကြောင့် ငွေကြေးဆုံးရှုံးရမှုမှာ အများဆုံးဖြစ် နေကြောင်းစစ်တမ်းများအရ သိရသည်။
"ဒီမှာကဘဏ်ဆိုရင်ငွေလွှဲဖို့၊ ငွေစုဖို့လောက်ပဲအသုံးပြုရသလိုဖြစ် နေတယ်။ အဲဒါတွေလုပ်ဖို့ဘဏ်တွေ ကိုသွားရတဲ့အခါမှာလည်းမလိုအပ် တဲ့ကြန့်ကြာမှုတွေကြုံရတတ်တယ်။ ဘဏ်မှာငွေစုတဲ့ အလေ့အထမျိုး နည်းနေသေးပြီး ကတ်စနစ်တွေနဲ့ လည်းရင်းနှီးမှုနည်းနေသေးတယ်" ဟု ဘဏ်တွင် မကြာခဏငွေလွှဲလေ့ရှိ သူတစ်ဦးက ပြောပြခဲ့သည်။
@news-eleven.com

poohcartoon
09-27-2010, 09:44 AM
ကွန်ပျူတာပညာရှင် အသင်းဝင်သက်တမ်း သုံးလနှင့်အထက်ရှိသူ နိုင်ငံခြားလေ့လာရေး၌ ပါဝင်နိုင်
မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းတွင် အသင်းဝင်သက်တမ်း သုံးလနှင့် အထက်ရှိသူများ အနေဖြင့် နိုင်ငံရပ်ခြားပညာတော်သင်နှင့် လေ့လာရေးခရီးစဉ်များ ပေါ်ပေါက်လာပါက ပါဝင်နိုင်ကြောင်း မြန်မာ နိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ စုံစမ်း သိရှိရသည်။
"နိုင်ငံရပ်ခြား ပညာတော်သင် နှင့်လေ့လာရေးခရီးစဉ်တွေမှာ ပါဝင်နိုင်ဖို့အသင်းဝင်သက်တမ်းက အနည်းဆုံးသုံးလရှိရပါမယ်။ Active Member ဖြစ်ဖို့လိုပြီး လိုအပ်တဲ့ ရေးဖြေ နှုတ်ဖြေစာမေးပွဲတွေကို ဖြေဆိုရပါ မယ်။ နောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အခါ ခရီးစဉ်နဲ့ပတ်သက်ပြီး အတွေ့အကြုံတွေကို ပြန် လည်ရှင်းလင်းတင်ပြနိုင်ရပါမယ်။ ဒီအချက်တွေနဲ့ပြည့်စုံရင် ဒီအစီအစဉ် တွေမှာပါဝင်နိုင်ပါတယ်"ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသင်းဝင် ၂၂ ဦး ပါဝင်သောအဖွဲ့သည် ဇူလိုင်လ ၁၂ ရက်မှ ၂၂ ရက်နေ့ထိဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ခဲ့ကြောင်း လည်း သိရှိရပါသည်။
ဂျပန်အစိုးရ၏ ၂၁ ရာစုအရှေ့ အာရှလူငယ်ကျောင်းသား ချစ်ကြည်မှုဖလှယ်ရေး အစီအစဉ်ကြီး (JENE- SYS Programme) မှာ ၂၀၀၇ ခုနှစ် မှ ၂၀၁၂ ခုနှစ်ထိ ငါးနှစ်တာကာလ အတွင်း အကျုံးဝင်ကြောင်းလည်း သိရှိရသည်။
@news-eleven.com

poohcartoon
09-27-2010, 09:46 AM
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်မည့် နိုင်ငံတကာရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီအတွက် ၀န်ထမ်းများခေါ်ယူ
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်မည့် နိုင်ငံတကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ အတွက် ၀န်ထမ်းများ ခေါ်ယူလျက် ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီ၏ လုပ်ငန်းစဉ်များကို ၂၀၁၃ ခုနှစ်တွင်စတင် အကောင်အထည်ဖော်မည် ဖြစ်သော်လည်း ကျွမ်းကျင်ဝန်ထမ်းရရှိရန် လုပ်ငန်းမစတင်မီ လုပ်ငန်းဆိုင်ရာ သင်တန်းများ သင်ယူနိုင်ရန် ၀န်ထမ်းများအား ကြိုတင်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကုမ္ပဏီတွင် တာဝန်ထမ်းဆောင်မည့် ၀န်ထမ်းများ၏ လုပ်ငန်းခွင်အကြိုသင်တန်းအား UNITEAM MARINE ကုမ္ပဏီမှတာဝန်ယူသင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ခန့်အပ်ဝန်ထမ်းများ တက် ရောက်ရမည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သင်တန်းမှာနှစ်နှစ် နှင့် လေးလကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်စဉ် လစာနှင့် အခြားခံစားခွင့်ကိုပေးသွားမည်ဖြစ် သည်ဟု ဆိုသည်။ သင်တန်းအား မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် တက်ရောက်ရမည်ဖြစ်ကာ သင်တန်း တက်ရောက်ပြီးလျှင် လုပ်ငန်းခွင်သို့ တစ်ပါတည်း ၀င်ရောက်ရမည်ဖြစ် ကြောင်း သိရသည်။
"၂၀၁၃ မှာစမယ့် နိုင်ငံတကာ က ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီ ကြီးအတွက် ၀န်ထမ်းတွေခေါ်ဖို့၊ ဒီဝန်ထမ်းတွေကို လုပ်ငန်းမလုပ်ခင် လုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ သင်တန်းပေးနိုင်အောင် ကျွန်တော် တို့ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်တာပါ။ အမျိုးသား၊ အမျိုးသမီးဝန် ထမ်းအယောက် ၄၀ ခေါ်ယူသွားမှာ ပါ"ဟု UNITEAM MARINEကုမ္ပဏီမှ Administrative Manager ကိုဝေဖြိုးနိုင်က ပြောပြခဲ့သည်။
လုပ်ငန်းအတွေ့အကြုံနှစ်နှစ် ရှိပြီး မည်သည့်ဘာသာရပ်နှင့်မဆို အင်ဂျင်နီယာဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားစဉ် အသက် ၃၂ နှစ် မကျော်စေရကြောင်း သိရှိရသည်။ လျှောက်ထားသူသည် အင်္ဂလိပ်စာ အရည်အသွေး ကောင်းမွန်ရကာ ကွန်ပျူတာကျွမ်းကျင်ရမည် ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်ရှိသည့် မြန်မာနိုင်ငံသားဖြစ် ရမည်ဟု ဖော်ပြပါရှိသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများကို ကြေညာသွား မည်ဖြစ်ကြောင်းနှင့် ရွေးချယ်ခံရသူ များအား အဆင့်ဆင့်အင်တာဗျူး ထပ်မံ ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်ပါက ၀န်ထမ်းအဖြစ် သင်တန်းတက်ရောက် ရမည် ဖြစ်ကြောင်းသိရသည်။
@news-eleven.com

poohcartoon
09-27-2010, 09:51 AM
မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ လူထုအခြေပြုကျန်းမာရေး စောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိ
မန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုး ရေးအသင်း(BDA)မှ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ အတွက် ဆေးခန်းလေးခု ဖွင့်လှစ်၍ ကျေးရွာလူထုအား အခမဲ့ဆေးကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။
အခမဲ့ဆေးခန်းများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကာယ ကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ၀ဲကြီးအောင်မင်္ဂလာရွာ၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲ မြို့နယ်အတွင်းရှိ သပြုကုန်းကျေးရွာ နှင့်မှော်ဘီကျေးရွာတို့တွင် ဖွင့်လှစ် ထားရှိကြောင်း သိရှိရပါသည်။
"ဆေးခန်းတွေမှာ တစ်ပတ်ကို တစ်ရက် အထွေထွေရောဂါကု ဆရာဝန်ကြီးတွေထားရှိပြီး ရွာသူရွာသားတွေကို ဆေးကုသပေးလျက် ရှိပါတယ်။ နေ့တိုင်းတော့ သူနာပြု ဆရာမတစ်ဦးနဲ့ ကျေးရွာကျန်းမာရေး လုပ်အားပေးနှစ်ဦးရှိပါတယ်။ အခမဲ့ ဆေးကုသပေးနေတဲ့အပြင် လိုအပ်ရင် လိုအပ်သလို မြို့ဆေးခန်းတွေနဲ့ ရန်ကုန်ဆေးရုံကြီးတွေကိုလည်း ပေးပို့ ကုသပေးနေပါတယ်"ဟု မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးတင့်က ပြော ပြခဲ့သည်။
အဆိုပါနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် လုပ်သားပြည်သူများ၏လူမှုရေး၊ စီးပွားရေး မြှင့်တင်နိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များ ပညာရေး၊ ကျန်းမာရေး၊ စိုက် ပျိုးရေးမွေးမြူရေး၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် မူးယစ်အန္တရာယ် တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ @news-eleven.com

poohcartoon
09-27-2010, 10:00 AM
တီဘီဆေးယဉ်ပါးခြင်း ရှိ မရှိကို ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ ဓာတ်ခွဲခန်းများတွင် အချိန်တိုအတွင်း အခမဲ့စစ်ဆေးနိုင်
http://www.news-eleven.com/images/stories/myanmar/mm/we5515.jpg
အောင်ဆန်းတီဘီဆေးရုံဝင်းအတွင်းရှိ အမျိုးသားမှီငြမ်းပြု တီင်္ဘီဓာတ်ခွဲဌာန
တီဘီဝေဒနာရှင်များတွင် ဆေးယဉ်ပါးသော တီဘီရောဂါဖြစ်ပွားခြင်းရှိ မရှိနှင့် မည်သည့် တီဘီဆေးဖြင့် ယဉ်ပါးမှုရှိနေခြင်းကို စစ်ဆေးပေးနိုင်သည့် ဇီဝလုံခြုံမှုအဆင့်(၃)ရှိ ဓာတ်ခွဲခန်းကို ရန်ကုန်နှင့်မန္တလေးတိုင်း ဒေသကြီးတို့တွင် စတင်ဖွင့်လှစ် ပေးလျက်ရှိရာ တီဘီဝေဒနာရှင်များ အခမဲ့လာရောက် စစ်ဆေးနိုင်ကြောင်း အမျိုးသားတီဘီ တိုက်ဖျက်ရေးစီမံကိန်း မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ဆေးဘက်ဆိုင်ရာ ဓါတ်ခွဲခန်းများကိုအဆင့်(၄)ဆင့် ခွဲခြားထားပြီး အဆိုပါအဆင့်လေးဆင့်မှာ ဇီဝလုံခြုံ မှုအဆင့်(Bio-safety level 1,2,3,4) တို့ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပေးထားသည့် ဓာတ်ခွဲခန်း အမျိုးအစားသည် Bio-safety level - 3 (BSL-3) ဖြစ်ပြီး Foundation for Innovative New Diagnostics (FIND) အထောက်အပံ့ဖြင့် ဖွင့်လှစ်သော BSL-3 အဆင့်ရှိ ဓာတ်ခွဲခန်းများ အနက် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ပထမဦးဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။
အဆိုပါ BSL-3 ဓာတ်ခွဲခန်းကို Expand TB တွင်ပါရှိသော Foundation for Innovative New Diagnostics(FIND), Global, Laboratory Initiative (GLI) ,Global Drug Facility (GDF) , UNITAID တို့မှ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းကိုရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အောင်ဆန်း တီဘီဆေးရုံဝင်းအတွင်းရှိ အမျိုးသားမှီငြမ်းပြု တီဘီဓာတ်ခွဲဌာနနှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့ရှိ တိုင်းတီဘီရောဂါတိုက်ဖျက်ရေးဌာန ၀င်းအတွင်း တီဘီဓာတ်ခွဲဌာန တို့တွင် ဖွင့်လှစ်ပေးထားပြီး အခမဲ့စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ ဆေးယဉ်ပါး တီဘီဝေဒနာရှင်ဦးရေ ၂၅၀၀ ရှိပါတယ်။ အရင်တုန်းက တီဘီဝေဒနာရှင်တွေမှာ ဆေးယဉ်ပါးတဲ့ တီဘီရှိမရှိ လူနာရဲ့သလိပ်နမူနာကို ပိုးမွှားစာအခဲ (solid culture) နဲ့ပိုးမွေးယူပြီး ဆေးယဉ်ပါးမှု ရှိမရှိ စမ်းသပ်တာကို ပြုလုပ်ရတယ်။ အဲလိုလုပ်ရင်အချိန် က သုံးလလောက်ကြာပြီးမှ ဆေးယဉ် ပါးရှိမရှိအဖြေကို သိရတယ်၊ အခုဆိုရင် ဓာတ်ခွဲခန်းက ပိုးမွှားစာအရည် (Liquid culture) ကို MGIT စက် အသုံးပြုပြီး စစ်ဆေးမယ်ဆိုရင် အချိန်သုံးပတ်အတွင်းမှာ ဆေးယဉ်ပါးမှု ရှိ မရှိအဖြေကို သိရတယ်။ Molecular နည်း (Line Probe Assay) နဲ့ စစ်ဆေးမယ်ဆိုရင် သုံး ရက်အတွင်း ဆေးယဉ်ပါးခြင်းရှိ မရှိ ကိုသိနိုင်ပါတယ်။ လူနာသလိပ်ကို အဏုကြည့်မှန်ဘီလူးနဲ့ စစ်ဆေးလို့ ပိုးမတွေ့ရင် ဆေးယဉ်ပါးရှိမရှိ သေချာအောင် Line Probe Assay နဲ့ ဆက်လက် စစ်ဆေးပေးပါတယ်" ဟု အမျိုးသား တီဘီတိုက်ဖျက်ရေးစီမံ ကိန်း(NTP) မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အောင်ဆန်း တီဘီဆေးရုံဝင်းအတွင်းရှိ အမျိုးသားမှီငြမ်းပြု တီဘီဓာတ်ခွဲ ဌာန(BSL-3) ဓာတ်ခွဲခန်းကို မြန်မာ နိုင်ငံအောက်ပိုင်း ပြည်နယ်/တိုင်း ဒေသကြီးများမှ ဝေဒနာရှင်များ လာရောက်စစ်ဆေးနိုင်ပြီး မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တီဘီဌာနရှိ ဓာတ်ခွဲခန်းတွင် မြန်မာနိုင်ငံအထက်ပိုင်းရှိ ပြည်နယ်/တိုင်း ဒေသကြီးများမှ ဝေဒနာရှင်များ လာရောက်စစ်ဆေးနိုင်ကြောင်း သိရ သည်။
@news-eleven.com

poohcartoon
09-27-2010, 10:10 AM
လာမည့်နှစ်အတွင်း ရထားလမ်းနှင့် ကားလမ်းတစ်လျှောက်ရှိ မြို့များ၌ မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းများ ပိုမိုချထားပေးသွားမည်
လာမည့်နှစ်အတွင်း ရထား လမ်းနှင့်ကားလမ်းတစ်လျှောက်ရှိ မြို့များတွင် မိုဘိုင်းဖုန်းနှင့်ကြိုးဖုန်းများကို ပိုမိုချထားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
"ပြီးခဲ့တဲ့နှစ်တွေမှာ ပြည်နယ်နဲ့တိုင်းအသီးသီးက မြို့တော်တွေ၊ အဓိကမြို့ကြီးတွေမှာ မိုဘိုင်းဖုန်းနဲ့ ကြိုးဖုန်းတွေအဓိက ချထားပေးခဲ့ပါတယ်။ ရှေ့လာမယ့် ၂၀၁၁ ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ အဓိကမြို့ကြီးတွေမဟုတ်တဲ့ မြို့အားလုံးနဲ့ရထားလမ်းနဲ့ ကားလမ်း တစ်လျှောက်မှာရှိတဲ့ မြို့တွေမှာ မိုဘိုင်းဖုန်းတွေပိုမိုချထားပေးဖို့ အစီအစဉ် ရှိပါတယ်"ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများ တိုးချဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်း ၆၀၀ တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်း၊ ဧရာဝတီ အနောက်ဘက်ခြမ်းဒေသနှင့် နယ်စပ်ဒေသတို့တွင် မိုက္ကရိုဝေ့ဗ်ဆက် ကြောင်းသစ်များ တည်ဆောက်ခြင်း၊ အာရှ-ဥရောပ ရေအောက်ကေဘယ်လ်စီမံကိန်း (SMW3)၊ နယ်မြို့ များတွင် ဒစ်ဂျစ်တယ်အော်တို အိတ်ချိန်းသစ်များ တည်ဆောက်ခြင်း စီမံကိန်း၊ ဂျီအက်စ်အမ်မိုဘိုင်းစနစ် တည်ဆောက်ခြင်း၊ ပဲခူး၊ ထားဝယ်၊ တောင်ကြီး၊ အော်တိုအိတ်ချိန်း တည်ဆောက်ခြင်း စီမံကိန်းစသည့် အစီအစဉ်များကိုလည်း ဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။
"လက်ရှိအချိန်မှာ ရန်ကုန် တိုင်းအတွင်း ကြိုးဖုန်းတွေနေရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ CDMA-800 ဖုန်းတွေကို အလုံးရေ နှစ်သိန်း အထိချထားပေးဖို့ စီစဉ်နေပါတယ်။ဒီဖုန်းတွေအပြင် တခြားဂျီအက်စ်အမ်၊ ကမ်းရိုးတန်းဖုန်းတွေကို ဆက်လက် ချထားပေးနေပါတယ်။ ဒါ့ကြောင့် ဒီနှစ်အတွင်းမှာ တစ်နိုင်ငံလုံး တယ် လီဖုန်း သုံးစွဲနိုင်သူဦးရေ ၂သန်းဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။စီမံချက်တွေအရ ၂၀၁၁နှစ်ကုန်ပိုင်းမှာ မိုဘိုင်းဖုန်းအရေအတွက် သုံးသန်းဝန်း အထိရှိလာအောင် ချထားပေးဖို့ရှိပါတယ်"ဟု ၎င်းက ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
09-27-2010, 10:16 AM
ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ရာတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း သိရ
http://www.news-eleven.com/images/stories/myanmar/mm/we5512.jpg
ရန်ကုန်မြို့တွင် မကြာမီ အသုံး ပြုခွင့်ရတော့မည့် ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ခြင်းတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။
ဖိုင်ဘာဖြင့် အင်တာနက်ချိတ် ဆက်ရာတွင် IPTV, VoIP ဖုန်းနှင့် အင်တာနက် သုံးမျိုးလုံး အသုံးပြုမည်ဆိုပါက ကနဦးတပ်ဆင်ခမှာ ကျပ်ကိုးသိန်းဖြစ်ပြီး အင်တာနက်နှင့် VoIP ဖုန်းနှစ်မျိုးသာ အသုံးပြုလျှင် ကနဦးတပ်ဆင်ခမှာ ကျပ်ခုနစ်သိန်းခွဲ ဖြစ်ကြောင်း သိရသည်။ အသုံးပြုမည့်သူ ရွေးချယ်သုံးစွဲနိုင်သော မြန်နှုန်းငါးမျိုး သတ်မှတ်ထားပြီး လစဉ်ကြေးမှာ ကွာခြားမည်ဟု သိရသည်။ Bandwidth- 512 Kbps အတွက် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၄၀ ဖြစ်ပြီး 1 Mb မှာ အက်ဖ်အီးစီ ၇၅၊ 2 Mb မှာ အက်ဖ်အီးစီ ၁၂၅၊ 4 Mb ဆိုပါက အက်ဖ်အီးစီ ၂၇၅၊ အမြင့် ဆုံး 8 Mb ဖြင့် အသုံးပြုမည်ဆိုလျှင် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၅၅၀ ဟု နှုန်းထားများ သတ်မှတ်ထား ကြောင်းသိရသည်။ ထို့ပြင်နှစ်စဉ်ကြေး မှာ ကျပ်ခြောက်သောင်းဖြစ်သည်။
" ၀န်ဆောင်မှုသုံးမျိုးလုံး အသုံးပြုမယ်ဆိုရင် IPTV အတွက် Setup Box တစ်ခုထားရှိရမှာဖြစ်ပြီး Free Channel တွေကို အခမဲ့ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ Pay Channel တွေလည်း သီးသန့်ရှိဦးမှာ ဖြစ်ပြီး Package အလိုက် အခကြေးငွေနဲ့ ရွေးချယ်သုံးစွဲနိုင်မှာပါ။ သုံးစွဲသူ အများစုရှိမယ့် ကွန်ဒို၊ ဈေးဝယ်စင်တာစတဲ့ နေရာမျိုးတွေမှာ တပ်ဆင်မယ်ဆိုရင် အကောင်အထည်ဖော်ရတာ ပိုမြန်မှာပါ။ နေရာအနေအထားပေါ် မူတည်ပြီး သွယ်တန်းလို့ရ၊ မရဆိုတာ လည်း အကန့်အသတ် ရှိနိုင်ပါတယ်" ဟု RedLink ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် မန္တလေးမြို့တွင် လျှောက်လွှာများ စတင်လက်ခံနေပြီး အောက်တိုဘာ ၁၇ ရက်နေ့မှစ၍ သုံးစွဲခွင့်များ စတင်ချပေးသွားမည်ဟု သိရသည်။
ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် ကုမ္ပဏီခြောက်ခု မှလုပ်ကိုင်ခွင့်များရရှိထားပြီး ရန် ကုန်မြို့၌ ယခုနှစ်မကုန်မီ အသုံးပြုခွင့်ရမည်ဟုလည်း သိရသည်။
@news-eleven.com

poohcartoon
09-27-2010, 10:21 AM
နိုင်ငံတကာ ကျောက်မျက်ပြပွဲများတွင် ကျောက်စိမ်းမှလွဲ၍ အခြားတန်ဖိုးမြင့် ကျောက်မျက်များရောင်းချရမှု နည်းပါးလာ
http://www.news-eleven.com/images/stories/myanmar/mm/we5511.jpg
ထိုင်းနိုင်ငံ ဘန်ကောက်တွင် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိကျင်းပခဲ့သည့် ၄၆ ကြိမ်မြောက် နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲသို့ မြန်မာနိုင်ငံမှ ကျောက်မျက်လုပ်ငန်းရှင်များတက် ရောက်ခဲ့ပြီး ယခင်ကထက် ၀ယ်လိုအား ထက်ဝက်နီးပါးလျော့ကျခဲ့မှု ဖြင့်ကြုံခဲ့ရကြောင်းသတင်းရရှိပါ သည်။
ယခုနှစ်အတွင်း ကျင်းပသည့် နိုင်ငံတကာ ကျောက်မျက်ပြပွဲများ တွင် ကျောက်စိမ်းမှလွဲ၍ အခြားအဖိုးတန် ကျောက်မျက်များ ၀ယ်လိုအား မှာ ပြပွဲများတွင် သိသိသာသာလျော့ နည်းလာခဲ့သည်ဟု သိရသည်။
"သီရိလင်္ကာပွဲတုန်းကလည်း ၀ယ်လိုအားနည်းတယ်။ အခုဘန်ကောက်ပွဲမှာလဲ ၀ယ်လိုအားကအရင်ထက် ထက်ဝက်လောက်ကိုကျ သွားတယ်"ဟု ကျောက်မျက်လုပ် ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
အထူးသဖြင့် နိုင်ငံတကာမှ ကုန်သည်များ လာရောက်မှုနည်းပါး သွားခြင်းကြောင့် ၀ယ်လိုအားကျ ဆင်းသွားမှုဖြင့် ကြုံခဲ့ရခြင်းဖြစ်သည်ဟုလည်း ကျောက်မျက်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံမှ သဘာဝတွင်းထွက် ကျောက်မျက်အမျိုးအစားများ (သဘာဝကျောက်မျက်အတိုင်း)ကို သာ အဓိကပြသခဲ့ကြပြီး ဒီဇိုင်းပြု လုပ်ထားသော အထည်များပြသမှု နည်းပါးခဲ့ကြောင်း သိရသည်။
"မြန်မာက ၆ ဖွဲ့သွားတယ်။ ပြခန်း ၆ ခန်းယူပြီး ပြသတယ်။ ဒီနှစ် ၀ယ်လိုအားရော နိုင်ငံတကာကုန် သည် လာရောက်မှုပါ ထက်ဝက်လောက် လျော့ကျတယ်။ ထိုင်းမှာ နှစ်တိုင်းပုံမှန်ကျောက်မျက်ပွဲ ၂ ပွဲ လုပ်တယ်။ ဖေဖော်ဝါရီတုန်းက လာတဲ့သူလည်းများတယ်၊ ၀ယ်လိုအားလည်း ကောင်းခဲ့တယ်။ အခု စက်တင်ဘာပွဲကတော့ ဖေဖော်ဝါရီနဲ့ ယှဉ်ရင်လည်း ထက်ဝက်လောက်ကျ သွားတယ်လို့ ပြောရမှာပဲ"ဟု ပြပွဲ သွားရောက်ခဲ့သူ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
"နိုင်ငံတကာကုန်သည်တွေ လာတာလျော့သွားလို့ ဖြစ်ကြတာပါ။ ဘန်ကောက်မှာလုပ်တဲ့ ကျောက်မျက်ပွဲတိုင်းကို လာလေ့ရှိတဲ့ နိုင်ငံတွေက လာနေကျ ကုန်သည်တွေတောင် ဒီနှစ်လာတာ နည်းသွားတယ်။ ဥပမာ-တရုတ်နိုင်ငံက ကုန်သည်တွေဆို ကျောက်မျက်ပွဲတိုင်းကို လာကြတာများတယ်။ ဒီနှစ် တရုတ် ကကုန်သည်တွေတောင် လာတာ နည်းသွားတယ်။ ဒါကြောင့် ၀ယ်လိုအားလည်း ကျသွားတယ်။ အော်ဒါ တော့ရတယ် ဒါပေမဲ့ ကျွန်မတို့ အာမ မခံနိုင်တဲ့ အော်ဒါမျိုးတွေ ဖြစ်နေပြန်ရော။ ဥပမာ-ကျောက်မျက်ဆိုရင် ၃ ကာရက်၊ ၅ ကာရက် အရည်အသွေး လိုချင်တယ်လို့မှာတယ်။ ဒါတွေကျတော့ အာမခံဖို့ခက်တယ်၊ တွင်းက သူထွက်ချင်တဲ့ အရည်အသွေးထွက်တာ။ မှန်းထားလို့မရလို့ လက်မခံရဲဘူး ဖြစ်ပြန်ရော။ ဒီဇိုင်းနဲ့ကျတော့ လည်း စိတ်မ၀င်စားပြန်ဘူး၊ သူတို့ က ကျောက်မျက်ကို ၀ယ်တယ် သူတို့ဟာသူတို့ ဒီဇိုင်းပြန်လုပ်တာကိုပဲ စိတ်ဝင်စားကြတယ်လေ။ ဒါကြောင့် လည်း ဒီပွဲမှာ ဒီဇိုင်းနဲ့လုပ်ထားတာ သိပ်မယူသွားကြဘဲ သဘာဝ ကျောက်မျက်တွေပဲအများဆုံးယူ သွားတာပါ"ဟု ပြပွဲသွားရောက်ပြသခဲ့သူ New Ray ကျောက်မျက်ရတနာလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-27-2010, 10:24 AM
အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် ကုလားတန် မြစ်ကြောင်း စီမံကိန်း ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဖောက်လုပ်မည်ဟု သိရ
အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သော ကုလားတန်မြစ်ကြောင်း စီမံကိန်းကိုပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် နောက်ပိုင်း အိန္ဒိယနိုင်ငံမှ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ မကြာခဏ လာရောက်လေ့လာခဲ့ကြရာ ၂၀၁၃ ခုနှစ်တွင် အပြီးတိုင်ဖောက်လုပ် သွားနိုင်မည့် အနေအထားတွင်ရှိသည့်အပြင် ကုလားတန်မြစ်ကြောင်း တစ်လျှောက် မီဇိုရာမ်ပြည်နယ်မှ စစ်တွေအထိ လိုအပ်သော လုပ်ဆောင်ချက်များအပေါ် အမေရိကန် ဒေါ်လာသန်း ၅၀၀ အထိ အိန္ဒိယ မှ အကုန်အကျခံ ပြုလုပ်သွားမည်ဖြစ်ကြောင်း မီဇိုရာမ်ပြည်နယ်အုပ်ချုပ် ရေးမှူး Mr. A. R. Kohli က ပြောကြားခဲ့ကြောင်း နယူးဒေလီသတင်း စာတွင် ဖော်ပြထားသည်။
အဆိုပါလမ်းကြောင်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက် ကုန်းတွင်းပိတ်ဒေသများမှ ထွက်ရှိလာသော ကုန်စည်များကို ပလက်ဝနှင့် ကျောက်တော်မြို့များသို့ ဖြတ်လျက် စစ်တွေဆိပ်ကမ်းအထိ သယ်ယူ နိုင်ရန်ဖြစ်ပြီးအိန္ဒိယနိုင်ငံ၏အခက် အခဲတစ်ရပ်ကိုဖြေရှင်းပေးသွားနိုင်ရန် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံရေကြောင်း မှကုန်သွယ်နိုင်ရေးအတွက် အရေးပါသောလမ်းကြောင်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။ ထိုကုန်စည်များ တစ်ထောက်ရပ်နားနိုင်မည့် စစ်တွေဆိပ်ကမ်းတစ်ခုကိုလည်း အမေရိကန်ဒေါ်လာသန်း ၁၂၀ အကုန်အကျခံ ဆောက်လုပ်သွားမည်ဖြစ်သည်။
ပထ၀ီအနေအထားအရ အိန္ဒိယ နိုင်ငံ၏အဝေးပြေးလမ်းမကြီး ၅၄ နှင့်ဆက်စပ်နိုင်သည့် ၆၂ ကီလိုမီတာ ကွာဝေးသော Lawnghai မှ စက်ပစ်ပြင်အထိ ကားလမ်းတစ်ခုကို ဖောက်လုပ်ရမည်ဖြစ်ပြီး စက်ပစ်ပြင်မှတစ် ဆင့် စစ်တွေအထိ ၂၂၅ ကီလိုမီတာ အရှည်ရှိသော ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိသောင်များကိုလည်း သင်္ဘောများသွားလာနိုင်သည်အထိ လိုအပ်သလို တူးဖော်သွားမည် ဖြစ်သည်ဟုသိရသည်။ ယင်းသို့ ပြုလုပ်ခြင်းတွင် ပထမအချက်အနေဖြင့် အိန္ဒိယအရှေ့မြောက် ပြည်နယ်သည် စီးပွားရေးအရ အရှေ့တောင် အာရှနိုင်ငံများနှင့် ချိတ်ဆက်မိနိုင်ရုံ သာမက ရခိုင်မှ ထွက်ကုန်များကို လည်းအိန္ဒိယသို့ လွယ်ကူချောမွေ့စွာ တင်ပို့နိုင်မည်ဖြစ်သည်။ ယင်းအပြင် စစ်တွေဆိပ်ကမ်းကိုလည်း ကြားဆိပ်ကမ်းတစ်ခုအဖြစ် အသုံးပြုကာ ဧရာဝတီနှင့် ရန်ကုန်ဆိပ်ကမ်းများ သို့ဆက်သွယ်နိုင်ရုံသာမက စစ်တွေ မှကုန်သည်ကြီးများ အနေဖြင့်လည်း ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများ နှင့်ကျယ်ပြန့်သော ကုန်သွယ်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ကုလားတန်ရေကြောင်း ပို့ဆောင်ရေးသည် အိန္ဒိယနယ်စပ်မြို့များဖြစ်သော Nagaland Manipur၊ Mizoram နှင့် Tripura များနှင့် အိန္ဒိယအရှေ့ပိုင်း ကုန်သွယ်ရေးကို ထက်ဝက်ခန့်လျှော့ ချသွားနိုင်မည်ဖြစ်သည်။ ခန့်မှန်း ခြေအားဖြင့် Aisawl-Bilchar-Siliguria-Kolkata တို့သည် ကီလို ၁၇၀၀ ရှည်သော်လည်း Lawngtlai မှ Kolkata အထိ ၆၅၀ ကီလိုမီတာ ကွာဝေးပြိး Kolkata မှ စစ်တွေအထိ ၅၈၉ ကီလိုမီတာ ရှည်လျားကြောင်းလည်း သိရသည်။
ယင်းအတွက် သယ်ယူစရိတ် လျှော့ချနိုင်မှုများကို အလေးထားဆောင်ရွက်ရန် အိန္ဒိယကကြိုးပမ်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အိန္ဒိယနှင့်ကုန်သွယ်မှု တိုးမြှင့်ရေးကို လုပ်ဆောင်သွားနိုင်တော့မည် ဖြစ်သည်။ အလားတူ စီးပွားရေးဖွံ့ ဖြိုး တိုးတက်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း အထူးစက်မှုဇုန်များပါ အပါအ၀င် အခြားစီးပွားရေးဖွံ့ဖြိုးမှုများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်တွေမှ ပလက်ဝအထိ ယခင်က ပြည်တွင်းရေကြောင်း သင်္ဘောများပြေးဆွဲခဲ့သော်လည်း ယခုအခါ မြစ်ကြောင်း တိမ်ကောမှုကြောင့် သင်္ဘောများပြေးဆွဲမှု မရှိတော့ကြောင်း၊ သို့သော်လည်း ကျောက်တော်-ပလက်ဝ ကား လမ်းတစ်ခုကို ဖောက်လုပ်လျက်ရှိကြောင်းလည်း သိရှိရသည်။ ရခိုင် ပြည်နယ်မှ ကုန်စည်အချို့ကို နယ်စပ်သို့ တင်ပို့ ရောင်းချ နေကြသကဲ့သို့ မြောက်ဦးမြို့နယ်မှ ၀က်များကိုလည်း အိန္ဒိယနယ်စပ်သို့ တင်ပို့ရောင်းချ နေကြောင်းလည်း သိရသည်။
ကုလားတန်မြစ်ကြောင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာပါက ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယကို စီးပွားရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်တော့မည် ဖြစ်ရာ ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးကို ဒေသခံ ကုန်သည်များ မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
@news-eleven.com

poohcartoon
09-27-2010, 02:02 PM
ကျောက်ဆည်မြို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် ဆင်အလှူပွဲတော် ကျင်းပရန် စီစဉ်
နှစ်စဉ် ကျင်းပမြဲဖြစ်သော ကျောက်ဆည်မြို့၏ အထင်ကရပွဲတော် တစ်ခုဖြစ်သည့် ဆင်အလှူပွဲတော်ကို လာမည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါ ပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
''ကျွန်တော်တို့ ကျောက်ဆည်မြို့ရဲ့ အထင်ကရပွဲ တစ်ခုဖြစ်တဲ့ ကျောက်ဆည် ဆင်အလှူပွဲတော်ကို လာမယ့် လ ၂၂ ရက်နေ့(သီတင်းကျွတ် လပြည့်နေ့ မတိုင်ခင်တစ်ရက်)မှာ ကျင်းပသွားမှာ ဖြစ်တဲ့အတွက် အခုလိုအပ် တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေပါသည်။ ၀င်ရောက် ယှဉ်ပြိုင်သွားကြမယ့် ဆင်အဖွဲ့တွေကလည်း ယခင်နှစ်က ပြိုင်ပွဲဝင်ခဲ့တဲ့ ဆင်ရုပ်တွေကို ပြန်လည် ပြုပြင်မှုတွေ ပြုလုပ်နေပြီး တချို့ ဆင်အဖွဲ့တွေကတော့ ဆင်ရုပ်အသစ်တွေန့ ပြိုင်ပွဲဝင်သွား မှာမို့လို့ အရုပ်သစ်တွေကို ပြုလုပ်နေကြပါတယ်။ ဆင်ရုပ်အသစ်တစ်ရုပ်ကို တစ်သိန်းကျပ်ကနေ တစ်သိန်းခွဲကျပ်အထိ ကုန်ကျနိုင်ပြီးတော့ တစ်ပတ်လောက်အထိ ကြာတတ်ပါတယ်''ဟု ကျောက်ဆည် ဆင်ပွဲတော်တွင် ဒိုင်အဖြစ် တာဝန်ယူထားသော ကိုဇော်သူဟိန်းက ပြောပါသည်။
ဆင်အလှူပွဲတော်တွင် ဆင်ပြိုင်ပွဲလေးရပ် ပါဝင်ကျင်းပသွားမည် ဖြစ်ပြီး သက်ကြီးဆင်ပြိုင်ပွဲ၊ ရိုးရာ ဆင်ပြိုင်ပွဲ၊ ဘော်ကြယ် ဆင်ပြိုင်ပွဲနှင့် ကလေးဆင်ပြိုင်ပွဲတို့ ဖြစ်ကြောင်း၊ ယခင်နှစ်က စုစုပေါင်း ပြိုင်ပွဲဝင် ဆင်ကောင်ရေ ၁၄ ကောင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး ကဆိုသည်။
အနော်ရထာမင်းကြီး လက်ထက်က ရွှေသာလျောင်း တောင်ပေါ်တွင် ရွှေသာလျောင်းစေတီ တည်ထားခဲ့ပြီး သီတင်းကျွတ် လပြည့်နေ့တိုင်း ဆွမ်းတော်ကြီး ကပ်လှူပွဲနှင့် ဆင်အလှူပွဲတော်ကို နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လာခဲ့ကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
09-28-2010, 09:52 AM
အိမ်ခြံမြေဈေးကွက်၏ ပြယုဂ်ဖြစ်သော လုံးချင်းအိမ်ခြံမြေနှင့် စက်မှုဇုန် မြေကွက်များ တစ်နှစ်အတွင်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ မြင့်တက်
http://www.news-eleven.com/images/stories/main/we5513.jpg
အိမ်ခြံမြေဈေးကွက်၌ အရောင်းအ၀ယ် သိသိသာသာ မြင့်တက်ခဲ့ သော်လည်း သြဂုတ်လ ၅ ရက်နေ့၌ အခွန်စနစ် သက်တမ်းတိုးပေးလိုက်ပြီး နောက်ပိုင်း အရောင်းအ၀ယ် ပြန်အေးသွားကြောင်းနှင့် ငွေကြေးဈေး ကွက်အတွင်း အပြောင်းအလဲအချို့ ရှိနေခြင်းမှာလည်း ယင်းသို့ အိမ်ခြံမြေဈေးကွက် အေးသွားရခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဒီနှစ် အိမ်ခြံမြေဈေးကွက်မှာ ဇူလိုင်လက အရောင်းအ၀ယ် အကောင်းဆုံးပဲ အထူးသဖြင့် စက်မှုဇုန်မြေကွက်တွေ အရောင်းအ၀ယ်ဖြစ်တယ်။ အခွန် စနစ်က သက်တမ်းတိုးမတိုး မသိရသေးတဲ့အခါမှာ ဇူလိုင်လမှာ တွန်း ပြီး ၀ယ်ထားကြတယ်။ ဒါပေမယ့် သြဂုတ်လမှာ သက်တမ်းတိုးပေးတဲ့အတွက် အရှိန်နည်းနည်းကျသွားသလို ငွေကြေးဈေးကွက်အတွင်းမှာ ပြည်ပပို့ကုန်ကရငွေ(earning) ဈေးတွေ၊ ဒေါ်လာဈေးတွေ၊ ရွှေဈေးပါ ကျဆင်းသွားတဲ့အတွက် အရောင်းအ၀ယ် အေးသွားတယ်။ ဒါပေမယ့် ကုန်ခဲ့တဲ့ သုံးလေးရက်လောက်က အမေရိကန်ဒေါ်လာ ဈေးပြန်တက်လာပြီး တစ်ဒေါ်လာကို ကျပ် ၉၇၀ လောက် ဖြစ်လာတယ်။ အခု ကမ္ဘာ့ ရွှေဈေးကလည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၂၇၉ ဒေါ်လာ ဈေးပေါက်လာတော့ မြန်မာ့ရွှေဈေးလည်း ပြန်လိုက်တက်လာပြီး တစ်ကျပ်သားကို ကျပ် ၆၅၀၀၀၀ ဈေးလောက် ပေါက်သွားတဲ့အခါရွှေကိုင် ထားတဲ့လူတွေ ငွေပြန်ရတာ ကောင်းသွားတဲ့အတွက် အိမ်ခြံမြေဘက်ကို နည်းနည်း ပြန်လိုက်လာတယ်"ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာဦးသန်းဦးက ပြောကြားခဲ့သည်။
အိမ်ခြံမြေဈေးကွက်တွင် တစ်နှစ် နှင့်တစ်နှစ် အိမ်ခြံမြေ ဈေးကွက်လှုပ်သည့်ကာလ မတူခဲ့ကြောင်းနှင့် ယခုနှစ်တွင် ဇူလိုင်လတွင် အကောင်းဆုံးဖြစ်သော်လည်း ၂၀၀၉ ခုနှစ်တွင် ဇွန်လ၌ အိမ်ခြံမြေ ဈေးလှုပ်ခတ် ခဲ့ပြီး သိန်းသောင်းဂဏန်းဝန်းကျင် မြေကွက်များအရောင်းအ၀ယ် ဖြစ်ခဲ့ ကြောင်းနှင့် သြဂုတ်လတွင် အနည်း ငယ်ပြန်ငြိမ်သွားရာမှ နိုဝင်ဘာလတွင် အရောင်းအ၀ယ် ပြန်လိုက်လာကြောင်း၊ ထိုကာလမှစ၍ တဖြည်းဖြည်းအရှိန် ယူလာသော အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် အမြင့် ဆုံးကို ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးကွက်တစ်ခုလုံး ခြုံ၍ကြည့်ပါက လုံးချင်းအိမ်ခြံမြေ ဈေးကွက်နှင့် စက်မှုဇုန်မြေကွက်များ ဈေးမြင့်တက်ခဲ့သော်လည်း ကွန်ဒိုနှင့် တိုက်ခန်းဈေးနှုန်းများ အနည်းငယ်သာ မြင့်တက်ခဲ့ကြောင်း လည်း သိရှိရသည်
ဈေးကွက်တစ်ခုလုံးခြုံ၍ကြည့် ပါက လုံးချင်းအိမ်ခြံမြေဈေးကွက် နှင့် စက်မှုဇုန်မြေကွက်များ ဈေးမြင့်တက်ခဲ့သော်လည်း ကွန်ဒိုနှင့်တိုက်ခန်း ဈေးနှုန်းများ အနည်းငယ်သာ မြင့်တက်ခဲ့ကြောင်းလည်း သိရှိရသည်။
အလားတူ ယခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ လာရောက်၍ ရုံးခန်းဖွင့်ရန် စားသောက်ဆိုင်ဖွင့်ရန်နှင့် Show Room များအတွက် ငှားရမ်းမှုများ ရှိလာကြောင်း သိရှိရသည်။
"အခုဒေါ်လာဈေးလေး ပြန်တက်လာတယ်။ သွင်းကုန်နဲ့ပတ်သက်ပြီး လိုင်စင်ကိစ္စလေးတွေအဆင် ပြေချောမွေ့လာတယ်ဆိုတော့ ဈေးကွက်အနေအထားကောင်းလာ နိုင်တယ်လို့တော့ မျှော်လင့်ပါတယ်"ဟု အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်တစ်ဦးက ပြောပြခဲ့သည်။
အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်ပြီး ထင်ထင်ရှားရှား ဥပမာပြရရင် ဗဟန်းလုံးချင်း အိမ်ခြံမြေကွက် တစ်ကွက်ရဲ့ပေါက်ဈေးက ၂၀၀၉ ခုနှစ် ကတစ်စတုရန်းပေကို ကျပ်တစ်သိန်း နဲ့ နှစ်သိန်းကြားမှာ ရှိရာကနေ ဒီနှစ်မှာ ကျပ်သုံးသိန်းဝန်းကျင် ဖြစ်လာတယ်။ စက်မှုဇုန်ဆိုရင်လည်း ဇုန်ကြီးတွေ မှာ တစ်ဧကကို ကျပ်သိန်း ၁၃၀၀ ၀န်းကျင်လောက်ကနေ ကျပ်သိန်း ၁၇၀၀၊ ၁၈၀၀ လောက်ဖြစ်သွား တယ်။ ဒီအပေါ်မှာမှ အကွက်အကွင်း ကောင်းတဲ့နေရာ၊ မြေအနေအထားနဲ့ မြေကွက်ပေါ်မှာပါတဲ့ ပစ္စည်းပေါ်မူတည်ပြီး အထိုက်အလျောက် ကွဲသွားတာမျိုးတော့ရှိတယ်။ ခြုံပြီးပြောရင် တော့ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက် တက်သွားပါတယ်" ဟု ဦးသန်းဦးက ပြောပြခဲ့သည်။

စက်မှုဇုန်မြေကွက်ဈေးနှုန်းများ(ကျပ်)
နေရာ စကေး ၂၀၀၉(စက်တင်ဘာ) ၂၀၁၀(စက်တင်ဘာ)
ရွှေပြည်သာစက်မှုဇုန် ၁ ဧက ၈၅၀ သိန်းအထက် ၁၅၀၀ သိန်းအထက်
လှိုင်သာယာစက်မှုဇုန် ၁ ဧက ၉၀၀ သိန်း - ၁၄၀၀ သိန်း ၁၇၀၀ သိန်း - ၂၀၀၀ သိန်း
ရွှေလင်ပန်းစက်မှုဇုန် ၁ ဧက ၄၅၀ သိန်း - ၅၅၀ သိန်း ၉၅၀ သိန်း - ၁၄၀၀ သိန်း
ရန်ကုန်စက်မှုဇုန် ၁ ဧက ၄၀၀ သိန်း - ၃၉၀ သိန်း ၆၇၀ သိန်း
သာဓုကန်ဇုန် ၁ ဧက ၃၅၀ သိန်း - ၄၀၀ သိန်း ၄၀၀ သိန်း - ၁၂၀၀ သိန်း
ဒဂုံဆိပ်ကမ်းဇုန် ၁ ဧက ၃၀၀ သိန်း ၄၅၀ သိန်း - ၅၅၀ သိန်း
ဒဂုံအရှေ့ပိုင်းဇုန် ၁ ဧက ၂၈၀ သိန်း - ၃၀၀ သိန်း ၄၅၀ သိန်း
မြောင်းတကာဇုန် ၁ဧက ၂၅၀ သိန်း ၃၅၀ သိန်း
ငွေပင်လယ်ဇုန် ၁ ဧက ၄၅၀ သိန်း - ၅၀၀ သိန်း ၇၅၀ သိန်း - ၁၅၀၀ သိန်း
ရွှေသံလွင်ဇုန် ၀၀ သိန်း ၉၀၀ သိန်း - ၁၅၀၀ သိန်း

မြေကွက်ဈေးနှုန်းများ(ကျပ်)
နေရာ စကေး ၂၀၀၉(စက်တင်ဘာ) ၂၀၁၀(စက်တင်ဘာ)
၇ မိုင်(ပြည်လမ်းမ) တစ်စတုရန်းပေ ၁ .၂ - ၁ .၈ သိန်း ၂ .၅ သိန်း
၈ မိုင်(ပြည်လမ်းမ) တစ်စတုရန်းပေ ၁ .၂ သိန်း ၁ .၇ သိန်း
၆ မိုင်ဝန်းကျင် တစ်စတုရန်းပေ ၂ .၅ သိန်း ၄ သိန်း
ကမ္ဘာအေးစေတီလမ်း တစ်စတုရန်းပေ ၁ .၅ သိန်း ၃ သိန်းဝန်းကျင်
အင်းယားလမ်း တစ်စတုရန်းပေ ၁ - ၂ သိန်း ၂ - ၃ သိန်း
သံလွင်လမ်း တစ်စတုရန်းပေ ၀ .၇ - ၀ .၉ သိန်း ၁ .၁ - ၁ .၅ သိန်း
အင်းယားမြိုင် တစ်စတုရန်းပေ ၀ .၇၅ သိန်း ၁.၃-၁ .၅ သိန်း
ရွှေတောင်ကြား တစ်စတုရန်းပေ ၀ .၈ သိန်း ၁ .၃ သိန်း
@news-eleven.com

poohcartoon
09-28-2010, 09:58 AM
ပြုံးတဲ့သူတစ်ဖက် ရှုံးတဲ့သူတစ်ဖက် နှစ်မျိုးနှစ်စားနဲ့ ကားပွဲ အဆုံးသတ် ပြီလား၊ တက်ဈေးမျှော်သူများဖြင့် ရန်ကုန်ကားဈေးကွက် အပြောင်း အလဲဖြစ်
http://www.news-eleven.com/images/stories/main/we5511.jpg
ခွင့်အရေးသာခဲ့သူများက တစ်ဖက်၊ 'ဖွတ်မရ ဓားမဆုံး'ခဲ့သည့် ကြားညပ်သူများကတစ်ဖက် နှစ်မျိုးနှစ်စားဖြစ်ခဲ့ရသည့် လိုင်စင်မဲ့ကားများ လိုင်စင်ပြုလုပ်ပေးသည့် အစီအစဉ်မှာ တစ်နိုင်ငံလုံးတွင် စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းမှစကာ ရုတ်တရက် ရပ်ဆိုင်းလိုက်ကြောင်း သိရ သည်။
ထိုသို့ ရပ်ဆိုင်းသည့် သတင်း ထွက်ပေါ်ခဲ့သည်နှင့် နောက်ပိုင်း ရက်များမှစကာ ရန်ကုန်ကားဈေးကွက် တွင်လည်း ဈေးခေါ်မှုရောင်းဝယ်မှု ပုံစံများသိသာစွာ ပြောင်းလဲသွားကြောင်း၊ ယခုအခါ အခွင့်သာခဲ့သူများ၏ ဈေးခေါ်မှု၊ ရောင်းဝယ်မှုပုံစံ မှာ ဈေးဆွဲတင်သည့်ဘက်သို့ ဦးတည်သွားပြီဖြစ်ကြောင်း ကားဝယ်ရောင်းများက သုံးသပ်ခဲ့ကြသည်။

နှစ်မျိုးနှစ်စားကွဲခဲ့တဲ့ ကားပွဲအဆုံးသတ်မှာ ဘယ်သူတွေမြတ်လို့ ဘယ်သူတွေညပ်သွားလဲ
နှစ်မျိုးနှစ်စားဟူသည် ယခုမှ ကိုယ်ပိုင်ကားစီးနိုင်ခွင့်ရရန် ကြိုးပမ်းခဲ့သူ ပုံမှန်လူများ ကျပ်သိန်း ၁၁၀၀ ပေးဆောင်ရသည့် ကားအမျိုးအစား ကိုကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၆၀၀ လောက်သာပေးသွင်းရုံဖြင့် ကားပိုင်သွားသည့် အထူးအခွင့်အရေးခံခဲ့သူများကို ဆိုလိုသည်ဟု ကားဈေးကွက် အတွင်း သုံးသပ်ခဲ့ကြသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
ယင်းအတွက်လည်း ပြုံးနိုင်သူ နှင့် ရှုံးသွားသူဟူ၍ နှစ်စားကွဲသွား ပြန်လေသည့် အဆိုပါကားပွဲမှာ ယခု အဆုံးသတ်ခဲ့ပြီဖြစ်သည်ဟု ပြောရမည်ဆိုသော်လည်း နောက်ဆက်တွဲ မပြီးသေးသည်က ကားပွဲကိုအခြေ တည်ဖြစ်ပေါ်လာသည့် ကားဈေးကွက် အပြောင်းအလဲများ ဖြစ်သည်ဟု ကားဈေးကွက် ကျွမ်းကျင်သူများက ဆိုပြန်သည်။
"ကျွန်တော် ၄၅၀ ပေးသွင်းရ တဲ့ကားကို အခွင့်သာတဲ့သူက ကျပ် သိန်း ၂၀၀ ၀န်းကျင်ပေးသွင်းရုံနဲ့ ရသွားတာမျိုးဖြစ်ခဲ့တဲ့ ကားပွဲက တော့ အခု စက်တင်ဘာလ ၂၃ ရက် နေ့ကစပြီး အဆုံးသတ်သွားပြီလို့ ပြောရမှာပေါ့။ ဒါပေမယ့် အဆုံးမသတ် တာကတော့ ကိုယ်ပိုင်ကားစီးနိုင် မလားဆိုတဲ့အတွေးနဲ့ လုပ်မိကြတဲ့ လူလတ်တန်းစားတွေအတွက်တော့ လိုင်စင်မဲ့ကားတွေပိုက်မိပြီး 'ဖွတ်မရ ဓားမဆုံး' ဖြစ်ကုန်ကြတာပါပဲ။ အခုဆို လတ်တလော ငွေလိုလို့ အတိုးနဲ့ ရှာထားခဲ့တဲ့သူတွေဆို အတိုးဖိုးပါ ထပ်ဆုံးရတာပေါ့။ နောက်ဆက်တွဲ ကတော့ ပိုက်မိတဲ့ကားတွေနဲ့ အဆုံးမသတ်ဘဲ ကျန်နေသူတွေကတော့ အဆုံးမသတ်ဘဲ ကြားညပ်ကောင်း တုန်းပါပဲ"ဟု ကားဈေးကွက်နှံ့စပ်သူတစ်ဦးက ပြောကြားခဲ့သည်။
စီးပွားရေးပိုင်းမှာ ခဏ ခဏ ယုံကြည်မှု လျော့နည်းသွားရင် မကောင်းဘူး။ စီးပွားရေးလုပ်တဲ့ နေ ရာမှာ ယုံကြည်မှုက အဓိကကျတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေးအောင်မြင်တာ တစ်အချက်က စီးပွားရေး Policy အပြောင်းအလဲမရှိဘဲ ခိုင်မာတာ၊ နောက်တစ်ချက်က Corruption နည်းတာကြောင့်ပဲ

တက်ဈေးမျှော်သူနဲ့ ရန်ကုန်ကားဈေးကွက်
ရန်ကုန်ကားဈေးကွက်မှာ ရက်ပိုင်းအတွင်း ပုံစံပြောင်းသွားပုံနှင့် ပတ်သက်၍လည်း ဟံသာဝတီကား ပွဲစားတန်းမှ ၀ါရင့်ဝယ်ရောင်းတစ်ဦး ကလည်း "ချက်ခြင်းကိုဂိုက်ပေးကြမ်း ကုန်တာပေါ့ဗျာ။ ၄ဂ/--- နံပါတ်နဲ့ အထူးအခွင့်အရေး ရခဲ့သူတွေက အရင်ရက်ကဆိုရင်(လိုင်စင်မဲ့ အစီအစဉ်မရပ်ဆိုင်းမီ) သူတို့ကိုက်တဲ့ ဈေးရရင် အရောင်းအ၀ယ် လုပ်ကြသေးတယ်လေ။ ဥပမာ ပုံမှန်လူ ကျပ်သိန်း ၆၀၀ ပေးဆောင်ရတဲ့ ကားကို ကျပ်သိန်း ၃၅၀ လောက် ပေးဆောင်ရုံနဲ့ ရတဲ့သူတွေက ကျပ် သိန်း ၅၀၀ ၀န်းကျင်လောက်ဆို ရောင်းပြီလေ။ အခုအဲဒီလိုမဟုတ်တော့ဘူး ချက်ခြင်းပြောင်းသွားပြီ။ ရောင်းမယ့်အကြောင်းမပြောဘူး၊ ခေါ်ဈေးမပြောတော့ဘူး၊ အထာကိုင်သွားပြီ။ ဒါပေမယ့် ကားဈေးကွက် ဆိုတာ ၀ယ်တဲ့သူရှိမှ ရောင်းရတာလေ။ ဘယ်လောက်ဈေးခေါ်ခေါ် ၀ယ်တဲ့သူမရှိရင် ဘာမှတော့ဖြစ်လာမှာ မဟုတ်ဘူး"ဟု ပြောကြားခဲ့သည်။

ကားနောက်ကြောင်း ရှင်းမရှင်းစောင့်ကြည့်မှု များလာတဲ့ ၀ယ်လက်နဲ့ ရန်ကုန်ကားဈေးကွက်...
ယခင်က ၄ဂ/---နံပါတ်ဆိုလျှင် ဈေးသင့်သည်နှင့် ရောင်းသူဝယ်သူ အလုပ်ဖြစ်ခဲ့သည်ချည်း ဖြစ်သော်လည်း ကားပွဲအပြီးတွင်မူ ထိုသို့ မဟုတ်တော့ဘဲ တန်ရာတန်ကြေး ပေးဆောင်ပြီးမှ လိုင်စင်ရသည့်ကား ဟုတ်မဟုတ်၊ နောက်ကြောင်းရှင်း မရှင်း စောင့်ကြည့်သည့် ၀ယ်လက် ပိုများလာကြောင်းလည်း ကားဈေးကွက်အတွင်းမှ ကားဝယ်ရောင်းများ က ဆိုသည်။
"လက်ရှိအနေအထားကတော့ ၀ယ်လက်တွေအရင်လို မဟုတ်တာကိုပဲ ပြောရမယ်။ အဓိကကတော့ ၄ဂ/ နဲ့ ပတ်သက်လို့ပေါ့။ အရင်က ၄ဂ/ ဆို ဈေးကြိုက်ရင် ၀ယ်လိုက်တာပဲ အခုတော့ မဟုတ်တော့ဘူး။ ဒီကားက တန်ရာတန်ကြေးပေးထားတဲ့ ကားလား ဘာလား နောက်ကြောင်းကိုပါ ကြည့်လာကြတယ်ဗျာ။ တော်ကြာ ကိုယ့်လက်ထဲရောက်မှ အခွန် အရှုပ်အရှင်းဖြစ်လာရင် ကိုယ်ပဲ ထပ်နစ်နာမယ်ဆိုပြီးတော့ပေါ့။ အဲဒီလို ၀ယ် လက်များလာတဲ့အတွက် တေ့တေ့ဆိုင်ဆိုင် အရောင်းအ၀ယ်ဖြစ်ဖို့ ပိုခက်လာတယ်ဆိုပေမယ့် ရောင်းမယ့်သူတွေ ဘက်ကလည်း အပြီးပိတ်ပြီဆိုတဲ့ သတင်းနဲ့အတူ တက်ဈေးမျှော်ကြတာရှိတယ်"ဟု ကားဝယ်ရောင်း တစ်ဦးကလည်း လက်ရှိအခြေအနေ ကို သုံးသပ်ပြောကြားခဲ့သည်။

ကားပွဲကပေးတဲ့ သင်ခန်းစာများ
နှစ်မျိုးနှစ်စားနဲ့ ကားပွဲအပြီးတွင် သင်ခန်းစာပေါင်း မြောက်မြားစွာ ရရှိမှတ်သားခဲ့ရသည့်အပေါ် အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက "အတွေ့အကြုံကတော့ အစုံစုံကို ရခဲ့တယ်ဗျာ။ အရင်ဆုံး ပြောချင်တာ လူတွေစိတ်ဓာတ်ပဲ။ အထူးအခွင့်အရေးခံလိုတဲ့ဘက်မှာပဲ အများဆုံးရှိကုန်သလို အများစု စိတ်ထဲမှာ အခွင့်အရေးဆိုတဲ့ဟာ ကြီးက အရိုးစွဲသလိုစွဲနေတာတွေ့ ခဲ့ရတယ်။ အခုတော့ ရှုံးတဲ့ဘက်က ဖြစ်ပေမယ့် ကားပွဲကရတဲ့သင်ခန်းစာ တွေအရတော့ ကျွန်တော်ဘယ်တော့မှ နောက်ဆို အရှုံးသမားထဲမှာပါမှာ မဟုတ်တော့ဘူး။ အဲဒီလောက်ကို သင်ခန်းစာရခဲ့တာပါ" ဟု လိုင်စင်ပြုလုပ်ရန် ပြင်ဆင်ခဲ့သူတစ်ဦးက ပြော ကြားခဲ့သည်။
ယခု ကားပွဲတစ်ခုထဲတွင်ပင် ပြုံးသူနည်းပြီး ရှုံးသူများခြင်း၊ နှစ်မျိုး နှစ်စားကွဲခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ပါ။ အစီအစဉ်တကျ မဟုတ် ခဲ့သည့်အတွက်၊ အစီအစဉ်တွင်ပါဝင် လာသူများအပေါ် Respect မထားရှိသည့်အတွက် ပြုံးသူနှင့် ဆုံးရှုံးသူ နှစ်မျိုးကွဲရသည်များ အခြားကဏ္ဍ များတွင် ရှိနေတတ်ပါသည်။
"လိုင်စင်မဲ့ကားတွေကို လိုင်စင် ပြုလုပ်ပေးတဲ့ရည်ရွယ်ချက်က ကား ဈေးနှုန်းကျဆင်းဖို့၊ လိုင်စင်မဲ့ကား တွေပပျောက်ဖို့၊ နိုင်ငံတော်အခွန်ရဖို့ ဆိုတဲ့ဒီသုံးချက်ကို ရည်ရွယ်ပြီးဒီ အစီအစဉ်ဖြစ်ပေါ်ခဲ့တာ။ ဒါပေမယ့် မသမာသူတချို့ကြောင့် Corruption တွေဖြစ်ပေါ်ခဲ့တယ်။ အဲဒါကအများ ပြည်သူကိုတော့ မထိခိုက်ဘူး၊ လူအများကိုတော့ မထိခိုက်ဘူး။ ဒါကြောင့် အခုအစီအစဉ်ကိုဆက်ပြီး ခွင့်ပြုသင့်တယ်၊ ရပ်တော့မယ်ဆိုရင် လည်း အချိန်တစ်ခုတော့ ပေးသင့်တယ်။ အချိန်တစ်ခုကို ထပ်မံထုတ် ပြန်သတ်မှတ်ပေးသင့်တယ်။ ဒီလိုမှ မဟုတ်ရင် စီးပွားရေးပိုင်းမှာ ခဏ ခဏ ယုံကြည်မှု လျော့နည်းသွားရင် မကောင်းဘူး။ စီးပွားရေးလုပ်တဲ့ နေ ရာမှာ ယုံကြည်မှုက အဓိကကျတယ်။ တရုတ်နိုင်ငံမှာ စီးပွားရေးအောင်မြင်တာ တစ်အချက်က စီးပွားရေး Policy အပြောင်းအလဲမရှိဘဲ ခိုင်မာတာ၊ နောက်တစ်ချက်က Corruption နည်းတာကြောင့်ပဲ။ မြန်မာနိုင်ငံမှာလည်း ဒီလိုဖြစ်ဖို့ဆိုရင် အခုလို ကား အစီအစဉ် အသေးအဖွဲကအစ အများ ပြည်သူယုံကြည်အောင် လုပ်ဖို့လိုတယ်။ ဖွင့်ချင်တဲ့အချိန်ဖွင့် ပိတ်ချင်တဲ့အချိန် ပိတ်မလုပ်ဘဲ ကြိုတင်အသိပေးပြီးမှ လုပ်သင့်တယ်။ နိုင်ငံတိုင်းမှာ စီးပွားရေး အပြောင်းအလဲရှိတိုင်း Corruption ကိစ္စဆိုတာရှိတတ်တယ်။ ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာလည်း Corruption ကိစ္စဆိုတာ ရှိတတ်ပါတယ်။ Corruption ကိစ္စဆိုရင်လည်း တာဝန်ရှိတဲ့အဖွဲ့အစည်းနဲ့ မီဒီယာတွေနဲ့ ပူးပေါင်းပြီး သတိပေးတာတို့ လုပ်သင့်တယ်။ တရုတ်နိုင်ငံမှာလည်း စီးပွားရေး Policy ကိစ္စကို ထိန်းတဲ့အခါ မီဒီယာကနေ မြင်သာထင်သာ ဖြစ်အောင်လုပ်တယ်၊ အဲဒီလိုကိုင် တွယ်တယ်။ Corruption ကိစ္စဆို အရေးယူတဲ့အပိုင်းကတော့ သူ့ဟာ သူ အရေးယူမှာပဲ။ အရေးယူမယ် ဆိုရင်လည်း တကယ်ဆိုးဆိုးရွားရွား လုပ်တဲ့သူကိုပဲ ရွေးချယ်အရေးယူပြီး အများပြည်သူကြားမှာ အထိတ်တလန့် ဖြစ်သွားလောက်အောင် Corruption ကိစ္စကိုင်တွယ်တာမျိုး မဖြစ်ဖို့လိုတယ်။ မီဒီယာတွေက အခုကားကိစ္စမှာလည်း မသမာမှုတွေ ရှိ နိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရေး ခဲ့ပေမယ့် ဌာနတွင်းမှာ ကျယ်ကျယ် ပြန့်ပြန့် သတိမပြုခဲ့တဲ့အတွက် အခုလိုဖြစ်ပြီးလူတွေကြားမှာ ယုံကြည်မှု လျော့နည်းသွားတယ်၊ ဈေးကွက်လည်း ပျက်သွားတယ်။ ယုံကြည်မှု မပျက်စေချင်ဘူးဆိုရင် တစ်ပတ်တန် သည်၊ ၁၀ ရက်တန်သည် ထင်သာမြင်သာ ကြိုတင်အသိပေးပြီး လုပ်သင့်တယ်"ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-28-2010, 10:03 AM
ရန်ကုန်မြို့ရှိ မြကျွန်းသာဥယျာဉ်အား ခေတ်မီဥယျာဉ်ကြီးအဖြစ် အဆင့်မြှင့်တင်မည်
ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းပေါ်ရှိ မြကျွန်းသာ ဥယျာဉ်အား အများပြည်သူ အပန်းဖြေနိုင်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုနိုင်သော ခေတ်မီ ဥယျာဉ်ကြီး အဖြစ် အဆင့်မြှင့်တင်မှု လုပ်ငန်းများ ပြုလုပ်သွားမည်ဟု သိရသည်။
မြကျွန်းသာဥယျာဉ်အား အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကုမ္ပဏီငါးခုတို့ ပူးပေါင်း ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ အဆင့်မြှင့်တင်မှု လုပ်ငန်းများတွင် မြကျွန်းသာ ဥယျာဉ်ကြီး တစ်ခုလုံးသို့ သွားလာနိုင်မည့် ကျွန်းပတ်လမ်း ဖောက်လုပ်မှု ပါဝင်ပြီး ကလေးကစားကွင်းများ၊ အားကစားရုံများ၊ ကျန်းမားရေး အထောက်အကူပြု အားကစားရုံများ၊ Gym နှင့် Fitness Center များ၊ အဆင့်မြင့် စားသောက်ဆိုင်များနှင့် အတွင်းပိုင်း ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များ ပါဝင်မည် ဖြစ်သည်ဟု သိရှိရသည်။
''မြကျွန်းသား ဥယျာဉ်ကြီးကို ပြန်လည် စည်ကားလာအောင်၊ လူတွေ စိတ်ဝင်စားလာအောင် အဆင့်မြှင့်တင်မှုတွေ လုပ်သွားဖို့ ရှိပါတယ်။ အဆင့်မြှင့်တဲ့ လုပ်ငန်းတွေမှာ ရှိပြီးသား ကစားကွင်းတွေ ထပ်ပြီးတိုးချဲ့တာတို့၊ ခေတ်မီကျန်းမာရေး အ ထောက်အကူပြု အားကစားရုံတို့၊ အဆင့်မြင့် စားသောက်ဆိုင်တွေ အပြင် အတွင်းပိုင်း ယာဉ်ရပ်နားနိုင်တဲ့ ကားပါကင်တွေအထိ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီးကို ရန်ကုန်မြို့နေလူထု အပန်းဖြေတဲ့ နေရာတစ်ခုဖြစ်အောင်၊ မိသားစုအလိုက် အပန်းဖြေနိုင်အောင်၊ ကျန်းမာရေးအတွက် အထောက်အကူပြုအောင် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာပါ။ လက်ရှိမှာတော့ ကမ္ဘာအေးစေတီလမ်းဘက် အခြမ်းမှာ ကျွန်းပတ်လမ်းဖောက်တဲ့ လုပ်ငန်း စနေပါပြီ''ဟု အဆိုပါ တာဝန်ရှိသူက ပြော ပြခဲ့သည်။
မြကျွန်းသာ ဥယျာဉ်ကြီး၏ စုစုပေါင်း အကျယ်အ၀န်းမှာ ၄၄ ဒသမ ၅၁၆ ဧကရှိပြီး ဥယျာဉ်အတွင်းပိုင်းမှာ ၃၉ ဧက ကျယ်ဝန်းကာ အပြင် ကားပါကင်မှာ ၅ ဒသမ ၅၁၆ ဧက ကျယ်ဝန်းကြောင်းနှင့် ဥယျာဉ်ကြီးအတွင်း ကျွန်း ၄ ကျွန်း ပါဝင်ကြောင်း သိရှိရသည်။ အဆိုပါ ဥယျာဉ်ကြီးမှာ ရန်ကုန်မြို့ရှိ နေရာကျယ်ဝန်းသော အပန်းဖြေ ဥယျာဉ်ကြီးများတွင် တစ်ခုအပါအ၀င် ဖြစ်သော်လည်း လာရောက်လည်ပတ်သူ ဦးရေ နည်းပါးပြီး ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကွင်းများသာ ပုံမှန် လာရောက် ရိုက်ကူးမှု ရှိကြောင်း သိရသည်။
မြကျွန်းသာ အပန်းဖြေ ဥယျာဉ်ကြီးအား ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ကွက်ကဲမှုအောက်မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် လွှဲပြောင်း ရယူခဲ့ကြောင်း သိရှိရသည်။ မြကျွန်းသာ ဥယျာဉ်ကြီးကို ၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-28-2010, 10:04 AM
ကိုရီးယားတွင်ကျင်းပသော နိုင်ငံပေါင်း ၁၃ နိုင်ငံပါဝင်သည့် Crazy Wisdom 2010 Tour အနုပညာပြပွဲတွင် မြန်မာပန်းချီဆရာ တစ်ဦးပါဝင်ပြသခဲ့
Asian Performance Art ပြပွဲအဖြစ် ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ ၌စက်တင်ဘာလ ၄ ရက်မှ ၁၁ရက် နေ့အထိ ကျင်းပခဲ့သော နိုင်ငံပေါင်း ၁၃နိုင်ငံပါဝင်သည့် Crazy Wisdom 2010 Tour အနုပညာပြပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ် ပန်းချီအေးကို ပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပါဝင်ပြသခဲ့သော အတွေ့အကြုံများနှင့် ပတ်သက်ပြီး ပန်းချီအေးကိုက "ပြပွဲကို စက်တင်ဘာလ ၄ ရက်မှာ စပြီးကျင်းပပါတယ်။ လေယာဉ်အခြေအနေကြောင့် စက်တင်ဘာလ ၅ ရက်နေ့မှစပြီး ကျွန်တော်ပါဝင်နိုင်ခဲ့တယ်။ Art Tour အနေနဲ့ ကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။ ကျွန်တော်က Performance Art ရဲ့ကနဦးအကြောင်း ပြကွက်ကို ပြသခဲ့ပါတယ်။ ဆွေးနွေးပွဲတွေမှာတော့ New Zero Art Space အကြောင်းနဲ့ လက်ရှိလူငယ်တွေရဲ့အနုပညာလှုပ်ရှားမှုများ အကြောင်းကို တင်ပြဆွေးနွေးဖြစ်ခဲ့ပါတယ်"ဟု ဆိုပါသည်။
အဆိုပါပြပွဲကို Incheon မြို့ရှိ Incheon Art Platform Theater၊ Gwangju Museum ၊ Biennale Hall တို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အပါအ၀င် ဂျပန်၊ တရုတ်၊ကိုရီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မကာအို၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်္ဂလန်၊ စင်ကာပူနှင့် အစ္စရေးနိုင်ငံများကလည်း ပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။ ယင်းပြပွဲကို PAN ASIN : Performance Art Network ASIA ကစီစဉ်ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံအသီးသီးရှိ Multinational အနုပညာရှင်များ၏ အနုပညာ များဖလှယ်ရေးအတွက် အဓိကရည် ရွယ်ကျင်းပသော အနုပညာပွဲတော် ဖြစ်ပြီး Performance Art ၊ Screen Lecture၊ Artist Talk ၊ Video Screening ၊ Conference ၊ Net-work meeting နှင့် Workshop များကိုကျင်းပခဲ့ကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-28-2010, 10:06 AM
တက္ကသိုလ် စာမေးပွဲရက်အတွင်း ဘေလီတံတား ယာဉ်ကြောနှစ်ကြော ဖွင့်မည်
တက္ကသိုလ် စာမေးပွဲရက်များ အတွင်း တောင်ဥက္ကလာပမြို့နယ်ရှိ ဘေလီတံတားအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရန်အတွက် ယာဉ်ကြောနှစ်ကြောလုံးကို ဖွင့်ပေးထား မည်ဖြစ်ပြီး ယာဉ်အသွားအလာ ရှင်းသည့် ညအချိန်မှသာ ပြုပြင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တောင်ဥက္ကလာပ ဘေလီတံတား ပျက်စီးနေမှုကြောင့် ပြန်လည်ပြုပြင်မှုများ ပြုလုပ်နေရာတွင် အချိန်ခွဲခြားသတ်မှတ်၍ ယာဉ်လမ်းကြော တစ်ကြောကိုသာ အသုံးပြုမောင်းနှင်နေစေရာ ဒဂုံတက္ကသိုလ်တွင် စာမေးပွဲများ ကျင်းပနေသည့် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိရက် ပိုင်းများအတွင်းတွင် နေ့ဘက်အချိန် များ၌ တံတားအား ယာဉ်လမ်းကြော နှစ်ကြောလုံးကို ဖွင့်ထားပေး၍ ဖြတ် သန်းသွားလာ အသုံးပြုစေမည်ဟု သိရသည်။
စာမေးပွဲဖြေဆိုသည့် ရက်များအတွင်း ယာဉ်ကြောပိတ်ဆို့၍ ဖြေဆိုချိန် နောက်ကျခြင်းများ မဖြစ် ပေါ်စေရန်အတွက် ယခုကဲ့သို့ လမ်း ကြောနှစ်ခုလုံးကို ဖွင့်ပေးခြင်းဖြစ် သည်ဟု သိရသည်။
အဆိုပါ ဘေလီတံတားအား စက်တင်ဘာလဆန်းမှစ၍ ပြန်လည် ပြုပြင်မှုများဆောင်ရွက်ရန်အတွက် ယာဉ်လမ်းကြော တစ်ခုကိုသာ ဖွင့် လှစ်သွားလာစေခဲ့သည်ဟုသိရသည်။ ဘေလီတံတားတွင် လမ်းပိတ်ဆို့ကြာ မြင့်မှုများ ဖြစ်ပေါ်လျက်ရှိရာတွင် နံနက်ပိုင်း ရုံးတက်ချိန်များနှင့် ညနေ ရုံးဆင်းချိန်များတွင်မူ ယာဉ်ကြော ပိတ်ဆို့ကြာမြင့်မှုမှာ တစ်ခါတစ်ရံ တွင် မိနစ် ၃၀ ခန့်၊ တစ်ခါတစ်ရံ တွင် ၄၅ မိနစ်၊ ၁ နာရီခန့်အထိပင် ကြာမြင့်နေမှုများရှိရာ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုချိန် နောက်ကျမှုများ မရှိစေရန်အတွက် စာမေးပွဲဖြေဆိုရက်များအတွက် နေ့အချိန်များတွင် လမ်းကြောနှစ်ခုလုံး ဖွင့်လှစ် အသုံးပြုစေမည်ဟု သိရသည်။
@news-eleven.com

poohcartoon
09-28-2010, 10:09 AM
မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်အတွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းက ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွား
http://www.news-eleven.com/images/stories/myanmar/mdy/bi327_1.jpg
http://www.news-eleven.com/images/stories/myanmar/mdy/bi327_2.jpg
http://www.news-eleven.com/images/stories/myanmar/mdy/bi327_3.jpg
မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်အတွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းက ရုတ်တရက်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ဖြစ်ပွားမှုကြောင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘေး ထုံဘိုနှင့် ရွှေစာရံအကြားရှိ ကျေးရွာများတွင် လူနေအိမ်ခြေအချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှစ်ဦးသေဆုံးကာ အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အတူ ပြင်ဦးလွင်-မန္တလေးကားလမ်းရေကျော်မှုကြောင့် ခရီးသွားလာမှုများ နေ့တ၀က်မျှ နှောင့်နှေးသွားခဲ့သည်။
ရေကြီးမှုဖြစ်ပွားစဉ်နှင့်ပတ်သက်၍ ထုံးဘိုတွင်နေထိုင်သူတစ်ဦးက "မနက်ခင်း ၅ နာရီလောက်ကစပြီး ရုတ်တရက်ရေတက်လာတာ။ ၁၀ နာရီလောက်မှာတော့ အမြင့်ဆုံးထိရောက်လာပြီး ကားလမ်းအထက် လေးပေလောက် ရောက်ပါတယ်။ ရေလုံးကြီးပြီး ရေစီးသန်တော့ အိမ်ထောင်ပရိဘောဂတွေမျောပါကုန်ပြီး လူတွေတောင် မနည်းလွတ်အောင် ရုန်းခဲ့ရတာ။ စပါးကျီတွေလည်း ပျက်စီးတာပေါ့။ တချို့အိမ်လေးတွေကတော့ ရေစီးနဲ့မျောပါတာမျိုးထိရှိပြီး အခုလိုမျိုး တစ်ခါမှမကြုံဖူးဘူး"ဟု ပြောကြားခဲ့သည်။
မန္တလေး-ပြင်ဦးလွင်သွား ကားများမှာ အဆိုပါဖြစ်စဉ်ကြောင့် ထုံဘို-မြစ်ငယ်ဖြတ်လမ်းမှ ရန်ကုန်-မန္တလေးကားလမ်းသို့ ရှောင်ကွင်းသွားလာခဲ့ကြသည်။ ထို့အတူ နားဋောင်ကျချောင်းရေလည်း လျှံတတ်ခဲ့ကာ ၄င်းချောင်းပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ "နားဋောင်းကျချောင်း အောက်ဘက်က ရေထွက်ပေါက်ဖြစ်တဲ့ ဒုဌ၀တီမြစ်ရေက တောင့်ခံနေတယ်။ ဆည်တော်လေးက ရေလွှတ်တော့ ချောင်းရေလျှံပြီး ရွာတွေထဲ ၀င်ကုန်တာပဲ။ ဖြစ်တဲ့အချိန်က မနက် ၆ နာရီလောက်ကနေ ၁၀ နာရီလောက်ထိပါ"ဟု ရွှေစာရံကျေးရွာသားတစ်ဦးက ဆိုသည်။
ယင်းသို့ ရေဘေးသင့်သူများအား ကူညီစောင့်ရှောက်နိုင်ရန်အတွက် ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်အတူ မန္တလေးမြို့မှ လူမှုကူညီရေးအသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများက ကူညီလုပ်ဆောင်ပေးလျက်ရှိသူကိုလည်း တွေ့ရသည်။ အရေးပေါ်ကျန်းမာရေးဆေးခန်းတစ်ခုကို ဖွင့်လှစ်ကာ ၄င်းဆေးခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လောကပါလကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက "ကျွန်တော်တို့ လက်တလော သိရှိချက်အရ ကိုက်တန်းကျေးရွာမှာ အိမ်ခြေ ၁၅၀ လောက်နဲ့ဆည်တော်လေးကျေးရွာမှာ အိမ်ခြေ ၆၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး သားအဖနှစ်ဦး သေဆုံးခဲ့တယ်။ ကလေးက သုံးနှစ်အရွယ်နဲ့ဖခင်က ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦးပါ။ နွားသုံးကောင်လည်း သေတယ်လို့သိရပါတယ်။ အပျက်အစီးဆုံးရှုံးမှုစာရင်းတွေကို စစ်ဆေးဆောင်ရွက်နေဆဲပါပဲ"ဟု ပြောပြပါသည်။ ယင်းသို့ဖြစ်ပွားခဲ့သော မန္တလေး-ပြင်ဦးလွင်ကားလမ်းမပေါ်တွင် ရွံ့နွံများ တင်ကျန်နေခဲ့သောကြောင့် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် ဒေသခံများက ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။
မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဆည်တော်လေးရေလွှဲဆည်မှာ ရေဆင်းဧရိယာ ၁၁၉ စတုရန်းမိုင်နှင့် ရေသောက်ဧရိယာ ၂၆၉၈ ဧကရှိကြောင်း သိရသည်။ မြောင်းမတော်ရေသယ်အား ၁၉၀ ကျူးဆက်နှင့်ရေပေးတူးမြောင်းရေတံခါးအရေအတွက် ၆ ပေx၆ပေ ၈ လက်မအရွယ်အစား ၃ ခု ပါရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-28-2010, 10:15 AM
ဝါကျွတ်ချိန် နီးလာသဖြင့် မန္တလေးဈေးချိုတော်နှင့် ရှော့ပင်းမောလ်များတွင် လက်လီလက်ကားဈေးကွက် ပိုမိုအရောင်းသွက်
http://www.news-eleven.com/images/stories/myanmar/mdy/w55116
ဝါကျွတ်ချိန် နီးလာသဖြင့် မန္တလေးမြို့ရှိ ဈေးချိုတော်နှင့် ရှော့ပင်းမောလ်များတွင် အရောင်းအ၀ယ် ကောင်းမွန်လာကြောင်း စုံစမ်းသိရှိရသည်။
''ခုချိန်က နယ်မြို့တွေမှာ မိုးကောင်းနေတော့ တောင်သူတွေက တစ်ချို့လည်း လူကြုံနဲ့မှာပြီး ၀ယ်တာတို့ တချို့လည်း ကိုယ်တိုင်လာပြီး ၀ါကျွတ်ချိန်ဆိုတော့ မင်္ဂလာဆောင်၊ အလှူ၊ ကထိန် အတွက် အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်း အများဆုံး ၀ယ်ယူကြတာပေါ့။ ရွှေဆိုတာကတော့ စိုက်ပျိုးရိတ်သိမ်းပြီး ငွေပေါ်ချိန် ပိုလျံမှသာ ၀ယ်ကြတော့ အခုလို ၀ါကျွတ်ချိန် မန်းမြန်မာပလာဇာနဲ့ ဈေးချိုတော်မှာ အရောင်းအ၀ယ် တော်တော်လေးကောင်းနေပါတယ်။ အထူးသဖြင့် မကွေး၊ ရေနံချောင်း၊ ရမည်းသင်း၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ ငအိုး၊ တွင်းငယ်၊ ဟုမ္မလင်း၊ စဥ့်ကူး ရွှေတော နယ်ဘက်တွေက အများဆုံး ၀ယ်ယူကြပါတယ်''ဟု ဈေးချိုတော်မှ ဆိုင်ရှင်တစ်ဦးက ရှင်းပြခဲ့သည်။
ငါးနှစ်တာကာလအတွင်း ယင်း ရှော့ပင်းမောလ်များနှင့် ယခင် ဈေးချိုတော်တို့၏ အရောင်းအ၀ယ်မှာ အားပြိုင်လာခဲ့ရာ မန်းမြန်မာပလာဇာ၊ ၂၈ ရှော့ပင်းမောလ်များကလည်း မီးလောင်သွားခဲ့သော စကိုင်းဝေါ့လ် ရှော့ ပင်းမောလ် အစား နေရာယူခဲ့ကြောင်း သက်တမ်းရှည် နယ်ဝယ်လက်ဈေးကွက် အခိုင်အမာ ရရှိထားသော ဈေးချိုတော်သည် အဓိက လူသုံးကုန် ပစ္စည်းများ၊ ပရဆေးများ၊ ပလတ်စတစ် ပစ္စည်းများ၊ ဖိနပ်များ၊ အလှကုန်၊ ပန်းကန်၊ စတီးပစ္စည်းများကဲ့ သို့ လူသုံးကုန်ပစ္စည်းအများစု နယ်ဝယ်လက်များ၏ အာထားရာအဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရှော့ပင်းမောလ် များတွင် လက်လီဆိုင်ခန်းများဖြင့် အ၀တ်ထည် ရောင်းချမှုမှာ မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်များ နည်းပါးပြီး နယ်ပြောင်းလူမျိုး အများစု ဖွင့်လှစ်ရောင်းချခြင်းများ သာရှိကြောင်း၊ ယခု လာမည့် လများအတွင်း ၇၈ လမ်း မီးလောင်သွားသော ယခင် ရတနာပုံဈေး နေရာတွင် အသစ် ဖွင့်လှစ်တော့မည့် ရတနာပုံ ဒိုင်းမွန်းပလာဇာနှင့် စူပါစင်တာများတွင်လည်း ကြိုပွိုင့်စနစ်ဖြင့် ဆိုင်ခန်းများ ရောင်းချနေပြီဖြစ်ရာ ယင်းပလာဇာများနှင့် ကပ်လျက်တည်ရှိသည့် ဂရိတ်ဝေါလ် ရှော့ပင်းမောလ်၊ အနီးတစ်ဝိုက်တွင် ရှိသည့် ၇၈ ရှော့ပင်းမောလ်လည်း ရှိရာ မန္တလေး၏ ရောင်းဝယ်မှုပုံစံများ အားပြိုင်လျက်ရှိမည်ဟု သုံးသပ်ကြသည်။
@news-eleven.com

poohcartoon
09-29-2010, 02:54 PM
လူဦးရေ ၄၀၀၀၀ တွင် အနည်းဆုံး အရေးပေါ် လူနာတင်ယာဉ် တစ်စီးနှုန်းရှိရန် လိုအပ်ပြီး အရေးပေါ် ကယ်ဆယ်ကုသမှု စနစ်ကောင်းမွန်ပါက သေဆုံးသူ၏ ၃၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်သည်ဟု သိရ
http://www.news-eleven.com/images/stories/main/bi3273.jpg
မြို့ပြကြီးတစ်ခု၏ ကျန်းမာရေး ၀န်ဆောင်မှုအနေဖြင့် လူဦးရေ ၄၀၀၀၀ တွင် အရေးပေါ်လူနာတင်ယာဉ်တစ်စီး နှုန်းရှိရန်လိုအပ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးက အရေးပေါ် လူနာတင်ယာဉ် နှင့် ပတ်သက်၍ စာတမ်းပြုစု တင်ပြချက်များအရ သိရသည်။
ယင်းသို့ အရေးပေါ်လူနာတင် ယာဉ်တို့အပြင် အရေးပေါ်ကယ်ဆယ် ကုသမှုစနစ် ကောင်းမွန်ပါက သေဆုံး သူ၏ ၃၀ ရာခိုင်နှုန်းကို ကာကွယ်နိုင် သည်ဟု အဆိုပါဆရာဝန်ကြီး၏တင် ပြသွားချက်များအရ သိရသည်။
အရေးပေါ် ဖြစ်ရပ်များကြောင့် ထိခိုက်မိသူများကို ကယ်ဆယ်ကုသရာတွင် အရေးပေါ် လူနာတင်ယာဉ် စနစ် ပြည့်စုံကောင်းမွန်ရန်အရေးကြီး ပြီး ထိရောက်ပြီး အဆင့်မြင့်သည့် လူနာတင်စနစ်ဖြစ်ရန် လိုအပ်သည် ဟု ကျွမ်းကျင်ဆရာဝန်ကြီးများက သုံးသပ် ပြောကြားကြသည်။ ယာဉ် တိုက်မှု၊ သဘာဝဘေးအန္တရာယ်ဖြစ် ရပ်ဆိုးများနှင့် ဗုံးပေါက်ကွဲမှုကဲ့သို့ ဖြစ်စဉ်များ၊ အရေးပေါ်ကျန်းမာရေး ဆိုးရွားမှုအခြေအနေများနှင့် ကြုံတွေ့ ရပါက ရွှေထက် ပိုမိုတန်ဖိုးရှိသော အချိန်အနည်းငယ်အတွင်း ထိခိုက် ဒဏ်ရာရရှိသူကိုအချိန်မီကယ်ဆယ်ရန် အဆင့်မြင့် အရေးပေါ်လူနာတင်ယာဉ် များလိုအပ်မည်ဖြစ်ပြီး လူနာကိုသယ် ဆောင်ကုသခြင်းအပြင် ထိခိုက်မှုများ ပြားသည့် ဖြစ်ပွားရာနေရာတွင် အခြေ စိုက်ကုသနိုင်သည့် ဆေးရုံအငယ်စား ကဲ့သို့ အသုံးပြုနိုင်သော လူနာတင် ယာဉ်များလည်းလိုအပ်မည်ဖြစ်ကြောင်း သိရသည်။
အရေးပေါ်လူနာတင်ယာဉ်များ ကိုထားရှိရာတွင် မြို့ပေါ်နှင့်ကျေး လက်မြို့နယ်များဟူ၍ ကွာခြားမှု ရှိနိုင်ပြီး မြို့ပြကြီးတစ်ခုတွင် လူဦးရေ ထူထပ်မှုနှင့်အတူ ပိုမိုအသုံးပြုမှုများပြား နိုင်သည့်အတွက် လူဦးရေ ၄၀၀၀၀ လျှင် လူနာတင်ယာဉ်တစ်စီးနှုန်း ရှိသင့်ကြောင်း ပါမောက္ခဆရာဝန်ကြီး တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
"မြို့ပြနဲ့ ကျေးလက်ဒေသမှာ မြို့ပြကတော့ ခေါ်ဆိုတဲ့ပမာဏ ပိုမို မြင့်မားတာပေါ့။ မနက်ပိုင်းနဲ့ ညနေ ပိုင်းတွေမှာ ပိုမိုများပြားတတ်ပြီး အရေးပေါ် အခြေအနေဆိုတော့ အချိန်တိုင်း အသင့်ဖြစ်နေဖို့တော့ လိုပါတယ်။ လူ ၄၀၀၀၀ မှာ လူနာတင်ယာဉ် တစ်စီးနှုန်းတော့ ရှိဖို့လိုအပ်ပါတယ်။ ဒီအတွက်တွေလည်း သုတေသနလုပ် ငန်းတွေအရေးကြီးပါတယ်။ အရေး ပေါ်ကယ်ဆယ်ကုသမှုစနစ် ကောင်း မွန်ရင် သေဆုံးသူရဲ့ ၃၀ ရာခိုင်နှုန်း လောက် ကာကွယ်နိုင်တာဖြစ်တာ ကြောင့် လူနာတင်ယာဉ်တွေမှာ လူနာ ကို တင်ဆောင်ရုံသာမဟုတ်ဘဲ ထိ ရောက်တဲ့ လူနာတင်ယာဉ်စနစ်၊ အဆင့်မြင့်တဲ့စနစ်တွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ Golden Hour လို့ဆိုရမယ့် ရွှေထက်ပိုပြီး တန်ဖိုးရှိတဲ့ အချိန်အတွင်းမှာ လူနာကို အချိန်မီကယ် ဆယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုအချိန်မှာ လူနာကို သယ်ဆောင်မယ့်ယာဉ်မှာ ပါဝင်တဲ့ဆေးပစ္စည်းတွေဟာလည်း အရေးပါပါတယ်"ဟုပါမောက္ခ ဆရာဝန်ကြီး၏ စာတမ်းပြုစုတင်ပြ သွားချက်အရ သိရသည်။
ထိခိုက် ဒဏ်ရာရရှိသူကို အချိန်မီကယ်ဆယ်ရန် အဆင့်မြင့် အရေးပေါ် လူနာတင်ယာဉ်များ လိုအပ်မည်ဖြစ်ပြီး လူနာကိုသယ်ဆောင် ကုသခြင်းအပြင် ထိခိုက်မှုများပြားသည့် ဖြစ်ပွားရာနေရာတွင် အခြေစိုက် ကုသနိုင်သည့် ဆေးရုံအငယ်စားကဲ့သို့ အသုံးပြုနိုင်သော လူနာတင်ယာဉ်များလည်း လိုအပ်မည် . . .
အရေးပေါ်လူနာများ ဆေးရုံများ သို့ ရောက်မလာမီတွင် ဖြစ်ပွားရာနေရာ၌ အစောဆုံးကုသနိုင်ရန်နှင့် အချိန်ကွာဟမှုနည်းလေ လူနာကို အချိန်မီကယ်တင်နိုင်လေ ဖြစ်သောကြောင့် အရေးပေါ်လူနာတင်ယာဉ် များမှာ အရေးပါသည်ဟု သိရသည်။ လက်ရှိတွင်အသုံးပြုနေသောလူနာတင် ယာဉ်အမျိုးအစားများတွင် အခြေခံ၊ အလယ်အလတ်နဲ့ အဆင့်မြင့်ဟူ၍ သုံးမျိုးခွဲခြားနိုင်သည်ဟု သိရသည်။ Basic ဟုဆိုသည့် အခြေခံလူနာတင် ယာဉ်များတွင် လူနာကို အသက်ရှူမှန် စေရန်အတွက် အောက်ဆီဂျင်၊ လူနာ သယ်ဆောင်ရန် ဘုတ်နှင့်လည်ပင်း၊ ခြေလက်တို့ကို ကြပ်စည်းပေးသည့် ပစ္စည်းများပါရှိသည်ဟု သိရသည်။ Intermediate အလယ်အလတ်အဆင့် လူနာတင်ယာဉ်တို့တွင် သွေးပေါင်ချိန် တိုင်းကိရိယာ၊ အသက်ရှူအထောက် အကူပြုပစ္စည်းများ၊ ချွဲစုပ်စက်၊ လူနာ တင်ဆောင်မည့်ဘုတ်နှင့် ဒဏ်ရာများကို ပြုစုကုသသည့် အခြေခံစက်ပစ္စည်း ပါရှိရန် လိုအပ်သည်ဟု သိရသည်။ Advance အဆင့်မြင့်ယာဉ်တွင် နှလုံးနှိုးစက်၊ အသက်ရှုမှု အထောက် အကူပြုပစ္စည်းများ၊ အဆင့်မြင့်စက် ပစ္စည်းများ ပါရှိမည်ဟု သိရသည်။ အရေးပေါ် လူနာတင်ယာဉ်များ နှင့်ပတ်သက်၍ အထူးကုဆရာဝန်ကြီး တစ်ဦးက "အဆင့်မြင့် ယာဉ်မျိုးတွေ များများလိုအပ်သလို ဒီလို အဆင့်မြင့် စက်ပစ္စည်းတွေကို အရေးပေါ်ယာဉ်မှာ လိုက်ပါမယ့်သူတွေ သုံးနိုင်ဖို့အတွက် သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေလည်း လိုအပ်ပါတယ်။ လူနာကိုသယ် ဆောင်တဲ့နေရာမှာလည်း အရေးကြီးပါတယ်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်မိတဲ့ လူနာမျိုးကို ပက်လက်မသယ် ဆောင်သင့်ဘဲ ဘေးတစ်စောင်း သယ်ဆောင်ဖို့ စတဲ့အခြေခံဖြစ်တဲ့ ရှေးဦးသူနာပြုစုနည်းတွေကို ကျန်းမာ ရေးဝန်ထမ်းတွေ၊ ယာဉ်ထိန်းတပ်ဖွဲ့ တွေ၊ အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေက လူတွေသိထား၊ တတ်ထားဖို့လည်း လိုအပ်ပါတယ်။ ဆေးရုံကို ပို့ဆောင်ရတဲ့ အခက်အခဲ၊ ကြာမြင့်တဲ့ အခက်အခဲတွေကြောင့် မလိုလား အပ်ဘဲ အသက်ဆုံးရှုံးနိုင်သလို ဆေးရုံကိုရောက်ပြီးမှ အရေးပေါ်ကယ်ဆယ် ကုသရေးကလည်း ပိုအရေးပါလာတဲ့ အပိုင်းပါပဲ " ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် အစိုးရနှင့် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ၌ အရေးပေါ်လူနာတင်ယာဉ်များ ထားရှိထားသော်လည်း အများစုမှာ မိမိတို့၏ အစီအစဉ်ဖြင့်သာ ဆေးရုံများသို့လာရောက်ကြသည်ဟု သိရသည်။ အထူးသဖြင့် ယာဉ်တိုက်မှုကဲ့သို့သော ဖြစ်စဉ်များတွင် လူနာတင်ယာဉ်များထက် တက္ကစီယာဉ်များ၊ အခြားသောယာဉ်များနှင့် လာရောက်ပို့ဆောင်ကြမှုများ ပိုမိုများပြားသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် သက်ဆိုင်ရာ ဆေးရုံဆေးခန်းများမှ အရေးပေါ် လူနာတင်ယာဉ်များအပြင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ စီစဉ်ပေးထားသည့် လူနာတင်ယာဉ်နှစ်စီး၊ အရေးပေါ်အခြေအနေများ တွင် လူနာတင်ဆောင် ကုသခြင်းအပြင် ဖြစ်ပွားရာနေရာတွင် ဆေးရုံငယ်အဖြစ် အခြေစိုက်ကုသနိုင်သည့် အဆင့်မြင့် လူနာတင်ယာဉ်တစ်စီး တို့ကိုလည်း ယခုနှစ် နှစ်လယ်တွင် စတင်အသုံးပြုနေပြီဟု သိရသည်။ အဆိုပါ အဆင့်မြင့်ယာဉ်ကို တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် အရေးပေါ်အသက်ကယ်ခြင်းနှင့် အဆင့်မြင့် လူနာတင်ယာဉ် အထောက်အကူပြု သင်တန်းကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပေးအပ်ခဲ့သည်ဟု သိရပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်မြို့နယ်များအတွင်း လူမှုရေးဆောင်ရွက်လိုစိတ် ရှိသူများကိုလည်း သင်တန်းများ ဆက်လက် ပေးအပ် သွားမည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
@news-eleven.com

poohcartoon
09-29-2010, 03:01 PM
ကမ္ဘာ့ဆန် ထုတ်လုပ်မှု လျော့ကျနိုင်ပြီး လိုအပ်ချက် မြင့်တက်လာနိုင် သည့်အပေါ် မူတည်၍ ဆန်ဈေးဆက်လက် မြင့်တက်၊ မြန်မာ့ဆန် ပြည်ပဈေးကွက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ ၀န်းကျင် အထိ ပေါက်ဈေးရှိနေ
http://www.news-eleven.com/images/stories/business/bi3271.jpg
ကမ္ဘာ့ ဆန်ထုတ်လုပ်မှု အားကောင်းသည့် နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များကြောင့် ဆန်ထုတ်လုပ်မှု လျော့ကျနိုင်ပြီး ဆန်စားသုံးမှု ပမာဏမှာမူ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းကာ ကမ္ဘာ့ဆန်ဈေး မှာ ဆက်လက် မြင့်တက်လာသည်ဟု သတင်းရရှိပါသည်။
ထိုင်းနှင့် ဗီယက်နမ်ဆန်များမှာ ယခုလပိုင်းအတွင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ အထိ ထပ်မံမြင့်တက်လာကြောင်း၊ မြန်မာ ၂၅ မှတ် ဆန်အမျိုးအစားသည်ပင် ပြည်ပဈေးကွက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။
"သြဂုတ်လဆန်းပိုင်းက ထိုင်း ၂၅ မှတ်ဆန်က တစ်တန်ကို အမေ ရိကန်ဒေါ်လာ ၄၂၅ ဒေါ်လာ ၀န်း ကျင်ပဲရှိတာ အခု တစ်တန်ကိုအမေ ရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာနဲ့ အထက်ဖြစ်နေပြီ။ ဗီယက်နမ်ဆန် ကလည်း တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာလောက် ထပ် မြင့်လာတယ်"ဟု ပြည်ပဆန်တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ကမ္ဘာ့ထိပ်တန်းဆန် ထုတ်လုပ်သည့်နိုင်ငံ ၁၀ နိုင်ငံတွင်ပါဝင်သည့် တရုတ်နိုင်ငံအနေဖြင့် အချို့နေရာတွင် ရေကြီးခြင်း၊ အချို့နေရာတွင်မူ မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်မှု ကြောင့် ဆန်ထုတ်လုပ်မှုလျော့ကျ မည်ဖြစ်ကြောင်း၊ ထိပ်တန်း ၁၀ နိုင်ငံ တွင် တတိယနေရာ၌ ရပ်တည်နေသည့် အင်ဒိုနီးရှားနိုင်ငံတွင်လည်း ရေကြီး ရေလွှမ်းမိုးမှုကြောင့် ဆန်ထုတ်လုပ် မှုလျော့ကျမည်ဖြစ်ကြောင်းသိရသည်။
"ကမ္ဘာ့ထိပ်တန်း ဆန်ထုတ်လုပ်တဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ ကမ္ဘာ့ ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၈၀ ရာခိုင် နှုန်းလောက်ကို ထုတ်လုပ်ပေးနေတာပါ။ အာရှဟာ ကမ္ဘာ့ဆန်ထုတ် လုပ်မှုစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာလေ။ ဒါပေမယ့် အခု အဲဒီ ၁၀ နိုင်ငံထဲက နိုင်ငံတချို့ သဘာဝဘေးအန္တရာယ်ကြောင့် ဆန် ထုတ်လုပ်မှုလျော့ကျနိုင်တာရယ်၊ နှစ်စဉ် အာရှမှာမြင့်တက်လာတဲ့အပူချိန်၊ ခန့်မှန်းရခက်လာတဲ့ ရာသီဥတုကြောင့်လည်း ဆန်ထုတ်လုပ်မှုက တစ်ဖြည်းဖြည်း လျော့ကျလာတာ ရှိနေပြန်တယ်လေ"ဟု ပြည်ပသို့ ဆန်တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
"နှစ်တိုင်းဆန်တန်ချိန်သုံးသန်း လောက်တင်ပို့တဲ့ ပါကစ္စတန်မှာရေ ကြီးတယ်။ နိုင်ဂျာနိုင်ငံမှာ မိုးခေါင် ရေရှားဖြစ်နေတယ်။ နှစ်တိုင်းပြည်ပကနေ ဆန်တန်ချိန် နှစ်သန်းလောက် တင်သွင်းစားသုံးရတဲ့ နိုင်ဂျီးရီးယား နိုင်ငံမှာလည်း မြောက်ပိုင်းမှာ မိုးခေါင်ရေရှား ဖြစ်နေတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း ရေကြီးမှုက မပြတ်တမ်းတွေ့နေတယ်၊ ခံနေရတယ်။ တရုတ်ကလည်း နှစ်တိုင်း ပြည်ပက ဆန်တင်သွင်းနေရတဲ့ နိုင်ငံလေ။ ဒါတင်မကသေးဘူး။ အခြားဆန်လိုအပ်ချက်မြင့်မားတဲ့ အနောက်အာဖရိက ဆာဟာရ အရှေ့ပိုင်းမှာလည်း နိုင်ငံလေးနိုင်ငံလောက် မိုးခေါင်ရေရှားဖြစ်နေပြန် တယ်။ ဆိုလိုတာက ဆန်လိုအပ်ချက် ရှိတဲ့ ဒေသတွေမှာ ရာသီဥတုဖောက်ပြန်လို့ ဆန်လိုအပ်ချက်မြင့်တက် မယ်။ ဆန်ထုတ်ပေးနေတဲ့ နိုင်ငံတွေမှာလည်း သဘာဝဘေးအန္တရာယ်ကြောင့် ဆန်အထွက်လျော့မယ်ဆိုတော့ လာမယ့်နှစ် ဆန်ဈေးတက်ပြီပေါ့ဗျာ။ အခုတောင်လပိုင်း ရက်ပိုင်း အတွင်းမှာပဲ မြန်မာဆန်ဆို တစ်တန်ကို ဒေါ်လာ ၂၀၊ ၃၀ လောက်တက် သွားတယ်"ဟု ပြည်ပသို့ဆန်တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
"ကမ္ဘာ့ဆန်ထုတ်လုပ်မှုက ဒီ နှစ်လျော့နိုင်တယ်။ ဆန်တင်သွင်းမှု ကျတော့ တိုးလာနိုင်တယ်။ ဥပမာ ပါကစ္စတန်၊ တရုတ်၊ အင်ဒိုနီးရှား လိုနိုင်ငံတွေမှာ ရေကြီး၊ မိုးခေါင်ဖြစ်တယ်။ ဒါက ဆန်ထုတ်လုပ်မှုအား ကောင်းတဲ့နိုင်ငံတွေလေ။ နိုင်ဂျီးရီးယားလို ဆန်တင်သွင်းမှုအားကောင်းတဲ့ နိုင်ငံလည်း မိုးခေါင်ရေရှား ဖြစ်ခဲ့တာပဲလေ။ ဒီတော့ ဆန်တင်သွင်းမှု က လာမယ့်နှစ်မှာ ပိုများနိုင်တယ်။ ဒါကိုအခြေခံပြီး နိုင်ငံတကာက သုတေသနပြုလိုက်တော့ ဆန်ထုတ်လုပ်မှုလျော့မယ်၊ စားသုံးမှုတိုးမယ်။ ဒီအတွက် ဆန်ဈေးက နည်းနည်း မာလာတယ်။ မြန်မာဆန်တောင် အခုရက်ပိုင်းမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၅၅ ၀န်းကျင်အထိ ဈေးရလာတယ်လေ"ဟုဆန်တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
၂၀၀၉ ခုနှစ်က ကမ္ဘာ့ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၄၄၇ သန်း ကျော်ရှိခဲ့ပြီး၊ ၂၀၁၀ တွင် တန်ချိန်ပေါင်း ၄၄၂ သန်းကျော်သာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း ယခုအခါအဆိုပါ ၄၄၂ သန်း ထက်ပင် လျော့နည်းထုတ်လုပ်နိုင်မည့် အခြေအနေရှိကြောင်းလည်း သိရသည်။

နိုင်ငံတကာ ဆန်ဈေးနှုန်းများ(FOB ဈေး)
(၂၅% အမျိုးအစား၊ တစ်တန်၊ အမေရိကန်ဒေါ်လာ)
ခုနှစ် ထိုင်း အိန္ဒိယ ဗီယက်နမ် ပါကစ္စတန်
၂၀၀၄ ၂၂၅ - ၂၁၂ ၂၃၀
၂၀၀၅ ၂၅၉ ၂၃၆ ၂၃၉ ၂၃၅
၂၀၀၆ ၂၆၉ ၂၄၇ ၂၄၉ ၂၃၀
၂၀၀၇ ၃၀၅ ၂၉၂ ၂၉၄ ၂၉၀
၂၀၀၈ ၆၀၃ ၃၄၅ ၅၅၃ ၄၉၈
၂၀၀၉ ၄၆၀ - ၃၈၄ ၃၅၁
၂၀၁၀(သြဂုတ်) ၄၂၅ - ၄၂၅ -
၂၀၁၀(စက်တင်ဘာ)၄၆၅ - ၄၅၀ -
@news-eleven.com

poohcartoon
09-29-2010, 03:05 PM
ပုဂ္ဂလိကကဏ္ဍမှ ကျန်းမာရေးဆိုင်ရာ ဆေးရုံဆေးခန်းများ ကျွမ်းကျင် ပညာရှင်များ၊ဆရာဝန်များ ရရှိရန် အချိန်နှင့်ငွေကြေး စိုက်ထုတ်ပြီး လေ့ကျင့်ပျိုးထောင် ပေးခြင်းထက် အစိုးရအမှုထမ်း ဆရာဝန်ကြီး တို့ကိုသာ မှီခိုအားထားနေမှု လျှော့ချသင့်
http://www.news-eleven.com/images/stories/myanmar/mm/b32703
ပြည်ပဆေးရုံတစ်ခု၏ အရေးပေါ် ကုသခန်းကို တွေ့ရစဉ်
ပည်သူ့ကျန်းမာရေး ၀န်ဆောင်မှုလုပ် ငန်းများဖြစ်သော ဆေးရုံဆေးခန်းများကို ပုဂ္ဂလိကလုပ်ငန်းများက လုပ်ကိုင်ခွင့် ရရှိထားသော်လည်း အရင်းအနှီး စိုက်ထုတ်ထည့်ဝင်မှု လျော့နည်းနေလျက်ရှိပြီး ကျွမ်းကျင် ပညာရှင်များ၊ ဆရာဝန်များ ရရှိရန် အချိန်နှင့် ငွေကြေး စိုက်ထုတ်၍ လေ့ကျင့်ပျိုးထောင်ပေးခြင်းထက် အစိုးရ အမှုထမ်း ဆရာဝန်ကြီးတို့ကိုသာ မှီခိုအားထားနေမှုကို လျော့ချသင့်ကြောင်း သုံးသပ်မှုများ ရှိနေကြောင်း သိရပါသည်။
''ကျန်းမာရေးကဏ္ဍမှာ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပေးထားတယ်။ သတ်မှတ်ထားတဲ့ အဆင့်အတန်းတွေ၊ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ကိုင်ခွင့် ရထားတယ်။ ဆေးရုံဆိုလည်း ဆေးရုံအင်္ဂါရပ်နဲ့ ညီရမယ်။ အဆင့်မြှင့်တင်ဖို့ လိုတယ်။ အရေး ပေါ် အခြေအနေ၊ ကုသမှုတွေ၊ လူ့စွမ်းအား အရင်းအမြစ်တွေ အပါအ၀င် ၀န်ဆောင်မှု အရည်အသွေးတွေကို မြှင့်တင်သွားဖို့ တာဝန်ရှိတယ်။ အခု ပုဂ္ဂလိက ဆေးရုံဆေးခန်း တချို့က ရင်းနှီးမြှုပ်နှံမှု နည်းတယ်။ နိုင်ငံတကာမှာ ကျန်းမာရေး စောင့်ရှောက်မှု အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းရာနဲ့ချီပြီး မြှုပ်နှံနေတဲ့ အချိန်မှာ မြန်မာပြည်မှာက အမေရိကန် ဒေါ်လာသန်း ၅၀ ၀န်းကျင် မြှုပ်နှံတဲ့ ပုဂ္ဂလိက ဆေးရုံတောင် မရှိသေးဘူး''ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။
ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးကလည်း ''အခု ပုဂ္ဂလိက ဆေးရုံဆေးခန်း တချို့ဟာ ပုဂ္ဂလိက ဆေးရုံဆေးခန်း အလုပ်က ငွေရလွယ်တဲ့ စီးပွားရေး အလုပ်ဆိုတော့ အားလုံး ပြုံတိုးနေကြတယ်။ ရလာတဲ့ငွေကို စနစ်တကျ ရင်းနှီးမြှုပ်နှံပြီး ရေရှည်သွားမယ့် စီမံကိန်း မရှိဘူး။ ရင်းနှီးမြှုပ်နှံမှု အားနည်းတယ်။ ကိုယ်ပိုင် အထူးကုဆရာဝန် မွေးထုတ်မှု မရှိဘူး။ အစိုးရ ဆရာဝန်ကြီးတွေကို အားကိုးလွန်းတယ်။ ပါမောက္ခ-ဌာနမှူးတွေ နောက်ကို စုပြုံပြီး လိုက်နေတယ်။ အရည်အ သွေးပြည့်တဲ့ ဆရာဝန်တွေ ပေါ်ထွက်လာအောင် ကိုယ်တိုင် လေ့ကျင့်ပျိုးထောင်ပေးတာ မရှိဘူး။ လူ့စွမ်းအား အရင်းအမြစ် တိုးတက်ဖို့ အချိန်နဲ့ ငွေကြေး စိုက်ထုတ်ဖို့ စိတ်မ၀င်စားကြဘူး''ဟု သုံးသပ်ခဲ့ပါသည်။
အခု ခေတ်သစ်ကျန်းမာရေး ၀န်ဆောင်မှုမှာ လူအားလုံး တန်းတူညီမျှ ဆေးကုသမှု ခံယူနိုင်ရမယ်။ အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိနိုင်ရမယ်။ နွမ်းပါးသူလည်း နွမ်းပါးသူအလျောက်၊ ချမ်းသာသူလည်း ချမ်းသာသူ အလျောက် ရွေးချယ်ကုသမှု ခံယူနိုင်ရမယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ နေရာ အသီးသီးမှာလည်း လူနာနဲ့လူနာရှင် စိတ်ချမ်းသာစေမယ့် ပတ်ဝန်းကျင် ဖြစ်ရမယ်။ ဆေးရုံတိုင်း သန့်ရှင်းသပ်ရပ်ရမယ်။ ကူးစက်ရောဂါ ကင်းစင်တဲ့နေရာ ဖြစ်ရမယ်။ ၀န်ထမ်းတွေကလည်း ချိုသာပျူငှာတဲ့ ဆက်ဆံရေးရှိရမယ် . . .
လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုတွင် အစိုးရနှင့် ပုဂ္ဂလိကဏ္ဍဟူ၍ ရှိပြီး ကုသမှုစနစ် အနေအထား ကွဲပြားမှု ရှိကြောင်း၊ ယေဘုယျအနေဖြင့် အစိုးရဆေးရုံများတွင် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သော ကျွမ်းကျင် ဆရာဝန်များနှင့် ပညာရှင်များ ပိုင်ဆိုင်ထားမှုကြောင့် ကုသမှု ဆောင်ရွက်ရာတွင် အဆင့်ဆင့်ကွပ်ကဲမှုဖြင့် ဆောင်ရွက်နိုင်သော်လည်း ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများ အနေဖြင့်မူ ကျွမ်းကျင် ဆရာဝန်များကဲ့သို့ လူ့စွမ်းအား အရင်းအမြစ်များကို ကိုယ်တိုင် လေ့ကျင့် ပျိုးထောင်ပေးခြင်းထက် အစိုးရ အမှုထမ်း ဆရာဝန်များကိုသာ မှီခို အားထားနေရခြင်းကြောင့် ကုသရေးပိုင်း အချို့တွင် အားနည်းချက်များ ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များအရ သိရပါသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ယခင်က ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု (Basic Medical Care)စနစ်ကို ကျင့်သုံးရာမှ ယခုအခါတွင် အရည်အသွေးမြင့် ၀န်ဆောင်မှု(Total Quality Managemnet)စနစ်သို့ ပြောင်း လဲ ကျင့်သုံးလျက်ရှိပြီး အဆိုပါ အရည်အသွေးမြင့် ၀န်ဆောင်မှုစနစ်တွင် အဆင့်အတန်းမီ တူညီမျခြင်း (Standardization) ၊ ဖြည့်ဆည်း နိုင်စွမ်းရှိခြင်း(Fulfillment)၊ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင် ဖြစ်ခြင်း(Environment)နှင့် လူနာ ရှင်၏ ရွေးချယ်ပိုင်ခွင့် ရှိခြင်း(Customer Choice)စသည့် အရည်အသွေးများ ရှိရန် လိုအပ်ကြောင်း သိရသည်။
အခုဆို အပြင်မှာ အလုပ်လက်မဲ့ ဆရာဝန်ငယ်တွေ အများကြီးပဲ။ ဒီတော့ ဆရာဝန်ငယ်တွေကို စာချုပ်နဲ့ဖြစ်စေ၊ ပညာတော်သင်လွှတ်ပြီး MRCP တို့၊ FRCS တို့ သင်ကြားစေတာမျိုးတွေ လုပ်သင့်သလို ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့လည်း ဘွဲ့လွန်တွေ ခေါ်တဲ့အခါ ပုဂ္ဂလိက ဆေးရုံတွေက ဆရာဝန်ငယ်တွေကိုပါ အခကြေးငွေယူပြီး ဘွဲ့လွန်ဆေးပညာ သင်ကြားသင့်တယ်။ ဒီအခကြေးငွေတွေကိုလည်း ပုဂ္ဂလိက ဆေးရုံတွေကပဲ ရင်းနှီးမြှုပ်နှံသင့်တယ်။ နိုင်ငံတကာမှာလည်း ကိုယ့်ဆေးရုံနဲ့ ကိုယ့်ဆရာဝန် သတ်သတ်စီပဲလေ။ လေး၊ ငါးနှစ်အတွင်းမှာတော့ ဒီစနစ်မျိုး မဖြစ်မနေ ကျင့်သုံးသင့်ပါပြီ . . .
''အခု ခေတ်သစ်ကျန်းမာရေး ၀န်ဆောင်မှုမှာ လူအားလုံး တန်းတူညီမျှ ဆေးကုသမှု ခံယူနိုင်ရမယ်။ အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိနိုင်ရမယ်။ နွမ်းပါးသူလည်း နွမ်းပါးသူ အလျောက်၊ ချမ်းသာသူလည်း ချမ်းသာသူအလျောက် ရွေး ချယ်ကုသမှု ခံယူနိုင်ရမယ်။ ကျန်းမာရေးဝန်ဆောင်မှု ပေးတဲ့နေရာ အသီးသီးမှာလည်း လူနာနဲ့လူနာရှင် စိတ်ချမ်းသာစေမယ့် ပတ်ဝန်းကျင် ဖြစ်ရမယ်။ ဆေးရုံတိုင်း သန့်ရှင်း သပ်ရပ်ရမယ်။ ကူးစက်ရောဂါ ကင်းစင်တဲ့ နေရာ ဖြစ်ရမယ်။ ၀န်ထမ်းတွေက လည်း ချိုသာပျူငှာတဲ့ ဆက်ဆံရေး ရှိရမယ်။ ဒါကလုပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဖြစ်ပေမယ့် အခက်အခဲတွေလည်း ရှိနေတယ်။ ဥပမာ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခု ရှိတယ်။ ဖြည့်ဆည်းနိုင်စွမ်းရှိခြင်းဆိုတဲ့ အရည်အသွေးမှာ လူသား အရင်းအမြစ် ဖြည့်စွမ်းတာနဲ့ ပစ္စည်း ကိရိယာ အဆောက်အဦ ဖြည့်ဆည်းတာ နှစ်မျိုးရှိတယ်။ အဆောက်အဦနဲ့ စက်ကိရိယာတွေကို ပိုက်ဆံရှိရင် အချိန်မရွေး ၀ယ်ယူနိုင်ပေမယ့် လူသားအရင်းအမြစ် အတွက် အချိန်လိုတယ်။ ငွေကြေးလိုတယ်။ ပညာ ရှင်တွေကို ချက်ချင်းဖြည့်ဖို့ မဖြစ်နိုင်ဘူး။ စီမံကိန်းချပြီး စနစ်တကျ မွေးထုတ်မှ ဖြစ်နိုင်တယ်''ဟု အငြိမ်းစား ပါမောက္ခတစ်ဦးက ရှင်းပြခဲ့ပါသည်။
ကျန်းမာရေး စောင့်ရှောက်မှုပေးရာ ဆေးရုံများတွင် ပြင်ပလူနာဌာန(Out Patient)၊ အရေးပေါ်ဌာန (Emergency)၊ အထူးကြပ်မတ် ကုသမှုဌာန (Intensive Care)၊ အနီးကပ် ပြုစုကုသမှုဌာန(Close Care)၊အတွင်း လူနာဌာန(In Patient)တို့ ပါဝင်ပြီး နိုင်ငံတကာ ဆေးရုံကြီးများနှင့် ပြည်တွင်းအစိုးရ ဆေးရုံကြီးအချို့တွင် အစားအစာ၊ သယ်ယူပို့ဆောင်ရေး၊ ဆက်လက်ကြည့်ရှုကုသခြင်း စသည့် ၀န်ဆောင်မှုများ ပါဝင်ကြောင်း သိရသည်။
ကုသရေး အတွေ့အကြုံရင့် ဆရာဝန်တစ်ဦးကလည်း ''အစိုးရ ဆေးရုံတွေရဲ့ စီမံခန့်ခွဲမှု စနစ်က အင်္ဂလိပ်စနစ်ပါ။အဆင့်ဆင့်ကွပ်ကဲမှု ရှိတယ်၊ အုပ်ချုပ်မှု ကောင်းတယ်။ ဒါပေမယ့် စက်ပစ္စည်းနဲ့ ဆေးဝါး လိုအပ်ချက်ကတော့ အထိုက်အလျောက် ရှိတယ်။ လူနာ အရမ်းများတဲ့ အချိန်မှာ ၀န်ထမ်းပိုင်းမှာ ပြဿနာနည်းနည်း ရှိတယ်။ တစ်ဖက်မှာလည်း ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်ရေး ဘက်မှာ အားနည်းချက်တွေ ရှိနေတယ်။ တချို့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာဆို အခြေခံ လိုအပ်ချက် စက်ကိရိယာတွေ ဖြစ်တဲ့ CTG စက်၊ CTScan စက်၊ အသက်ရှူစက်၊ ချွဲစုပ်စက် တို့လို စက်ကိရိယာတွေကိုတောင် လုံလောက်အောင် မဖြည့်ဆည်းနိုင်သေးဘူး''ဟု ပြောကြားခဲ့ပါသည်။
''ကျန်းမာရေး ၀န်ဆောင်မှု အရည်အသွေး တိုးတက်လာဖို့ အခြေအနေကို တိုင်းတာတဲ့ နေရာမှာ မိမိကိုယ်မိမိ စစ်ဆေးခြင်း၊ နိုင်ငံတော်က စိစစ်ခြင်း၊ ပြည်သူတွေက ဝေဖန်ဆန်းစစ်ခြင်း အဲဒီသုံးချက်ကို ပြန်ကြည့်ရပါမယ်။ အားနည်းချက်တွေကို တွေ့ရ ရင် အရည်အသွေးကို မြှင့်တင်နိုင်ဖို့ လိုတယ်။ လက်ရှိ ပုဂ္ဂလိကရော နိုင်ငံပိုင် ဆေးရုံဆေးခန်းတွေမှာပါ ၀န်ထမ်းအင်အား၊ ပစ္စည်းအင်အား ပြီးပြည့်စုံတာ မဟုတ်ဘူး။ ဥပမာ နှလုံးရောဂါ ရှာဖွေစက်ကြီး၊ နှလုံးခွဲစိတ်ခန်းသုံး စက်ကိရိယာ၊ ကင်ဆာ ဓာတ်ရောင်ခြည်ကင်စက် စတဲ့ စက်ကိရိယာတွေက ဒေါ်လာသန်းချီတန်တယ်။ အစိုးရပိုင်တွေမှာတောင် နှစ်လုံးသုံးလုံးလောက်ပဲ ရှိတယ်။ ပုဂ္ဂလိက ကလည်း ၀ယ်ဖို့မလွယ်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒါပေမယ့် မ၀ယ်ဘဲနေလို့ရတဲ့ အနေအထား မဟုတ်ဘူး။ အစိုးရကလည်း ဒီလို စက်တွေသုံးနိုင်ဖို့ အသုံးစရိတ်ပိုပေးနိုင်ဖို့ လိုသလို ပုဂ္ဂလိကကလည်း အရင်းအနှီးတိုးမြှင့်ပြီး ဖြည့်ဆည်းသင့်တယ်''ဟု ဆေးပညာပါမောက္ခ တစ်ဦးက ထင်မြင်ချက် ပေးခဲ့သည်။
နိုင်ငံပိုင် ဆေးရုံကြီးများသည် ဆေးပညာ လေ့ကျင့်သင်ကြားပေးရာ ဆေးရုံများ ဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံများသည် စီးပွားရေးဆေးရုံ သက်သက်သာ ရပ်တည်လျက်ရှိကြောင်း၊ ပုဂ္ဂလိက ဆေးရုံကြီးများတွင် အမှုထမ်းနေသော ဆရာဝန်ကြီးများမှာ နိုင်ငံ့ဝန်ထမ်း ဆရာဝန်ကြီးများနှင့် အငြိမ်းစားယူပြီးသော ဆရာဝန်ကြီးများ အများစုဖြစ်ကြောင်းနှင့် ဆရာဝန်ကြီး အများစုသည် နိုင်ငံတော်စရိတ် နှင့် ပညာသင်ယူခဲ့ဖူးသူ အများစု ဖြစ်ပြီး ကိုယ်ပိုင်စရိတ်(သို့မဟုတ်) ပုဂ္ဂလိက ဆေးရုံစရိတ်ဖြင့် လေ့ကျင့်သင်ကြား တတ်မြောက်ထားသူ ဆိုသည်မှာ နည်းပါးကြောင်း သိရပါသည်။
''ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ပုံမှန်ဆိုရင် ခုနစ်နှစ်လောက် အချိန်ယူရတယ်။ ဆရာဝန်ကြီးတစ်ယောက် ဖြစ်ဖို့ဆိုရင် နောက်ဆယ်နှစ်လောက် ထပ်ပေါင်းရတယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတစ်ဦး ဖြစ်ဖို့ လောလောဆယ်မှာ နိုင်ငံတော်ကပဲ အချိန်နဲ့ ငွေကြေး စိုက်ထုတ်ပေးနိုင်တယ်။ ပုဂ္ဂလိကမှာလည်း ဒီဆရာဝန်ကြီးတွေကပဲ တာဝန်ယူ ကုသပေးရတာ များနေတယ်။ နိုင်ငံ့ဝန်ထမ်း ဆရာဝန်ကြီးတွေဆိုရင် ကျန်းမာရေး စောင့်ရှောက်ရေးအပြင် စာသင်ပေးရတာ၊ နှီးနှောဖလှယ်ပေးရတာ၊ စီမံခန့်ခွဲ ပေးရတာ၊ အစည်းအဝေးတွေ၊ စာမေးပွဲတွေ စတဲ့ ကိစ္စရပ်တွေလည်း ရှိသေးတယ်''ဟု အငြိမ်းစား ပါမောက္ခတစ်ဦးက ပြောကြားပါသည်။
''ဆရာဝန်လည်း လူတစ်ယောက်ပါပဲ။ သူ့မှာ စားဝတ်နေရေး ရှိပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစား တချို့တလေလောက်ပဲ အစိုးရဆေးရုံ သွားတာပါ။ ကျန်တဲ့လူတွေက ပုဂ္ဂလိကကိုပဲ သွားချင်တယ်။ လုံလောက်တဲ့ စက်ကိရိယာနဲ့ ဆေးစတာတွေ မရှိတဲ့ နေရာ၊ အခန်းနဲ့ ကုတင်ပဲ ရှိတဲ့ နေရာမှာ ဘယ်သူမှ ကုသမှုခံချင်မှာ မဟုတ်ဘူး။ ဆရာဝန်တွေလည်း ပုံမှန်အလုပ်ကရတာနဲ့ စားဝတ်နေရေး ဖြည့်ဆည်းဖို့လွယ်ကူတာ မဟုတ်ပါဘူး။ အဲဒီတော့ ပြင်ပမှာ ဆေးကုရပါတယ်။ လူဖြစ်တဲ့အတွက် အမျိုးမျိုး ရှိမှာပဲ။ လောဘတက်တာမျိုး၊ စေတနာမေတ္တာ ပြည့်ဝတာမျိုး ဖြစ်နိုင်တယ်။ အရင်တုန်းက ဆရာဝန်တိုင်းဟာ စေတနာ၊ မေတ္တာ အပြည့်အ၀ရှိတယ် ဆိုတာ ဖြစ်နေကျ အဖြစ်အပျက် ပဲ။ အခု အဲဒီလိုဆရာဝန်က သူရဲကောင်းတစ်ယောက်လို ဆက်ဆံခံရတယ်။ ဒါက ခေတ်တစ်ခေတ်က ဘယ်လောက် ပြောင်းလဲသွားပြီလဲဆိုတာ ပြနေတာပါ။ စနစ်ကြောင့် ခေတ်က ဒီလောက်ပြောင်းလဲသွားတာ ဖြစ်ပါတယ်''ဟု အငြိမ်းစား ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က ထင်မြင်ချက်ပေးပါသည်။
''လူထုကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝဖို့ အခြေခံ အဆောက်အဦတွေ၊ လူ့အရင်းအမြစ်တွေ၊ စက်ကိရိယာတွေ ပြည့်ဝဖို့ လိုတယ်။ နိုင်ငံခြားမှာ ပညာသွားသင်ပြီး သုံးစရာ စက်ကိရိယာ မရှိလို့၊ အခြေခံ အဆောက်အဦ မရှိလို့ အသုံးမချနိုင်တာ မျိုးက မဖြစ်သင့်ဘူး။ ရောက်လာတဲ့စက်ကို အချိန်မတိုင်မီ ပျက်သွားတာမျိုးလည်း မဖြစ်သင့်ဘူး။ အစိုးရရဲ့ အသုံးစရိတ်ကို မြှင့်တင်သင့်တယ်။ သိပ္ပံနဲ့နည်းပညာက အရမ်းတိုးတက်နေတော့ အခု အနေအထားနဲ့ အစစ အရာရာ လိုက်မမီနိုင်ဘူး။ အခြေအနေတွေကြောင့် လူတွေကလည်း အသိ နည်းလာတယ်၊ သင်ကြားရေး၊ လေ့ကျင့်ရေး၊ နေရာချထားရေးကလည်း ခေတ်နောက်ကျတယ်။ သင်လာပြီးရင်လည်း အသုံးမချနိုင်ဘူး၊ လက်တွေ့လုပ်နိုင်ဖို့ အခက်အခဲရှိတယ်။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ အကောင်းဆုံးလမ်းက လူကိုဘက်ပေါင်းစုံက ကောင်းကောင်း အားပေး ထောက်ပံ့တာ ဖြစ်ရမယ်။ ဆရာဝန်တွေကို ကာကွယ်ပေးဖို့ ဆရာဝန်တွေ တာဝန်ဖြစ်ပါတယ်'' ဒေါက်တာမြင့်မြင့်ခင်က ဆက်လက် သုံးသပ်ခဲ့ပါသည်။ ''အခု လောလောဆယ်တော့ အစိုးရဆေးရုံတွေမှာ မကုရလို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် Emergency တို့ ၂၄ နာရီ oncall တို့ ကျရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ အစိုးရဆေးရုံက ဆရာဝန်ကြီးတွေလည်း ထိုင်၊ အစိုးရ အလုပ်မလုပ်တော့တဲ့ ကိုယ်ပိုင် အထူးကု ဆရာဝန်ကြီးတွေကိုလည်း ၂၄ နာရီ oncall ခန့်ထားသင့်ပြီး၊ ပင်စင်ယူသွားတဲ့ ဆရာဝန်ကြီးတွေကို အမြဲတမ်းခန့်ထားပြီး Junior ဆရာဝန်တွေအတွက် သင်ကြားရေး တာဝန်တွေ ပူးတွဲလုပ်ပေးရင် ဘွဲ့ရခါစ ဆရာဝန် ငယ်တွေလည်း အကျိုးရှိပါတယ်။ အခုဆို အပြင်မှာ အလုပ်လက်မဲ့ ဆရာဝန်ငယ်တွေ အများကြီးပဲ။ ဒီတော့ ဆရာဝန်ငယ်တွေကို စာချုပ်နဲ့ဖြစ်စေ ပညာတော်သင်လွှတ်ပြီး MRCP တို့ FRCS တို့ သင်ကြားစေတာမျိုးတွေ လုပ်သင့်သလို ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့လည်း ဘွဲ့လွန်တွေခေါ်တဲ့အခါ ပုဂ္ဂလိက ဆေးရုံတွေကဆရာ ၀န်ငယ်တွေကိုပါ အခကြေးငွေယူပြီး ဘွဲ့လွန်ဆေးပညာ သင်ကြားသင့်တယ်။ ဒီအခကြေးငွေတွေကိုလည်း ပုဂ္ဂလိက ဆေးရုံတွေကပဲ ရင်းနှီးမြှုပ် နှံသင့်တယ်။ နိုင်ငံတကာမှာလည်း ကိုယ့်ဆေးရုံနဲ့ ကိုယ့်ဆရာဝန် သတ်သတ်စီပဲလေ။ လေး၊ ငါးနှစ်အတွင်းမှာတော့ ဒီစနစ်မျိုး မဖြစ်မနေ ကျင့်သုံးသင့်ပါပြီ''ဟု ဆရာဝန် ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
09-29-2010, 03:09 PM
မြန်မာနိုင်ငံ၌ အသက်၆၀ နှစ်နှင့်အထက် သက်ကြီးဦးရေ ခြောက်သန်း ၀န်းကျင်ရောက်ရှိ ၊လာမည့် ဆယ်စုနှစ်အတွင်း လက်ရှိဦးရေထက် ပိုမို မြင့်တက်လာမည်ဟု ခန့်မှန်းထား
http://www.news-eleven.com/images/stories/myanmar/mm/bi3271.jpg
မြန်မာနိုင်ငံ၌ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ဦးရေသည် ခြောက်သန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းများ တိုးတက်မြင့်မားလာခြင်း၊ လူနေမှုပုံစံများ ပြောင်းလဲလာခြင်း၏ အကျိုးရလဒ်များဖြစ်သည့် မွေးနှုန်းကျဆင်းခြင်း၊ သေနှုန်းကျဆင်းခြင်းနှင့်အတူ သက်ကြီး ဦးရေသည်လည်း တိုးတက်လာပြီး ကမ္ဘာပေါ်တွင် သက်ကြီးဦးရေ သန်း ၆၀၀ ခန့်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းဝန်းကျင်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နေထိုင်နေကြကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံမှာလည်း သက် ကြီးရွယ်အို အရေအတွက်က တစ်နှစ်ထက် တစ်နှစ် တရိပ်ရိပ်တက်လာတယ်။ လာမယ့် ဆယ်စုနှစ် အတွင်းမှာ အခုလက်ရှိ ရှိနေတဲ့ ဦးရေထက်ပိုပြီး တိုးတက်လာဖို့ရှိပါတယ်" ဟု လူမှုဝန်ထမ်းဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်ကပြောကြားသည်။
မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဦးရေသည် ၁၉၉၀-၁၉၉၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိရာမှ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ၈ ဒသမ ၀၅ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့ကာ ၂၀၀၉ ခုနှစ်တွင်မူ ၁၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် သက်ကြီးဘိုးဘွားများအား ရိုသေစွာနေရာပေး၍ ကျွေးမွေးပြုစုကြသော ဓလေ့ထုံးစံကြောင့် သက်ကြီးအရေအတွက် တိုးပွားလာခြင်းသည်များစွာ အခက်အခဲမရှိဟု ဆိုနိုင်သော်လည်း အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ ခက်ခဲကျပ်တည်း လာသော စီးပွားရေးကြောင့် အိမ်ရှိ လူကုန် စီးပွားရှာအလုပ်လုပ်ကိုင်ကြ ရသဖြင့်သက်ကြီးများတွင် လျစ်လျူရှုခံရခြင်း၊ ၀န်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာခြင်းတို့ ကြုံတွေ့လာရသည်ဟု သိရှိရသည်။
"မြန်မာနိုင်ငံမှာ အရင်တုန်းကတော့ မိသားစုတစ်စုတစ်စည်းတည်း နေကြတဲ့လူနေမှုပုံစံရှိခဲ့ပေမယ့် အခု နောက်ပိုင်းတော့ ဒီလူနေမှုကပြောင်းလဲသွားပြီ။ မိသားစုနဲ့ခွဲပြီး အလုပ်လုပ်ကြရတဲ့သူတွေ ရှိလာတယ်။ အိမ်တွေမှာ သက်ကြီးတွေပဲ အထီးကျန် ပြီး ကျန်ရစ်ခဲ့တာမျိုးတွေလည်း ရှိလာပါတယ်"ဟု ဦးအောင်ထွန်းခိုင် က ပြောကြားသည်။
ယခုအခါတွင် ကမ္ဘာပေါ်၌ သက်ကြီးရွယ်အို အရေအတွက်မှာ နှစ်စဉ် ၂ ဒသမ ၀ ရာခိုင်နှုန်းမျှ တိုးတက်လျက်ရှိသည်ဟုသိရသည်။
လာမည့် ၂၀၁၀-၂၀၁၂ ခုနှစ် များတွင် သက်ကြီးရွယ်အို အရေအတွက် တိုးတက်မှုသည် ၃ ဒသမ ၁ ရာခိုင်နှုန်း ၀န်းကျင် တိုးတက်လာနိုင်ပြီး ၂၀၂၅ ခုနှစ်တွင် ဦးရေ ၁ ဒသမ ၂ ဘီလျံဖြစ်လာနိုင်ကာ ၂၀၅၀ ပြည့်နှစ်တွင် ၂ ဘီလျံ ဖြစ်လာနိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌လည်း မြို့ပြနှင့် ကျေးလက်တွင်ပါ တစ်ဦးချင်းစီ ၏ ပျမ်းမျှသက်တမ်း တိုးတက်လာကြောင်း၊ ၁၉၉၈ ခုနှစ်တွင် ကျေးလက်မှ အမျိုးသားပျမ်းမျှ သက်တမ်း ၅၆ ဒသမ ၂ နှစ်၊ အမျိုးသမီး ပျမ်းမျှသက်တမ်း ၆၀ ဒသမ ၄ နှစ်၊ မြို့ပြမှ အမျိုးသား ပျမ်းမျှသက်တမ်း ၅၉ ဒသမ ၂ နှစ်၊ အမျိုးသမီးပျမ်းမျှသက် တမ်း ၆၃ ဒသမ ၂ နှစ်၊ လက်ရှိ ကာလတွင် ကျေးလက်မှအမျိုးသား ပျမ်းမျှသက်တမ်း ၆၃ ဒသမ ၂ နှစ်၊ အမျိုးသမီး ပျမ်းမျှသက်တမ်း ၆၇ ဒသမ ၁ နှစ်၊ မြို့ပြမှ အမျိုး သားပျမ်းမျှသက်တမ်း ၆၄ နှစ်၊ အမျိုးသမီးပျမ်းမျှ သက်တမ်း ၆၉ နှစ်သို့ အသီးသီးမြင့်တက်လာ ကြောင်း သိရှိရသည်။
"တစ်ဦးချင်း ပျမ်းမျှသက်တမ်းတွေ မြင့်တက်လာတဲ့အတွက် လာမယ့်နှစ်တွေမှာ သက်ကြီးဦးရေက ဆက်လက်မြင့်တက်လာမယ်လို့ ဆိုရတာပါ"ဟု ဦးအောင်ထွန်းခိုင် က ပြောပြသည်။
@news-eleven.com

poohcartoon
09-29-2010, 03:11 PM
သီးနှံဈေးကွက်တွင် ဓာတုဆေး အသုံးပြုမှုနှုန်းမြင့်တက်၊ အချိန်မတိုင်မီမှည့်စေသည့် ဓာတုဆေး အသုံးပြုမှု အများဆုံးဖြစ်ကြောင်း သိရ
http://www.news-eleven.com/images/stories/main/bi3272.jpg
ပြည်တွင်းသစ်သီး ဈေးကွက်တွင် ရောင်းချလျက်ရှိသည့် သီးနှံများအား ရောင်းချနိုင်သည့်အနေအထား မရောက်ရှိမီ စောစီးစွာမှည့်စေရန် ဓာတုဆေးများအသုံးပြုလာခြင်းမှာလည်း ယခင်ကထက်တွင်ကျယ်လာကြောင်း စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ဓာတုဆေးအသုံးပြု၍ သီးနှံရင့်မှည့်စေရန် ဆောင်ရွက်ခြင်းကို သီးနှံများဈေးကွက်အတွင်း စတင်ဝင်ရောက်သည့် ရာသီချိန်အစပိုင်းနှင့် ဈေးကွက်တွင်း ၀င်ရောက်မှု နည်းပါးသွားသည့် ရာသီကုန်ချိန် များတွင် ပိုမိုအသုံးပြုကြောင်း သိရသည်။
"သီးနှံတစ်မျိုးကို ရာသီချိန်မတိုင်မီ ဈေးကွက်ထဲရောင်းချနိုင်အောင်နဲ့ ရာသီကုန်သီးနှံ ၀င်ရောက်မှုနည်းချိန်မှာ ရောင်းချနိုင်အောင် ဓာတုဗေဒဆေးတွေသုံးပြီး မှည့်အောင်လုပ်ကြတယ်။ အခုလက်ရှိ ဈေးကွက်ထဲမှာသီးနှံမှည့်အောင် စိမ်ဆေးနဲ့ တို့ဆေးဆိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ပုံစံနှစ်မျိုးရှိတယ်။ အစေးရှိတဲ့ သီးနှံမှန်သမျှကို ဆေးသုံး ပြီး မှည့်အောင်လုပ်လို့ရတယ်။ မှည့် အောင်လည်းလုပ်ကြတယ်။ဈေးကွက်ထဲမှာ ဆေးမသုံးဘဲ သဘာဝအတိုင်း မှည့်လာတဲ့ သီးနှံတွေကို ရောင်းချတာ မရှိသလောက်ရှားတယ်"ဟု သီရိမင်္ဂလာဈေးတွင်နှစ် ၂၀ ကျော် သီးနှံမျိုးစုံ လက်လီ၊ လက်ကားရောင်း ချနေသည့်သီးနှံကုန်သည် ဦးအေးသိန်းက ပြောပြခဲ့သည်။
သီးနှံများကို သဘာဝအတိုင်း အမှည့်ခံပါကခူးပြီး ၆ ရက်ခန့်ကြာမှ မှည့်ကာ အနည်းဆုံး ၇ ရက်အထား ခံကြောင်း၊ ရက်ကြာကြာထားပါကလည်း အနိမ့်ဈေးနှင့် ရောင်းချနိုင်ကြောင်း သိရသည်။ တို့ဆေးနှင့်စိမ် ဆေးအသုံးပြုပြီး အမှည့်ခံထားသည့် သီးနှံများသည် ဆေးအသုံးပြုပြီး သုံးရက်အတွင်း မှည့်လာကာ ကြာရှည်မခံခြင်း၊ အမှည့်လွယ်ခြင်းတို့ကြောင့် ဈေးကွက်ပေါ်၌သုံးရက်မှ ငါးရက်တွင်း ပစ္စည်းကုန်အောင် ရောင်းချရကြောင်း၊ သို့မဟုတ်ပါက သီးနှံများအမှည့်လွန်ကာ အသီးပုပ်သွားပြီး အနိမ့်ဈေးဖြင့်လည်း ရောင်းချ၍မရနိုင်ကြောင်း သိရသည်။
သီးနှံမှည့်စေရန် အသုံးပြုသည့် ဆေးများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝင်ရောက်မှုရှိပြီး အလွယ်တကူ ၀ယ်ယူနိုင်ခြင်းကြောင့် ဈေးများ၌လည်း သီးနှံဆေးရည်စိမ်ခြင်းကို ဆောင်ရွက်ပေးမှုများ ရှိကြောင်း သိရသည်။
"အိမ်မှာ ဘုရားပွဲတင်ဖို့အတွက် အနားကဈေးမှာ ငှက်ပျောသီးသွား ၀ယ်တာ ဆိုင်ရှင်ကဆေးစိမ်မလား မေးတယ်။ ဆေးစိမ်ရင်မြန်မြန်မှည့် တယ်ပြောတော့ ကိုယ်လည်းနားမ လည်တာနဲ့စိမ်မယ်ပေါ့။ အဲဒါနဲ့ ငှက်ပျောသီးအဖီးလိုက်ကိုရေထဲစိမ် ပေးလိုက်တယ်။ဝယ်တုန်းကတစ်ဖီးလုံး စိမ်းနေတဲ့ သီးမွှေးငှက်ပျောက နှစ်ရက်လောက်လည်းကြာရော အကုန်လုံးမှည့်လာတယ်။ ဒါပေမယ့် အသီး က အချိုဓာတ်ရော အသားကပါ အရသာမရှိဘူး"ဟု ကိုယ်တွေ့ကြုံ ခဲ့ရသူတစ်ဦးက ပြောပြခဲ့သည်။
"ဓာတုဗေဒနည်း ဖြစ်တာကြောင့် ကျွန်တော်တို့အသင်း အနေနဲ့ခွင့်မပြုပါဘူး။ အားလုံးက သုံးနေကြတယ်ဆိုတာသိပေမယ့် သေသေချာချာ သုတေသနလုပ်ထားတာမရှိ တော့အတိအကျပြောဖို့မှာ အခက် အခဲရှိပါတယ်။ အများဆုံးသုံးနေကြ တာက သရက်၊ ငှက်ပျော၊ သင်္ဘော သီးတို့မှာပါ။ ပြည်တွင်းအပြင် ပြည်ပပို့တဲ့သီးနှံတွေ ဥပမာ သရက်သီး ဆိုပုံးထဲမှာ ဟိုလည်းအရောက်၊ အသီးလည်း အမှည့်ဆိုပြီး carbite ထုတ်တွေထည့်ပေးတာမျိုးရှိတယ်။ ဒါကရေရှည်မှာ သီးနှံဈေးကွက် ပျက်စီးနိုင်ပါတယ်။ အသင်းအနေနဲ့ သုံးစွဲမှုမရှိအောင် ညွှန်ကြားထားပါ တယ်။ ထိထိရောက်ရောက် ပညာပေးဖို့က လိုအပ်နေပါသေးတယ်။ အကောင်းဆုံးက စားသုံးသူတွေအနေနဲ့ မစားမီအသီးကို ရေကြာကြာစိမ်ပြီးမှ စားသုံးသင့်ပါတယ်။ ဒါမှဓာတုဆေးတွေက ရေထဲမှာပျော်ဝင်သွားနိုင်မှာပါ"ဟု မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးစိုးသန်းမင်းဒင်က ဆိုပါသည်။
သဘာဝသီးနှံများနှင့် ဆေးအသုံးပြုသီးနှံများကို ခွဲခြားရန်ခက်ခဲကြောင်း၊ လုပ်ငန်းကျွမ်းကျင်သူများ ဆောင်ရွက်မှသာ သီးနှံများကို သိသိသာသာခွဲခြားနိုင်ကြောင်း သိရသည်။
ပြည်ပက၀င်ရောက်သည့် သီးနှံများမှာမူ အများစုမှာအမှည့်စား သီးနှံများထက် အရည်ရွှမ်းသီးနှံများ ဖြစ်သောကြောင့် ဓာတုဆေးအသုံးပြု မှည့်ခြင်းထက် ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်ကိုပိုမိုစိုးရိမ်ရကြောင်း သီးနှံကုန်သည်များ၏ ပြောစကားအရ သိရသည်။
@news-eleven.com

poohcartoon
09-29-2010, 03:26 PM
နေပြည်တော် ခရိုင်အတွင်းရှိ ကွန်ကရစ် လမ်းမကြီးများပေါ်တွင် မော်ဒယ်နိမ့်ကားများ မောင်းနှင်ပါက အရေးယူသွားမည်ဟု သိရ
http://www.news-eleven.com/images/stories/main/bi3274.jpg
နေပြည်တော်ခရိုင် အတွင်းရှိ ကွန်ကရစ်လမ်းမကြီးပေါ်တွင် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် မော်ဒယ်နိမ့်ကားများ မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။
နေပြည်တော်ခရိုင် အတွင်းရှိ ကွန်ကရစ်လမ်းမကြီးများပေါ်တွင် မော်ဒယ်နိမ့်ကားများဖြစ်သည့် နေပြည်တော် တည်ဆောက်ရေးခွင် အတွင်း အလုပ်ဝင်နေသည့် အုတ်၊ သဲ၊ ကျောက်၊ မြေသယ်ယာဉ် အစရှိသည့်ကားများနှင့် ထော်လာဂျီများ မောင်းနှင်အသုံးပြုပါက မော်တော်ယာဉ် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင် ၎င်းကားများအား နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ လမ်းမကြီးများပေါ်တက်မလာ စေရန် ပညာပေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
"အခုလက်ရှိကာလမှာ မော်ဒယ်နိမ့်ကားတွေ၊ ကုမ္ပဏီကြီးတွေက အုတ်၊ သဲ၊ ကျောက်၊ မြေကြီးသယ် ယာဉ်တွေ ဥပမာ TE 11 တို့၊ ချက်ပလက်ကားတို့ နောက်ပြီး အိတ်ဇောက မီးခိုးတအားထွက်နေတဲ့ ကားတွေ၊ အင်္ဂါမစုံလင်တဲ့ ကားတွေကို ကျွန်တော်တို့နေပြည်တော်ရဲ့ ကွန်ကရစ်လမ်းမကြီးတွေပေါ် တက်လာရင် ဥပဒေအရ အရေးယူသွားမှာပါ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာလည်း နိုင်ငံခြားသားတွေ ပါ လာရောက်မှာဖြစ်တဲ့အတွက် ပုံစံမကောင်းတဲ့ကားတွေကို လမ်းမကြီးတွေပေါ် တက်မလာအောင်လည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ပညာပေးမှုတွေ ပြုလုပ်နေပါတယ်"ဟု နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
09-29-2010, 03:36 PM
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ရှစ်နာရီခန့်သာ အချိန်ပေးရတော့မည့် အမြန်လမ်းမကြီး ဖွင့်လှစ်တော့မည်၊ ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ် ၁၆ နာရီမျှ ကြာမြင့်နေမှုကြောင့် ကားလမ်းအသုံးပြုမှု ပိုလာနိုင်
http://www.news-eleven.com/images/stories/main/bi3275.jpg
ရန်ကုန်မြို့မှ မန္တလေးမြို့သို့သွားလာရာတွင် အချိန်ရှစ်နာခန့်သာ ကြာမြင့်တော့မည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ ခရီးသွားအများစုမှာ ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ် က အချိန် ၁၆ နာရီမျှ ပေးနေရသေး၍ ကားလမ်းခရီးစဉ်ကိုသာ ပိုမိုအသုံးပြုကြမည့် အနေအထားတွင် ရှိသည်ဟု အဝေးပြေးခရီးသည် ပို့ဆောင်ရေး ကုမ္ပဏီများက သုံးသပ်ကြသည်။
"ရထားနဲ့ ကားလမ်းခရီးမှာ အသုံးပြုမှုများနေတာက ကားလမ်းဖြစ်နေပေမယ့် ရထားတွေကလည်း ပုံမှန် ပြေးဆွဲပေးနေရဆဲပဲ ဖြစ်ပါတယ်။ ခရီးသွားလာရာမှာ ကုန်ကျစရိတ်နည်းပါးမှုနဲ့ သက်သောင့် သက်သာရှိမှု၊ လမ်း အန္တရာယ်ကင်းရှင်းမှုနဲ့ လူအများအပြားကို တစ်ပြိုင်နက်တည်း ပို့ဆောင်ပေးနိုင်မှုမှာတော့ ရထားခရီးစဉ်ကို တခြားဘယ်ပို့ဆောင်ရေး ခရီးစဉ်ကမှ အမီမလိုက်နိုင်သေးပါဘူး။ ဒါပေမယ့် အချိန်ကရွှေဖြစ်နေတဲ့ အတွက် အချိန်တိုတိုနဲ့ခရီးပေါက်တဲ့ ကားလမ်းခရီးကိုပဲ ရွေးနေရတဲ့ သဘောပါ။ ရန်ကုန်-မန္တလေး ရထား ခရီးစဉ်တွေကတော့သင်္ကြန်လို၊ တောင်ပြုံးလို ပွဲတော်တွေနီးလာရင် သိတဲ့အတိုင်းပါပဲ။ အထူးသဖြင့် အသက် အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေဆို ရထားကို အဝေးပြေးခရီးတွေမှာ အားထားစီးနင်းကြပါတယ်။ အခုလက်ရှိအနေအထား ကတော့ သိတဲ့အတိုင်း အချိန်ပေးရတာ က ကားလမ်းခရီးစဉ်ရဲ့ နှစ်ဆဖြစ်နေတာရယ်၊ အစုန်အဆန် ရထားခရီးစဉ် ထပ်မတိုးနိုင်တော့တာရယ်၊ တွဲဆိုင်း ထပ်မထည့်နိုင်တော့တာကြောင့် ခရီးသွားအများစုက ရထားမရလို့ ကားနဲ့ သွားကြရတာများတယ်" ဟု ရန်ကုန်- မန္တလေး ခရီးသွားလာမှုနှင့် ပတ်သက်၍ အငြိမ်းစား အရာရှိကြီးတစ်ဦး က သုံးသပ်ပြောကြားသည်။
တစ်ချိန်က အားထားခဲ့ရတဲ့ရထား
ရန်ကုန်-မန္တလေး အမြန်ရထား ခရီးစဉ်ကို ၁၉၆၇ ခုနှစ်က စတင် ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ခန့် ခုတ်မောင်း သွားလာနိုင်ကြောင်း သိရသည်။ ထိုစဉ်က ရန်ကုန်-မန္တလေး အစုန် အဆန်ပြေးဆွဲပေးခဲ့သည့် အမြန်ရထားများမှာ ရွှေမန်းမေနှင့် ဒဂုံလွင်တို့ဖြစ်ပြီး ရန်ကုန်-မန္တလေး ရထားလမ်း ခရီးစဉ်တစ်လျှောက်တွင် ဘူတာသုံးဘူတာတွင်သာ ရပ်နားပေးခဲ့ပြီး ကြာမြင့်ချိန်မှာ ငါးမိနစ်ခန့်သာ ရှိခဲ့သည်ဟု သိရသည်။ ရန်ကုန်မှ မန္တလေးသို့ ရထားခရီးစဉ် ကြာမြင့်ချိန်မှာ ၁၂ နာရီခန့်သာ ရှိသည်ဟု သိရပြီး ထိုစဉ်ကာလက (နှစ်လမ်းသွား) ဒွေးလမ်းများ မဖောက်ရသေး သဖြင့် ရထားလမ်းခရီးတစ်လျှောက် တွင်အတက်အဆင်းရထားကို စောင့် ဆိုင်းနေရမှုများလည်း ရှိခဲ့သည်ဟု သိရသည်။ ဒဂုံလွင်နှင့် ရွှေမန်းမေ အမြန်ရထားများ ပြေးဆွဲစဉ်ကာလ က ရန်ကုန်-မန္တလေး ရထားလမ်း တစ်လျှောက်တွင် တောင်ငူဘူတာ၊ နေပြည်တော် ပျဉ်းမနားဘူတာနှင့် သာစည်ဘူတာများတွင်သာ ရပ်နားခဲ့ကြောင်း သိရသည်။
http://www.news-eleven.com/images/stories/myanmar/loc/bi3271.jpg
ထိုစဉ်ကာလများက ရန်ကုန်မှ မန္တလေးသို့ အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်များဖြင့် သွားလာသည့် ခရီးသည်မှာနည်းပါးခဲ့ပြီး ရန်ကုန်-မန္တလေး အဝေးပြေးခရီးသည်တင် မော်တော်ယာဉ်လိုင်းများလည်း နည်းပါးခဲ့သည်ဟု သိရသည်။
၁၉၉၀ပြည့်နှစ် နောက်ပိုင်းကာလများမှ စတင်၍ ဒဂုံ-မန်း အထူးအမြန် ရထားကိုရန်ကုန်-မန္တလေး အမြန် ရထားအဖြစ်ပြေးဆွဲပေးခဲ့ရာ ထိုစဉ်က ဒဂုံ-မန်းရထားသည် ရန်ကုန်-မန္တလေး ခရီးစဉ်အား ၁၄ နာရီခန့်သာ ခုတ် မောင်းခဲ့ကြောင်း သိရသည်။ ထိုစဉ်က လမ်းခရီးတွင် ရပ်နားဘူတာများမှာ ပဲခူးဘူတာ၊ တောင်ငူဘူတာ၊ နေပြည် တော်ပျဉ်းမနားဘူတာ၊ ကျောက်ဆည် ဘူတာ၊ မြစ်သားဘူတာတို့ ဖြစ်သည် ဟု သိရသည်။ ထိုစဉ်ကာလများက မော်တော်ယာဉ်ထက် ရထားကို အားထားစီးနင်းသွားလာကြသဖြင့် ရန်ကုန်- မန္တလေး အဝေးပြေးမော်တော်ယာဉ် လိုင်းများမှာ ခုနစ်လိုင်းခန့်သာ ရှိခဲ့သည်ဟု သိရသည်။
ရန်ကုန်-မန္တလေး အမြန်ရထား ခရီးစဉ်ကို ၁၉၆၇ ခုနှစ်က စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ခန့် ခုတ်မောင်း သွားလာနိုင်ကြောင်း သိရသည်။ ထိုစဉ်က . . . ရန်ကုန်မှ မန္တလေးသို့ ရထားခရီးစဉ် ကြာမြင့်ချိန်မှာ ၁၂ နာရီခန့်သာ ရှိသည်ဟုသိရပြီး . . .
"၁၉၉၅၊ ၉၆၊ ၉၇ လောက် ကျွန်တော်က ရန်ကုန်ကနေမန္တလေး ကို အစုန်အဆန် တစ်ပတ်ကိုတစ်ကြိမ်လောက် အမြန်ရထားနဲ့သွားလာခဲ့ရ ပါတယ်။ အဲဒီကာလက ရထားထွက် ချိန်က ညဘက်စီး မနက်လင်းရင် ရောက်ဆိုတော့ အတော့်ကိုအဆင်ပြေ ပါတယ်။ စားသောက်တွဲပါတော့ စားရင်းသောက်ရင်း ခရီးသွားရတာ အရသာတစ်မျိုးပါပဲ။ အချိန်ကလည်း ၁၄ နာရီ တိတိကျကျပါပဲ။ ရန်ကုန်-မန္တလေးကို ကားနဲ့ ဘယ်သွားလိမ့် မတုန်း၊ ခရီးသွားရတာ ကားလမ်းက အန္တရာယ်ပိုများသလို အပေါ့အပါးခဏ နားရတာကအစ ရထားနဲ့ သိပ်ကွာ တာလေ။ ဖြစ်နိုင်ရင်တော့ ရန်ကုန်-မန္တလေးကို ဟိုတုန်းကလို ရထားနဲ့ပဲ သွားချင်တာပေါ့"ဟု ရန်ကုန်-မန္တလေး ခရီးသွားပြည်သူတစ်ဦးက ပြောပြခဲ့ သည်။
လက်ရှိအနေအထားတွင် မန္တလေးမြို့မှ နေ့စဉ် နံနက် ၅ နာရီတွင် အမှတ် ၆ အစုန်၊ နံနက် ၅ နာရီ မိနစ် ၃၀ တွင် အမှတ် ၄ အစုန်ရထား၊ နံနက် ၆ နာရီတွင် အမှတ် ၁၂ အစုန် ရထား၊ ည ၈ နာရီ မိနစ် ၃၀ တွင် အမှတ် ၂ အစုန်ရထား၊ ည ၉ နာရီ ၄၅ မိနစ် တွင် အမှတ် ၃၀ အစုန် ရထားတို့ ထွက်ခွာလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့မှ နံနက် ၅ နာရီ တွင်ထွက်ခွာလာသည့်အမှတ် ၆ အစုန် ရထားသည် ရန်ကုန်မြို့သို့ ည ၉ နာရီ ၀န်းကျင်တွင် ဆိုက်ရောက်လေ့ရှိပြီး၊ မန္တလေးမြို့မှ နံနက် ၅ နာရီ မိနစ် ၃၀ တွင် ထွက်ခွာလာသည့် အမှတ် ၄ အစုန်ရထားသည် ရန်ကုန်မြို့သို့ ည ၁၀ နာရီဝန်းကျင်တွင် ဆိုက် ရောက်လေ့ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ နေ့စဉ် နံနက် ၅ နာရီတွင် အမှတ် ၅ အဆန်ရထား၊ နံနက် ၅ နာရီ မိနစ် ၃၀ တွင် အမှတ် ၃ အဆန်ရထား၊ နံနက် ၆ နာရီတွင် အမှတ် ၁၁ အဆန် ရထား၊ မွန်းတည့် ၁၂ နာရီတွင် အမှတ် ၂၉ အဆန်ရထားနှင့် ည ၈ နာရီ ၁၅ မိနစ်တွင် အမှတ် ၁ အဆန်ရထားတို့ ပြေးဆွဲပေးလျက်ရှိရာ မန္တလေးမြို့သို့ ခုတ်မောင်းချိန်စုစုပေါင်းမှာ ၁၆ နာရီ ခန့် ကြာမြင့် သည်ဟု သိရသည်။
ခုတော့လည်း ကားနဲ့ သွားရတော့မှာပဲ
ရန်ကုန်-မန္တလေး ရထားခရီးစဉ် တစ်လျှောက် လုံခြုံချောမွေ့မှုရှိစေရေး အတွက် ညရထားခရီးစဉ်များ မရှိတော့ခြင်း၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ သို့ ရထားခုတ်မောင်းချိန် ကြာမြင့် နေမှုနှင့် စီးနင်းသွားလာလိုသူ အရေ အတွက် များပြားနေမှုကြောင့် ရထား လက်မှတ် အခက်အခဲရှိနေသဖြင့် မော်တော်ယာဉ် ခရီးစဉ်ကိုသာ ခရီးသည်များ အဓိကအားထားလာကြသည်ဟု သိရသည်။ လက်ရှိတွင် ရန်ကုန်-မန္တလေး အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းမှာ ၁၅ လိုင်းအထိ ရှိလာခဲ့ကာ ရွှေမန္တလာ၊ မြတ်မန္တလာထွန်း၊ ရွှေစင်စင်္ကြာ၊ ရွှေမန်းသူ၊ နယူးမန္တလာထွန်း ကဲ့သို့သော ယာဉ်လိုင်းများသည် ပွင့်လင်းရာသီတွင် ရန်ကုန်-မန္တလေး ခရီးစဉ်အား တစ်နေ့လျှင် ၁၃ စီးခန့် ပြေးဆွဲပေးလေ့ရှိသည်ဟု သိရသည်။
"၂၀၀၆ ခုနှစ်လောက်ကစပြီး ရန်ကုန်-မန္တလေး ရထားလမ်းခရီးစဉ် မှာ ဒွေးလမ်း (အသွားအပြန်နှစ်လမ်း)ပေါက်ပါပြီ။ ရန်ကုန်နဲ့မန္တလေးကနေ တစ်ချိန်တည်းမှာ ရထားနှစ်စင်း တစ်ပြိုင်နက်တည်း ထွက်လာနိုင်ပါပြီ။ ဒါပေမယ့် လမ်းပိုင်းတချို့ရဲ့ အနေအထားအရ တချို့လမ်းပိုင်းတွေမှာ သတ်မှတ်နှုန်းနဲ့ အရှိန်လျှော့ ခုတ် မောင်းရတာမျိုးတွေရှိပါတယ်။ ဘူတာ စဉ်မရပ်ဘဲ ရန်ကုန်-မန္တလေး ရထား ခရီးစဉ်ကို တောက်လျှောက်ခုတ်မောင်း ရနိုင်တဲ့ အမြန်ရထားတွေလို မဟုတ်တော့တာကြောင့် ပုံမှန် ၁၅ နာရီခွဲ ကြာမြင့်နေသေးတာဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်မှု ပိုမိုလုံခြုံချော မွေ့မှုရှိလာပြီး ညပိုင်းခုတ်မောင်းနိုင်တဲ့၊ ဘူတာစဉ်မရပ်တဲ့ အထူးအမြန် ရထားတွေ ပြန်ပြေးဆွဲနိုင်ပြီဆိုရင်တော့ ကြာမြင့်ချိန်တွေ လျော့ကျသွား မှာ ဖြစ်ပါတယ်"ဟု မြန်မာ့မီးရထားမှ အငြိမ်းစား အင်ဂျင်နီယာမှူးကြီး တစ်ဦးက ဆိုပါသည်။
ရန်ကုန်-မန္တလေး ရထားလမ်း ခရီးမိုင်မှာ ၃၈၅ ဒသမ ၅၀ မိုင်ရှည်လျားပြီး လမ်းခရီးရပ်နားဘူတာများ မှာ ပဲခူးဘူတာ၊ ဖြူးဘူတာ၊ တောင်ငူ ဘူတာ၊ နေပြည်တော်တပ်ကုန်းဘူတာ၊ ရမည်းသင်းဘူတာ၊ ပျော်ဘွယ်ဘူတာ၊ သာစည်ဘူတာနှင့် ကျောက်ဆည်ဘူတာတို့ ဖြစ်ကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ ကုန်စည်နှင့် ခရီးသည် ပို့ဆောင်မှုကဏ္ဍတွင် ကုန်ကျစရိတ်သက်သာမှု၊ ခရီးသည် အမြောက်အများ သယ်ယူပို့ဆောင်ပေးနိုင်မှု လမ်းခရီးတွင် မတော်တဆ ဖြစ်နိုင်ချေ အနည်းဆုံးနှင့် သက်သောင့် သက်သာ ခရီးသွားလာနိုင်မှုတို့ရှိနေ သဖြင့် မြန်မာ့မီးရထားခရီးစဉ်များကို ခရီးသွားပြည်သူအများက အားကိုးနေ ဆဲပင်ဖြစ်ရာ ရန်ကုန်-မန္တလေးသို့ ကားလမ်းခရီး ရှစ်နာရီ ခရီးပေါက် ချိန်တွင် ရထားလမ်းခရီးကို အချိန်တို ဖြင့်သာ ခရီးပေါက်စေလိုကြကြောင်း သိရှိရသည်။
ရှစ်နာရီခန့်ဖြင့် ခရီးပေါက်မည့် ရန်ကုန်-မန္တလေး အမြန်လမ်း
ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးကို ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ရန်ကုန်-နေပြည်တော်လမ်း ပိုင်းနှင့် နေပြည်တော်-မန္တလေးလမ်း ပိုင်းဟူ၍ လမ်းပိုင်းနှစ်ပိုင်း ပါဝင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စုစုပေါင်း ၃၅၂ မိုင် ၆ ဖာလုံ ရှည်လျားသည်။
ရန်ကုန်-နေပြည်တော် လမ်းပိုင်းသည် မိုင် ၂၂၁ မိုင် ၁ ဖာလုံရှိပြီး လမ်းပိုင်း ၄ ပိုင်းပါဝင်ရာ ရန်ကုန် အမှတ်(၃)လမ်းဆုံ- မြို့ချောင်းလမ်း ပိုင်း ၈၃ မိုင်၊ မြို့ချောင်း-သာဂရ လမ်းပိုင်း ၈၉ မိုင် ၃ ဖာလုံ၊ သာဂရ-နေပြည်တော်စီ လမ်းဆုံ ၂၉ မိုင်နှင့် နေပြည်တော်စီလမ်းဆုံ-ပန်းတင် ၁၉ မိုင်တို့ဖြစ်သည်။
နေပြည်တော်(ပန်းတင်)-မန္တလေး (စကားအင်အ၀ိုင်း) လမ်းပိုင်းသည် ၁၃၁ မိုင် ၅ ဖာလုံ ရှည်ပြီး လမ်းပိုင်း ၂ ပိုင်းပါဝင်ရာ၊ ပန်းတင် -ပေလေး ပင်-ကူးကျွဲ ၈၃ မိုင်၊ ကူကျွဲ-ပြင်စည်-စကားအင်အ၀ိုင်း ၄၈ မိုင် ၅ ဖာလုံတို့ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် လမ်းအကျယ်ပေ ၃၆၀ ရှိပြီး လမ်းလယ်ကျွန်းမှာ ပေ ၃၀ ကျယ်ဝန်းကာ ခံနိုင်ဝန် ၈၀ တန်ရှိသည့် ကွန်ကရစ်လမ်းမကြီး အမျိုးအစား ဖြစ်သည်။ လမ်းမကြီးတစ်လျှောက်တွင် ပေ ၅၀ နှင့် အထက် ပေ ၁၈၀ အောက်တံတား ၂၀၀ စင်း၊ ပေ ၁၈၀ အထက် တံတား ၇၂ စင်း၊ ပေ ၅၀ အောက်တံတား ၄၆၂ စင်းတို့ ပါဝင် ကြောင်း သိရသည်။ အဆိုပါ အမြန်လမ်းမကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည် တော်အထူးခရိုင်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့မှ တာဝန်ယူ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
@news-eleven.com

poohcartoon
09-30-2010, 09:07 AM
နေပြည်တော်တွင် ထုတ်ပေးသော ကျပ်ငါးသိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်း အမျိုးအစားများကို အခြား မြို့နယ်များတွင် မကြာမီ ရောင်းချပေးမည်ဟု သိရ
http://www.news-eleven.com/images/stories/myanmar/loc/b32716
သြဂုတ်လ ၂၃ ရက်နေ့က တပ်မတော်ခန်းမတွင် ကျင်းပသည့် ဈေးရောင်းပွဲတော်တွင် ဟန်းဆက်များ ရောင်းချစဉ်
နေပြည်တော်တွင် ထုတ်ပေးလျက်ရှိသော CDMA 450 MHz မိုဘိုင်းဖုန်း အမျိုးအစားများကို အခြား မြို့နယ်များတွင် မကြာမီ ကာလအတွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိပါသည်။
နေပြည်တော်တွင် ထုတ်ပေးလျက်ရှိသော ကျပ်ငါးသိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများအား အခြား မြို့နယ်များမှ လာရောက် လျောက်ထားသူများလည်း များပြားလျက် ရှိသောကြောင့် အဆိုပါ ငါးသိန်းတန်ဖုန်းများအား ကမ်းရိုးတန်း CDMA 450 MHz ဆက်သွယ်ရေးစနစ် အသုံးပြုနိုင်သည့် မြို့များတွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
''ငါးသိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းတွေကို ဆက်သွယ်ရေးစနစ် အသုံးပြုနိုင်တဲ့ မြို့တွေကို မကြာခင်မှာ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ နေပြည်တော်မှာလည်း ငါးသိန်းတန်ဖုန်းတွေကို သူ့မြို့နယ်အလိုက် ထုတ်ပေးနေပါတယ်။ ဆက် သွယ်ရေး ကောင်းမွန်အောင် ထုတ်ပေးရခြင်း ဖြစ်ပါတယ်'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နေပြည်တော်တွင် ထုတ်ပေးလျက်ရှိသော ကျပ်ငါးသိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများသည် နေပြည်တော် ဧရိယာမှ ကျော်လွန်၍ အခြား နေရာများတွင် သုံးစွဲပါက ဖုန်းခေါ်ဆိုခ တစ်မိနစ်လျင် ၆၀ ကျပ် ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ကမ်းရိုးတန်း CDMA 450 MHz မိုဘိုင်းဖုန်းများ ကဲ့သို့ ဆက်သွယ်ရေးစနစ် အသုံးပြုနိုင်သည့်မြို့ ၈၇ မြို့တွင် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
09-30-2010, 09:09 AM
ယခင် မြ၀တီဘက်မှ တင်ပို့လျက်ရှိသော ရေထွက်ကုန်များအနက် ငါးနှင့်ဂဏန်းများမှာ မြိတ် FOB သို့ အများဆုံး ၀င်ရောက်ကာ ငါးသယ်ရေယာဉ်များဖြင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ပေးလျက်ရှိ
http://www.news-eleven.com/images/stories/myanmar/loc/b32723
ယခင် မြ၀တီဘက်မှ တင်ပို့လျက်ရှိသော ရေထွက်ကုန်များအနက် ငါးနှင့်ဂဏန်းများမှာ မြိတ် FOB သို့ အများဆုံး ၀င်ရောက်ကာ မြိတ်ဆိပ်ကမ်းမှ တစ်ဆင့် ငါးသယ်ရေယာဉ်များဖြင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
မြ၀တီဘက်မှ ရေထွက်ကုန်များမှာ မြိတ်မြို့သို့ ကုန်းလမ်းဖြင့် အဓိက ၀င်ရောက်နေပြီး ရေထွက် ကုန်များအနက် ငါးနှင့် ဂဏန်းများကိုသာ အဓိက တင်ပို့လာကြောင်း သိရသည်။
''ရေထွက်ကုန်တွေကို တင်ပို့ရာမှာ မြိတ် FOB မှ လိုင်းဖြူ၊ လိုင်းပြာ စတဲ့ ငါးသယ်ရေယာဉ်တွေနဲ့ အဓိက တင်ပို့ပေးပါတယ်။အဲဒီမှာ မြ၀တီဘက်က ကုန်သည်တွေ အနေနဲ့ န၀လီ လာတင်ကြတယ်။အဓိက ကတော့ ငါးနဲ့ဂဏန်းတွေပဲ များတယ်။မြိတ်၊ကော့သောင်းမှ တစ်ဆင့် တင်ပို့ကြတယ်။ လောလောဆယ်တော့ လုပ်ငန်းရှင် ခုနစ်ဦးလောက် န၀လီ လာတင်နေကြတယ်''ဟု အေးဂျင့်တစ်ဦးက ပြောကြားခဲ့သည်။
ရေထွက်ကုန်များ တင်ပို့ပေးရာတွင် မြိတ် FOB မှ Expor ကို ငါးသယ်ရေယာဉ်(လိုင်းဖြူ)များဖြင့်သာ တင်ပို့မှု များပြီး လိုင်းပြာ လှေငယ်များဖြင့်လည်း တင်ပို့ပေးရလျက် ရှိကြောင်း၊ ငါးသယ်ရေယာဉ်များဖြင့် တင်ပို့ပေးရာတွင် မြိတ်မှ ရနောင်းသို့ တိုက်ရိုက်တင်ပို့ပြီး ခွင့်ပြုထားသော Import ပစ္စည်းများကို ပြန်လည် တင်သွင်းပေးကြောင်း သိရသည်။ မြ၀တီဘက်မှ ရေထွက်ကုန်များ ၀င်ရောက် လာမှုကြောင့် တင်ပို့မှု အပိုင်းများတွင် ယခင်ကထက် ပြည်ပပို့ကုန် ပိုမို ရရှိလာသော်လည်း တင်ပို့မှု အခေါက်ရေ သိသိသာသာ များပြားလာမှု မရှိကြောင်း သိရသည်။
''ပြည်ပပို့ကုန် တင်ပို့မှုကတော့ ၀င်ငွေများလာပါတယ်။ အရင်နှစ်တွေကတော့ တစ်လကို ရေထွက် ပစ္စည်း တင်ပို့မှု ပျမ်းမျှ အမေရိကန် ဒေါ်လာ ခုနစ်သန်း ၀န်းကျင်ကနေ အခု တစ်လကို ရှစ်သန်းနဲ့ အထက် တင်ပို့လာနိုင်တယ်''ဟု လိုင်းဖြူ အေးဂျင့်တစ်ဦးက ပြောကြားသည်။
ရေထွက်ပစ္စည်း တင်ပို့ရာတွင် လုပ်ငန်းများ မြန်ဆန်စေရန် ပို့ကုန်များ အတွက် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတွင် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးပြီး သွင်းကုန်များ အတွက် မြိတ်မြို့ တစ်ဖက်ကမ်း ကျောက်ဖျာကျေးရွာ အထူးဆိပ်တွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
09-30-2010, 09:13 AM
ရန်ကုန်မြို့တွင်း အများပြည်သူသုံးတယ်လီဖုန်းရုံများကို အလူမီနီယံဖုန်းရုံများအဖြစ် အဆင့်မြှင့်
http://www.mymcnews.net/news/images/stories/2010092504.jpg
ရန်ကုန်- ရန်ကုန်မြို့ အတွင်းရှိ အများ ပြည်သူသုံး တယ်လီဖုန်းရုံများကိုအလူမီနီယံ ဖုန်းရုံများ အဖြစ်သို့ အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အများ ပြည်သူသုံး တယ်လီဖုန်း ဌာနရှိ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားသည်။
ယင်းသို့ အဆင့်မြှင့်တင် ပေးရာတွင် ယခင် ရုံဟောင်း အပြာများထက် ထီးဖြင့် ဖွင့်လှစ် ထားသော ထီးစခန်းများကို ဦးစားပေး ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။ “အများသုံး တယ်လီဖုန်းရုံတွေမှာ ဘာကို တွေ့ရလဲ ဆိုတော့ ဖုန်းဆက်နေတဲ့ သူတွေ မိုးရွာတဲ့အခါ လုံခြုံမှု မရှိတာကိုတွေ့ရတယ်။ ရှေ့က ဆက်နေတဲ့သူ ကလည်း မိုးရွာလာရင် မထွက်တော့ဘဲ နောက်ဖုန်း ထပ်ဆက်တယ်။ နောက်ကလူ ကလည်း မိုးရေထဲမှာ စောင့်နေ ရတာ တွေ့ရတယ်။ ဒါကြောင့် ဖုန်းရုံတွေကို နေလုံမိုးလုံတဲ့ အလူမီနီယံ ဖုန်းရုံတွေနဲ့ အစားထိုး လုပ်သွားမှာပါ” ဟု ယင်းကထပ်လောင်း ပြောသည်။
လတ်တလောတွင် လူစည်ကားပြီး ဝန်ဆောင်မှု အများဆုံး ပေးနိုင်သော ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ဖုန်းရုံတွေမှာက ရုံးပိတ်ရက်ဆို ဒီလောက် မများဘူး။ ရုံးဖွင့်ရက်တွေ ဆိုရင် တစ်ခါတလေ စောင့်နေရတဲ့ အထိ ဖြစ်နေတယ်။ တချို့ဖုန်းရုံတွေဆို မိုးမလုံဘူး။ ကျယ်ကျယ်ဝန်းဝန်းနဲ့ မိုးလုံလေလုံ ရှိတဲ့ ဖုန်းရုံတွေ လုပ်ပေးရင်တော့ အဆင်ပြေတာပေါ့။ တချို့က ဟန်းဖုန်းတွေ ပါရဲ့သားနဲ့ ကိုယ်ကလှမ်းခေါ် ရတဲ့ ဖုန်းဆိုရင် ပီစီအိုဖုန်းကပဲ ခေါ်နေကြတာ” ဟု အများပြည်သူ သုံးဖုန်း သုံးစွဲနေသူ တစ်ဦးက ဆိုသည်။
အများပြည်သူတွေ အတွက် ထီးစခန်းများကို ဦးစားပေး ဆောင်ရွက်ပြီးပါက အနည်းငယ် ချွတ်ယွင်း နေသော သစ်သားဖြင့် ဆောင်လုပ်ထားသော ဖုန်းရုံအပြာများကိုပါ ပြောင်းလဲ ပြင်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
@mymcnews.net

poohcartoon
09-30-2010, 09:20 AM
ယုဇနပလာဇာ ကားပါကင်တွင် နိုင်ငံတကာပုံစံ စားသောက်တန်း ဖွင့်လှစ်
http://www.mymcnews.net/news/images/stories/2010092602.jpg
န်ကုန် - ယုဇနပလာဇာအတွင်း ငါးလွှာရှိ ကားပါကင်တွင် နိုင်ငံတကာပုံစံ စားသောက်တန်းကိုယခုလ ၁၄ ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စားသောက်ဆိုင်တန်းများကို ယုဇနကုမ္ပဏီက ဖွင့်လှစ်ခြင်း ဖြစ်ပြီး နိုင်ငံတကာပုံစံ ကူပွန်စနစ်ဖြင့် လဲလှယ် စားသောက်ရမည် ဖြစ်ကြောင်း သိရသည်။
“လာစားတဲ့သူတွေ နိုင်ငံတကာ အဆင့် မီအောင် လုပ်ပေးထားပါတယ်။ ထိုင်ခုံတွေက အစ ကုမ္ပဏီကပဲ တစ်ပြေးညီ ဖြစ်အောင် လုပ်ပေးထားပါတယ်။ ကူပွန်နဲ့ လဲစားတဲ့နေရာမှာလဲ ပေးတဲ့ ကောင်တာ နှစ်ခုထားပေးထားပါတယ်။ ၅၀၀ တန်ကူပွန်နဲ့ ၁၀၀ တန်ကူပွန်တွေကိုလဲပေးပါတယ်” ဟု ကူပွန်ကောင်တာမှ တာဝန်ကျတစ်ဦးက ဆိုသည်။
အဆိုပါ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချရာတွင် ဆိုင်ခန်းများကို လစဉ်ကြေးစနစ်ဖြင့် ငှားရမ်းသွားမည် ဖြစ်ကာ လတ်တလောတွင် ဆိုင်ခန်း ၂၂ ခန်းဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။ “မီးဘေးအန္တရာယ်ကင်းအောင် အခုလိုဆောင်ရွက်တာပါ။ အရင်က အတွင်းထဲမှာ ဖွင့်တော့ မီးဘေးအပြင် ညှော်နံတွေပါ ရနေတယ်။ အခုလို နိုင်ငံတကာ အဆင့်မီအောင် ဆောင်ရွက်ရတာပါ။
ဆိုင်ခန်းတွေကို ခြောက်ပေကနေ ရှစ်ပေအထိ အကျယ်အဝန်းထားပြီး ကားပါကင်ရဲ့ တစ်ဝက်ကို စားသောက်တန်းလုပ်လိုက်တာပါ” ဟု ယုဇနကုမ္ပဏီရှိ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆိုင်ခန်းများငှားရမ်းရာတွင် ခြောက်ပေ အကျယ် တစ်ခန်းလျှင် တစ်သောင်းကျပ်၊ ခုနစ်ပေ အကျယ်တစ်ခန်းလျှင် တစ်သိန်းနှစ်သောင်း၊ ရှစ်ပေ တစ်ခန်းလျှင် တစ်သိန်းလေးသောင်းဖြင့် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
@news-eleven.com

kosithuag
10-01-2010, 08:51 AM
ပြည်တွင်းအတွက် တစ်နှစ်လျှင် ကားအစီးရေ ၁၃၉၂၀ ခန့် ထုတ်လုပ်နိုင်မည့် ကားစက်ရုံတစ်ရုံ ဖွင့်လှစ်

http://www.mmdailynews.com/news_images/Burma-Car-Show.jpg
တစ်နှစ်လျှင် ကားအစီးရေ ၁၃၉၂၀ ထုတ်လုပ်နိုင်မည့် မော်တော်ယာဉ် စက်ရုံ တစ်ရုံကို ပြည်တွင်း၌ ၂၅-၉- ၂၀၁၀ ရက်နေ့က ဖွင့်လှစ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါစက်ရုံသည် ရမ္မာ အဆင့်မြင့်မော်တော်ယာဉ် ထုတ်လုပ်ရေးဟု အမည်တွင်ပြီး ရွှေပြည်သာစက်မှုဇုံ(၄)တွင် တည်ရှိသည်။

အဆိုပါ စက်ရုံ၏ ရှယ်ယာ ၅၀%ကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ ပိုင်ဆိုင်ပြီး ကျန် ၅၀%ကို မြန်မာ့အားမာန် စက်မှုလက်မှု ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု ကြားသိရသည်။

ယခု စတင်လည်ပတ်နေပြီဖြစ်သော ရမ္မာ အဆင့်မြင့်မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတွင် အကြံပေးပညာရှင်များ အနေဖြင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ အကြံပေးပညာရှင် ၁၀ ဦး၊ လုပ်သားဦးရေ ၁၆၀ ခန့်တို့ တာဝန် ထမ်းဆောင် နေကြပြီး ထုတ်လုပ်ရရှိသော မော်တော်ယာဉ်များကို အောက်တိုဘာလ အတွင်း ဈေးကွက်သို့ စတင်ဖြန့်ချိသွားမည်ဟု ကြားသိရသည်။

ဤစက်ရုံမှ ထုတ်လုပ်သော ကားများသည် ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကားကုမ္ပဏီ၏ နည်းပညာကို အသုံးပြု၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး ယာဉ်ဆက်စပ် ပစ္စည်းများနှင့် အင်ဂျင်ကိုလည်း မစ်ဆူဘီရှီမှပင် တိုက်ရိုက် မှာယူ တပ်ဆင်ကြောင်း သိရသည်။

ဆလွန်း၊ ပစ်ကပ်၊ ၀က်ဂွန်၊ ခရီးသည်တင်ကားများ စသည်တို့ကို ထုတ်လုပ်သွားရန် စီစဉ်ထားပြီး အဆိုပါ စက်ရုံထုတ် ကားများ တစ်နှစ်အတွင်း စက်ပစ္စည်း တစ်စုံတစ်ရာ ချို့ယွင်းပျက်စီးပါက အခမဲ့ ပြင်ဆင်ပေးသွားမည်ဟု အာမခံပေးထားကြောင်း သိရှိရသည်။


@mmdaily

kosithuag
10-01-2010, 08:54 AM
နိုင်ငံခြားငွေ ဈေးနှုန်း ကျဆင်းမှုသည် ပုဂ္ဂလိကဘဏ်သစ်များ ဖွင့်လှစ်လာခြင်းနှင့် ဆက်စပ်နေဟုဆို

http://www.mmtimes.com/2010/business/535/b02.gif
လွန်ခဲ့သော တစ်လကျော်ခန့်မှ စတင်၍ ပြည်တွင်း ငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် အကျပိုင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ ပုဂ္ဂလိက ဘဏ်သစ်များ ဖွင့်လှစ်ရန် ပြင်ဆင်ကြခြင်းကြောင့် ဖြစ်သည်ဟု ပြည်တွင်း စီးပွားရေး ပညာရှင် အချို့နှင့် ကုန်သည်ကြီး အချို့က ဝေဖန်သုံးသပ် ပြောဆို ကြသည်။

နိုင်ငံတော်မှ ပုဂ္ဂလိက ဘဏ်များ ဖွင့်ခွင့် စတင်ချပေးခဲ့ပြီးနောက် ပြီးခဲ့သော ရက်ပိုင်းများက စတင်၍ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ဟူသော ဘဏ်ကြီးလေးခု စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲများကိုပါ တစ်ဆက်တည်း ဖွင့်လှစ်ခဲ့ကြသည်။




ထိုသို့ ဘဏ်လုပ်ငန်းတစ်ခု တည်ထောင်ရန် ငွေကျပ် သန်းတစ်သောင်းကို နိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြနိုင်ရမည် ဖြစ်ရာ အဆိုပါ လုပ်ငန်းများသည် မြန်မာကျပ်ငွေကို အမေရိကန် ဒေါ်လာနှင့် ပမာဏ များစွာ လဲလှယ်ခဲ့ခြင်းကြောင့် ၀ယ်လိုအား-ရောင်းလိုအား မျှခြေသဘောတရားအရ ပြည်တွင်းငွေလဲလှယ်မှု ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ကျဆင်းကာ မြန်မာငွေတန်ဖိုး တက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြည်တွင်း ကုန်သည်များ အသိုင်းအ၀ိုင်းက ဆိုသည်။

ဆက်လက်၍ ဘဏ်များ၏ ငွေလည်ပတ်စီးဆင်းမှု ကြီးမားလာသည်နှင့် အမျှ ဗဟိုဘဏ်သို့ တင်ပြငွေ တိုးမြှင့် တင်ပြရမည် ဖြစ်သောကြောင့် ကာလအတိုင်းအတာ တစ်ခု အထိ ဒေါ်လာဈေးနှုန်း ပြန်တက်လာဖွယ် မရှိဟု ထင်မြင်မိကြောင်း ပြည်တွင်းပြည်ပသို့ စားသောက်ကုန်များ ဖြန့်ဖြူးရောင်းချနေသော ပုဇွန်တောင်မြို့နယ်နေ ကုန်သည်တစ်ဦးက သူ၏အမြင်ကို ဝေဖန်သုံးသပ် ပြောကြားသည်။

@mmdaily

poohcartoon
10-01-2010, 09:36 AM
တရုတ်နိုင်ငံထုတ် ဓာတ်မြေသြဇာများ မန္တလေးဈေးကွက်သို့ နေ့စဉ် ၀င်ရောက်
http://www.news-eleven.com/images/stories/myanmar/loc/b32725
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အချို့၌ မိုးလွန်ကာလ စိုက်ပျိုးရေး ရာသီတွင် လက်ကျန်မိုးကို စောင့်မျှော်၍ လယ်ယာမြေ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး ကုန်ပစ္စည်း သွင်းအားစုများ အနက်မှ တရုတ်နိုင်ငံထုတ် ဓာတ် မြေသြဇာ အများအပြား ၀င်ရောက်လျက်ရှိနေကြောင်း သိရသည်။
ဓာတ်မြေသြဇာ လိုအပ်ချက် ရှိနေသောကြောင့် တိုင်းအတွင်းရှိ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာ ခရိုင်တို့ အပြင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများသို့ မန္တလေးဈေးကွက်မှ နေ့စဉ် တင်ပို့ပေး ရလျက်ရှိနေကြောင်း မြေဆီပွဲရုံများမှ စုံစမ်းသိရှိရပါသည်။
မိုးစပါးစိုက်ပျိုးရန် ရာသီကျန် ရှိနေသေးခြင်းနှင့် ဒေသတွင်းရှိ ကိုင်းကျွန်း လယ်ယာမြေများ ပေါ်တွင် မြစ်ရေကျဆင်းသွားပြီးနောက် ကျွန်းသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လာသည်။
မန္တလေးမြို့အထွက်ရှိ ထုံးဘိုဂိတ်၏ မန္တလေး-မူဆယ် အဆင်း ကုန်ပစ္စည်း စာရင်းများအရ ဇူလိုင်လ အတွင်းက ကားစီးရေ ၁၂၂၁ စီးဖြင့် ဓာတ်မြေသြဇာ ၄၄၆၃၄ တန်၊ သြဂုတ်လ အတွင်းက ကားစီးရေ ၁၄၀၅ စီးဖြင့် ဓာတ်မြေသြဇာ ၅၁၂၂၅ တန်၊ ယခုလ ၂၀ ရက်နေ့ အထိ စာရင်းများ အရ ကားစီးရေ ၁၃၂၅ စီးဖြင့် ဓာတ်မြေသြဇာ ၄၇၉၃၅ တန် ၀င်ရောက်ခဲ့သောကြောင့် နေ့စဉ် ဓာတ်မြေသြဇာ ပျမ်းမျှ တန်ချိန် ၂၃၉၆ ဒသမ ၇၅တန်ခန့် ၀င်ရောက်လျက်ရှိသည်။
@news-eleven.com

poohcartoon
10-01-2010, 09:39 AM
မြ၀တီမြို့တွင် အသေးစား ငွေလဲလှယ်လုပ်ငန်း တွင်ကျယ်လာ
http://www.news-eleven.com/images/stories/myanmar/loc/b32726
[မြ၀တီမြို့သည် နယ်စပ်မြို့ဖြစ်၍ မြန်မာကျပ်ငွေဖြင့် ယိုးဒယားဘတ် ငွေနှစ်မျိုးလုံးဖြင့် သုံးစွဲကြကြောင်း၊ လိုအပ်သော ငွေကြေးနှင့်အချိန်အတွင်း လွယ်လင့်တကူ လဲယူ ရရှိနိုင်ရန် လုပ်ငန်း လိုအပ်ချက်အရ တစ်နိုင်တစ်ပိုင် ငွေကြေးလဲလှယ်သူများ လုပ်ငန်း တွင်ကျယ်လျက်ရှိကြောင်း သိရသည်
မြ၀တီမြို့သို့ နှစ်ရက်တစ်ခေါက် စီးဝင်လာသော ကုန်သည်များ၊ ကား၊ ဆိုင်ကယ်ပွဲစားများ၊ အလည်လာသူများ၊ ယိုးဒယားဖြစ် ရောင်းကုန်ပစ္စည်းများ ၀ယ်ယူရန် သို့မဟုတ် အိမ်သုံးပစ္စည်းများအား ၀ယ်ယူရန်အတွက် ဘတ်ငွေဖြင့် ၀ယ်ယူခြင်းက ၀ယ်သူအကြိုက် ဖြစ်ကြောင်း၊ ယင်းတို့၏ လိုအပ်ချက်အရ စားပွဲခုံတစ်လုံး၊ ထီးတစ်လက်ဖြင့် ယိုးဒယားဘတ်ငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်သည့် လုပ်ငန်းများ တွင်ကျယ်လာကြောင်း သိရှိရသည်။
''ပေါက်ဈေးကိုလိုက်ပြီး တစ်ပြားစားပဲ လုပ်တယ်။ မှန်ကန်မှ ဖောက်သည်တွေက အမြဲလာမှာ။ တစ်ပြားနှစ်ပြားပဲ စားရတယ်ဆိုပေမယ့် တချို့ဆို သိန်းငါးရာဖိုးအထိ ဘတ်ဝယ်ပြီး ဈေးတက်မှ လွှတ်ကြတာ။ မနက်ဝယ်၊ ညနေရောင်းရုံနဲ့ တစ်နေ့လေး ငါးသိန်းမြတ်တဲ့လူ ရှိတယ်။ ငွေများများ ရင်းနိုင်ရင်တော့ အသေးစားပေမယ့် ကြီးပွားနိုင်ပါတယ်''ဟု ဘုရင့်နောင်ဈေးအနီး ငွေလဲလှယ် လုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။
တချို့က ပေါက်ဈေးတစ်မျိုး၊ တွက်ပေးတာ တစ်မျိုး၊ တစ်ခါစား လုပ်သူများလည်း ရှိကြောင်း၊ ယင်းကဲ့သို့ တစ်နပ်စား ကြံကြသူများမှာ နေရာထိုင်ခင်း အတည်တကျ မရှိသည့် သူများ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
မြ၀တီမြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့် အညီ ကုန်စည် စီးဆင်းမှု အရှိန်မြင့် မြန်ဆန် လွယ်ကူလာသည်နှင့်အမျှ ငွေကြေးလဲလှယ်သည့် လုပ်ငန်းမှာ မြ၀တီမြို့အနှံ့တွင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-01-2010, 09:43 AM
မြိတ်ကျွန်းစုအတွင်းရှိ ကင်းမွန် ဖမ်းလှေများ ရာသီသစ်အတွက် စတင် ပြင်ဆင်
http://www.news-eleven.com/images/stories/myanmar/loc/b32727
ပွင့်လင်းရာသီဖြစ်သော သီတင်းကျွတ်ကာလ အတွင်းသို့ ရောက်ရှိလာ သောကြောင့် မြိတ်ကျွန်းစု အတွင်းရှိ ကင်းမွန်ဖမ်းလှေများမှာ ရာသီသစ်အတွက် စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။
ကင်းမွန်(ခ)ပြည်ကြီးငါး ဖမ်းလှေများမှာ ပွင့်လင်းရာသီအတွင်း လုပ်ကိုင်ရသော လုပ်ငန်း အမျိုးစားတစ်ခု ဖြစ်ကာ နှစ်စဉ် သီတင်းကျွတ်ကာလမှ သင်္ကြန်ကာလအထိ လုပ်ကိုင်ကြကြောင်း၊ အဆိုပါ ကာလများတွင် ကမ်းရိုးတန်းဒေသများ၌ ကင်းမွန် မီးထွန်း လှေများ ၀င်ထွက်ဆိုက်ကပ်မှု များပြားကာ ကမ်းခြေတစ်လျှောက် စည်ကားသော အချိန်များ ဖြစ်ကြောင်း၊ယခင်နှစ်များက မုတ်သုံ ဆုတ်ချိန် နောက်ကျ၍ ကင်းမွန်ရာသီ နောက်ကျခဲ့ကြောင်း သိရသည်။
''ရာသီဥတုက အခု နောက်ပိုင်းမှာ ခန့်မှန်းရ ခက်လာတယ်။ အခု လတွေမှာ မိုးမရွာပေမယ့် နောက်ပိုင်း မိုးကောင်းလာနိုင်သေးတယ်။ ဒါပေမယ့် ပုံမှန်အတိုင်း ကင်းမွန်လှေတွေက ထွက်ဖို့ ပြင်ဆင်နေရတာပေါ့ အခု လွန်း ပြန်လေးတွေတော့ ဆွဲနေကြပြီ။ နေ့ချင်းပြန် လှေလေးတွေပေါ့။ လှေကြီးတွေကတော့ သီတင်းကျွတ်အတွင်းမှာ စတင် ထွက်ကြလိမ့်မယ်''ဟု ကင်းမွန် လှေလုပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ကင်းမွန်မီးထွန်း လှေများမှာ တစ်ဖျားလျှင်နှစ်ခေါက်မျှ ပင်လယ်ပြင်သို့ ထွက်ကာ ဖမ်းဆီးလေ့ရှိပြီး တစ်ဖျားလျှင် ရက်ပေါင်း ၁၅ ရက် ရှိကြောင်း သိရသည်။ ကင်းမွန်များကို ဖမ်းဆီးရာတွင် မာကျူရီ၊ ပြဒါး၊ စုမီး၊ မီးနီနှင့် ဘားသီးများကို ပင် လယ်ပြင် အတွင်း ထိန်လင်းစွာ ထွန်းထားရပြီး ကင်းမွန်များ စုဝေးရောက်ရှိလာစေရန် မြူဆွယ် ဖမ်းဆီးရကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-03-2010, 09:25 AM
ပြည်တွင်း အလှူရှင်များ၏ လှူဒါန်းငွေဖြင့် တစ်နှစ်တာ ကာလအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၂၄၁ ဦးအား ARV ဆေး အခမဲ့ တိုက်ကျွေးနိုင်ခဲ့
ပြည်တွင်းအလှူရှင်များ၏ လှူ ဒါန်းငွေဖြင့် HIV ဝေဒနာရှင် ၂၄၁ ဦးအား ၂၀၀၉ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် အထိ တစ်နှစ်တာ ကာလအတွင်း ARV ဆေးအခမဲ့ တိုက်ကျွေးထားနိုင်ခဲ့ကြောင်း HIV/AIDSဝေဒနာရှင်များ အားအခမဲ့ ဆေးကုသမှု ပြုလုပ်ပေးနေသည့် ရတနာ့မေတ္တာအဖွဲ့၏ ARV ဆေးလှူဒါန်းခြင်း တစ်နှစ်မြောက် အခမ်းအနားမှ သတင်းရရှိပါသည်။
ယခုလက်ရှိတွင် ပြည်တွင်း၌ HIV/AIDS ဝေဒနာရှင်များအား အခမဲ့ပြုစုစောင့်ရှောက်မှု၊ ဆေးကုသ မှုပြုလုပ်ပေးနေသည့် NGO အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ရှိပြီး အများစုမှာ ပြည်ပမှထောက်ပံ့ပေးမှု အပေါ် ရပ်တည်နေရခြင်းဖြစ်ကြောင်း သိရသည်။
"ပြည်တွင်းက HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှုပေးနေ တဲ့ ကျွန်တော်တို့အဖွဲ့ အပါအ၀င် အခမဲ့အဖွဲ့အများစုက ပြည်ပက ထောက်ပံ့ပေးမှုအပေါ်မှာ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပကကူညီမှုတွေ မရရှိတော့ဘူးဆိုရင် ဒီဘက်က လုပ်ဆောင်နေတာတွေကို ရပ်လိုက်ရမှာပါ။ တကယ်လို့ပြည်တွင်း အလှူ ရှင်မှာ အလှူရှင်တွေသာ များများရှိမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးတွေဖြစ်ပေါ်လာမှာ စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါကြောင့် ၂၀၀၉ ခုနှစ် မေလကနေစတင်ပြီး ရတနာ့မေတ္တာက ၀န်ထမ်းတွေရဲ့ တစ်ရက်စာ လုပ်ခကို လစဉ်စုပေါင်းပြီး ပြည်တွင်း အလှူရှင်တွေ ပါဝင်နိုင်မှုကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်"ဟု ရတနာ့မေတ္တာအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
ရတနာ့မေတ္တာအဖွဲ့သည် HIV/AIDS ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်မှုကို ၂၀၀၄ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး၂၀၀၈ ခုနှစ်မှ စတင် ကာ ARV ဆေးတိုက်ကျွေးမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ၂၀၀၈ခုနှစ် တွင် ရတနာ့မေတ္တာမှ စောင့်ရှောက်ပေးနေသည့် ဝေဒနာရှင်ဦးရေ ၈၃၀မှ ၁၀ ဦးကို ARV ဆေးတိုက်ကျွေးမှု စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဝေဒနာ ရှင်၁၆၀၀ ထဲမှ ၁၆၆ ဦးကို ARV ဆေးပေးခဲ့ကြောင်း သိရသည်။
"ပြောရမယ်ဆို ဆေးလိုအပ်သူတွေရဲ့ ၉ ဒသမ၇၆ ရာခိုင်နှုန်းကိုပဲ ARV ဆေးတိုက်ကျွေးနိုင်မှုရှိတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ် မေလကနေစပြီး တော့ ပြည်တွင်းအလှူရှင်တွေရဲ့လှူဒါန်း မှုနဲ့ ဝေဒနာရှင် ၂၆ ဦးကိုတစ်နှစ်စာ ARV ဆေးအခမဲ့ တိုက်ကျွေးနိုင်ခဲ့ပါတယ်။ လှူဒါန်းသူတွေ ၀န်ထုပ်ဝန်ပိုး မဖြစ်အောင်လို့ ဆေးဖိုးတစ်နှစ်စာ ကျသင့်ငွေကို ၁၂ လပိုင်းခြားပြီး အလှူခံခဲ့ပါတယ်။ ပြည်တွင်းက HIV/AIDS ဝေဒနာရှင်တွေ စောင့်ရှောက်ပေးနေတဲ့ အဖွဲ့အတွေအနေနဲ့ လိုအပ်နေတဲ့ ARV ဆေးကို ကျွန်တော်တို့လိုမျိုးပဲ လစဉ်ငွေစုပြီးတော့ ရရှိနိုင်တယ်ဆိုတဲ့ စနစ်ကို သိရှိစေချင်တယ်"ဟု ၎င်းကထပ်မံရှင်းပြခဲ့သည်။
"ငွေကျပ်ခြောက်သိန်းလှူဒါန်း နိုင်ခဲ့ပါတယ်။ ARV ဆေးတိုက်ကျွေးရာမှာ အသုံးပြုသွားမှာပါ။ နောက်လည်း အခုလိုမျိုး လစဉ်ငွေစုပြီး လှူဒါန်းတာတွေကို ထပ်လုပ်ဖြစ်သွားမှာပါ" ဟု ငွေလှူဒါန်းခဲ့သည့် လူငယ်များက ဆိုသည်။
@news-eleven.com

poohcartoon
10-03-2010, 09:29 AM
မုံရွာတစ်ဖက်ကမ်းရှိ ညောင်ပင်ကြီး ဆိပ်ကမ်းမှာ ခရီးဆုံမှတ် အဖြစ် ပိုမိုအရေးပါလာ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ညောင်ပင်ကြီး ဆိပ်ကမ်းမှာ မုံရွာမြို့၏ တစ်ဖက်ကမ်းတွင်ရှိပြီး ဒေသခံ ခရီးသွားများ ပိုမို အသုံးပြုလာကြကာ ခရီးဆုံမှတ် အဖြစ် အရေးပါလာကြောင်း သိရသည်။
''မုံရွာ-ပုသိမ် လမ်းမကြီးရဲ့ အစိတ်အပိုင်းဟာ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ ဖောက်လုပ်နေပါတယ်။ ဂန့်ဂေါတို့၊ ယောတို့နဲ့ ပုံတောင်ပုံညာ ဒေသနဲ့ ဆက်သွယ်တဲ့ လမ်းတွေက ပိုကောင်းလာသလို လည်ငေါက်-ချင်ပြစ်လမ်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရွှေဆံပင်လမ်းဟာလည်း အရင်က မိုးတွင်းမှာ နှစ်ညအိပ် ခရီးသွားရလောက်အောင် လမ်းဆိုးနေရာကနေ သေချာဖောက်ပြီးတော့ လမ်းပိုကောင်းလာပါပြီ။ အနောက်ဘက်ကမ်းက ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ စတဲ့ မြို့နယ်တွေက ရွာတွေအပြင် ပခုက္ကူ၊ မြိုင်ဒေသခံတွေပါ မုံရွာ ဆိပ်ကမ်းနဲ့ ဖြတ်သန်းမှု ပိုများလာပါတယ်။ အလောင်းတော်ကဿပ ဘုရားဖူး၊ ဖိုလ်ဝင်တောင် ဘုရားဖူး တွေအပြင် ကြေးစင်တောင် မိုင်းဝန်ထမ်းတွေပါ မုံရွာဆိပ်ကမ်းနဲ့ နေ့စဉ် ကူးသန်းနေပါတယ်''ဟု ဒေသခံတစ်ဦးက ပြောပြသည်။
''ညောင်ပင်ကြီးဆိပ်ကမ်းဟာ နေ့ရောညပါ ဆိုသလို ကုန်ရောင်း ကုန်ဝယ်ရော၊ ကုန်စည်ဖလှယ်ရာမှာရော အဓိက ကြားခံဒေသအဖြစ် အရေးပါနေဆဲ ဖြစ်ပါတယ်''ဟု ညောင်ပင်ကြီး ဆိပ်ကမ်းမှ ဈေးသည်တစ်ဦးက ဆိုသည်။
@news-eleven.com

poohcartoon
10-04-2010, 08:57 AM
Eleven Media Group မှ သတင်းအယ်ဒီတာ ခုနစ်ဦး AFP Foundation မှ စီစဉ်သည့် Senior Journalist Training သို့ တက်ရောက်မည်
http://www.news-eleven.com/images/stories/oct10/we/w6115.jpg
AFP Foundation မှ စီစဉ်သည့် Senior Journalist Training အား တက်ရောက်ရန် Eleven Media Group မှ သတင်းအယ်ဒီတာ ခုနစ်ဦး သည် အောက်တိုဘာလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။
ယခု သင်တန်းသည် AFP Foundation မှ ၎င်းတို့၏ Client များ အတွက် စီစဉ်ပေးသည့် ပထမဦးဆုံး သင်တန်းဖြစ်ပြီး Eleven Media Group အတွက် သီးသန့် ဖွင့်လှစ်ပေးသော သင်တန်း ဖြစ်ကြောင်း၊ သင်ကြားမှုများ အတွက် AFP မှ တာဝန်ယူ ကူညီပြီး ကျန်ကုန်ကျစရိတ်များအား Eleven Media Group မှ ကျခံခြင်း ဖြစ်သည်။
သင်တန်းကာလမှာ အောက်တိုဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ငါးရက်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ Eleven Media Group မှကိုဝေဖြိုး (တာဝန်ခံအယ်ဒီတာ)၊ ကိုဇော်ရဲနောင် (Online Editor)၊ မအငယ်ထွေး (အကြီးတန်း အယ်ဒီတာ)၊ ကိုကျော်သူမြင့် (အကြီးတန်း အယ်ဒီတာ)၊ ကိုစိုးထက်ခိုင် (အကြီးတန်း အယ်ဒီတာ)၊ ကိုဝေယံဖြိုးဦး (အကြီးတန်း သတင်းထောက်)နှင့် မလင်းလင်းခိုင်(အကြီးတန်း သတင်းထောက်)တို့ တက်ရောက်ကြမည် ဖြစ်သည်။
Eleven Media Group သည် AFP သတင်းဌာနမှ သတင်းနှင့်ဓာတ်ပုံများကို ၂၀၀၇ ခုနှစ်မှ စ၍ မူပိုင်ခွင့် ၀ယ်ယူ အသုံးပြုနေခြင်း ဖြစ်သည်။
@news-eleven.com

poohcartoon
10-04-2010, 08:59 AM
တောင်တရုတ် ပင်လယ်တွင် မြန်မာလူမျိုး ကပ္ပတိန်ဦးဆောင်သော ကုန်တင်သင်္ဘော တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့
http://www.news-eleven.com/images/stories/oct10/we/613.jpg
တောင်တရုတ်ပင်လယ်တွင် မြန်မာလူမျိုးကပ္ပတိန် ဦးဆောင် သော HUB KUCHING ကုန်တင် သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သင်္ဘောသား အသိုင်းအ၀ိုင်းမှ စုံစမ်း သိရှိရသည်။
HUB KUCHING သင်္ဘောသည် ၂၀၁၀ ပြည့်နှစ် သြဂုတ်လကုန်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မလေးရှားနိုင်ငံသို့ သွားရောက်စဉ် စင်ကာပူနှင့် မလေးရှားနိုင်ငံအကြား တောင်တရုတ်ပင်လယ် အတွင်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သင်္ဘော၏အင်ဂျင်ခန်းမှ စတင် မီးလောင်ကျွမ်းခဲ့ပြီး လောင်ကျွမ်းပြီးနောက် သင်္ဘောမှာ နစ်မြုပ်သွားခြင်း မရှိခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မြန်မာလူမျိုးကပ္ပတိန် အပါအ၀င် မြန်မာသင်္ဘောသား ၁၂ ဦး၊ မလေး ရှားနှစ်ဦး၊ အင်ဒိုနီးရှားတစ်ဦး၊ ဖိလစ်ပိုင်တစ်ဦးနှင့် သီရိလင်္ကာနှစ်ဦး၊ စုစုပေါင်းသင်္ဘောသား ၁၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ အချိန်မီ သင်္ဘောအား စွန့်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အသက်ကယ်လှေဖြင့် သင်္ဘောမှစွန့်ခွာလာခဲ့သည့် သင်္ဘော သားများအား ကားကယ်ရီယာ တင်သင်္ဘော GOLIATH LEADER မှ ကယ်ဆယ်၍ စင်ကာပူနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သင်္ဘောမီးလောင်မှုကြောင့် သင်္ဘောသားများ၏ သင်္ဘောသား လက်မှတ် CDC ပတ်စ်ပို့အပါအ၀င် သင်္ဘောသားများ၏ ကိုယ်ပိုင်ပစ္စည်းများ ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ လက်ရှိတွင် သင်္ဘောမီးလောင်စဉ် သင်္ဘောသားများ ဆုံးရှုံးခဲ့သည့် CDC အပါအ၀င် စာရွက်စာတမ်းများ၊ ကိုယ်ပိုင်ပစ္စည်း ဆုံးရှုံးမှုများကို ပြန်လည်ရရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်္ဘောကုမ္ပဏီမှ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-04-2010, 09:01 AM
လယ်ယာကဏ္ဍရှိ အခြေခံအလွှာမှ လယ်ယာလုပ်သားများအား အာမခံမဲ့ ချေးငွေအစီအစဉ် ဧရာဝတီတိုင်း ဒေသကြီးတွင် စတင်
လယ်ယာကဏ္ဍတွင် ရှိနေသည့် အခြေခံအလွှာတွင် ပါဝင်သော လယ်ယာလုပ်သား မိသားစုများအတွက် အာမခံမဲ့ ချေးငွေထုတ်ချေးခြင်း အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသကြီးတွင် စတင်ဆောင်ရွက် လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ဗဟိုသမ၀ါယမအသင်းမှ တာဝန်ရှိသူတစ်ဦး ၏ပြောကြားချက်အရ သိရသည်၊
မြန်မာနိုင်ငံသည် စိုက်ပျိုးရေး ကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ လယ်ယာကဏ္ဍတွင် မှီခိုနေသူဦးရေမှာ မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိရာ ယင်းကဏ္ဍတစ်ခုတွင် အခြေခံအလွှာအဖြစ် တည်ရှိနေသည့် လယ်ယာလုပ်သားများအတွက် အာမခံမဲ့ ချေးငွေအစီအစဉ်ကို လယ်ယာလုပ်သား အများဆုံးတည်ရှိရာ ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အကောင်အထည် ဖော်သွားရန် ရှိသည်ဟုလည်း သိရသည်။
ယခင်က စပါးပေးဖြင့် လယ်ယာလုပ်သားများ ငွေချေးယူရာတွင် စပါးပေါ်ချိန်တွင် စပါးကိုသာပေးသွင်းရသဖြင့် ချေးယူစဉ်က စပါးတစ်တင်း ပေါက်ဈေးထက် ပေးဆပ်ချိန်တွင် မြင့်မားနေပါက ငွေချေးယူသူ လယ်ယာလုပ်သားများ အနေဖြင့် နစ်နာမှုများ ရှိခဲ့ကြောင်း ...
"လယ်ယာလုပ်သားတွေကို အာမခံမဲ့ (အပေါင်ပစ္စည်းမပါ) ချေး ငွေချေးတဲ့ အဲဒီလယ်ယာလုပ်သား လုပ်ကိုင်နေတဲ့ လယ်ပိုင်ရှင်ကအာမခံချက်ပေးရမယ့် စည်းမျဉ်းတော့ ရှိပါတယ်။ လယ်ယာလုပ်သား တစ်ဦး အတွက် (စာရင်းငှားတစ်ယောက်) သူ့လုပ်ကိုင်ပေးနေတဲ့ လယ်မြေပေါ် ကရရှိလာမယ့် မိုးစပါးတစ်ရာသီစာ အကျိုးအမြတ်ဟာ တင်း ၈၀ ဆိုရင် မိုးစပါးအကြိုကာလမှာ ကတည်းက စပါးတစ်တင်းကို ကျပ် ၂၀၀၀ နှုန်း နဲ့ ထုတ်ချေးပါတယ်။ မိုးစပါးပေါ်တဲ့အခါ ပေါက်ဈေးနဲ့ စပါးရောင်းပြီး အရင်းကိုပေးသွင်းရမှာ ဖြစ်ပါ တယ်"ဟု ဗဟိုသမ၀ါယအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယခင်က စပါးပေးဖြင့် လယ်ယာလုပ်သားများ ငွေချေးယူရာတွင် စပါးပေါ်ချိန်တွင် စပါးကိုသာပေးသွင်းရသဖြင့် ချေးယူစဉ်က စပါးတစ်တင်း ပေါက်ဈေးထက် ပေးဆပ်ချိန်တွင် မြင့်မားနေပါက ငွေချေးယူသူ လယ်ယာလုပ်သားများ အနေဖြင့် နစ်နာမှုများ ရှိခဲ့ကြောင်း ယခုချေးယူမှုစနစ်တွင် မိုး(သို့မဟုတ်) နွေစပါး အကြိုကာလတွင် ငွေသားကိုသာ ချေးယူခြင်းဖြစ်ပြီး မိုး(သို့မဟုတ်) နွေစပါးပေါ်ချိန်တွင် စပါးပေးရခြင်း မဟုတ်ဘဲ ငွေကြေးကိုသာပေးရခြင်း ဖြစ်သဖြင့် ငွေချေးသူ လယ်ယာလုပ်သား အများအတွက် နစ်နာမှုနည်းစေသည်ဟုလည်း သိရသည်။
ဗဟိုသမ၀ါယမအသင်း လီမိတက်၏ အသေးစားငွေချေးလုပ်ငန်း မှ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေးနှစ် တွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မယ်ဇလီကုန်း ကျေးရွာအုပ်စုရှိ လယ်ယာလုပ်သား ၈၅ ဦး အတွက် လယ်ပိုင်ရှင် ၇၇ ဦး၏ အာမခံမှုဖြင့် လယ်လုပ်ခ (စားရင်း ငှားခ) ကြိုတင်ငွေ ကျပ်သိန်း ၁၂၅ ဒသမ ၆ သိန်းကို ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-04-2010, 09:03 AM
လေနှင်ရာလား . . .ရေကြည်ရာလား တိုင်းရင်းသားများ သက်ဆိုင်ရာ ပြည်နယ်များမှ မြို့ကြီးများသို့ အလုပ်အကိုင်နှင့် ပညာသင်အခွင့်အလမ်း များအတွက် ပြောင်းရွှေ့မှု ပိုမိုလာ
http://www.news-eleven.com/images/stories/main/we613.jpg
တိုင်းရင်းသားလူမျိုးများ သည် မိမိတို့နေထိုင်ရာ ပြည်နယ် များရှိ မြို့နယ်များ၊ ကျေးရွာများမှ တစ်ဆင့် မြို့ကြီးများသို့ ပြောင်းရွှေ့ မှုသည် ယခင်ကတည်းက ရှိခဲ့ရာမှ ယခုနောက်ပိုင်းတွင်မူ ပိုမိုများပြား လာခဲ့သည်ဟု တိုင်းရင်းသားလူမျိုး များဆိုင်ရာ လေ့လာသူအချို့ထံမှ သတင်းရရှိပါသည်။
ပြည်နယ်များတွင် အသီးသီး နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး များ မြို့ကြီးများသို့ပြောင်းရွှေ့မှုတွင် အဓိကအချက်များသည် အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းများအတွက် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လိုကြခြင်း၊ ဘ၀၏ တိုးတက်ရာလမ်းဖြစ်သော ပညာရေးနှင့်ပတ်သက်၍ ပြည်နယ်များရှိ မြို့နယ်များ၊ ကျေးရွာများတွင်ထက် မြို့ကြီးများတွင် ပိုမိုသင်ယူလေ့လာ နိုင်မည်ဟု ယူဆကြခြင်း၊ အချို့ သောပြည်နယ်များတွင် ဒေသခံတိုင်း ရင်းသားများထက် အိမ်နီးချင်းနိုင်ငံ များမှ စီးပွားရေးလုပ်ကိုင်သူများက နေရာယူလာကြခြင်း စသည့်အချက်များ ဖြစ်နိုင်ကြောင်း လေ့လာသူတို့ က သုံးသပ်ကြပါသည်။
"တိုင်းရင်းသားတွေ ပြောင်းရွှေ့တာ ကျောင်းသားတွေ ပညာရေး အတွက် ပါတယ်။ နယ်ကျောင်းတွေ မှာ ဆရာပြောင်းတာများတယ်။ ဆရာမမြဲဘူး။ နောက်ပြီး လူငယ်တွေ ဆေးသုံးတာတို့ဘာတို့ကလည်း လွတ်အောင် မိဘတွေက ပြောင်းကြတယ်။ နောက်တစ်ခုကတော့ စီးပွားရေးကြောင့်ပဲ။ အရင်တုန်းက တစ်နိုင်တစ်ပိုင် မန္တလေးဘက် ကုန်ကူးကြတယ်။ နောက်ပိုင်း ဒီလောက်မလွယ်တော့ဘူး။ အခုတော့ ကုန်သည်အလတ်ပိုင်းတွေက မိသားစု လိုက်ပြောင်းတာတွေ ရှိလာကြတယ်။ ဇောက်ချလုပ်ဖို့အတွက် မိသားစုလိုက် ပြောင်းရွှေ့ကြတယ်"ဟု တောင်ကြီးအသင်း(ရန်ကုန်)မှဥက္ကဋ္ဌ ဦးစိုင်းစံအိုက်က ပြောပါသည်။
http://www.news-eleven.com/images/stories/oct10/we/we611.jpg
ယခုနောက်ပိုင်း နှစ်များတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြားဆုံးရှိနေသည့် တိုင်းရင်းသားလူမျိုးများတွင် ရခိုင်၊ ကရင် စသည့် တိုင်းရင်းသားများ ပါဝင်ကြပြီး ရှမ်း၊ ကချင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားများလည်း အများအပြား ရောက်ရှိနေထိုင်လျက် ရှိကြကြောင်း၊ အချို့မှာ မိသားစုလိုက် ပြောင်းရွှေ့လာခြင်း ရှိသကဲ့သို့ အချို့ မှာ တစ်ဦးချင်း ပြောင်းရွှေ့မှုများမှ တစ်ဆင့် မိသားစုကို ခေါ်ယူမှုများလည်း ရှိလာကြောင်း သိရှိရသည်။


"ကချင်တိုင်းရင်းသားတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက် ပိုင်းမှာပျံ့နှံ့နေထိုင်ကြတယ်။ ပြောင်း ရွှေ့မှုအနေနဲ့ကတော့ ပြည်နယ်တွင်း ပြောင်းရွှေ့မှုတွေလည်းရှိခဲ့တယ်။ ၁၉၇၆ ခုနှစ်လောက်မှာ ကြွက်ဘေး ဒုက္ခဖြစ်တော့ ဆွမ်ပရာဘွမ်ဘက် က ရွာပေါင်းများစွာဟာ မြစ်ကြီးနားလို မြို့ကြီးတွေကို ပြောင်းရွှေ့နေကြ တယ်။ တချို့တွေမှော်ထဲရောက် တယ်။ မှော်ထဲမှာ ရတဲ့သူရ၊ မရတဲ့ သူမရနဲ့။ ကချင်တိုင်းရင်းသားတွေ ထဲမှာ လက်ချိုးရေလို့ ရတဲ့သူတွေက သူဌေးဖြစ်သွားတယ်။ ရန်ကုန်လို မြို့ကြီးကိုပြောင်းတာကတော့ ဒီ ဘက်နှစ်တွေမှာ ပိုလာပါတယ်"ဟု ကချင်တိုင်းရင်းသားများ၏ ပြောင်းရွှေ့နေထိုင်ကြမှုများနှင့် ပတ်သက်၍ ကိုမရစ်နော်ဆန်းက ပြောပြသည်။
တစ်ပိုင်တစ်နိုင် အလုပ်များမှလွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်းရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှု အားကောင်းလာသည့် အခါတွင် သက်ရောက်မှု အချို့ကြုံလာရ . . .
ရန်ကုန်မြို့သည် နိုင်ငံရပ်ခြား ထွက်ခွာလိုသည့် လူငယ်များအတွက် နိုင်ငံရပ်ခြားထွက်ခွာရန် ပြင်ဆင်ရန်၊ အရည်အသွေး ဖြည့်ဆည်းရန်သင်တန်းများ တက်နိုင်ရာ မြို့ကြီးလည်း ဖြစ်သည့်အတွက် ပြည်ပ ထွက်ခွာလိုသော တိုင်းရင်းသား လူငယ်များသည်လည်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်ဟု သိရသည်။
ပြည်နယ်များတွင် အဓိက စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင်မူ စိုက်ပျိုးရေးလုပ်ငန်းသည် လည်း သဘာ၀၀န်းကျင် အပြောင်းအလဲ၊ ရာသီဥတု အပြောင်းအလဲများကြောင့် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခြင်းများကို ကြုံလာကြရသည်။ တစ်ပိုင်တစ်နိုင်အလုပ်များမှ လွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်း ရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှုအားကောင်း လာသည့်အခါတွင် သက်ရောက်မှုအချို့ ကြုံလာရသည်ဟု ဆိုကြပါသည်။
"ရခိုင်မှာ ပင်လယ်လုပ်ငန်းကလည်း အရင်လောက်မကောင်းတော့ဘူး။ ငါးသိပ်မရတော့ဘူး။ လယ်ယာလုပ်ငန်းကလည်း မကောင်းဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်ရင် အခုက တိုးတက်နေရမှာ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ထက်တောင် လုပ် ရကိုင်ရတာ ခက်လာတယ်။ စီးပွားရေး အခွင့်အလမ်းနည်းလာတယ်။ ဒီလိုနဲ့ပဲ ရေကြည်ရာ မြက်နုရာပြောင်း ကြတော့တာပဲ"ဟု ရန်ကုန်မြို့ရောက် ရခိုင်တိုင်းရင်းသားတစ်ဦးက သုံးသပ်ပြောပြသည်။
"စီးပွားရေးပိုင်းမှာ ပိုက်ဆံချမ်း သာတဲ့သူတွေ လွှမ်းမိုးမှုကြောင့် နေထိုင်မရတာ ရှိကောင်းရှိမယ်။ မြေ၊ အိမ်တွေကို ပိုက်ဆံတတ်နိုင်တဲ့သူ တွေဆီကိုရောင်းပြီး ဖောင်ဖျက်ဆင်း လာကြတယ်"ဟု ကိုမရစ်နော်ဆန်း ကဆိုပါသည်။ တိုင်းရင်းသားများ၏ ပြည်ပ ထွက်ခွာမှုတွင်မူ ကရင်၊ ချင်း၊ ကချင် တိုင်းရင်းသားများက အများစုဖြစ်ဖွယ်ရှိသည်ဟု လေ့လာသူတို့ ၏အဆိုအရ သိရှိရသည်။
တစ်နိုင်တစ်ပိုင်နှင့် မိရိုးဖလာ လုပ်ငန်းများကိုသာ လုပ်ကိုင်နေကြရင်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်ရာဒေသများ၊ မြို့ကြီးများသို့ တိုင်းရင်းသားများ ပြောင်းရွှေ့အခြေချမှုများသည် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်တွင် ပိုမိုများပြားလာခဲ့ရာမှာ ယခု ၂၀၁၀ ပြည့်နှစ်ဝန်းကျင် ရောက်ရှိချိန်တွင်မူ ယခင်ထက် ပိုမိုလာခဲ့သည်ဟု လေ့လာသူတို့၏ အဆိုအရသိရှိရသည်။
@news-eleven.com

poohcartoon
10-04-2010, 09:05 AM
Asia Wingအမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တစ်ခု ထပ်မံ ပေါ်ပေါက်လာရန်ရှိ
http://www.news-eleven.com/images/stories/main/we612.jpg
Asia Wingအမည်ဖြင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခု မကြာမီအချိန်အတွင်း ထပ်မံပေါ်ပေါက်လာရန် ရှိကြောင်း လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းများထံမှ သတင်းရရှိပါသည်။
"လေကြောင်းလိုင်းရဲ့ နာမည် ကို Asia Wing လို့အမည်ပေးထားတယ်လို့တော့ သိရပါတယ်။ ဒီနာမည်နဲ့ပဲ အတည်ပြုပြေးဆွဲမှာလား ဆိုတာတော့ သေချာမသိပါဘူး" ဟု ပြည်တွင်း လေကြောင်းလိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။
အဆိုပါ လေကြောင်းလိုင်းအား ခရီးသွားလုပ်ငန်း၌ အောင်မြင်မှုရရှိနေသည့် ခရီးသွားကုမ္ပဏီ တစ်ခုမှ ထူထောင်ပြေးဆွဲခြင်း ဖြစ်ကြောင်းလည်း နီးစပ်သည့်အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။
"ကြားတာကတော့ လေယာဉ် လက်မှတ်လည်းရောင်းတယ်၊ ခရီးသွားလုပ်ငန်းလည်းလုပ်တဲ့ နိုင်ငံ သားပိုင်ကုမ္ပဏီတစ်ခုက လုပ်မယ်၊ ဒီခရီးသွားကုမ္ပဏီက ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခုနဲ့လည်း ဆက်သွယ်မှု ရှိတယ်လို့သိရတယ်"ဟု ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။
http://www.news-eleven.com/images/stories/myanmar/mm/we612.jpg
ပြေးဆွဲလျက်ရှိသည့် လေယာဉ်အချို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်
Asia Wing အမည်ဖြင့် လေကြောင်းလိုင်းသစ် ထူထောင်ပြေးဆွဲမည့် ကုမ္ပဏီ၏ သတင်းအချက်အလက်နှင့် ပတ်သက်၍ ကြားသိရချက်အပေါ် အဆိုပါခရီးသွားကုမ္ပဏီအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ကျွန်တော်တို့ အနေနဲ့အခုချိန်မှာ ဘာမှသေချာ မပြောနိုင်သေးပါဘူး။ စီစဉ်နေတာတော့ရှိ ပါတယ်"ဟု ယင်းခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူက ပြန်လည်ပြောကြားခဲ့သည်။
နောက်ဆုံးကြားသိရသည့် သတင်းများအရလည်း လေကြောင်းလိုင်းသစ် ပြေးဆွဲရန်အတွက် လေယာဉ်ဝယ်ယူပြီးဖြစ်ကြောင်းနှင့် ၀ယ်ယူသည့် လေယာဉ်မှာ Air Bus အမျိုးအစားဖြစ်ကြောင်းလည်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းပုဂ္ဂလိကပိုင်လေကြောင်း လိုင်းသုံးခုရှိကြောင်းနှင့် ယင်းတို့မှာ Air Bagan ၊ Air Mandalay နှင့် Yangon Airways တို့ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များ အရသိရသည်။ အဲကမ္ဘောဇ အမည်ရှိ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ်တစ်ခုမှလည်း မကြာမီအချိန် အတွင်း ပြည်တွင်း၊ ပြည်ပခရီးစဉ် များကို ပြေးဆွဲသွားရန် စီစဉ်မှုများ ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
@news-eleven.com

poohcartoon
10-04-2010, 09:07 AM
မင်္ဂလာဈေး မီးလောင်မှုတွင် မီးစတင် လောင်ကျွမ်းသည့် ဆိုင်ခန်းပိုင်ရှင်နှင့် အလုပ်သမားတို့အား ပြစ်ဒဏ်မှတ်ခဲ့
ရန်ကုန်တိုင်း ဒေသကြီးတွင် မေလ ၂၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေး မီးလောင်မှုတွင် မီးစတင် လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းပိုင်ရှင်နှင့် အလုပ်သမားနှစ်ဦး တို့အား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ ပြစ်ဒဏ်များ အသီးသီး ချ မှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းမီးလောင်မှု ဖြစ်စဉ် အပေါ် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှ နှစ်ဖက် သက်သေခံချက်များ ရယူပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး ပြစ်မှုကြီး အမှတ်-၄၇၅/၂၀၁၀ အမှုမှ (၁) ဆိုင်ခန်းပိုင်ရှင် ဦး ----အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံစေရန်၊ (၂) ဆိုင်ခန်းမှ အလုပ်သမား မ---နှင့် (၃) မ---တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၇ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်စီ ကျခံစေရန် စီရင်ချက်များ ချ မှတ်ခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဈေးသည် ၂၀၁၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မေလ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၀န်းကျင် အချိန်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် အချိန် အကြာဆုံး မီးလောင်သည့် စာရင်းဝင်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ခန့်မှန်း ကျပ်သန်းပေါင်း ၂၀၉၂၆ သန်း ဖြစ်သည်ဟု သိရှိရသည်။

မင်္ဂလာဈေး မီးလောင်ခဲ့ရသည့် အကြောင်းရင်းမှာ ဈေးစတုတ္ထထပ်ရှိ အလှကုန် ရောင်းချသော ဆိုင်ခန်း အမှတ်(စ-၈၀/၈၁)တွင် မေလ ၂၃ ရက်နေ့ ညနေပိုင်း ဈေးပိတ်ချိန်၌ လျှပ်စစ်ရေနွေးအိုးအား ပလပ်ပေါက်ထိုး၍ ရေနွေးအိုး ကျိုထားခဲ့ကြောင်း၊ ဈေးပိတ်ချိန်တွင် ဈေးကော်မတီမှ လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ရာတွင် ကျိုထားသော လျှပ်စစ်ရေနွေးအိုးအား ပလပ်ပေါက် မဖြုတ်ခဲ့ကြောင်း၊ မေလ ၂၄ ရက်နေ့ ဈေးဖွင့်ချိန် ဈေးကော်မတီမှ လျှပ်စစ်မီး ပြန်ပေးချိန်တွင် ကျိုထားသော လျှပ်စစ်ရေနွေး အိုးမှ ရေခန်း၍ အပူလွန်ကဲပြီး အနီးရှိ အလှကုန် ပစ္စည်းများကို မီးကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးချက်များ အရ သိရှိရသည်။
@news-eleven.com

poohcartoon
10-04-2010, 09:11 AM
ရန်ကုန်မြို့တော်ရှိ ကုန်သေတ္တာစခန်း ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများအနက် အေရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာစခန်းကို တိုးချဲ့အဆင့်မြှင့်တင်နေ
http://www.news-eleven.com/images/stories/oct10/we/w6114.jpg
ရန်ကုန်မြို့တော်တွင် ကုန်သေတ္တာစခန်း ပါရှိသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများအနက် အေးရှားဝေါလ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းရှိ ကုန်သေတ္တာစခန်းကို တိုးချဲ့ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ကုန်သေတ္တာနှင့် အထွေထွေကုန် ကိုင်တွယ်နိုင်ပြီး ကုန်သေတ္တာ စခန်း ပါရှိသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှာ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာစက်မှုဆိပ်ကမ်း၊ MITT သီလ၀ါဆိပ်ကမ်းတို့ ဖြစ်သည်။
ဗိုလ်အောင်ကျော်ဆိပ်ကမ်းရှိ ဆိပ်ခံတားများသည် တံတားအမှတ် (၁)(၂)(၃) အထိ စုစုပေါင်း အရှည် ၄၅၇ မီတာ ရှိသည်ဟု သိရသည်။ MITT သီလ၀ါ ဆိပ်ခံတားသည် တံတားအမှတ် (၁)မှ(၅)အထိ စုစုပေါင်း အရှည် ၁၀၀၀ မီတာ ရှိသည် ဟု သိရသည်။ အေးရှားဝေါလ် ဆိပ်ကမ်းတွင် တံတားအမှတ် (၁)မှ(၃) အထိ စုစုပေါင်း အရှည် ၆၁၄ မီတာ ရှိပြီး မြန်မာစက်မှု ဆိပ်ကမ်းတံတားသည် စုစုပေါင်း အရှည် ၃၀၀ မီတာ ရှိသည်ဟု သိရသည်။
ဆိပ်ကမ်းများတွင် ပါဝင်သည့် ဆိပ်ခံတံတား အရေအတွက် အတိုင်း ကုန်သေတ္တာ သင်္ဘောများ ဆိုက်ကပ်နိုင်ရာ ကုန်သေတ္တာသင်္ဘော တစ်စင်းလျှင် ကုန်သေတ္တာတင်နိုင်မှုမှာ ပျမ်းမျှအားဖြင့် ၃၇၅ လုံးခန့် ရှိသည်။ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ကုန်သေတ္တာ ကိုင်တွယ်ထားရှိ နိုင်မှုမှာ ကုန်သေတ္တာ အလုံးတစ်ထောင်ခန့်၊ မြန်မာစက်မှုဆိပ်ကမ်းတွင် ကုန်သေတ္တာအလုံး ၃၀၀ ကျော်ခန့်၊ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ကုန်သေတ္တာ အလုံးတစ်ထောင်ကျော်ခန့်၊ MITT သီလ၀ါ ဆိပ်ကမ်းတွင် ကုန်သေတ္တာ အလုံး ၁၅၀၀ ကျော်ခန့် ဖြစ်ကြောင်း သိရသည်။ အေးရှားဝေါလ် ဆိပ်ကမ်း အနေဖြင့် ထီးတန်း ဆိပ်ကမ်းအား ကုန်သေတ္တာ ကိုင်တွယ်နိုင်သည့် ဆိပ်ကမ်းအဖြစ် တိုးချဲ့နေသဖြင့် ကုန်သေတ္တာ ၃၀၀ ကျော် ထပ်မံ ကိုင်တွယ်နိုင်သည့် ဆိပ်ကမ်း ဖြစ်လာမည်ဟု သိရသည်။
လက်ရှိတွင် ပုဂ္ဂလိကနှင့် အဖွဲ့အစည်းပိုင် အထွေထွေကုန်နှင့် ကုန်သေတ္တာ ကိုင်တွယ်နိုင်ပြီး ကုန်သေတ္တာစခန်း ပါရှိသည့် ဆိပ်ကမ်းများအားလုံး ပုဂ္ဂလိကုမ္ပဏီများ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိသည့် ဆိပ်ကမ်းများ ဖြစ်ကြောင်း သိရသည်။
''ကုန်သေတ္တာစခန်း ပါရှိတဲ့ ဆိပ်ကမ်းတွေ ထဲမှာတော့ သင်္ဘော အ၀င်အထွက် အများဆုံးနဲ့ ကုန်သေတ္တာ အများဆုံး တည်ရှိနေတဲ့ အေးရှားဝေါလ် ဆိပ်ကမ်းကို အခု တိုးချဲ့မှုတွေ လုပ်နေပါတယ်။ ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာ ကိုင်တွယ်တဲ့ ၀န်ချီစက်ကြီးတွေ စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်မှုကလည်း ဆိပ်ကမ်းလုပ်ငန်း သွက်လက်မြန်ဆန်မှုမှာ အရေးပါနေပါတယ်''ဟု ပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
@news-eleven.com

poohcartoon
10-04-2010, 09:14 AM
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးနေပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်ဟု သိရ
ရန်ကုန်တိုင်းအတွင်းတွင် ရှိနေသော လိုင်စင်မဲ့ ယာဉ်များအား စစ်ဆေး၍ ဖော်ထုတ် အရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။
လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ယခင်က အရေးယူခဲ့သည့် ပုံစံအတိုင်း နိုင်ငံပိုင် သိမ်း၍ အရေးယူလျက် ရှိကြောင်း သိရသည်။
လိုင်စင်မဲ့ယာဉ်များကို စစ်ဆေး အရေးယူလျက် ရှိရာတွင် တရားမ၀င်သော နည်းလမ်းဖြင့် အခွန်မဆောင်ဘဲ တင်သွင်းလာခြင်းကြောင့် ၁၉၄၇ ခုနှစ် သွင်းကုန်ထုတ်ကုန် ကြီးကြပ်ရေး ယာယီအက်ဥပဒေပုဒ်မ ၅(၁)၊ ၅(၃)အရ အရေးယူလျက်ရှိပြီး နိုင်ငံ ပိုင်သိမ်း အရေးယူသည်ဟု သိရှိရသည်။
တရားမ၀င် တင်သွင်းလာသော လိုင်စင်မဲ့ယာဉ်များကို နိုင်ငံပိုင်သိမ်း အရေးယူလျက် ရှိသော်လည်း ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ ပြည်ပမှ တရားမ၀င် တင်သွင်းလာသော ယာဉ်များအား ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့များ ဖွဲ့ စည်း၍ ကာလတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း အခွန်ပေးဆောင်စေ၍ တရားဝင်လိုင်စင်များ ထုတ်ပေးခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ ဆောင်ရွက်နေစဉ် ကာလများ အတွင်းတွင် လိုင်စင်မဲ့ယာဉ်များအား စစ်ဆေးတွေ့ရှိပါက ကာလတန်ဖိုး စိစစ် သတ်မှတ်ခံ၍ အခွန်ပေးဆောင်မည့် ယာဉ်များအား ရက်ချိန်းပေး၍ ဆောင်ရွက်စေခြင်း အပြင် အခွန်ပေးဆောင်လိုခြင်း မရှိသည့် ယာဉ်များကိုလည်း နိုင်ငံပိုင် အဖြစ် သိမ်းဆည်း အရေးယူလျက် ရှိသည်ဟု သိရသည်။
အဆိုပါ အခွန် ၈၅ ရာခိုင်နှုန်း ပေးဆောင်စေ၍ လိုင်စင်မဲ့ယာဉ်များအား တရားဝင် လိုင်စင် ထုတ်ပေးသည့် အစီအစဉ်ကို အချိန် နှစ်လတာသာ ဆောင်ရွက်ခွင့် ပြုခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ လိုင်စင်မဲ့ယာဉ်များ အခွန်ပေးဆောင်ခြင်း အစီအစဉ်ကို တစ်နိုင်ငံလုံးတွင် ပိတ်သိမ်းခဲ့သည်ဟု သိရသည်။ ယင်းသို့ ပိတ်သိမ်းလိုက်သည့် နောက်ပိုင်းတွင် လိုင်စင်မဲ့ယာဉ်များအား စစ်ဆေး ဖမ်းဆီးမှုကို ရန်ကုန်မြို့တော် အပါအ၀င် တစ်နိုင်ငံလုံးတွင် စစ်ဆေး အရေးယူမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
''လိုင်စင်မဲ့ ယာဉ်တွေကို အခွန် ၈၅ ရာခိုင်နှုန်း ပေးဆောင်စေပြီး တရားဝင်လိုင်စင်ရှိ မော်တော်ယာဉ်တွေ အဖြစ် ဆောင်ရွက်ပေးစဉ်ကလည်း လမ်းပေါ်မှာ တွေ့ရှိရတဲ့ လိုင်စင်မဲ့ ယာဉ်တွေကို စစ်ဆေး ဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ အခွန်ပေးဆောင်လိုတဲ့ ယာဉ်တွေကိုတော့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ဆီကို သွားရောက် အခွန်ဆောင်စေဖို့ စေလွှတ်ပေးပြီး အခွန်ပေးဆောင်လိုခြင်း မရှိတဲ့ ယာဉ်တွေကို နိုင်ငံပိုင် အဖြစ် သိမ်းဆည်း အရေးယူပါတယ်။ အခု လိုင် စင်မဲ့ယာဉ်တွေကို အခွန်ပေးဆောင်စေပြီး တရားဝင်လိုင်စင် ထုတ်ပေးတဲ့ အစီအစဉ် ရပ်လိုက်တဲ့ နောက်ပိုင်းမှာတော့ အရင်က အရေးယူခဲ့တဲ့အတိုင်း လိုင်စင်မဲ့ယာဉ်တွေကို နိုင်ငံပိုင်သိမ်း အရေးယူသွားမှာပါ''ဟု ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ရဲအရာရှိကြီး တစ်ဦးက ပြောပြခဲ့သည်။
@news-eleven.com

poohcartoon
10-04-2010, 09:19 AM
ပေါက်ခေါင်းမြို့အနီး တောင်ဇင်းဝ တောင်ကြားရှိ ဒုတိယကမ္ဘာစစ် အတွင်းက ဗုံးခိုလိုဏ်ဂူများကို ယနေ့တိုင် တွေ့မြင်နိုင်
http://www.news-eleven.com/images/stories/oct10/we/w6110.jpg
ပြည်မှနေ၍ ပေါက်ခေါင်းမြို့သို့ ကားလမ်းအတိုင်း သွားရောက်လျှင် ပေါက်ခေါင်းမြို့သို့ မရောက်ရှိမီ တောင်ဇင်းဝ တောင်ကြားနေရာ၌ ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်များ ဗုံးခိုရန်အတွက် အသုံးပြုသည့် လိုဏ်ဂူများကို ယနေ့တိုင် တွေ့ မြင်နိုင်ကြောင်း သိရှိရသည်။
ယင်းလိုဏ်ဂူများကို မဟာမိတ်တပ်များ၏ လေကြောင်းမှ တိုက်ခိုက်လာမှုကို ကာကွယ်ရန် အတွက် ဂျပန်များကိုယ်တိုင် တူးယူခဲ့ခြင်း ဖြစ်ကြောင်း၊ လိုဏ်ဂူ အရေအတွက်မှာ စုစုပေါင်း လေးခုရှိပြီး ဂူပေါက်ဝတစ်ခုစီ၏ အကျယ်မှာ ၁၅ ပေခန့် ရှိ၍ အမြင့်မှာ ရှစ်ပေခန့်ရှိကာ အတွင်းပိုင်းသို့ ပေ ၅၀ မှပေ ၁၀၀ ခန့်အထိ ရှည်လျားကြောင်း သိရှိရသည်။
''ရှေးလူကြီးတွေရဲ့ ပြောစကား အရ ဒီဂူတွေကို ဂျပန်တွေကိုယ်တိုင် တူးခဲ့တာလို့ သိရတယ်။ မဟာမိတ် တပ်တွေရဲ့ လေယာဉ်ပျံတွေ (အဲဒီခေတ်က နာမည်ကြီးခဲ့တဲ့ ကျွဲညီနောင် လေယာဉ်တွေ) လာရောက် ဗုံးကြဲလို့ ရှိရင် ဗုံးခိုရအောင်လို့ ဆိုပြီး သိရတယ်။ အရင်က ဒီဂူတွေက အဆုံးထိ ၀င်လို့ ရပေမယ့် အခုတော့ ထိန်းသိမ်းမှု မရှိတာရယ်၊ နှစ်ကာလ ကြာမြင့်လာတာနဲ့ အမျှ မြေသားပြိုကျမှုတွေ ရှိတာကြောင့် ဂူတွေရဲ့ အတွင်းပိုင်းအထိကို ၀င်လို့ မရတော့ပါဘူး''ဟု အဆိုပါ လိုဏ်ဂူများ အနီးရှိ လေးကြီးရွာမှ ဒေသခံတစ်ဦးက ဆိုပါသည်။
အဆိုပါ လိုဏ်ဂူများမှာ ပြည်-ပေါက်ခေါင်း ကားလမ်း နံဘေးတွင် ရှိသည့်အတွက် အလွယ်တကူ မြင်တွေ့နိုင်ကြောင်း သိရပြီး ပေါက်ခေါင်း ဒေသသို့ ရောက်ရှိလာသူ အချို့က စိတ်ဝင်တစား ၀င်ရောက်ကြည့်ရှု သွားကြလေ့ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-04-2010, 09:24 AM
နေပြည်တော်တွင် ပြုလုပ်မည့် ကျောက်မျက်ပြပွဲအမီ GSM ဖုန်း သုံးစွဲခွင့် ရရှိမည်ဟု သိရ
နေပြည်တော်တွင် ပြုလုပ်မည့် ကျောက်မျက်ပြပွဲအမီ GSM ဖုန်း သုံးစွဲခွင့် ရရှိမည်ဟု သိရ
နေပြည်တော်တွင် နိုဝင်ဘာလအတွင်း ပြုလုပ်မည့် ကျောက်မျက်ပြပွဲအမီ GSM ဖုန်း သုံးစွဲခွင့် ရရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။
''အရင်က နေပြည်တော်မှာ CDMA 450 တယ်လီဖုန်းတွေပဲ ပြောလို့ရပြီး GSM ဖုန်း ပြောဆိုခွင့် ပေးမထားဘူး။ အခုတော့ နိုဝင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားသားတွေ အများအပြား လာရောက်မှာ ဖြစ်တဲ့အတွက် ဆက်သွယ်မှု ကောင်းမွန်စေဖို့ GSM ဖုန်းတွေပါ ပြောဆိုခွင့် ပေးသွားမှာပါ။ အခုကတည်းက GSM ဖုန်းလိုင်းများကို စပြီး စမ်းသပ် ဖွင့်ပေးနေပါပြီ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
နေပြည်တော်ခရိုင် အတွင်း ကျပ် ၁၅ သိန်းတန် CDMA 450 ဖုန်းများကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ၊ ကျပ် ငါးသိန်းတန် CDMA 450 ဖုန်းများကို ၂၀၁၀ ပြည့်နှစ် မတ်လတွင် ချပေးခဲ့ကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
10-04-2010, 09:26 AM
မျိုးမြေပဲတင်း ၁၀၀၀၀ ခန့် မန္တလေး ကုန်စည်ဈေးကွက်သို့ နေ့စဉ် ၀င်ရောက်လျက်ရှိ
မန္တလေးမြို့ ကုန်စည် ရောင်းဝယ်ရေး ဈေးကွက် အတွင်းသို့ မျိုးမြေပဲများ တင်းပေါင်း ၁၀၀၀၀ ခန့် နေ့စဉ် ၀င်ရောက်လျက် ရှိကြောင်း မျိုးမြေပဲ ပွဲရုံများထံမှ သိရှိရသည်။
''လတ်တလော မန္တလေးကုန်စည် ဈေးကွက်ထဲကို မျိုးမြေပဲတင်းပေါင်း ၁၀၀၀၀ လောက် နေ့စဉ် ၀င်ရောက်နေပါတယ်။ အခုချိန်က မျိုးမြေပဲ ပေါ်ခါစ အချိန်ဆိုတော့ ကုန်စည် ၀င်ရောက်မှုကလည်း တော်တော် အားကောင်းနေသေးတဲ့ အချိန်ပေါ့။ များသောအားဖြင့်တော့ စက်တင်ဘာ လလယ်လောက်ကနေ ဒီဇင်ဘာလ ကုန်ပိုင်းလောက်ထိကို မျိုးမြေပဲတွေ ပေါ်ပါတယ်''ဟု မန္တလေးမြို့ရှိ မျိုးမြေပဲ ပွဲရုံတစ်ရုံမှတာဝန်ခံတစ်ဦးက ကုန်စည်ပစ္စည်းများ ၀င်ရောက်လာမှု အပိုင်းကဏ္ဍနှင့် ပတ်သက်၍ ရှင်းပြပါသည်။
လက်ရှိ ၀င်ရောက်နေကြသော မျိုးမြေပဲများ အများစုသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ၀င်ရောက်လာကြခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ရွှေဘို၊ ညောင်ဦး၊ မကွေး၊ ရေနံချောင်း၊ ချောက် စသည့် ဒေသများမှလည်း ၀င်ရောက် လာကြမည် ဖြစ်ကြောင်း၊ ဈေးကွက် အတွင်း ဂျပန်ကြီးနှင့် တိုးဖြူမှာ အရောင်းအ၀ယ် အကောင်းဆုံး ဖြစ်ကြောင်း၊ ဈေးနှုန်းများမှာ အရည်အသွေးပေါ် မူတည်၍ ဂျပန်(ကြီး) အမျိုးအစားမှာ တစ်တင်းလျင် ကျပ် ၉၀၀၀ မှ ၁၁၅၀၀ အတွင်း ဈေးရှိ ကြောင်း၊ တိုးဖြူ အမျိုးအစားမှာ တစ်တင်းလျှင် ကျပ် ၇၀၀၀မှ ၈၀၀၀ အတွင်း ဈေးရှိကြောင်း သိရှိရသည်။
ပွဲရုံ တာဝန်ခံတစ်ဦးက'' အများစု လာဝယ်ကြတဲ့ သူတွေကတော့ ဧရာဝတီ မြစ်ကမ်း တစ်လျှောက်မှာရှိတဲ့ ကျွန်းတောင်သူတွေပါပဲ။ အထက်ပိုင်းဆိုရင် ဗန်းမော်၊ ကသာ၊ ထီးချိုင့် အထိ ရောက်ပြီး အောက်ပိုင်းဆိုရင်တော့ မြင်းခြံ၊ မြင်းမူတို့ အထိကို ရောက်ပါတယ်''ဟု ဆိုပါသည်။
@news-eleven.com

poohcartoon
10-04-2010, 09:35 AM
မန္တလေးဈေးကွက်တွင် တရုတ်နိုင်ငံထုတ် မီးပုံးများ စတင် ရောင်းချလာ
http://www.news-eleven.com/images/stories/oct10/we/w6113.jpg
သီတင်းဝါလကျွတ်ချိန် နီးကပ်လာပြီ ဖြစ်သည့် အတွက် ပွဲတော်ကာလတွင် ထွန်းညှိပူဇော်ရန်အတွက် နှစ်စဉ် ဖြစ်ပေါ်နေကျ ဈေးကွက်တစ်ခု ဖြစ်သော တရုတ်မီးပုံးများ မန္တလေး ဈေးကွက်သို့ စတင် ၀င်ရောက်မှု ရှိနေသော်လည်း ရာသီစချိန် ဖြစ်သော ကြောင့် နယ်ဝယ်လက် ရောက်လာခြင်း မရှိသေးဘဲ ဈေးကွက်လည်း အေးနေသေးကြောင်း မီးပုံးအရောင်းဆိုင်များမှ သိရှိရသည်။
ယခုနှစ် မီးပုံးဈေးကွက်တွင် မီးပုံး အမျိုးအစား လေးဆယ်ခန့်နှင့် ဘက်ထရီဓာတ်အားသုံး ကလေးကစားစရာ၊ မီးထွန်းပစ္စည်း အမျိုးအစား နှစ်ဆယ်ခန့် ၀င်ရောက်လျက်ရှိရာ မီးပုံးအသစ် အနေဖြင့် ခြောက်မြှောင့် မီးပုံး၊ ကနုတ်မီးပုံးနှင့် ဂျပန်ပုံစံ စက္ကူမီးပုံးများသာ အသစ် ၀င်ရောက်လျက် ရှိနေပြီး အများစုမှာ ယခင်နှစ်က ဒီဇိုင်းများသာ ဖြစ်ကြောင်း၊ ရန်ကုန်ထုတ် မိုမိုကို မီးပုံးများလည်း တရုတ်မီးပုံး ဈေးကွက်သို့ ၀င်ရောက် ရောင်းချလျက် ရှိသည်ကို တွေ့ရှိရသည်။
မီးပုံး ဈေးနှုန်းများမှာလည်း ကျပ် ၄၀၀ မှ ကျပ် ၆၀၀၀ ခန့် အထိ မီးပုံး အမျိုးအစားနှင့် အရွယ်အစားပေါ် မူတည်၍ ဈေးကွာခြားချက် ရှိသည်ဟု ဆိုပါသည်။ ဈေးကွက် စိတ်ဝင်စားမှု အခြေအနေနှင့် ပတ်သက်၍ မီးပုံးရောင်းချသူ တစ်ဦးကလည်း '' ရာသီစတဲ့ အချိန်မို့ ဈေးကွက်က အေးနေသေးတယ်။ နှစ်စဉ် မုံရွာနဲ့ နေပြည်တော် ပျဉ်းမနားဘက်က အမှာရှိတတ်ပေမယ့် ဒီနှစ် ၀င်မလာသေးပါဘူး။ ကလေးကစားစရာ မီးထွန်းရုပ်တွေကတော့ ရောင်းနေရတယ်။ ကာ တွန်းမီးပုံးက ဆိုင်တိုင်း ရောင်းနေတာမို့ ဈေးကွက်ပြန့်နေတယ်။ ကနုတ်၊ ဘုံကျောင်း၊ ခြောက်မြှောင့်၊ လှိုင်းတွန့်လို ဒီဇိုင်းဆန်းတဲ့ မီးပုံးတွေကို စိတ်ဝင်စားမှု များတယ်။ ပွဲတော်နီးလာတာနဲ့အမျှ အ၀ယ်လိုက်တတ်ပါတယ်''ဟု ရှင်းလင်းပြပါသည်။
@news-eleven.com

poohcartoon
10-04-2010, 09:47 AM
နေပြည်တော်ခရိုင်သို့ ၀င်သည့် ကုန်တင်ယာဉ်များ သတ်မှတ်ကုန်စည်ဂိတ်တွင်သာ ကုန်တင်ကုန်ချ ပြုလုပ်ရမည်
http://www.news-eleven.com/images/stories/oct10/we/w6112.jpg
နပြည်တော် ခရိုင်အတွင်းသို့ ၀င်ရောက်လာသည့် ကုန်တင်ယာဉ်များ သတ်မှတ်ထားသည့် ကုန်စည်ဂိတ်များတွင်သာ ကုန်တင်ကုန်ချ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်တင်ကုန်ချ ပြုလုပ်ရမည့် ကုန်စည်ဂိတ်များကို ပျဉ်းမနားမြို့တွင် ဘောဂသီရိကားကွင်း၌ သတ်မှတ်ထားပြီး လယ်ဝေးမြို့၌လည်း ကုန်စည်များ တရားဝင် ကုန်တင်ကုန်ချ ပြုလုပ်နိုင်ရန် ကုန်စည်ဂိတ် ဖွင့်လှစ်ထားကြောင်း သိရသည်။
''ကျွန်တော်တို့ ပျဉ်းမနားမှာတော့ ဘောဂသီရိကားကွင်းမှာတော့ ကုန်စည်ဂိတ်တွေ ဖွင့်လှစ်ထားပါတယ်။တခြား ဒေသတွေကနေ လာတဲ့ ကုန်စည်တွေ တခြားဒေသကို ပို့မယ့် ကုန်စည်တွေကို ဒီကားကွင်းမှာ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေကပဲ အတင် အချ ပြုလုပ်ပါတယ်။လုပ်ငန်းရှင်တွေကိုလည်း ဒီဂိတ်ကမှတစ်ဆင့် မြို့တွင်းကို ကားလေးတွေနဲ့ ကဲ့ယူပြီး ပို့ဆောင်ဖို့ မှာကြားထားပါတယ်''ဟု နေပြည်တော် မထသမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့သည်။
လယ်ဝေးမြို့တွင် တရားဝင် ကုန်တင်ကုန်ချ ကုန်စည်ဂိတ် ဖွင့်လှစ် ထားသော်လည်း မြို့ပေါ်ရှိ ကုန်တင်ယာဉ်များနှင့် နယ်မှ ကုန်တင်ယာဉ်များ၊ ကပရ ယာဉ်များသည် သတ်မှတ်ကုန်စည်ဂိတ် နေရာတွင် ဆောင်ရွက်ခြင်း မရှိဘဲ အမှတ် (၂)ရပ်ကွက်၊ အထက(၁)လမ်းဆုံ၊ အမှတ်(၄) ရပ်ကွက်နှင့် ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဆုံမီးပွိုင့်အနီးတွင် ကုန်တင်ကုန်ချ စည်းကမ်းမဲ့ ပြုလုပ်နေမှုအား အရေးယူသွားမည်ဟု သိရသည်။
@news-eleven.com

poohcartoon
10-04-2010, 09:54 AM
ရခိုင်ကမ်းရိုးတန်းတွင် ကယုကမာ ကောင်များ အတွေ့ရ နည်းလာ
http://www.news-eleven.com/images/stories/oct10/we/w6111.jpg
သဘာဝအားဖြင့် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း တစ်ခုကို ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းတွင် ယခုနှစ်ပိုင်းများ၌ ကယုကမာကောင်များ အတွေ့ရ နည်းလာကြောင်း သိရှိရပြီး ရေနေသယံဇာတ လျော့နည်း မသွားစေရေးမှာလည်း သတိထားစရာ အကြောင်းအရင်း တစ်ရပ် ဖြစ်လာခဲ့ကြောင်း သိရသည်။
ယခင်က ပင်လယ်ပြင်တွင် သက်တမ်းအားဖြင့် များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ကယုကမာကောင်များကို ယခုအခါတွင် အတွေ့ရ နည်းပါးလာပြီ ဖြစ်ကြောင်းလည်း ရေလုပ်ငန်း လုပ်ကိုင်သူ အချို့ထံမှ သိရှိရသည်။
''ပင်လယ်ပြင်ဟာ သဘာဝ ရေနေသယံဇာတပေါ့။ ဒါပေမယ့် ပိုက်ငါးဖမ်းမှုတွေ များလာတော့ မရည်ရွယ်ဘဲ တခြား သက်ရှိတွေ ပျက်စီးမှုကို ခံကြရတယ်။ အခု ဒီကမာကောင်ဟာ ခန့်မှန်းရသလောက် နှစ်ပေါင်း ၃၀၀ ကနေ ၅၀၀ အထိ ရှိပြီလို့ ထင် တယ်။ ဓာတ်ခွဲစမ်းသပ်ထားတာ မဟုတ်တော့ အတိအကျတော့ ပြောဖို့ခက်တယ်။ ဒီလိုကြီးမားတဲ့ ကမာကောင်တွေကို အခု မတွေ့ရသလောက် ဖြစ်နေပါပြီ။ ဒါဟာ ရေနေသယံဇာတ နည်းပါးလာတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ဒါကြောင့် ရှိရင်းစွဲ သယံ ဇာတတွေ ပျက်စီးမသွားဖို့ အရေးကြီးသလို သတိထားရမယ့် အချက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် သန္တာ ကျောက်တန်းတွေကို ထိန်းသိမ်း ကာကွယ်မှုတွေ လုပ်နေတာ ကြာပြီ။ဘယ်လောက်ထိ ထိန်းသိမ်းထားနိုင်ပြီလဲ ဆိုတာတွေကိုလည်း မေ့လို့ မရပါဘူး။ ရေအောက်သယံဇာတကို အကျိုးပြုတဲ့ ဘယ်ရေနေသတ္တ၀ါမဆို သက်ဆိုင်ရာက ခွင့်ပြုချက်မရဘဲ မဖမ်းဆီး၊ မဖျက်ဆီးသင့်ဘူး။ ဒါကြောင့် ရေလုပ်သားတွေ အားလုံးကလည်း လိုက်နာသင့်ပါတယ်''ဟု လေ့လာသူတစ်ဦးက ဆိုသည်။
ရခိုင် ကမ်းရိုးတန်းအတွင်း ကယုကမာများ အပါအ၀င် ခရုမျိုးပေါင်း ၅၀၀ ခန့် ရှိကြောင်း၊ ထိုခရုများကို ထိုင်ဝမ်နိုင်ငံမှ အဓိက ၀ယ်ယူလေ့ရှိပြီး လျှပ်စစ်မီးလုံးများ ထုတ်လုပ်ရာတွင် အပူခံပြား၊ အလင်းပြန်သတ္တုများ အဖြစ် အသုံးပြုလေ့ ရှိကြောင်း လည်း သိရှိရသည်။
@news-eleven.com

poohcartoon
10-04-2010, 09:57 AM
ကလေးမြို့ရှိ ကျေးရွာများတွင်ပါ အင်တာနက်ဆိုင်များ ဖွင့်လှစ်လာ
ကလေးမြို့နယ်အတွင်း အင်တာနက်ဆိုင်များ များပြားလာပြီး တမူးမြို့တွင်ပါ ဖွင့်လှစ်လာကာ Networking နှင့် ပတ်သက်သော သင်တန်းများနှင့် ကွန်ပျူတာနည်းပညာနှင့် ပတ်သက်သော သင်တန်းများကို လူငယ်များအတွင်း ပိုစိတ်ဝင်စား လာခဲ့သည်ဟု MCC Computer Training Center (ကလေး)မှ သင်တန်းတာဝန်ခံ ဦးတင်မျိုးဇော် က ပြောကြားခဲ့သည်။
''ကလေးမြို့မှာက အင်တာနက်ဆိုင်တွေ ဒီဘက်တစ်နှစ် နှစ်နှစ် အတွင်းမှာ ပိုများလာတယ်။ အင်တာနက်အသုံးပြုတဲ့ ဦးရေလည်း များလာခဲ့တယ်။ အခု နောက်ပိုင်း ဒီနယ်ကလူငယ်တွေက Networking နဲ့ ပတ်သက်လို့ ပိုမို စိတ်ဝင်စားလာတယ်။ Network နဲ့ပတ်သက်လို့ သင်ပေးနိုင်တဲ့ သင်တန်းတွေကလည်း ကလေးမြို့မှာ နည်းပါးသေးတယ်။ အရင်တုန်းကလိုပဲ ကွန်ပျူတာအခြေခံ သင်တန်းနဲ့ အခု နောက်ပိုင်းမှာတော့ အင်တာနက် အသုံးပြုနည်း သင်တန်းတွေမှာ လူတွေ ပိုမိုစိတ်ဝင်စားလာ ပါတယ်။ တမူးမြို့မှာလည်း အင်တာနက်ဆိုင် ဖွင့်လာတယ်။ တမူးမြို့နယ်အတွင်းက ကနန်ကျေးရွာနဲ့ ခမ်းပတ်မြို့နယ် ခွဲတွေမှာပါ အင်တာနက် ဆိုင်တွေ ရှိနေပြီ''ဟု ဦးတင်မျိုးဇော်က ပြောကြားခဲ့သည်။
ကလေးမြို့နယ်အတွင်းတွင် ADSL အင်တာနက်လိုင်းများ ချပေးပြီး နောက်ပိုင်းတွင် အင်တာနက်ဆိုင် ၁၅ ဆိုင်ခန့် ရှိလာပြီး အင်တာနက် ဆက်သွယ်တပ်ဆင်နိုင်ရန် Server အတွက် အခြားမြို့ကြီးများမှ ပညာရှင်များကို ခေါ်ယူ အသုံးပြုနေကြရသည် ဟု သိရှိရသည်။ ကလေးမြို့မှာက အင်တာနက် ဆာဗာအတွက်ကို တခြား မြို့ကြီးတွေက ပညာရှင်တွေကို အသုံးပြုနေကြရပါတယ်။ ကလေးမြို့မှာက အခြေခံ စာစီစာရိုက်နဲ့တင် ကွန်ပျူတာပညာက ကုန်နေတယ်။ အခု နောက်ပိုင်း လူငယ်တွေ ကြားမှာတော့ ကွန်ပျူတာပညာကို တော်တော်လိုက်စားလာကြတယ်''ဟု ကလေးမြို့မှ ကွန်ပျူတာပညာရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
10-05-2010, 09:16 AM
စာရွက်ပေါ်က ကတိတွေကိုပဲ ယုံရတော့မှာလား
http://www.news-eleven.com/images/stories/main/we611.jpg
စီးပွားရေး၊ လူမှုရေး နယ်ပယ် မှလူအများစုသည် တစ်ဦးနှင့်တစ်ဦး ကတိက၀တ်ပြုလုပ်ရာတွင် စာရွက်စာတမ်း ကတိက၀တ်ပြုလုပ်ခြင်း ထက် နှုတ်ကတိဖြင့်သာ တစ်ဦးအပေါ် တစ်ဦး ယုံကြည်ခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ်မတိုင်ခင် ကာလအပိုင်းအခြားတစ်ခုထိတွင်သာ နှုတ်ကတိကိုစောင့်ထိန်းသူ များပြားခဲ့သည်။ ယခုနောက်ပိုင်းတွင် နှုတ်ကတိကို ဖောက်ဖျက်သူများ များပြားလာခဲ့ကြောင်း စီးပွားရေး၊ လူမှုရေးနယ် ပယ်တွင် ကတိဖောက်ဖျက်ခြင်းခံခဲ့ ရသူများက ဆိုပါသည်။
နှုတ်ကတိကို တန်ဖိုးထား လိုက်နာသူ နည်းပါးလာသောကြောင့် စာချုပ်စာတမ်းများဖြင့် နှစ်ဦး သဘောတူကတိများကို ချုပ်ဆိုလာခဲ့ရသည်။ စာချုပ်စာတမ်းများဖြင့် နှစ်ဦးသဘောတူ ကတိများ ပြုလုပ်ခဲ့ကြသော်လည်း စာချုပ်တွင် ထည့်သွင်းရေးသားချုပ်ဆိုသော အချက်များသည် ပြည့်စုံမှုမရှိသောကြောင့် ကတိ ချိုးဖောက်သူများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ ပဋိညာဉ်ဖောက်ဖျက်၍ တရားစွဲဆိုခဲ့ရာတွင်လည်း စာချုပ်မခိုင်မာမှု ကြောင့် ပဋိညာဉ်ဖောက်ဖျက်ခံရသူ ဘက်မှ အမှုအနိုင်မရရှိဘဲ ရှုံးနိမ့်ခဲ့ရသည့်ဖြစ်ရပ် အများအပြား ပေါ်ပေါက်ခဲ့ရသည်။
ထိုသို့ စာချုပ်ပါထည့်သွင်း ချုပ်ဆိုသောအချက်များ မခိုင်မာမှုကြောင့် ရှုံးနိမ့်ခဲ့ရသည့် ဖြစ်ရပ်များကိုသာဓကယူကာ နှစ်ဦးသဘောတူ ကတိစာချုပ်ပေါ်တွင် နှစ်ဦးနှစ်ဖက် လိုက်နာရမည့်အချက်များ၊ လိုလားချက်များကို တိတိကျကျ ထည့်သွင်းချုပ်ဆို ခဲ့ကြပါသည်။
နိုင်ငံရေးစနစ်တစ်ခုသို့ ကူးပြောင်းမှုတွင် အဓိကအရေးပါသူများ ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ပြည်သူသို့ ၎င်းတို့ပေးမည့် မူဝါဒနှင့် ခံယူချက်ဆိုင်ရာ ကတိက၀တ်များသည် စာရွက်ပေါ်တွင် ပေးသည်ထက် ယုံကြည်ရမှု၊ ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်တို့နှင့်ယှဉ်ကာ လက်တွေ့ အကောင်အထည် ဖော်ပေးနိုင်ရန်မှာ ပဓာနကျကြောင်း . . .
နှစ်ဦးသဘောတူ ကတိစာချုပ်များ ချုပ်ဆိုရာတွင် စာချုပ်ပါအချက်များ ပြည့်စုံရမည်သာမကဘဲ အသုံးပြုသည့် စာချုပ်တံဆိပ်ခေါင်းတန်ဖိုးမှာလည်း အရေးပါလာခဲ့သည်။ နှစ်ဦးသဘောတူ ကတိစာချုပ် တစ်စောင်ချုပ်ဆိုမည်ဆိုပါက မည်သို့ပင် အချက်အလက်များ ပြည့်စုံစွာ ရေးသားမည်ဆိုသော်လည်း စာချုပ်တံဆိပ်ခေါင်းတန်ဖိုး အနည်းဆုံး ခြောက်ကျပ်ဖြင့် ချုပ်ဆိုရမည်ကို သိရှိသူနည်းပါးခဲ့ပါသည်။
http://www.news-eleven.com/images/stories/myanmar/mm/we611.jpg
နှစ်ဦးသဘောတူ ကတိစာချုပ် တစ်ခုချုပ်ဆိုမယ်ဆိုရင် အနည်းဆုံး ခြောက်ကျပ်တန်တံဆိပ်ခေါင်းနဲ့ ချုပ်ဆိုရပါမယ်။ သူ့ထက်တန်ဖိုး ကြီးတဲ့ တံဆိပ်ခေါင်းဖြစ်ရင် ပိုကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ စာရွက်အဖြူပေါ်မှာ ဒါမှမဟုတ် ကုမ္ပဏီ၊ ရုံး အစရှိတဲ့ Letter Head တွေနဲ့ပဲ ချုပ်ဆိုမယ်ဆိုရင်တော့ စာချုပ်ပေါ်က အချက်တွေကို တစ်ဦးဦးကဖောက်ဖျက်ခဲ့ရင် နစ်နာသူဘက်က အမှုရင်ဆိုင်တဲ့အခါ အားနည်းချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ ရုံးခွန်တော်တံဆိပ်ခေါင်းနဲ့ ချုပ်ဆိုတာလောက်လည်း ခိုင်မာမှု မရှိနိုင်ပါဘူး"ဟု မဟာ ဥပဒေဘွဲ့ရ ဥပဒေပညာရှင်တစ်ဦး က ဆိုပါသည်။
လက်ရှိအချိန်တွင် နှစ်ဦးသဘောတူ ကတိက၀တ်များအား စာချုပ်စာတမ်း ခိုင်ခိုင်မာမာချုပ်ဆိုမှုမရှိဘဲ နှုတ်ကတိဖြင့်သာပြုလုပ်၍ နစ်နာခဲ့ရသူ များရှိနေပါသည်။ စာချုပ်စာတမ်းဖြင့် ပဋိညာဉ်များချုပ်ဆိုရာတွင် နှစ်ဦးနှစ်ဖက် လိုလားချက်များကို ပြည့်စုံတိကျစွာ မရေးမိသောကြောင့် နစ်နာသူများလည်း ရှိခဲ့ပါသည်။ နှစ်ဦးနှစ်ဖက် လိုလားချက်များကို ပြည့်စုံလုံလောက်စွာ ရေးသားချုပ်ဆို ခဲ့သော်လည်း စာချုပ်တံဆိပ်ခေါင်း ၏တန်ဖိုးမှာ သတ်မှတ်ချက်ထက် နည်းပါးသောကြောင့် အမှုရင်ဆိုင်ရာတွင် အားနည်းမှုများရှိခဲ့ပါသည်။ စာချုပ်တံဆိပ်ခေါင်းနှင့် စာချုပ်ပါအချက်များ ခိုင်မာသော်လည်း ကတိ ချိုးဖောက်ပြီး တိမ်းရှောင်သူများကြောင့် နစ်နာမှုများရှိခဲ့ကြောင်း တရားရုံး များ အသိုင်းအ၀ိုင်းမှ ဆိုပါသည်။
စာချုပ်စာတမ်းနှင့် ပတ်သက်၍ ဖြစ်ပွားသော အမှုများထဲတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ နှစ်ဦးသဘောတူ ကတိစာချုပ်ချိုးဖောက်ခဲ့သည့် အမှုများ၊ အမည်ငှားစနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်ခိုင်းရာမှဖြစ်ပွားခဲ့သည့်အမှုများ၊ နှစ်ဦးသဘောတူ အရောင်းအ၀ယ် ကတိစာချုပ်ပါ အချက်များကို ချိုးဖောက်မှုကြောင့် ဖြစ်ပွားသောအမှုများ အများဆုံးပါဝင်ခဲ့ပါ သည်။
"တချို့ကျတော့ စာချုပ်ကိုခိုင် ခိုင်မာမာမချုပ်လို့ တစ်ဦးဦးက ဖောက်ဖျက်တဲ့အခါ တရားစွဲလို့မရဘဲ နစ်နာခဲ့ရတယ်။ တချို့ကျတော့ ခိုင်ခိုင်မာမာချုပ်ဆိုရဲ့သားနဲ့အလိမ်ခံရတယ်။ အများစုက စီးပွားရေးလုပ်ငန်းတွေမှာ ကာလတိုနဲ့ပတ်သက်ပြီး အရောင်းအ၀ယ် ပြုလုပ်တာတွေပါ။ အဲဒီထဲမှာ ကားအရောင်းအ၀ယ်၊ အိမ်ခြံမြေအရောင်းအ၀ယ်၊ ပဲအရောင်းအ၀ယ်ကိစ္စတွေ အများဆုံး ပါပဲ။ ကားအရောင်းအ၀ယ် လုပ်တဲ့အခါမှာ စရန်ငွေချေတာဖြစ်စေ၊ အရစ်လိုက်ခွဲပေးတာဖြစ်စေ ပြုလုပ်ကြတယ်။ အဲဒီနေရာမှာ စာချုပ်နဲ့ မဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုနဲ့ပြုလုပ်ခဲ့ကြတော့ အလိမ်ခံရတာတွေ အများအပြားပေါ်ပေါက်လာတယ်။ ပဲအရောင်းအ၀ယ်ပြုလုပ်တဲ့ နေရာမှာလည်း အဲဒီလိုပဲငွေကို လက်ဝယ် မပေးကြဘဲ တစ်ဦးနဲ့တစ်ဦး၊ တစ်ဂိုဒေါင်နဲ့ တစ်ဂိုဒေါင် ပါးစပ်ပြောနဲ့ လွှဲရာကနေလက်လွန်ပြီးတော့ ငွေမလိုက်နိုင်တော့ဘဲ သန်းထောင်ချီတဲ့ နစ်နာမှုတွေဖြစ်ပွားခဲ့ရတယ်။ အိမ်ခြံမြေနဲ့ပတ်သက်ရင်လည်း နှုတ် ကတိရော စာရွက်ပေါ်က ကတိကိုပါဖောက်ဖျက်လို့ ဖြစ်ပွားခဲ့တဲ့အမှုတွေနဲ့ နစ်နာခဲ့ရသူတွေ အများအပြားပါပဲ။ ဆောက်လုပ်ရေး ကန်ထရိုက်တွေနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေနဲ့ပတ်သက် ပြီးတော့လည်း ဖြစ်ပွားခဲ့တဲ့ အမှုတွေက အများအပြားပါပဲ" ဟု ယင်းအမှုဖြစ်စဉ်များအား သိရှိသူ အထက်တန်းရှေ့နေတစ်ဦးက ဆိုပါသည်။
လူမှုရေးကိစ္စများနှင့် ဆက်နွှယ်နေသည့် အိမ်ရှင်အိမ်ငှား ငွေပေးငွေယူကိစ္စ၊ ငွေယုံကြည်အပ်နှံမှုကိစ္စများ ဆောင်ရွက်ရာတွင်လည်း စာရွက်စာတမ်းများဖြင့် ခိုင်ခိုင်မာမာ ဆောင်ရွက်ခဲ့သော်လည်း ကတိဖောက်ဖျက်မှုကြောင့် ဖြစ်ပွားခဲ့သောအမှုများ ရှိခဲ့ပါသည်။
ယင်းအမှုများထဲတွင် အစ်ကို ဖြစ်သူက အလုပ်မအားသောကြောင့် ညီမဖြစ်သူအား တိုက်ခန်းဝယ်ခိုင်းရာမှ ဖြစ်ပွားခဲ့သည့် ဘီနာမီ(အမည်ငှားစနစ်)ဖြင့် အရောင်းအ၀ယ်ပြုလုပ် ခြင်းဆိုင်ရာ အမှုလည်းရှိခဲ့ပါသည်။
အမှုတွင်အစ်ကိုဖြစ်သူက ညီမ ဖြစ်သူအားငွေပေးပြီး ညီမနာမည်ဖြင့် တိုက်ခန်းသွားဝယ်ခိုင်းရာမှ ညီမဖြစ်သူက တိုက်ခန်းအား ၎င်းတိုက်ခန်းအဖြစ် သတ်မှတ်ရယူခဲ့သောကြောင့် တရားစွဲဆိုခဲ့ရခြင်းဖြစ်သည်။
အရောင်းအ၀ယ်တစ်ခု ပြုလုပ်ရာတွင် အမှန်တကယ်ဝယ်ခဲ့သော သူ၏အမည်ကိုမဖော်ပြဘဲ အခြား နာမည်တစ်ခုဖြင့် အရောင်းအ၀ယ်ပြု လုပ်ခဲ့ရာ၌ အရောင်းအ၀ယ်စာချုပ်တွင် ဖော်ပြထားသော ၀ယ်သူ၏ အမည်မှာ ပိုင်ဆိုင်ဟန်လက္ခဏာ ရှိသူသာဖြစ်ပါသည်။ အမှန်တကယ် ငွေစိုက်ထုတ်ပေးခဲ့သောသူသာ ပိုင်ရှင်အစစ်ဖြစ်ပြီး ပိုင်ဆိုင်ဟန်လက္ခဏာ ရှိသူကို ဘီနာမီဒါ ဟုခေါ်ပါသည်။
အခြားသူ၏ နာမည်ဖြင့် ပစ္စည်းတစ်ခုခုအား ၀ယ်ယူရာတွင် ငွေထုတ်ပေးသူက ခိုင်မာသည့်စာချုပ်စာတမ်းဖြင့် ချုပ်ဆိုပြီးမှသာ ဘီနာမီဒါ ကိုငွေထုတ်ပေးသင့်ပါသည်။ သို့မှသာ အမှုအခင်းများဖြစ်လာပါက မိမိငွေဖြင့်ဝယ်သော ပစ္စည်းဖြစ်သည် ကို သက်သေပြနိုင်မည်ဖြစ်သည်ဟု ဥပဒေပညာရှင်များက အကြံပြုခဲ့ ကြပါသည်။
စာရွက်ပေါ်မှကတိများ မတည်သောကြောင့် ဖြစ်ပွားခဲ့သောအမှုများထဲတွင် ဆိုင်ခန်းအရောင်းအ၀ယ် ကိစ္စနှင့် ပဲအရောင်းအ၀ယ်ကိစ္စဆိုင် ရာအမှုအချို့သည် သာဓကယူစရာ ဖြစ်ခဲ့ပါသည်။
ဆိုင်ခန်းအရောင်းအ၀ယ်ကိစ္စ နှင့်ပတ်သက်သည့်ဖြစ်စဉ် တစ်ခုမှာ ဒဂုံတောင်စက်မှုဇုန်မှ ဆိုင်ခန်းဝယ် ရန် ကျပ်သိန်း ၂၆၀၀ ကျော်ပေးရမည်ကို စရန်ငွေအဖြစ် သိန်း ၁၆၀၀ ကျော် ပေးခဲ့ကြောင်း၊ ကျန်ငွေများကို အရစ်ကျဖြင့်ပေးချေရန် နှစ်ဖက်သဘောတူခဲ့ပြီး ပေးချေရမည့်ရက် ကျော်လွန်သွားသဖြင့် တစ်ဖက်ဆိုင်ရှင်က စရန်ငွေသာမက ဆိုင်ခန်းပါ ပေးအပ်ခြင်းမရှိသဖြင့် မကျေမနပ် ဖြစ်ကာ အဆိုပါဆိုင်ခန်းပိုင်ရှင်အား ပြန်ပေးဆွဲရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၉၈၇/၂၀၁၀၊ ပြစ်မှုပုဒ်မ ၃၆၅ ဖြင့် အရေးယူခဲ့ရကြောင်း မှုခင်းသတင်းများ၌ ဖော်ပြခဲ့ပါသည်။
ထို့အတူ ပဲအရောင်းအ၀ယ် ကိစ္စနှင့်ပတ်သက်၍ သိန်းပေါင်း သိန်းနှင့်ချီ၍နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပဲလုပ်ငန်းရှင်အချို့လည်း နာမည်ပျက်ကာ တရားစွဲဆိုခံခဲ့ရသည်ဟု ပဲလုပ်ငန်း လုပ်ကိုင်ခဲ့သူ တစ်ဦးက ဆိုပါသည်။
ပဲလုပ်ငန်းရှင်အချို့ လိမ်လည်ခံရသည့်ကာလမှာ ၂၀၀၈ ခုနှစ် အတွင်းကဖြစ်ပြီး လိမ်လည်ခံရသည့် ငွေကြေးအရေအတွက်မှာ တစ်ဦးလျှင် သိန်းထောင်ဂဏန်းဝန်းကျင် ရှိခဲ့ပါသည်။ သိန်းရာဂဏန်းဝန်းကျင် အလိမ်ခံရသူမှာ နည်းပါးခဲ့ပါသည်။ လိမ်လည်မှုများထဲတွင် စာရွက်ပေါ်မှ ကတိများကိုပင် ဖောက်ဖျက်လိမ်လည်ခဲ့သူများလည်း ပါဝင်ခဲ့ပါသည်။
လိမ်လည်သွားသူ အများစုသည် ခင်မင်ရင်းနှီးပြီးဖြစ်သော ပဲကုန်သည်အချင်းချင်းဖြစ်ပြီး လိမ်လည် သူများက ပဲအိတ်များအား ငွေမပေးဘဲကြိုတင်ယူကာ သတ်မှတ်ထားသည့် ရက်များအတွင်း ငွေမပေးချေဘဲ တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း ပဲကုန်သည်များ အသိုင်းအ၀ိုင်းက အတည်ပြုခဲ့ကြပါသည်။
လိမ်လည်ခံရသည့် ဖြစ်စဉ်များ အပေါ် သက်ဆိုင်ရာက အရေးယူခဲ့ရာ၌ အချို့မြို့နယ်များတွင် မြို့နယ်တစ်ခုတည်း၌ အမှုပေါင်း သုံး၊ လေး၊ ငါးခုခန့် တိုင်တန်း အမှုဖွင့်ထားခြင်း ဖြစ်ပြီး ကျောက်တံတားမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် လမ်းမတော် မြို့နယ်များတွင် တိုင်တန်းသူများ ပြားခဲ့ပါသည်။
တရားလို ပဲကုန်သည်များ၏ တိုင်ကြားမှုအပေါ် ကျောက်တံတား ရဲစခန်း၊ လမ်းမတော်ရဲစခန်း၊ ပန်းဘဲတန်း၊ လှိုင် ပိတောက်ချောင်း ရဲစခန်း၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဘုရင့်နောင် ရဲစခန်းတို့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့်အမှုဖွင့်စစ် ဆေးခဲ့ရပါသည်။
ဖြစ်စဉ်များအား သုံးသပ်မည် ဆိုပါက နှုတ်ကတိဖောက်ဖျက်မှုများ ကိုကာကွယ်ရန် စာချုပ်စာတမ်း ချုပ်ဆိုမှုများ ပေါ်ပေါက်ခဲ့ရပါသည်။ ယခုအခါ စာရွက်ပေါ်မှကတိများကိုပင် ချိုးဖောက်သူအများအပြား ပေါ်ပေါက်လာ၍ နစ်နာသူ အများအပြားလည်း ရှိခဲ့ပါသည်။
ထို့ကြောင့် စီးပွားရေးလုပ်ငန်း များတွင်ဖြစ်စေ၊ လူမှုရေးကိစ္စများတွင် ဖြစ်စေနှုတ်ကတိ၊ စာရွက်ပေါ်မှ ကတိများဖြင့် ဆောင်ရွက်ခဲ့ရသော်လည်း ချိုးဖောက်မည့်သူများ၊ လိမ်လည်မည့်သူများက နည်းအမျိုးမျိုးဖြင့် အခွင့်အရေး ယူနေကြဦးမည်ဖြစ်သည်ဟု နစ်နာခဲ့သူများက သုံးသပ် ခဲ့ကြပါသည်။
ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ထားရှိသည့် ယုံကြည်မှု၊ အကျင့် သိက္ခာ၊ ကျင့်ဝတ်တို့သည်သာ စာရွက်ပေါ်မှ ကတိများထက် ပိုမိုယုံကြည်ရတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
မကြာမီကာလတွင်လည်း နိုင်ငံရေးစနစ်တစ်ခုသို့ ကူးပြောင်းရ တော့မည်ဖြစ်ပါသည်။ ထိုသို့ နိုင်ငံ ရေးစနစ်တစ်ခုသို့ ကူးပြောင်းမှုတွင် အဓိကအရေးပါသူများဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ပြည်သူသို့၎င်းတို့ ပေးမည့် မူဝါဒနှင့်ခံယူချက်ဆိုင်ရာ ကတိက၀တ်များသည် စာရွက်ပေါ် တွင် ပေးသည်ထက်ယုံကြည်ရမှု၊ ကိုယ်ကျင့်သိက္ခာ၊ ကျင့်ဝတ်တို့နှင့် ယှဉ်ကာ လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ရန်မှာ ပဓာနကျကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုပါသည်။
@news-eleven.com

poohcartoon
10-05-2010, 09:25 AM
ကျောက်မျက် အထူးပြုသင်တန်းများ ထပ်မံဖွင့်လှစ်သွားမည်
http://www.news-eleven.com/images/stories/oct10/we/617.jpg
မန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ကျောက်မျက်အထူးပြု သင်တန်းများကို ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
ကျောက်မျက် သင်တန်းများ ကို ပြည်တွင်း၌ ပုဂ္ဂလိကပိုင်းအနေ ဖြင့် ဖွင့်လှစ်မှုများရှိနေပြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းအနေဖြင့်မူ ၂၀၁၀ ပြည့်နှစ် ဇွန်လမှစတင်၍ အခြေခံကျောက်မျက် သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အခြေခံကျောက်မျက် သင်တန်းမှာတော့ တွင်းထွက်ကျောက်မျက်တွေနဲ့ ရင်းနှီးသွားအောင်၊ ကျောက်တွေရဲ့ သဘောသဘာဝ၊ အ ခြေခံအကြောင်းအရာတွေ၊ အသုံးပြု တဲ့စက်ပစ္စည်းတွေနဲ့ ရင်းနှီးမှုရှိ အောင်သင်ပေးပါတယ်။ ကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်း က ဦးစီးတာဆိုပေမယ့် ပြည်တွင်းမှာ ကျောက်မျက် သင်တန်းကျောင်းဖွင့် လှစ်ထားတဲ့ဆရာတွေပဲ လာရောက် ပို့ချပေးတာပါ။ Theory ပိုင်းနဲ့ Pratical ပိုင်း ပို့ချပေးတာဖြစ်ပြီး ပြည်တွင်းက ကျောက်မျက်ပွဲတွေမှာ သင်တန်းသားတွေ လေ့လာသင်ယူ နိုင်အောင်လည်းပို့ပေးတယ်။ ကျောက်မျက်ရတနာဆိုင်တွေက ၀န်ထမ်း တွေတက်တာများပါတယ်။ ကျောက် မျက်လောကအပြင် ဆရာဝန်၊ အင် ဂျင်နီယာတို့လို နယ်ပယ်ကလည်း ကျောက်မျက်လုပ်ငန်း ၀င်ရောက် မလုပ်ကိုင်ပေမယ့် ဗဟုသုတအနေနဲ့ လာတက်ကြတာ တွေ့ရပါတယ်" ဟု မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်း သင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
အသစ်ဖွင့်လှစ်မည့် ကျောက်မျက်အထူးပြု သင်တန်းတွင် ကျောက်မျက် အတုအစစ် ခွဲခြားနည်းများ၊ စက်ကိရိယာများ အသုံးပြုမှု ကျွမ်းကျင်စေရန်တို့ကို သင်ကြားသွားမည် ဖြစ်ပြီးနိုဝင်ဘာလအတွင်း ဖွင့်လှစ် နိုင်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
@news-eleven.com

poohcartoon
10-05-2010, 09:27 AM
ဘင်္ဂလား ပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်လာနိုင်
မြန်မာနိုင်ငံတွင် မိုးလွန်မုန်တိုင်းများကို သတိပြုရလေ့ရှိသည့် ကာလသို့ ရောက်ရှိလာပြီဖြစ်သည်ဟု သိရှိရသည်။
အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ် သို့ ရောက်ရှိလာနိုင်ကြောင်း အောက်တိုဘာလအတွက် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ထားပါသည်။
အောက်တိုဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အကျုံးဝင်သည့် အောက်တိုဘာလ ပထမ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအား ကောင်းလာနိုင်သည်ဟုဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အပူပိုင်းမုန် တိုင်းကို သတိပြုရသော ကာလများ မှာ မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန်ကာလဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်သည် ဟု သိရှိရသည်။
ယခုနောက်ပိုင်း၌ မုတ်သုံလေ ၀င်ရောက်မှုနောက်ကျ ခြင်း၊ မုတ်သုံအထွက်စောခြင်း စသည့် အနေအထားများရှိလာခဲ့ကာ မိုးကြို၊ မိုးလွန်ကာလများကို ရှည် လျားလာစေခြင်းသည် မြန်မာနိုင်ငံ၏ မုန်တိုင်းရာသီကိုလည်း ရှည်လျားလာစေခဲ့သည်။ ယခုအခါအနောက် တောင်မုတ်သုံလေသည် စက်တင် ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၁၉ ရက် နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ လည်းကောင်း ဆုတ်ခွာခဲ့ကာ မိုးလွန်ကာလ စတင်ခဲ့သည်ဟု သိရသည်။
@news-eleven.com

poohcartoon
10-06-2010, 10:23 AM
ပုဂ္ဂလိကဆီဆိုင်များ၏ ကွန်ပျူတာ အရောင်းစနစ်တွင် စနစ်သစ်များ ထပ်မံထည့်သွင်း အသုံးပြုရန် စီစဉ်
ပုဂ္ဂလိကဆီဆိုင်များ၏ ကွန်ပျူတာ အရောင်းစနစ်တွင် စနစ်သစ်များ ထပ်မံအသုံးပြုရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။
ပုဂ္ဂလိကဆီဆိုင်များတွင်အ သုံးပြုသောကွန်ပျူတာအရောင်းစနစ် မှာအခြားအရောင်းစနစ်များနှင့်အ နည်းငယ်ကွာခြားပြီး ကွန်ပျူတာအ ရောင်းစနစ်ကိုအသုံးပြုလာပြီးနောက် ပိုင်းတွင် အသေးစိတ်အချက်အ လက်များ၊ မှတ်တမ်းမှတ်ရာပိုင်းတို့ ၌ပိုမိုတိကျစွာသိရှိလာနိုင်ကြောင်းသိ ရသည်။
"ဆီဆိုင်တွေရဲ့အရောင်းစနစ်မှာက ကုန်ပစ္စည်း အမျိုးအစားအနေ နဲ့သုံးမျိုးပဲရှိလို့ အဲဒီအပိုင်းမှာ ထွေထွေထူးထူးမရှိပါဘူး။ ပိုင်ရှင်အများ စုရဲ့ဆန္ဒကတော့ ရောင်းလိုက်ရတဲ့ ဆီပမာဏနဲ့ရလာတဲ့ ငွေပမာဏတို့ ချိန်ညှိတဲ့အခါ တိတိကျကျဖြစ်ချင်ကြပါတယ်။ ကားပိုင်ရှင်တွေအနေနဲ့လည်း ကိုယ့်ကားကိုဆီထည့်တဲ့ အကြိမ်အရေအတွက်၊ ပမာဏတွေကို ရက်စွဲအလိုက် မှတ်တမ်းတွေသိချင်ရင် တောင်းကြည့်နိုင်တယ်။ ဆီဆိုင်အနေနဲ့လည်း ကိုယ့်ဆိုင်မှာကား အရေအတွက်များတဲ့အချိန်၊ ဆီပမာဏများများ ရောင်းရတဲ့အချိန်တွေကို အသေးစိတ်သိလာနိုင်ပြီး Report တွေရနိုင်တယ်"ဟု ACE Data Systems မှ Deputy General Manager ဒေါ်ခင်ခင်စောက ပြောကြားခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကဆီဆိုင်များတွင် ဆီဆိုင် Lortery စနစ်အသုံး ပြုရန်ပြင်ဆင်နေကြောင်းသိရသည်။ ဆီဆိုင် Lortery စနစ်တွင် ဆီဆိုင် ၀န်ထမ်းများမှ Hand held Reader များ အသုံးပြုရမည်ဖြစ်ပြီး ယင်းစက်အတွင်းသို့ ၀န်ထမ်းကတ်နှင့် ဆီလာထည့်သူများ၏ Member Card သို့မဟုတ် Prepaid Card များကို ထည့်သွင်းအသုံးပြုရမည်ဟု သိရသည်။ ယင်းကတ်များတွင် ချစ်ပ်ပြားပါဝင်မည်ဖြစ်သည်။
"ဆီဆိုင်တွေမှာ ဒီစနစ်ကိုတစ်လအတွင်း အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။ ကတ်တွေနဲ့အ သုံးပြုလာနိုင်မှာဖြစ်ပြီး Member တွေကို discount ပေးတာမျိုး၊ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး သုံးနိုင်တာမျိုး တွေလုပ်လာနိုင်ပါမယ်"ဟု Micro Peacock မှတာဝန်ရှိသူကပြောပြခဲ့ သည်။
ယင်းအပြင် ဆီပန့်များကိုထိန်းချုပ်ခြင်း၊ လက်ကျန်ဆီပမာဏအား Sensor ဖြင့်တိုင်းတာခြင်း၊ ဆီသယ်ဆောင်သောကားများကို GPS စနစ်ဖြင့် တွဲဖက်အသုံးပြုခြင်းတို့ဖြင့် လုပ်ငန်းလည်ပတ်မှုစနစ် အားလုံးကိုကွန် ပျူတာစနစ်ဖြင့် ထိန်းချုပ်အသုံးပြုလာနိုင်မည် ဖြစ်ကြောင်းသိရသည်။
"နောက်ပိုင်းဆို ပန့်တွေကိုပါ control လုပ်လာနိုင်မှာဖြစ်ပြီး ငါးဂါလန်ဆို ငါးဂါလန်ပဲ ကွက်တိထုတ်ပေးတာမျိုးပါ။ Dispencer စတဲ့ ဟာ့ဒ်ဝဲပိုင်းဆိုင်ရာတွေနဲ့ပါ တွဲဖက်ပြီး System Integration ပုံစံမျိုးပေါင်းစပ် အသုံးပြုရမှာပါ" ဟု ACE မှတာဝန်ရှိ သူတစ်ဦးက ရှင်းပြခဲ့သည်။
@news-eleven.com

sinbauk
10-06-2010, 02:04 PM
သီဟိုဠ်ရောက် မြန်မာ့ရင်သွေးငယ်ကလေးများနှင့် သီတဂူကရုဏာ

သီဟိုဠ်ရောက် မြန်မာ့ရင်သွေးငယ် ၁၀၀-တို့အနက် ၃၅-ယောက်တို့သည် ပထမအုပ်စုအနေဖြင့် Oct. 19 (အင်္ဂါနေ့)၊ Malaysia MH 740 လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁း၁၅ မိနစ်အချိန်တွင် ရောက်လာကြမည်ဖြစ်သည်။
သီတဂူသာသနာပြုအဖွဲ့က အပြန်ခရီးစရိတ်အားလုံးကို လှူဒါန်းလိုက်သည်။ သီဟိုဠ် မြန်မာ့သံရုံးအဖွဲ့သားများက လေယာဉ်ပျံပေါ် ရောက်သည့်အထိ စီမံဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်။ သီတဂူသာသနာပြုအဖွဲ့မှ ဦးဝင်းအောင်နှင့် ဦးဝေလွင်တို့က သီတဂူ ဆရာတော်၏ တာဝန်ပေးချက်အရ သွားရောက်ခေါ်ဆောင်လာကြမည်ဖြစ်သည်။


ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဘယပတ္တာ စ နိဗ္ဘယာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
သောကပတ္တာ စ နိေဿာကာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

သီရိလင်္ကာနိုင်ငံမှာ ဒုက္ခရောက်ပြီး အဆင်မပြေဖြစ်နေတဲ့ မြန်မာကလေး ၁၀၀ ကျော် ပြန်ခေါ်ဖို့ သီတဂူဆရာတော်ကြီး ကြိုးစားနေရာမှာ ၃၅ ယောက် ပါဝင်တဲ့ ပထမဦးဆုံး အသုတ်ဟာ လာမဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေနဲ့ မုန်တိုင်းဒုက္ခသည် မိသားစုဝင်ကလေးတွေ ပါဝင်ပြီး အသက်အရွယ်အားဖြင့် ၁၀ နှစ်ကနေ ၁၄ နှစ်သားအထိ အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ အများစုဟာ သာမဏေနဲ့ သီလရှင် ဝတ်ထားသူတွေ ဖြစ်ပြီး ဟိန္ဒူဘာသာဝင် ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်တဲ့ သီရိလင်္ကာ ရဟန်းတော် ဒေါက်တာစန္ဒိနာထေရ်က ပညာသင်ကြားပေးမယ် ဆိုပြီး လွန်ခဲ့တဲ့တနှစ်လောက်က ကလေးတွေကို ခေါ်ယူသွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးတွေကို ပညာသင်ကြားပေးခြင်း မရှိပဲ လူတွေ ခွဲထားပြီး စားဖို့သောက်ဖို့ သူတို့ဖာသာသူတို့ ရုန်းကန်လှုပ်ရှားကြရတယ်ဖော်ပြထားပါတယ်။

သီရိလင်္ကာနိုင်ငံက ဝေးလံတဲ့အရပ်ဒေသတွေမှာ နေထိုင်ကြရတဲ့ မြန်မာကလေးတွေအနေနဲ့ ကိုယ့်ရပ်မြေကို ပြန်ချင်နေကြောင်း မိဘတွေ၊ သီရိလင်္ကာနိုင်ငံမှာ စာသင်ကြားနေတဲ့ မြန်မာသံဃာတော်တွေဆီ စာရေးသား အကြောင်းကြားလာတဲ့အတွက် ဒီအခြေအနေတွေ အများက သိရှိလာတာ ဖြစ်ပါတယ်။ အဖြစ်အပျက် အသေးစိတ်ကို သီတဂူဆရာတော်ရဲ့ အင်တာနက်စာမျက်နှာ www.sitagucenter.org မှာ ဖတ်ရှုနိုင်ပါတယ်။
သီတဂူဆရာတော်ကြီးကိုယ်တိုင် ကလေးတွေရဲ လေယာဉ်စရိတ်ကို ကူညီပေးပြီး ပြန်ခေါ်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး သီရိလင်္ကာ မြန်မာသံရုံးကလည်း အကူအညီပေးနေတယ်လို့ သိရပါတယ်။ လာမဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဆရာတော်ကြီးကိုယ်တိုင် ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ သီတဂူနဲ့ နီးစပ်သူတွေကပြောပြပါတယ်။

Credit: သီတဂူစင်တာ

poohcartoon
10-07-2010, 09:09 AM
ကားမောင်းရင် သတိထားပါ ... သွားနေကျလမ်း မဟုတ်ရင် အရမ်းမမောင်းပါနဲ့
http://www.news-eleven.com/images/stories/main/bi3281.jpg
ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့၌ ချိုင့်ခွက်ကြီးနှင့် မြေသားပျက်စီးမှုများ ဖြစ်ပေါ်နေသဖြင့် အဆိုပါလမ်းများသို့ ညဘက်သွားလာသည့် ယာဉ်မောင်းများပိုမို၍ အခက်တွေ့နေကြောင်း စုံစမ်းသိရှိရသည်။
လမ်းမကြီး၌ ချိုင့်ခွက်ကြီးများနှင့် မြေသားပျက်စီးကြောင့် ကားမောင်း သူများ ရုတ်တရက် တွေ့မြင်လာရမှု အပေါ် ရှောင်တိမ်းရခြင်းများကြောင့် မတော်တဆ ယာဉ်တိုက်မှုအချို့နှင့် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးသူ အချို့ရှိသည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ် ၂၀ ရပ် ကွက် မောင်းမကန် ကန်သာလမ်း ဧရာဝဏ်လမ်း၌ နေထိုင်သူတစ်ဦးကလည်း "အိမ်ရှေ့ကလမ်းက တော်တော်လေးဆိုးတယ်။ လမ်းဆိုးတဲ့ အတွက် ၃၉ အထူးကားဂိတ်တောင် နှစ်မှတ်တိုင်လောက် ကျော်ပြီးတော့ ဂိတ်ပြောင်းလဲ ပြေးဆွဲနေရတယ်။ ဒီလမ်းရဲ့အထာကို မသိတဲ့ ညဘက်မောင်းလာတဲ့ ကိုယ်ပိုင်ကားတွေ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဆိုရင် တက္ကစီကားတစ်စီးက မောင်းနေရင်း နဲ့ထိုးရပ်သွားတယ်။ ကားအောက်ပိုင်းနဲ့ လမ်းပေါ်ကကျောက်ခဲကြီးနဲ့ ငြိနေတဲ့အတွက် ထုခွဲပြီးမှကားကိုဆက် သွားရပါတယ်။ တချို့ကားတွေဆိုရင် မှောက်တော့မလို စောင်းပြီးတဲ့အနေထားသွားရတယ်။ လမ်းကိုလာပြင်တယ်။ ဒါပေမယ့် အသေအချာ မပြင်ဘူး။ ချိုင့်ခွက်ကြီးထဲကို ဂ၀ံကျောက်တုံးကြီးတွေ ထည့်တယ်။ အပေါ်ကနေ သဲတွေအုပ်သွားတယ်။ အဲလိုနည်းနဲ့လည်း ခဏခဏပြင်တယ်။ ပြီးတော့လည်း ခဏခဏ ပြန်ပျက်ပါတယ်"ဟု သူမ၏အတွေ့ အကြုံအား ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့၌ ချိုင့်ခွက်ကြီးများ၊ မြေသားပျက်စီးမှုများ ကို ပြန်လည်ပြုပြင်မှု အချို့ပြုလုပ်သော်လည်း သေသပ်မှုမရှိမှုကြောင့် ပြန်လည်၍ ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် ဂန္ဓာမာလမ်းတွင် နေထိုင်သူတစ်ဦးကလည်း "ကျွန်တော်တို့လမ်းထဲမှာ ချိုင့်ခွက်ကြီးတွေ ဖြစ်ပေါ်နေတယ်။ ညဘက်ဆိုရင် ကားတွေဖြတ်သွားတိုင်း အဲဒီချိုင့်ခွက်ထဲကို ကားဘီးကျွံကျတဲ့အသံ ခဏခဏကြားရတယ်။ အဓိကကတော့ ချိုင့်ခွက်တွေ ဖြစ်နေတဲ့အနားမှာ လျှပ်စစ်မီးတိုင် တွေကပျက်နေတယ်။ အဲဒါကြောင့်မို့ ဒီလမ်းကို လာနေကျမဟုတ်တဲ့ ယာဉ် မောင်းတွေလာရင် ဒီလိုအခက်အခဲတွေကို ကြုံတွေ့နေရတဲ့ အသံကို ကြားနေရပါတယ်"ဟု ၎င်း၏ကြုံတွေ့မှုအား ပြောပြခဲ့သည်။
http://www.news-eleven.com/images/stories/oct10/bi/3281.jpg
တောင်ဒဂုံမြို့နယ်၂၀ ရပ်ကွက် မောင်းမကန် ကန်သာလမ်းမကြီး တစ်နေရာကို အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့ရှိ လမ်းမကြီးအချို့တွင် ချိုင့်ခွက်များ ဖြစ်ပေါ်လျက် ရှိသောကြောင့် ကားအောက်ပိုင်း ပျက်စီးမှုကိုလည်း ကားပိုင်ရှင်များခဏ ခဏကြုံတွေ့နေရပြီး ပျက်စီးမှုများ အနက် လေးကျိုးခြင်း၊ ရှော့ဘား များပျက်ခြင်းတို့ ဖြစ်လျက်ရှိကြောင်း ကားဝပ်ရှော့တစ်ခုမှ သိရှိရသည်။
ယခုကဲ့သို့ လမ်းမကြီးများ၌ ညပိုင်းယာဉ်များသွားလာပါက ယာဉ်မောင်းသူများအနေဖြင့် မမြင်နိုင်သည့် အန္တရာယ်များ ရုတ်တရက်ဖြစ်နိုင်ခြင်း နှင့်အတူ လမ်းများပေါ်၌ လမ်းပျက်စီးမှုများ ရုတ်တရက် ကြုံတွေ့နိုင်သည့် အတွက် ကားမောင်းရန် အန္တရာယ်ရှိကြောင်း သတိရှိရန်လိုအပ်သည်ဟု လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။
"ညပိုင်းပဲဖြစ်ဖြစ်၊ နေ့ပိုင်းပဲဖြစ်ဖြစ် ကားမောင်းရင် အမြဲတမ်းဂရု စိုက်ဖို့လိုတယ်။ ညဘက်မောင်းတဲ့ ယာဉ်မောင်းတွေက ပိုပြီးသတိပြုဖို့ လိုတယ်။ ကိုယ်သွားနေကျလမ်း မဟုတ်ဘူးဆိုရင် ပိုပြီးသတိထားသင့် တယ်။ တချို့လမ်းတွေဆိုရင် အဝေးကနေ လမ်းဆိုးနေတယ်။ ချိုင့်ခွက်ကြီးတွေ ဖြစ်နေတယ်ဆိုတာကို အဝေးကနေကြိုပြီးမတွေ့ရဘူး။ အနီးကပ်ရောက်မှပဲ တွေ့ရတဲ့အတွက် ကားအောက်ပိုင်းပျက်စီးမှု၊ မမျှော်လင့်တဲ့ ပြဿနာတချို့ကိုလည်း ကြုံတွေ့နေရပါတယ်။ တချို့ယာဉ်တွေဆိုရင် အရှိန်အနည်းငယ်တင်ပြီး မောင်းတဲ့လမ်းမပေါ်မှာ ကားတစ်စီးကရပ်ထားတယ်။ အဲဒီကားမှာလည်း ရောင်ပြန်တွေမပါတဲ့အတွက် အနီးကပ် ရောက်တော့မှပဲ ဗြုန်းခနဲဆိုပြီး တွေ့တော့မှ ရှောင်တိမ်းလို့မရဘဲ ယာဉ်တိုက်မှုတွေဖြစ်တာ ရှိပါတယ်။ ကျွန်တော်ဆိုရင် ပြီးခဲ့တဲ့နှစ်ရက်လောက် ကညဘက် ချိုင့်ကြီးကြီးတစ်ခွက်ကို အနီးရောက်မှ မြင်လိုက်ရတယ်။ ရှောင်လို့မရအောင် ချိုင့်ကကြီးနေတော့ အရှိန်နဲ့ကျသွားတယ်။ ချိုင့်ရဲ့အနက်ကရှစ်လက်မနီးပါးရှိတော့ ကားက ဂျိမ်းဆိုပြီးကျသွားတာ ကားအောက် ပိုင်းတွေကျိုးထွက်၊ ပြုတ်ထွက်ပြီလို့တောင် ထင်ရတယ်။ ဒါကြောင့် ညဘက်ကားမောင်းရင် သတိထားဖို့လိုပါတယ်။ လမ်းပေါ်မှာကားမောင်းရင် အန္တရာယ်ရှိတယ်ဆိုတာ သတိထားသင့်ပါတယ်"ဟု ရန်ကုန်မြို့အတွင်း ယာဉ်မောင်းသက်တမ်းနှစ် ၃၀ကျော် ရှိသူတစ်ဦးက ဆိုသည်။
အလားတူ လမ်းမကြီးပေါ်တွင် ချိုင့်ခွက်ကြီးများ ဖြစ်နေသည့်အပြင် လမ်းမကြီးကိုဖြတ်၍ သွားလာနေသည့် မီးရထားသံလမ်း အနီး၌လည်း ကျောက်တုံးကြီးများနှင့် သံတိုင်အချို့ ရှိနေခြင်းကြောင့် ယင်းနေရာများကိုလည်း ညဘက်များ၌ မကြာခဏ မတော်တဆ ဖြစ်ပွားလျက်ရှိကြောင်း ယင်းရပ်ကွက်အနီးတွင် နေထိုင်သူများက ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
10-07-2010, 09:13 AM
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် အသည်းအစားထိုး ကုသမှု အောင်မြင်ခဲ့ ယင်းကုသမှု အတွက် ကျပ်သိန်း ၆၀၀ နီးပါး ကုန်ကျမှု ရှိခဲ့ကြောင်း သိရ
http://www.news-eleven.com/images/stories/oct10/bi/b32810.jpg
အသည်းအလှူရှင် ကိုလင်းထက်လှိုင်(၀ဲ)နှင့် အသည်းအစားထိုး ကုသမှု ခံယူခဲ့သူ ဦးအောင်မြင့်နိုင်(ယာ)
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် အသည်းအစားထိုး ကုသမှု အောင်မြင်ခဲ့ပြီး အသည်းအစားထိုး လူနာရှင်မှာ ကျန်းမာလျက်ရှိကြောင်း နှင့် ယင်းအသည်းအစားထိုး ကုသမှုအတွက် ကျပ်သိန်း ၆၀၀ နီးပါး ကုန်ကျခဲ့ကြောင်း အသည်းအစားထိုး ကုသမှုနှင့် စပ်လျဉ်းသည့် ရှင်းလင်းပွဲမှ သိရှိရပါသည်။
ဒုတိယအကြိမ် အသည်းအစားထိုး ကုသမှုကို ၂၀၀၉ ခုနှစ် ဒီဇင်လာ ၂၄ ရက်နေ့ ပြုလုပ်ခဲ့ပြီး ပါမောက္ခ ဒေါက်တာနော်မန်လှ ဦးဆောင်သည့် အဖွဲ့က ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး အသည်းအစားထိုး ကုသမှုကို ၂၀၀၄ ခုနှစ်၊ သြဂုတ်လအတွင်းက ပြုလုပ်ခဲ့ပြီး အသည်းအစားထိုး ကုသမှု ခံယူခဲ့သည့် လူနာမှာ ကျန်းမာလျက်ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် အသည်းအစားထိုးမှု ခံယူခဲ့သည့် လူနာမှာ ရခိုင်ပြည်နယ်၊ တောင်ကုတ် မြို့နယ်မှ အသက် ၄၉ နှစ် အရွယ်ရှိ ဦးအောင်မြင့်နိုင် ဖြစ်ပြီး ၎င်းသည် နှစ်များစွာ အရက်သောက်သုံးခဲ့သူ ဖြစ်ကာ တောင်ကုတ် ဆေးရုံမှ အရေးပေါ် အခြေအနေဖြင့် ပင်လုံဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''လူနာက တောင်ကုတ် ဆေးရုံကနေ အရေးပေါ် အခြေအနေနဲ့ ပင်လုံ ဆေးရုံကို ၂၀၀၉ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရောက်လာပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေရဲ့ စစ်ဆေးတဲ့အခါမှာ အဆုံးစွန် အခြေအနေ ရောက်နေတဲ့ အသည်းဝေဒနာရှင် တစ်ယောက် ဖြစ်နေတယ်ဆိုတာ သိရလို့ သူ့အသည်းဟာ လဲမှသင့်တော်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အသည်းအစားထိုး ကုသမှု ပြုလုပ်ခဲ့ပါတယ်''ဟု အသည်းအစားထိုးကုသမှု အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာနော်မန်လှက ရှင်းပြခဲ့သည်။
''အခုလို အောင်မြင်တာဟာ တစ်ဦးတစ်ယောက်တည်း ကောင်းလို့ မဟုတ်ပါဘူး။ အဖွဲ့လိုက် အင်အားနဲ့ စုစုစည်းစည်းလုပ်ခဲ့လို့ အောင်မြင်တာပါ။ ဓာတ်မှန်ဌာန၊ သွေးလှူဘဏ် ရောဂါဗေဒဌာန၊ အသည်းနှင့် အစာလမ်းကြောင်းဆိုင်ရာ သမားတော်၊ အထူးကြပ်မတ် ကုသရေးဆောင် တာဝန်ရှိသူတွေ စသည်ဖြင့် အားလုံးပါဝင်လို့ အောင်မြင်တာ။ ခွဲစိတ်ကုသတဲ့ နေရာမှာ သွေး ၄၇ ပုလင်းကုန်ပြီး ကုသချိန် ၂၄ နာရီ နီးပါးကြာတယ်။ အလှူရှင်ဆီက ၆၀ ရာနှုန်း အသည်းအကောင်း ကိုယူပြီး ကုသခဲ့တာပါ။ ခွဲစိတ်ကုသပြီးတဲ့ အချိန်မှာ အသည်းအစားထိုးတဲ့ လူနာရော၊ အသည်းအလှူရှင် နှစ်ဦးစလုံးမှာ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက် အများကြီးကို စုပေါင်း ဖြေရှင်းရတာတွေလည်း ရှိခဲ့လို့ အဲဒီ အတွေ့အကြုံတွေပါ ရခဲ့တယ်''ဟု ပါမောက္ခ ဒေါက်တာနော်မန်လှ က ဆက်လက်ပြောကြားခဲ့သည်။
အသည်းရောဂါဝေဒနာရှင် ဦးအောင်မြင့်နိုင်၏ အသည်း အစားထိုး ကုသမှုအတွက် လိုအပ်သည့် အသည်း တစ်ခြမ်းအား တောင်ကုတ်မြို့နယ်နေ ၎င်း၏ ယောက်ဖဖြစ်သူ အသက် ၃၂ နှစ်ရှိ ကိုလင်းထက်လှိုင် က သူ၏ စိတ်ဆန္ဒဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဒုတိယအကြိမ် အသည်းအစားထိုး ကုသမှု၏ ထူးခြားချက်မှာ အသက်ရှင်နေသည့် အလှူရှင်(Living Donar)၏ အသည်းဖြင့် အစားထိုးကုသခဲ့ခြင်း ဖြစ်ပြီး ပထမအကြိမ် အသည်း အစားထိုး ကုသမှုတွင်မူ ဦးနှောက် သေနေသော်လည်း နှလုံးခုန်နေသည့် အလှူရှင်ထံမှ အစားထိုး ကုသမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသည်းအစားထိုး ကုသမှုအတွက် ကုန်ကျငွေပေါင်းမှာ ကျပ်သိန်း ၆၀၀ ခန့် ရှိပြီး နိုင်ငံတော်မှ ခွဲစိတ်ကိရိယာပစ္စည်း၊ ဆေးရုံ၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ ဆေးဝါး ပစ္စည်းများ အတွက် ကျပ် ၂၆၂ သိန်းခန့် ပံ့ပိုးခဲ့ပြီး ပုဂ္ဂလိကမှ ကျပ် ၁၈၆၂၆၂၀၀ ပံ့ပိုးခဲ့ကာ လူနာနှင့် အသည်းအလှူရှင် နှစ်ဦးပေါင်းမှ ကျပ်သိန်း ၁၅၀ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အသည်းအစားထိုး ကုသမှု ပြုလုပ်ရန် လိုအပ်သည့် လူနာများလည်း ရှိနေပြီး အသည်း အလှူရှင်များလည်း ရှိနေကြောင်း၊ သို့သော် အသည်းအစားထိုးမှု ကုန်ကျစရိတ် မြင့်သည့် အတွက် နိုင်ငံတော်မှ ပံ့ပိုးပေးမှသာ ကုသမှု ပြုလုပ်နိုင်သည့် အနေအထား ရှိနေကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-07-2010, 09:17 AM
အာဆီယံစံနှုန်း နှင့်အညီ ၀င်ရိုးအလိုက်သာ ကုန်တင်ရမည် ဆိုသော် လည်းလတ်တလော အခြေအနေအရ ကုန်တင်ယာဉ်ကြီးများကို ၄၅ တန်နီးပါးထိ တင်ဆောင်ခွင့် ပြုထားကြောင်း သိရ
အာဆီယံစံနှုန်းနှင့်အညီ ၀င်ရိုးအလိုက်သာ ကုန်တင်ရမည်ဆိုသော်လည်း လတ်တလော အခြေအနေအရ ကုန်တင်ယာဉ်ကြီးများ ကို ၄၅ တန်နီးပါးထိ တင်ဆောင်ခွင့် ပြုထားကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများမှ စုံစမ်းသိရှိရသည်။
"အာဆီယံစံနှုန်းအရ ကုန်တင်ယာဉ်တွေဟာ ၀င်ရိုးအလိုက်၊ ဘီးအလိုက်ပဲ ကုန်တင်ရတော့မှာ ဖြစ်တယ်၊။ ၀င်ရိုးအလိုက်သာ ကုန်တင်ရမယ်ဆိုရင် ကုန်တင်ယာဉ်တွေ အရင်တုန်း က တင်ဆောင်နေတာတွေ ထက်ကို ထက်ဝက်နီးပါး လျှော့ချတင်ဆောင်ရမှာ ဖြစ်တယ်။ ဒါက အာဆီယံစံနှုန်း အရဆိုရင်ပေါ့။ အခုချိန်မှာတော့ ကားတွေကိုအရင်တုန်းက တင်နေတာထက်၊ ၁၂ ဘီးကားကြီးတွေဆိုရင် ၄၅ တန်ထိ တင်ဆောင်ခွင့်ပြုထား တယ်လို့သိရတယ်"ဟု ရန်ကုန်-မန္တလေး ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း တစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
"မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လမ်းတံတားကြေး၊တန်ပိုကြေးကောက် ခံနေတဲ့တိုးဂိတ်တွေကကုန်တင်ယာဉ် ကြီးတွေ ၄၅ တန်ထိ တင်ဆောင်တာကို လောလောဆယ်မှာတော့ ခွင့်ပြုထားသေးတယ်လို့ သိရတယ်။ တစ် နိုင်ငံလုံး အတိုင်းအတာအရ သယ်ဆောင်လို့ ရနေသေးပေမယ့် ရန်ကုန်- မန္တလေးလမ်းပိုင်းရဲ့ဟုန်ပန်းကုမ္ပဏီ က လမ်းတံတားကြေး ကောက်နေတဲ့ ဂိတ်နှစ်ဂိတ်ဖြစ်တဲ့ စဥ့်ကိုင်မြို့နယ် ကတိုးဂိတ်ရယ်၊ မိတ္ထီလာနားက 'သပြေ၀'တိုးဂိတ်တွေမှာတော့ တန် ၄၀ ထက်ပိုတင်ခွင့်မပြုဖူးလို့လည်း သိရပါတယ်"ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ကုန်တင်ယာဉ်တွေ အာဆီယံစံနဲ့ အညီဖြစ်စေဖို့ ၀င်ရိုးအလိုက် ၀န်တင်စနစ်ကို လိုက်နာဖို့တော့လိုအပ်ပါတယ်။ တစ်ခုရှိတာက ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှု နည်းနိုင်သမျှနည်းအောင်တော့ ဆောင်ရွက်ဖို့လိုပါတယ်။ နောက်တစ်ခုရှိတာက လမ်းတွေပျက်စီးမှုအပိုင်း ပါ။ ကုန်တင်ယာဉ်တွေ အနေနဲ့ တင်ထားတဲ့ဝန် များနေရင်လမ်းရဲ့မျက်နှာပြင်ပေါ်မှာ သက်ရောက်မှုများတဲ့အတွက်
"ကားတွေကတန်ပိုတွေ လျော့တင်ရတော့ တန်ဆာခကတော့ တက်မှာပေါ့။ ကားသမားကတော့ သူတို့တွက်ခြေကိုက်မှပဲ ကားထွက်မှာလေ၊ ခုကြားနေရတာတွေက ၄၅ တန် ထက် ပိုတင်ရင် ဖြတ်သန်းခွင့်မပြုဘူး လို့လည်းသိရတယ်။ တချို့ကားတွေ ဆိုရင် ကုန်တင်ပြီးပဲသွားရမှာလား၊ ကားပဲနားထားရမလား ဖြစ်နေတော့ ကားနားထားတာတွေ များလာတယ်"ဟု ဘုရင့်နောင်ရှိ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦး ကပြောပြခဲ့သည်။
"ခုလိုရာသီမှာ ကုန်ရှားတာနှစ်စဉ် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကုန်ချိန်ပါထက်ဝက်လောက် လျှော့တင်ရရင် တန်ဆာခက တစ်ပိဿာ ကို ၄၀၊ ၄၅ ကျပ်ကနေ ၉၀၊ ၁၀၀ ကျပ်လောက်ကို တက်သွားနိုင်တယ်။ ကားသမားကတော့ သူ့အတွက် တွက်ခြေကိုက်မှပဲ ကားထွက်နိုင်တာဆိုတော့ ခုလက်ရှိတင်နေတဲ့နှုန်းကသင့်တော် တယ်လို့မြင်ပါတယ်"ဟု ဘုရင့်နောင် ရှိဝါရင့်ကုန်သည်ကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
"ခုလိုအာဆီယံစံနှုန်းအရ ဆိုတာတွေ မလုပ်ခင်၂၀၀၇၊၂၀၀၈လောက် တုန်းကတန်လျော့တင်တာတွေလုပ် ဖူးသေးတယ်၊ ၆ ဘီးကားကတန်၂၀၊ ၁၀ ဘီးကားကတန် ၃၀ နဲ့ ၁၂ ဘီး ကား ကိုတန် ၄၀ ထက်ပိုမတင်ရဆို ပြီးလုပ်သေးတယ်။ အဲဒီတုန်းကလည်း တန်ဆာခနဲနဲတက်ပြီး ကုန်ဈေးနှုန်းကလည်း သိသာတဲ့ပြောင်းလဲမှုမရှိခဲ့ဘူး။ ခုလည်း ၁၂ ဘီးကားကြီးတွေ အရင်တုန်းကတင်တာထက် ၁၀ တန်လောက်လျှော့ပြီး တန် ၄၀ လောက်ပဲ တင်နေကြတာတွေ့ရပါတယ်။ တန်ဆာခကလည်း အရင်တုန်းက ကုန်ကျစ်ရောကုန်ပွပါ ၄၀၊ ၄၅ ကျပ်ကနေ အခုဆိုရင် တစ်ပိဿာ ကို ၅၅၊ ၆၀ ကျပ်လောက်ထိ တက်လာတာတွေ့ရတယ်။ ဒီနှုန်းအတိုင်း ဆိုရင်တော့ ကုန်ဈေးနှုန်းအပေါ် သိသာတဲ့ ပြောင်းလဲမှုတွေ ရှိမလာနိုင်ပါဘူး"ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
"မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံ ဖြစ်တဲ့အားလျော်စွာပဲ အာဆီယံရဲ့ နှုန်းတွေစံတွေကိုလိုက်နာရမှာပါ။ ခုလည်း ကုန်တင်ယာဉ်တွေ အာဆီယံစံနဲ့ အညီဖြစ်စေဖို့ ၀င်ရိုးအလိုက် ၀န်တင်စနစ်ကို လိုက်နာဖို့တော့လိုအပ်ပါတယ်။ တစ်ခုရှိတာက ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှု နည်းနိုင်သမျှနည်းအောင်တော့ ဆောင်ရွက်ဖို့လိုပါတယ်။ နောက်တစ်ခုရှိတာက လမ်းတွေပျက်စီးမှုအပိုင်း ပါ။ ကုန်တင်ယာဉ်တွေ အနေနဲ့ တင်ထားတဲ့ဝန် များနေရင်လမ်းရဲ့မျက်နှာပြင်ပေါ်မှာ သက်ရောက်မှုများတဲ့အတွက် လမ်းပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ လမ်းတွေ မပျက်စီးစေဖို့အတွက် လက် ရှိအာဆီယံနဲ့ မြန်မာမှာ လိုက်နာကျင့်သုံးနေတဲ့ ၀င်ရိုးအလိုက် သတ်မှတ်ထားတဲ့ ကုန်တန်ချိန်နဲ့ လိုက်နာတင်ဆောင် မယ်ဆိုရင်လမ်းပျက်စီးမှုမရှိစေဖို့ကို ပိုပြီးတော့အထောက်အကူဖြစ်စေနိုင် ပါတယ်။ ကုန်တွေလျော့တင်ရလို့ ကားသမားက ကားခတက်ယူမယ်။ ကုန်သည်ကလည်း သူ့ဖို့ကျန်အောင် ဈေးတက်ရောင်းမယ်ဆိုရင် နောက်ဆုံးခံရမယ့် သူကစားသုံးသူပဲဖြစ်နေ တယ်။ ဒါတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေ ထည့်သွင်းစဉ်းစား သင့်တဲ့အချက်ဖြစ်ပါတယ်။ ကားသမားအတွက်လည်း အဆင်ပြေ၊ကုန် သည်ကလည်းတွက်ခြေကိုက်၊ စား သုံးသူလည်းဝယ်နိုင်တဲ့ဈေးနှုန်းဖြစ်ဖို့ တော့လိုပါတယ်"ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြား ခဲ့သည်။
လက်တလော ဘုရင့်နောင်ရှိ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအများစုတွင် မိုးတွင်းကာလဖြစ်သောကြောင့် ကုန်ရှားပါးကာ ကုန်စည်စီးဆင်းမှု နှေးကွေးနေချိန်ဖြစ်ပြီး ကုန်တင်ယာဉ်ကြီးများ၏ ကုန်တင်ဆောင် ခြင်းများအား လျှော့ချတင်ဆောင်နေပြီ ဖြစ်သောကြောင့် တန်ဆာခများ လည်း တစ်ပိဿာလျှင် ၁၀၊ ၁၅ ကျပ်ဝန်းကျင်ခန့် ဈေးတက်သွားကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-07-2010, 09:19 AM
မြို့ပြနေထိုင်သူများ အကြား ကင်ဆာဖြစ်ပွားမှုနှုန်း တိုးမြင့်လာ၊ ၃၀ မှ ၄၀ ရာခိုင်နှုန်း ၀န်းကျင်မှာ အစားအသောက်ကြောင့် ဖြစ်ကြောင်း ပညာရှင်များသုံးသပ်
http://www.news-eleven.com/images/stories/main/bi3284.jpg
မြို့ပြတွင် နေထိုင်သူများအကြား ကင်ဆာဖြစ်ပွားမှုနှုန်း တိုးမြင့်လာပြီး ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းဝန်းကျင်မှာ အခြေခံအစားအစာများ အပါအ၀င် အစားအသောက်များနှင့် ဆက်နွှယ်မှုကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ယခင်ကထက် အစားအသောက်စားသုံးမှု ဓလေ့စရိုက်ကို အခြေခံသည့် ရောဂါဖြစ်ပွားမှု များပြားလာမှုကြောင့် ကျန်းမာရေးနှင့် အစားအသောက် စားသုံးမှု ပြဿနာမှာ ထိပ်တန်းအရေးကိစ္စ တစ်ရပ်ဖြစ်လာကြောင်းနှင့် အစားအစာသည် လူထုကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သက်ရှည် ကျန်းမာစေသည့် အခြေအနေ ဖြစ်ပေါ်စေအောင် ဖန်တီးပေးရန်လိုအပ်ကြောင်း ပညာရှင်များက ထင်မြင်ချက်ပေးခဲ့ပါသည်။
"မြို့ပြလူနေမှုစနစ် ဖွံ့ဖြိုးလာတာကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်း ခြောက်၊ သည်းခြေအိတ်ကျောက် တည်၊ ဆီးလမ်းကြောင်း ကျောက် တည်ရောဂါ၊ အစာအိမ်နဲ့အူလမ်း ကြောင်းရောဂါတွေအဖြစ်များကြတယ်။ ကင်ဆာဖြစ်ပြီး သေတဲ့လူတွေလည်း များလာတယ်။ ဒါကြောင့်စားသုံးသူ တွေအနေနဲ့ဆိုးဆေးပါတဲ့အစားအစာ တွေ၊ မှိုပါတဲ့အစားအစာတွေ ရောနှော မှုရှိမယ်ထင်တဲ့အစားအစာတွေကို လုံးဝရှောင်ရမယ်။ ရှောင်လို့မရဘူး ဆိုရင်လျှော့စားရမယ်။ စားနိုင်သောက် နိုင်တဲ့သူတွေဆို အသားလျှော့စားပြီး ငါးကိုပိုစားပါ။ အဆီလျှော့စားဖို့၊ မ၀အောင် အစားအစာကယ်လိုရီ လျှော့စားဖို့၊ ဆားနဲ့ဆားစိမ်အစား အစာတွေ၊ ကျပ်တင်ကျပ်တိုက်ထား တဲ့ အစားအစာတွေကိုချင့်ချိန်ပြီး စားဖို့လိုပါတယ်။ နောက်ပြီး အစိမ်းရောင်၊ အ၀ါရောင်အသီးအရွက်တွေ ကို စနစ်တကျ သန့်စင်ပြီး များများစားဖို့နဲ့ အမျှင်များများပါတဲ့ အစားအစာတွေကို ပိုစားဖို့ တိုက်တွန်းချင်ပါတယ်"ဟု ပါမောက္ခ(ငြိမ်း)ဒေါက်တာ မြင့်မြင့်ခင်က ပြောကြားပါသည်။
ဒုတိယ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာအောင်ကြီးကလည်း" မြို့ပြမှာ လူနေထိုင်မှုတွေ အရင်ကထက် ပိုများလာတယ်။ မြို့ပြမှာ ပိုဖြစ်တဲ့ရောဂါတွေလည်း ရှိလာတယ်။ နှလုံး၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ အသည်း၊ ကျောက်ကပ်၊ အစာအိမ် နဲ့အူလမ်းကြောင်းတို့မှာ ဖြစ်တဲ့ နာတာရှည်ရောဂါတွေပိုဖြစ်လာတာ တွေ့ရတယ်။ အစားအစာတွေထဲမှာ သဘာဝအစားအစာကို အကောင်းဆုံးဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် ဓာတုပစ္စည်းပါဝင်တာတွေ စားလာရတယ်။ စီးပွားရေးပိုဆန် လာတဲ့အတွက် တာရှည်ခံပစ္စည်း တွေထည့်တာတို့၊ သက်တမ်းကျော် လွန်တာတွေရောင်းတာတို့၊ ဆိုးဆေး တို့လို အပိုပစ္စည်းတွေထည့်တာတို့ ရှိလာတယ်။ ဒါကြောင့် စားသုံးသူ တွေက အန္တရာယ်ကင်းတာကိုရွေး ချယ်နိုင်ဖို့လိုတယ်။ နောက်ပြီး စနစ် တကျသန့်စင်ပြီး စားဖို့၊ ဆိုးဆေးနဲ့ မှိုပါဝင်တဲ့အစားအစာတွေကို လုံးဝ မစားဖို့၊ သက်ဆိုင်ရာကထုတ်ပြန် တဲ့ သတိပေးကြေညာချက်တွေကို လိုက်နာဖို့၊ ကျန်းမာရေးဗဟုသုတ ရှိအောင်ကြိုးစားဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ စားသုံးသူတွေ ဘေးအန္တရာယ် ကင်းရှင်းဖို့ ဆောင်ရွက်နိုင်မယ့် စား သုံးသူအဖွဲ့အစည်းတစ်ရပ် တည် ထောင်ဖို့လည်းလိုပါတယ်" ဟု ထင် မြင်ချက်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသမှ မြို့ပြသို့အကြောင်းအမျိုးမျိုး နှင့် ပြောင်းရွှေ့လာသူ အများအပြား ရှိနေပြီး မြို့ပြတွင်ရောက်ရှိနေထိုင် နေကြသူများအနေဖြင့်အလုပ်အကိုင် နှင့် ဆက်သွယ်သွားလာရေး မှအစ လူနေမှုစရိုက် ပြောင်းလဲလာကာ အသင့်စား စားသောက်ကုန်များကို ပိုမိုစားသုံးလာရကြောင်း၊ အိမ်တွင် အစားအစာချက်ပြုတ်မစားနိုင်သူ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးက အစ လတ်လတ်ဆတ်ဆတ် မစားနိုင်သူ၊ ဆိုင်ရှိအစားအစာအား ၀ယ်စားရသူ၊ အလျင်စလိုချက်စားရသူ များလာကြောင်းနှင့် အသင့်စားအစားအစာများ စားသုံးမှုပိုမို လာသည်နှင့်အမျှ အစားအစာတွင် မလိုအပ်ဘဲ အပိုဆောင်းပစ္စည်းများနှင့် အမြင်လှစေ ရန်ပြုလုပ်မှုများ အပြိုင်အဆိုင် ပြုလုပ်လာကြကြောင်း ပညာရှင်များက ဆိုပါသည်။
အစားအစာကြောင့် ဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပေါ်မှု အများအပြား ရှိနိုင်ကြောင်း၊ အစားအစာ ကို တာရှည်ခံစေရန်ပြုလုပ်သည့် ယမ်းစိမ်း၊ နိုင်ထရိုက်၊ နိုင်ထရိုစမင်း၊ အစားအစာ အရောင်လှစေရန် ပြုလုပ်သည့် စက်မှုသုံးဆိုးဆေးများ၊ ဈေးကွက်အတွင်းရှိ အစားအစာအချို့တွင် ပါဝင်လျက်ရှိသော Aflatoxin၊ Fusarium၊ Microtoxin စသည့် မှိုများ၊ ဓာတ်မြေသြဇာ အလွန်အကျွံ သုံးစွဲထားသော စားသောက်ကုန်များ စသည်တို့ကြောင့် ရောဂါအမျိုးမျိုးနှင့် ကင်ဆာဖြစ်စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ရှင်းပြပါသည်။
"အစားအသောက်မှာ အဓိက ဘေးအန္တရာယ် ဖြစ်စေနိုင်တာ နှစ်ပိုင်းရှိတယ်။ ရက်လွန်နေတဲ့ အစားအစာတွေနဲ့ လူတွေစားသုံးဖို့ မသင့်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ အစားအစာတွေပါ။ ဓာတုပစ္စည်းမှာ သုံးပိုင်း ရှိတယ်။ ပိုးသတ်ဆေး သုံးထားတဲ့ အစားအစာ၊ ဓာတုပစ္စည်းသုံးထားတဲ့ အစားအစာတွေစားထားတဲ့ အသားငါးတွေနဲ့ အရောင်ဆိုးထား တဲ့ အစားအစာတွေပါ။ ဒီဓာတုပစ္စည်း တွေကြောင့် အသည်း၊ ကျောက်ကပ် နဲ့ အူမကြီးရောဂါ စတာတွေ ဖြစ်လာတယ်။ ကင်ဆာဖြစ်တဲ့အထိ ဒါတွေ ကပြင်းထန်ပါတယ်။ မှိုတက်တဲ့ စားသောက်ကုန်တွေကလည်း ကင်ဆာဖြစ်စေပါတယ်"ဟု ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းက ရှင်းပြပါသည်။
ထို့ကြောင့် အစားအစာဝယ်ယူ စားသုံးရာတွင် အစားအစာ၌ ပါဝင်သော ထည့်ဝင်ပစ္စည်းများ၊ အပိုဆောင်း ပစ္စည်းများ၊ ပိုးသတ်ဆေးအရော အနှောများ၊ ပိုးဝင်ရောက်မှုများ၊ သက်တမ်းများ စသည်တို့ကို စားသုံးသူ များက သတိပြုဝယ်ယူသင့်ကြောင်း ကျန်းမာရေးပညာရှင်များက ထင်မြင် သုံးသပ်ထားပါသည်။
@news-eleven.com

poohcartoon
10-07-2010, 09:23 AM
ဆားဈေး ဆက်တိုက်ကျ၍ ဆားတောင်သူများ အရှုံးပေါ်ကာ တချို့ တစ်ဝက်သာ ဆားထုတ်လုပ်နိုင်ဖွယ် ရှိနေ
http://www.news-eleven.com/images/stories/oct10/bi/3285.jpg
ဆားကြမ်းဈေး၊ ဆားချောဈေးများ ဆက်တိုက်ကျဆင်းနေပြီး ထုတ်လုပ်စရိတ်အောက် ရောက်ရှိခဲ့သည့်အတွက် ယခင်နှစ်က ဆားတောင်သူများ အရှုံးပေါ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း လက်ရှိဈေးဖြင့် ဆားဧရိယာအကုန် ဆားထုတ်လုပ်ရန် မဖြစ်နိုင်၍ ယခုနှစ် ဆားထွက်ရှိမှု ယမန်နှစ်ကထက် လျော့နည်းဖွယ်ရှိကြောင်း သိရသည်။
ဆားကြမ်းဈေးမှာ လက်ရှိ တစ်ပိဿာ ၂၈ ကျပ်သာပေါက်ဈေး ရှိပြီး ယခင်နှစ် ဆားထုတ်လုပ်စရိတ် မှာ တစ်ပိဿာကျပ် ၄၀ မှကျပ် ၆၀ အထိကုန်ကျမှုရှိခဲ့သည့်အတွက် ဆားတောင်သူများအနေဖြင့် ဆားတစ်ပိ ဿာထုတ်တိုင်း ၁၂ ကျပ်မှ ၃၂ ကျပ် အထိ အရှုံးပေါ်ခဲ့ကြကြောင်း သိရှိရ ပါသည်။
ဆားကြမ်းဈေးအနေဖြင့် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် တစ်ပိဿာ ကျပ် ၇၀၊ ကျပ် ၈၀ ၀န်းကျင်ရှိခဲ့ရာမှ ဆက်တိုက် ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ဆားဈေး ဆက်တိုက်ကျဆင်းမှု ရပ်တန့်စေရန် သက်ဆိုင်ရာမှ ဆားကြမ်း တစ်ပိဿာအားကျပ် ၆၀ ဖြင့် ၀ယ်ယူမည် ဟု ဆိုကာ ဈေးထိန်းခဲ့ကြောင်း သိရှိရပါသည်။
သို့သော် လက်တွေ့တွင် ကျပ် ၆၀ ဖြင့် ၀ယ်ယူပေးမှုမှာ ပမာဏ အကန့်အသတ်ရှိသည့်အတွက် ဆားတောင်သူအများစုမှာ ကျပ် ၆၀ ဖြင့် မရောင်းချခဲ့ရဟု ဆိုကြသည်။ ကျပ် ၆၀ ဖြင့်ဝယ်ယူမှု မပြုဘဲရပ်သွားသည့် နောက်ပိုင်း ဆားဈေးမှာ ထပ်မံ၍ ဆက်တိုက်ကျဆင်းသွားခဲ့ပြီး ယခုကဲ့သို့ တစ်ပိဿာ ၂၈ကျပ် ၂၉ ကျပ် ထိ ရောက်ရှိလာရခြင်းဖြစ်သည်ဟု ဆားတောင်သူများက ဆိုသည်။
"တိုင်းက တစ်ပိဿာကျပ် ၆၀ နဲ့ဝယ်တယ်ဆိုတာက ပမာဏအကန့်အသတ်ရှိတော့ နယ်ကဆားတောင်သူအများစုက လိုသလောက် မရောင်းခဲ့ရဘူး။ ထားပါတော့။ တစ် ပိဿာ ကျပ် ၆၀ ဆိုတာကလည်း မနှစ်က ကွင်းပြင်ဆင်မှုတအားလုပ် ခဲ့တဲ့ကွင်းတွေဆိုရင် ထုတ်လုပ်စရိတ် ၀န်းကျင်ပဲပြန်ရတဲ့ဈေးပါ။ ကွင်းပြင် ဆင်မှု သိပ်မလုပ်ရတဲ့ ဆားကွင်း လောက်ပဲ တစ်ပိဿာ ကျပ် ၄၀ နဲ့ ထုတ်ခဲ့ရတာ အဲဒီလို ဆားကွင်းက လည်း အရေအတွက်နည်းပါတယ်။ ဘာလို့လဲဆိုတော့ နာဂစ်နောက်ပိုင်း ကွင်းတိုင်း နှစ်စဉ်လိုအပ်သလို ပြင်နေကြရလို့ပါ။ ဒီတော့ အခု တစ်ပိဿာ ၂၉ ကျပ်ဆိုတော့ ရှုံးပြီပေါ့ဗျာ"ဟု ဆားတောင်သူတစ်ဦးက ရှင်းပြခဲ့သည်။
နှစ်စဉ် စက်တင်ဘာလလယ် နှင့် လကုန်ပိုင်းတွင် ဆားထုတ်လုပ် ရန် တာဖို့ခြင်း၊ ကန်သင်းပြင်ခြင်း များပြုလုပ်ကာ ဆားရာသီသစ်အတွက် ပြင်ဆင်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ အောက်တိုဘာလဆန်း ရောက်သည့်တိုင် ပြင်ဆင်သူမရှိသေး ဘဲ ချင့်ချိန်စောင့်ကြည့်သူသာ များပြားနေသည်ဟု ဆားတောင်သူများက ဆိုသည်။
"ကျွန်တော်တို့ကတော့ ထုတ်၊ မထုတ်မသေချာသေးဘူး။ ရေအငန်ဓာတ် ပြင်းတဲ့အချိန်ကျမှပဲ စထုတ် မယ်လို့တော့ ချိန်ထားတယ်။ နောက်ကျခံပြီး အခြေအနေကြည့်ပြီးမှ ထုတ်မယ်လို့ပြောတာ။ ဆားထုတ်ဖို့ ငွေလိုတယ်၊ ရှိတဲ့ဆားထုတ်ရောင်း ရင်လည်း အရှုံးခံရောင်းရမယ်။ ပြန် ရမယ့်ဆားကရော ဘယ်လောက် ဈေးရနိုင်မလဲဗျာ။ ဆားကြိုပေးငွေယူပြီး လုပ်ရင်လည်း ဆားကြိုပေး က အခု တစ်ပိဿာကျပ် ၂၀ ဈေး နဲ့ သူများဆီက ယူမှရမယ်။ အဲဒီ ဈေးနဲ့ယူပြီးထုတ်ရင်တော့ အကြွေး သံသရာတောင်လည်သွားနိုင်တယ်"ဟု သက္ကယ်သောင် ဆားတိုက်နယ်မှ ဆားတောင်သူတစ်ဦးက ရှင်းပြခဲ့သည်။
"ဒီနှစ် ဆားထွက်နည်းမယ်။ ဆားထုတ်တာ နောက်ကျမယ်။ ဘာ ကြောင့်လဲဆိုတော့ ခုချိန်ထိ ကွင်း ပြင်ဆင်မှုဘယ်သူမှ မယ်မယ်ရရ မလုပ်ကြသေးလို့ပါ။ ကျွန်တော်တို့ ဆားတောင်သူတွေမှာ နိုင်ငံတော်ကို ဆပ်ဖို့အကြွေးကျန်သေးတယ်။ မနှစ်ကထုတ်တဲ့ ဆားကလည်း ရှုံးတယ်။ မနှစ်ကထုတ်တဲ့ဆားကို အရှုံးခံရောင်းပြီး ဒီနှစ်ဆားထုတ်လုပ်စရိတ် ပြန်သုံးရဲတဲ့သတ္တိကတော့ မရှိသေးဘူး။ ထပ်ရှုံးရင် ဒုက္ခများသွားမယ်လေ။ အဲဒီတော့ ဆားထုတ်လုပ် တဲ့ဧရိယာ မနှစ်ကထက် လျော့နည်းမှာ ဖြစ်လို့ ဆားထွက်နည်းမယ်လို့ ပြောရတာပါ"ဟု လပွတ္တာမြို့နယ်မှ ဆားတောင်သူတစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့သည်။
ဆားတောင်သူများအနေဖြင့် ၂၀၀၈ ခုနှစ်၌ နာဂစ်မုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ကြ ရပြီး ဘ၀ကို တစ်မှ ပြန်စခဲ့ကြရသည်။ ဘ၀ကို တစ်မှပြန်စသည့် ၂၀၀၉ ခုနှစ်ဆားထုတ်ရာသီတွင်မူ ကွက်ကြားမိုးဖြင့် ထပ်မံရင်ဆိုင်ခဲ့ရ ပြီး နာလန်မထူဖြစ်ခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ် ဆားထုတ်ရာသီတွင်မူ နွေကာလရှည်လျားပြီး ဆားထွက် အားကောင်းခဲ့သော်လည်း ဆားဈေး အဆမတန်ကျဆင်းမှုကြောင့် ဆားသာရပြီး စရိတ်မကျေသည့်အဖြစ် ဖြင့်ကြုံခဲ့ရသည့် အတွက်လည်း လာမည့် ၂၀၁၀-၂၀၁၁ ဆားထုတ်ရာသီ အတွက် စိုးရွံ့နေကြခြင်းဖြစ်သည်။
ထို့အတွက် ဆားဈေးမျှတစေရန် ထိန်းညှိပေးမှုမှာမဖြစ်မနေ လိုအပ်လျက်ရှိပြီး ဧက ၅၀ ဆားကွင်း တစ်ကွင်းသည့် အလုပ်သမားဦးရေ ၃၀ မှ ၅၀ ကြားကို အလုပ်အကိုင် ပေးထားနိုင်သည့် လုပ်ငန်းလည်းဖြစ် သည်။
@news-eleven.com

poohcartoon
10-07-2010, 09:28 AM
မုတ္တမ ကမ်းလွန်တွင် ရေနံတွင်းသစ်များ တူးဖော်ရန် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
မုတ္တမကမ်းလွန်ရှိ ရေနံလုပ်ကွက်များတွင် ရေနံတွင်းသစ်များ တူးဖော်ရန် တိုင်းတာရေးလုပ်ငန်း များကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလအတွင်း စမ်းသပ်တူးဖော်သွားရန် ဆောင်ရွက်လျက်ရှိသည် ဟု သတင်းရရှိသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် PTTEP ကုမ္ပဏီသည် မုတ္တမကမ်းလွန် လုပ်ကွက်အမှတ် M3 နှင့် M7 တို့တွင် Geophysical Site Suevey(GSI) တိုင်းတာရေး လုပ်ငန်းများကို တိုင်းတာရေးရေယာဉ် MV Genesis ဖြင့် အောက်တိုဘာလ ၁၅ရက်နေ့မှ နိုဝင်ဘာလ၃ရက်နေ့ အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
အလားတူပင် ရခိုင်ကမ်းလွန်ရှိ လုပ်ကွက်အချို့တွင် အိန္ဒိယကုမ္ပဏီ တစ်ခုဖြစ်သည့် ESSAR နှင့် Rambunar တို့မှလည်း တွင်းသစ်များ တူးဖော်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
မြန်မာ့ကမ်းလွန်ရှိ လုပ်ကွက် အမှတ် M3 နှင့် M7 တို့တွင် PTTEP ကုမ္ပဏီမှ Production well တွင်းများအား လည်းကောင်း၊ Rambunar ကုမ္ပဏီအနေဖြင့် exploration well တွင်းများအား လည်းကောင်း တူးဖော်ရန်သက် ဆိုင်ရာ ကုမ္ပဏီအသီးသီးက ဆောင်ရွက်နေကြပြီ ဖြစ်သည်ဟု သတင်း ရရှိပါသည်။
@news-eleven.com

poohcartoon
10-07-2010, 09:29 AM
ရုပ်သံလိုင်းသစ် ၃၀ ကျော်နှင့် မော်တော်ကား၊ ရထား၊ သင်္ဘောများပေါ်တွင် TV Channels များ၊ Broadband Internet နှင့် Voice Over IP Service စနစ်များ အသုံးပြု ကြည့်ရှုနိုင်မည့် အစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံးတွင် နိုဝင်ဘာလ ပထမပတ်မှ စတင်မည်
http://www.news-eleven.com/images/stories/oct10/bi/b32811.jpg

သြဂုတ်လ ၈ ရက်နေ့က တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့သည့် ဈေးရောင်းပွဲတော်တွင်
အခပေး ရုပ်သံလိုင်း ပါဝင်သည့် အရောင်းပြခန်းတစ်ခုအား တွေ့ရစဉ်
မြန်မာတစ်နိုင်ငံလုံး၌ ဖမ်းယူကြည့်ရှု အသုံးပြုနိုင်သည့် ရုပ်သံလိုင်းသစ် ၃၀ ကျော်နှင့် ခရီးသွားပြည်သူများ မော်တော်ကား၊ ရထား၊ သင်္ဘော များပေါ်တွင် TV Channel များ၊ Broadband Internet နှင့် Voice Over IP Service စနစ်များကို SKYNET DTH(Direct To Home) နှင့် SKYNET MPS(Multi-play Service) တို့ကို လာမည့် နိုဝင်ဘာလ ပထမပတ် အတွင်း၌ စတင်၍ ကြည့်ရှု အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ပထမပတ်၌ စမ်းသပ် ထုတ်လွှင့်သွားမည် ဖြစ်ပြီး တတိယပတ်အတွင်းမှ စကာ အတည်ပြု ထုတ်လွှင့်မည် ဖြစ်ကြောင်း၊ ဈေးကွက် အတွင်းသို့ နိုဝင်ဘာလ ပထမပတ်မှ စတင်၍ ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရသည်။
''ရုပ်သံလိုင်း ၃၀ ကျော်ကို နိုဝင်ဘာလ ပထမပတ်မှာ စတင်လွှင့်မယ်။ အဲဒီ လိုင်းတွေထဲမှာ အခမဲ့ ကြည့်ရှုနိုင်တဲ့ လိုင်း ၅ လိုင်းနီးပါး ပါဝင်ပါမယ်။ အခပေး လိုင်းတွေကိုတော့ Smart Card အသုံးပြုပြီးတော့ ကြည့်ရှုရပါမယ်။ ရုပ်သံလိုင်းတွေကိုလည်း အခြားသူတွေထက် နည်းတဲ့ဈေးနဲ့ ဖမ်းယူကြည့်ရှုခွင့် ပေးသွားပါမယ်။ ကျွန်တော်တို့ရဲ့အသုံးပြုနိုင်တဲ့ စနစ်တွေမှာ မြန်နှုန်းမြင့် အင်တာနက်စနစ်ကို သုံးနိုင်မယ်။ ဖုန်းလိုင်း၊ FAX အသုံးပြုနိုင်မယ်။ တစ်နိုင်ငံလုံး ခရီးသွားလာရင်းနဲ့ ဖမ်းယူ အသုံးပြုနိုင်အောင်လည်း စီစဉ်ပေးသွားမယ်။ ရုပ်သံလိုင်းတွေ လွှင့်ပေးတဲ့အခါမှာ ထိုင်းနိုင်ငံ ဂြိုဟ်တုကနေ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမှာပါ''ဟု ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
10-07-2010, 09:35 AM
သီတင်းကျွတ် ကာလနီးကပ်လာ၍ ရန်ကုန်မြို့ရှိ လက်လီ၊ လက်ကားဈေးကြီးများတွင် နယ်ဝယ်လက်များဖြင့် အရောင်းအ၀ယ် လှုပ်ရှားစပြုလာ
http://www.news-eleven.com/images/stories/main/bi3282.jpg
ီတင်းကျွတ်ကာလ နီးကပ်လာ၍ ရန်ကုန်မြို့ရှိ လက်လီလက်ကားဈေးကြီး များတွင် နယ်ဝယ်လက်များဖြင့် အရောင်း အ၀ယ်စတင်လှုပ်ရှားစပြုလာပြီဖြစ်ကြောင်း အဆိုပါနေရာများမှ စုံစမ်းသိရှိရပါသည်။
ရန်ကုန်မြို့ရှိ အ၀တ်အထည်နှင့် လူသုံးကုန် ပစ္စည်းများ လက်လီ၊လက်ကားဖြန့်ဖြူးသည့် ဈေးကြီးများဖြစ်သော သိမ်ကြီးဈေး၊ မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ကြီးများတွင် ပြီးခဲ့သည့် ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း က အရောင်းအ၀ယ် အခြေအနေ သိသိသာသာအေးခဲ့ရာမှ ယခုအခါ အနည်းငယ်လှုပ်ခတ်စပြုလာခြင်း ဖြစ်ကြောင်း ရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။
"သီတင်းကျွတ်ခါနီးတော့ ပုဆိုးဈေးကွက်ကလည်း ပြန်ပြီး အရောင်းသွက် လာပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်ကတော့ အ၀ယ်နည်းပေမယ့် နယ်ဝယ်လက်တွေကတော့ အော်ဒါ စမှာနေပါပြီ။ အရင်လတွေကဆို ဈေးထဲမှာ ရောင်းသူများပြီး ၀ယ်သူမရှိတဲ့ အနေအထားကနေ အခုတော့ စည်ကားစပြုလာပါပြီ။ ပုဆိုးဈေးနှုန်းတွေအနေနဲ့ ကုန်ကြမ်းဈေးတက်တာ ကြောင့်၂_၈၀ပုဆိုးတွေဆို တစ်ထည် ကိုကျပ် ၁၀၀လောက် ဈေးတက်သွားပါတယ်။ သီတင်းကျွတ်ပွဲတော် နီးလာလေလေ အရောင်းအ၀ယ် ပိုလိုက်လာမယ်လို့ မျှော်လင့်ထားပါတယ်"ဟု ယုဇန ပလာဇာမြေညီထပ်ရှိ ပုဆိုး လက်လီ၊ လက်ကားဖြန့်ချိသည့်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
http://www.news-eleven.com/images/stories/oct10/bi/3282a.jpg
ထို့အပြင် မင်္ဂလာဈေးတွင်လည်း ယခုရက်ပိုင်းအတွင်း နယ်မှလာရောက် ၀ယ်ယူသူဦးရေ အနည်းငယ်များလာ ပြီး ရန်ကုန်မြို့တွင်းဝယ်ယူသူထက် နယ်ဝယ်လက်ကိုသာ ပိုမိုအားထား ရောင်းချနေရကြောင်း သိရသည်။
"မီးလောင်ပြီးကတည်းက ၀ယ် လက်တွေပျက်သွားခဲ့တယ်။ ဘာဖြစ် လို့လဲဆိုတော့ မီးလောင်ပြီးစအချိန် မှာ ကိုယ့်ဖောက်သည်တွေက ဘယ်မှာ ၀ယ်လို့ဝယ်ရမှန်းမသိလောက်အောင် အဆက်အသွယ်ပြတ်ပြီး ယောက် ယက်ခတ်သွားခဲ့တယ်။ ဒါကြောင့် အရောင်းအ၀ယ်က သိသိသာသာကို ကျသွားခဲ့ပါတယ်။ ယာယီဈေးမှာ ဆိုင်ခန်းပြန်ရတော့လည်း အရောင်း အ၀ယ်ကထင်သလောက်မရှိခဲ့ပါဘူး။ အခုမူလဈေးမှာ ဆိုင်ခန်းပြန်ရပြီဆို တော့ကိုယ့်ဖောက်သည်တွေကိုလည်း ဒီမှာပဲပြန်လာဝယ်ဖို့ အသိပေးထားပါ တယ်။ အရောင်းအ၀ယ် မကောင်းတာ ကတစ်နှစ်ထက် တစ်နှစ်ပိုဆိုးလာတော့ ဒီသီတင်းကျွတ်မှာ အရောင်းအ၀ယ် ကောင်းဖို့ပဲမျှော်မိတယ်"ဟုမင်္ဂလာဈေး မြေညီထပ်ရှိ အထည်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
http://www.news-eleven.com/images/stories/oct10/bi/3282b.jpg
ရန်ကုန်မြို့မှနယ်မြို့များသို့ အ၀တ်အထည်နှင့် လူသုံးကုန်များ ဖြန့်ချိရောင်းချရာတွင် သိမ်ကြီးဈေးမှ ဧရာ ၀တီမြစ်ဝကျွန်းပေါ်ဒေသများ၊ မြန်မာပြည် အောက်ပိုင်းမြိတ်၊ ထားဝယ်စသော ဒေသများသို့ အဓိကဖြန့်ချိလျက်ရှိပြီး မင်္ဂလာဈေးမှာမူ မြန်မာပြည် အနှံ့အပြားသို့ ဖြန့်ချိကြောင်းနှင့် ယုဇနပလာဇာမှာလည်း မင်္ဂလာဈေးနည်းတူ ဖြစ်ကြောင်းသိရသည်။သိမ်ကြီးဈေးဘီရုံ ရှိ အ၀တ်အထည် လက်ကားအရောင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက "ဒီနှစ် အရောင်းအ၀ယ် အနေအထား က မနှစ်ကထက်တောင် လျော့ကျနေပါတယ်။ မနှစ်က ဒီလိုအချိန်ဆိုဘာ ပဲပြောပြော အရောင်းအ၀ယ်နည်းနည်း ဖြစ်ခဲ့ပေမယ့် ဒီနှစ်တော့ သိပ်အားမရပါဘူး။ အခုချိန်ထိလည်း သီတင်း ကျွတ်အတွက်ကို နယ်ဝယ်လက်တွေ ကဆင်းမလာကြသေးဘူး၊ ရန်ကုန်မြို့တွင်းက ၀ယ်လက် အနည်းအကျဉ်းကိုပဲ ရောင်းချနေရပါတယ်။ ဒါပေမယ့် ချည်ထည်ပစ္စည်းတချို့ ဈေးနှုန်းတွေ နည်းနည်းတက်လာတယ်"ဟုဆိုပါသည်။
အရောင်းအ၀ယ် အခြေအနေမှာ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာ လဆန်းပိုင်းအထိ လှုပ်ရှားနိုင်ဖွယ်ရှိသည်ဟု ရောင်းဝယ်သူအချို့က ခန့်မှန်းထားကြသည်။
"ဒီနှစ် အရောင်းအ၀ယ် အခြေအနေကို ခန့်မှန်းမယ်ဆိုရင် နယ်ကလာဝယ်မယ့် တောင်သူဦးကြီးတွေ၊ စိုက်ပျိုးရေးသမားတွေ အပေါ်မူတည်နေပါ တယ်။ ဒီနှစ်စိုက်ပျိုးရေး အခြေအနေပေါ်မူတည်ပြီး သီတင်းကျွတ်ကာလ အတွက် ၀ယ်ယူမှု အခြေအနေက အများကြီး သက်ဆိုင်နေပါတယ်။ စီးပွားရေး အခြေအနေ အဆင်ပြေတယ်ဆိုရင်တော့ ရန်ကုန်တက်လာပြီး များများဝယ်ကြသလို ရန်ကုန်ကနေနယ်တွေကို များများ ပြန်ပို့နိုင်မှာပါ။ ရန်ကုန်ဈေးကွက် အခြေအနေကတော့ ၀ါကျွတ်အတွက် မဖြစ်မနေ၀ယ်ရမယ့် အချိန်ကျမှ ဈေးကွက်ပိုရှိလာနိုင်တယ်။ အခုကတော့ နည်းနည်း စောနေသေးတယ်"ဟု အ၀တ်အထည် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ပုဆိုးဈေးနှုန်းများ(လက်လီ)
အမျိုးအမည် ရေတွက်ပုံ ယခင်ဈေးနှုန်းကျပ် လက်ရှိဈေးနှုန်းကျပ်
ဦးဂျမ်း ၁ ထည် ၃၇၀၀ ၃၉၀၀
မင်းကြီးကြိုက် ၁ ထည် ၃၇၀၀ ၃၉၀၀
ရွှေရွက်ဝါ ၁ ထည် ၃၇၀၀ ၃၉၀၀
ဦးဂျမ်းပိုးတွဲ ၁ ထည် ၆၇၀၀ ၇၀၀၀
မြကြာဖြူ ၁ ထည် ၂၀၀၀ ၂၁၅၀
အသင့်ချုပ် ချည်ထည် လက်လီလက်ကား ဈေးနှုန်းများ
အမျိုးအမည် ယခင်ဈေးနှုန်း လက်ရှိဈေးနှုန်း
ချည်ထည်ရိုးရိုး ၃၀၀၀ ၃၅၀၀
ချည်ထည်(အလှဆင်ပြီး) ၄၀၀၀ ၄၅၀၀
ချည်ထည်ပန်းထိုး ၄၅၀၀ ၅၀၀၀
@news-eleven.com

poohcartoon
10-07-2010, 09:41 AM
အင်းလေးကန်တွင် ယခင်နှစ်များကဲ့သို့ ရေမပြည့်သေးသော်လည်း ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပမည်
http://www.news-eleven.com/images/stories/main/bi3283.jpg
၂၀၁၀ ပြည့်နှစ် နွေရာသီရေ ခန်းခြောက်မှုများရှိခဲ့ပြီး ယခုအခါ မိုးရေနှင့် တောင်ကျချောင်းရေများ ၀င်ရောက်လာမှုကြောင့် ယခင်နှစ်များ လောက် စံချိန်မီရေပြည့်မလာသေး သော်လည်း အင်းလေးဖောင်တော်ဦး ဘုရားဒေသစာရီ ကြွချီပူဇော်ပွဲကို ရိုးရာ အစဉ်အလာမပျက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်မှ ၂၆ ရက် နေ့အထိ ၁၈ ရက်တိုင်တိုင် ကြွချီ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
http://www.news-eleven.com/images/stories/oct10/bi/3283.jpg
အဆိုပါအစီအစဉ်ကို အင်းလေး ဖောင်တော်ဦးဘုရား ဗုဒ္ဓသာသနာ ထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ကျင်းပသော သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ ပြည်နယ်၊ မြို့နယ်၊ သံဃနာယကအဖွဲ့မှ ဆရာတော်ကြီး များ၊ သာသနာရေးဦးစီးဌာန၊ မြို့နယ် ကောင်စီ၊ ဌာနဆိုင်ရာနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဘုရားကြွဌာနအသီးသီးမှ ကျောင်းဦးဒါယကာများပါဝင်သော ဒေသန္တရမျက်နှာစုံညီ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ခဲ့သည်။
အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ တင်ဆောင်ရာ ကရ၀ိက်ဖောင်တော်အကြီးမှာ အလျား ၄၄ တောင်၊ အနံ ၁၈ တောင်၊ အမြင့် ပြာသာဒ်အပါအ၀င် ၂၄ တောင်ရှိ၍ လှေကြီးနှစ်စင်းပေါ်၌ ဖောင်ဖွဲ့တည် ဆောက်ထားသည်။ ခံနိုင်ဝန်ခြောက်တန်ခန့် ရှိမည်ဖြစ်ပြီး ရေစူးအနက်သုံးပေခန့် ရှိမည်ဖြစ်ကာ ကရ၀ိက်ဖောင်တော်အငယ်မှာ အလျား ၃၄ တောင်၊ အနံရှစ်တောင်အမြင့် ပြာသာဒ်အပါ အ၀င် ၁၂ တောင်ရှိကာ လှေအလတ် နှစ်စင်းပေါ်တွင် ဖောင်ဖွဲ့ တည်ဆောက်ထားကြောင်း၊ ခံနိုင်ဝန်သုံးတန်ခန့်ရှိ မည်ဖြစ်ကာ ရေစူးအနက်နှစ်ပေခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ကြွချီရာ ရေပြင်အနေအထားအရ ရေနက်လျှင် ဖောင်တော်အကြီးကို အသုံးပြုမည်ဖြစ်ပြီး ရေတိမ်လျှင် ဖော်တော်အငယ်ကို အသုံးပြုတင်ဆောင်ကြွ ချီသွားမည်ဖြစ်ကြောင်း၊ ရေစူးသက်သာစေရန် ဖောင်တော်နှစ်ခု ပေါ်တင်ဆောင်မည့် ခံနိုင်ဝန်ကိုလည်း အတတ်နိုင်ဆုံး လျှော့ချတင်ဆောင် ကြွချီသွားမည်ဖြစ်ကြောင်း သိရသည်။
[color=limegreen]@news-eleven.co/color]

poohcartoon
10-07-2010, 09:43 AM
လပွတ္တာမြို့နယ်အတွင်း ရေယာဉ်တစ်စီး တိမ်းမှောက်၍ လူသေဆုံးမှုများ ရှိခဲ့ကြောင်း သိရ
ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် အတွင်း၌ ရေယာဉ်တစ်စီး တိမ်းမှောက်၍ ရေယာဉ်ပေါ် လိုက်ပါလာသူများထဲမှ သေဆုံးခဲ့ရမှုများ ရှိကြောင်း လပွတ္တာမြို့ခံများထံမှ သတင်း ရရှိပါသည်။
လတ်တလော လပွတ္တာမြို့ခံများထံမှ စုံစမ်း သိရှိရမှုအရ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ ၀န်းကျင်က လပွတ္တာမြို့နယ် အတွင်းရှိ ဆလူဆိပ် ကျေးရွာ အနီးတွင် လူ ၇၀ ဦး ခန့် ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူများထဲမှ သေဆုံးမှု ရှိခဲ့သည့် အပေါ် လပွတ္တာမြို့ခံတစ်ဦးက''မနက် ၇ နာရီ ၈ နာရီ ၀န်းကျင်လောက်က ဖြစ်တာလို့ ကြားရတယ်။ ဆလူဆိပ်ရွာနားမှာလို့ ကြားရတယ်။ သေချာ မသိရသေးပေမဲ့ မိကျောင်းအိုင်ဖက်ကို သွားတာလို့လည်း သိရတယ်။ ကျောင်းဆရာမတွေလည်း ပါတယ်။ ကျောင်းသားတွေလည်း ပါတယ်။ ဘောလုံးကန်ဖို့ သွားတယ်လို့လည်း သိရတယ်။ သိရတာတော့ ၇၀ လောက် စီးသွားကြတာပေါ့။ အခုထိတော့ သေဆုံးတာ ၁၄ ဦး၊ ၁၅ ဦးရှိတယ်လို့ ကြားရတယ်။ ပျောက်ဆုံးနေတာတွေ ရှိနေသေးလို့ ထပ်ရှာဖွေနေကြတယ်။ ကျွန်တော်တို့ တော်တော်များများ သိနေကြတာကတော့ လတ်တလောပေါ့ဗျာ လိုက်ပါသွားတဲ့ အထဲက ၃၀၊ ၄၀ လောက်တော့ ကယ်ဆယ်လို့ ရထားတယ်လို့ ကြားရတာပါပဲ။ ဒီထက်လည်း ပိုချင်ပိုမယ်''ဟု ရှင်းပြခဲ့သည်။
''ရေယာဉ်မှောက်တာကတော့ အမှန်ပဲ။ သေဆုံးသူကတော့ ညနေပိုင်း အထိတော့ ၁၄ ဦး၊ ၁၅ ဦးထက်မနည်း ရှိနေတယ်။ အခု ညပိုင်းအထိ ၁၈ ဦးရှိပြီလို့ ထပ်ပြီး ကြားရပြန်တယ်။ ကျန်နေသေးလို့ ထပ်ပြီး ရှာဖွေနေကြဆဲလို့ သိထားရပါတယ်''ဟု လပွတ္တာ မြို့ခံတစ်ဦးကလည်း ထပ်မံရှင်းပြခဲ့သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်းကလည်း လပွတ္တာမြို့နယ် ရွေးမြစ်အတွင်း၌ ရေယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၄၀ ဦးဝန်းကျင် သေဆုံးမှု ရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ကလည်း ပုသိမ်မြို့နှင့် သက္ကယ်သောင် ကျေးရွာသို့ ပြေးဆွဲသော ခရီးသည်တင် သင်္ဘောတစ်စီးနှင့် ဆီတင်တွဲ သင်္ဘော(ဒေသအခေါ် စီဘီ)တစ်စီး ရှမ်းငူရွာ အနီးတွင် တိုက်မိကာ ခရီးသည် ၁၀၀ ကျော် လိုက်ပါလာသည့် ခရီးသည်တင်သင်္ဘော နစ်မြှုပ်ခဲ့မှုတွင်လည်း လိုက်ပါလာသူ ခရီးသည် ၅၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

@news-eleven.com

poohcartoon
10-08-2010, 01:45 PM
သက်ကြီးရွယ်အို လူဦးရေ နိုင်ငံလူဦးရေ၏ ၁၁ပုံ ၁ ပုံအထိ ရှိလာ၊ အိမ်တိုင်ရာရောက် သက်ကြီးစောင့်ရှောက်ရေး Help Age Korea နှင့် ပူးပေါင်းဆောင်ရွက်http://www.news-eleven.com/images/stories/main/bi3285.jpg
သက်ကြီးရွယ်အို လူဦးရေ စုစုပေါင်းသည် နိုင်ငံလူဦးရေ၏ ၁၁ ပုံ ၁ ပုံအထိ ရှိလာနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ သက်ကြီးရွယ်အို ဘိုးဘွားများ၏ ကျန်းမာရေးနှင့် လူမှုရေး အခြေအနေများ တိုးတက် ကောင်းမွန်လာစေရန်အတွက် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံကိန်းကို အာဆီယံအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ Help Age Korea တို့နှင့်ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိရသည်။
"သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ စေတနာ့ဝန်ထမ်းတစ်ဦး က တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်သွားပြီး တစ်ကြိမ်မှာ နှစ်နာရီ၊ သုံးနာရီခန့် အချိန်ပေးကာ စောင့်ရှောက်စေဖို့ ဖြစ်ပါတယ်။ ဒီလို စောင့်ရှောက်ပေးခြင်းဖြင့် သက်ကြီးရွယ်အိုတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အထီးကျန်ဆန်မှုတွေ ပပျောက်ပြီး ကျန်းမာရေးကောင်းမွန်လာစေဖို့ ရည်ရွယ်ပါတယ်။ ဘိုးဘွားမိဘတွေနဲ့အတူ လက်ရည်တစ်ပြင်တည်း စုစည်းနေထိုင်တဲ့ Extended Family System ကို အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်" ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီးဦးမောင်မောင်ဆွေက ပြောကြားခဲ့သည်။
ယင်းစီမံကိန်းကို အာဆီယံ ၁၀ နိုင်ငံလုံးတွင် အုပ်စုနှစ်စုခွဲ၍ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ပထမသက်တမ်း ကာလဖြစ်သည့် (၂၀၀၄-၂၀၀၆)နှင့် ဒုတိယ သက်တမ်းဖြစ်သည့်(၂၀၀၆-၂၀၀၉)တွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးခုနစ်ခုရှိ စီမံကိန်းဝင်မြို့နယ် ၁၇ ခုတွင် ဘိုးဘွား ၅၆၂ ဦးကို စေတနာ့ဝန်ထမ်း ၅၉၈ ဦးက စောင့်ရှောက်ပေးခဲ့သည်။
စီမံကိန်းကာလ တတိယအဆင့်ဖြစ်သည့် (၂၀၀၉-၂၀၁၂)တွင် ပြည်နယ်နှင့်တိုင်း ဒေသကြီး ခုနစ်ခုရှိ စီမံကိန်းဝင်၄၉မြို့နယ်တွင် YMCA ၊ YWCA ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ World Vision, Help Age International, Global Vision အဖွဲ့တို့မှ သက်ကြီး စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၉ ဒသမ ၁၃သန်းရှိပြီး အသက် ၆၀ နှင့်အထက် လူဦးရေ သည် ၅ ဒသမ ၂၃သန်းရှိလာပြီ ဖြစ်သည့်အတွက် မြန်မာ ၁၁ဦးတွင် တစ်ဦးသည် သက်ကြီးရွယ်အိုဘ၀ ကို ဖြတ်သန်းနေကြရပြီ ဖြစ်သည်။
@news-eleven.com

poohcartoon
10-08-2010, 01:47 PM
ခရီးသွားဇုန်ဝင်ကြေးကို ကြိုတင်ငွေဖြည့်ကတ် စနစ်ဖြင့် စတင်ကောက်ခံနေ
ခရီးသွားဇုန်ဝင်ကြေးကို ကြိုတင်ငွေဖြည့်ကတ် စနစ်ဖြင့် ကောက်ခံမှု စတင်နေပြီဖြစ်ပြီး လိုင်စင်မရှိသည့် ဧည့်လမ်းညွှန်များကို စစ်ဆေးတွေ့ရှိလျှင် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ပဲခူး၊ ကျိုက်ထီးရိုးစသည့် ဒေသများသို့ နိုင်ငံတကာခရီးသွားများ ၀င်ရောက်ပါက ဇုန်ဝင်ကြေးကောက်ခံမှုကို ယခင်က အမေရိကန်ဒေါ်လာ သို့မဟုတ် အက်ဖ်အီးစီဖြင့် ကောက်ခံခဲ့သော်လည်း ကြိုတင်ငွေပေးချေကတ် (Prepaid Card) စနစ်နှင့် ကောက်ခံမှုကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ခဲ့သည်ဟု သိရှိရသည်။
ယဉ်ကျေးမှုဇုန်များ၊ ပြတိုက်များသို့ ခရီးသွားများ လာရောက် လေ့လာရာတွင် ဧည့်လမ်းညွှန်များ နှင့် လာရောက်ကြရာ၌ လိုင်စင်ရ ဧည့်လမ်းညွှန်များ ပါဝင်သကဲ့သို့ အချို့မှာ လိုင်စင်မရှိသူ၊ လိုင်စင် သက်တမ်းလွန်နေသူများ ဖြစ်သည် ဟု သိရသည်။
"ဧည့်လမ်းညွှန်တွေထဲမှာ name card မတပ်တဲ့သူတွေလည်းရှိ ပါတယ်။ ဒါကြောင့် ကုမ္ပဏီကတ် လေးတွေ၊ ဟိုတယ်/ခရီးကတ်လေး တွေ တပ်ပေးကြစေချင်ပါတယ်"ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ဧည့်လမ်းညွှန်များကိုလည်း စိစစ်သွားမည့် ပုံစံများနှင့် ပတ်သက်၍ "လိုင်စင်ရ ဧည့်လမ်းညွှန်တွေကို ကတ်ကို စကင်ဆွဲထားပြီး မှတ်တမ်း ပြုစုထားမယ်။ လိုင်စင်မရှိတာကို မသင်္ကာလို့ စစ်ဆေးတွေ့ရင်အရေးယူ သွားပါမယ်"ဟု ၎င်းကဆိုပါသည်။
ခရီးသွား ဧည့်သည်များအနက် အချို့မှာ ယဉ်ကျေးမှုကို လေးစားလိုက်နာလိုခြင်း နည်းပါးမှုများ၊ ဘုရားပေါ်နှင့် ဘုန်းကြီးကျောင်း ၀င်းများအတွင်း ဖိနပ်စီးခြင်းများစသည်တို့ ကြုံတွေ့ပါက တားမြစ်စေလိုသည် ဟု သိရှိရသည်။
"မြန်မာနိုင်ငံမှာ ခရီးသွားဧည့်သည်ကို ကုမ္ပဏီက လွှတ်ရတာနည်း ပါတယ်။ FIT က ပိုများတယ်။ FITကတော့ ကြုံရာ ဧည့်လမ်းညွှန် ကို ခေါ်သွားတာများတယ်။ ပုဂံ၊ မန္တလေးမှာ တချို့လိုင်စင်မရှိဘူး၊ တချို့လိုင်စင် သက်တမ်းလွန်နေတာ တွေရှိတယ်။ သိတော့ သိပေမယ့် ဖော်ထုတ်နိုင်မှု မရှိသေးပါဘူး"ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်မြင့်က ဆိုသည်။
@news-eleven.com

poohcartoon
10-08-2010, 01:49 PM
အိန္ဒိယနိုင်ငံ တပ်ခ်ျမဟာသို့ နေ့စဉ်ခရီးသွား တစ်သောင်းခွဲခန့် ၀င်ရောက် လေ့လာလျက်ရှိပြီး ယင်းတို့ထဲတွင် မြန်မာခရီးသွားများလည်း ပါဝင်လာ
http://www.news-eleven.com/images/stories/oct10/bi/32816.jpg
ကမ္ဘာလှည့် ခရီးသွားများသော အံ့ဖွယ်နေရာများထဲမှ အများဆုံး သွားရောက်ရာ အိန္ဒိယနိုင်ငံရှိ တပ်ခ်ျမဟာသို့ နေ့စဉ်ခရီးသွားပေါင်း တစ်သောင်းခွဲခန့် ၀င်ရောက်လည် ပတ်လျက်ရှိရာ ယင်းတို့ထဲတွင် မြန်မာခရီးသွားများလည်း ယခုနှစ်ပိုင်း၌ စတင်ပါဝင်လာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံရှိ ခရီးသွားများ လာရောက်လည်ပတ်စဉ် တရားဝင်လမ်းညွှန် ပို့ဆောင်ပေးနေသူများနှင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဂယာခရီးသွား ပို့ဆောင်ပေးနေသော ခရီးသွားလုပ်ငန်းအချို့ ထံမှ စုံစမ်းသိရှိရပါသည်။
"မြန်မာခရီးသွားတွေ သွားတယ်ဆိုတာ ဗုဒ္ဓဂယာဘုရားဖူး သွားကြရင်း နယူးဒေလီမြို့ကိုထပ် ဆင့်သွားရောက်တဲ့ လမ်းမှာအာဂရာ (Agra) ဆိုတဲ့မြို့ကို ဖြတ်ရတယ်။ အဲဒီမြို့မှာရှိတဲ့ တပ်ခ်ျမဟာကို ကမ္ဘာ့ အနုပညာမြောက်တဲ့ လက်ရာတွေကို လေ့လာချင်လို့၊ ပြီးတော့ ယမုံနာမြစ်ကို ရောက်ဖူးချင်လို့ သွားကြတာ ဖြစ်ပါတယ်"ဟု နီလာဗုဒ္ဓဂယာ ဘုရားဖူး ခရီးသွားလုပ်ငန်းမှ ဦးအောင်ဌေးက ပြောပြခဲ့ပါသည်။
ယခုနှစ်ပိုင်းအတွင်း အိန္ဓိယဗုဒ္ဓဂယာ ခရီးစဉ်သို့ မြန်မာခရီးသွား အများစု သွားရောက်ဖူးမြော်မှုများ ရှိလာရာ အချို့သော ခရီးသွားများမှာ မူ ယင်းနိုင်ငံ၏ ကမ္ဘာ့အထင်ရှားဆုံး တပ်ခ်ျမဟာသို့ လာရောက်လည်ပတ် ခြင်းများအဖြစ် ပါဝင်လာခဲ့ကြသူသာ ပိုမိုသည်ဟု သိရသည်။
"အိန္ဒိယလူမျိုးတွေသာမက ကမ္ဘာလှည့်ခရီးသွားတွေနေ့စဉ် တစ် သောင်းနဲ့တစ်သောင်းခွဲကြား လာရောက်လည်ပတ်ကြတယ်။ မြန်မာ၊ ကိုရီးယား၊ဂျပန်၊ အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံသားတွေလည်း ပါတယ်။ အိန္ဒိယနိုင်ငံသားတွေလည်း အဲဒီပမာဏထဲမှာ လေးထောင် နီးပါးလောက်ပါတယ်"ဟု တပ်ခ်ျမဟာမှ ခရီးသွားလမ်းညွှန် အိန္ဒိယနိုင်ငံသား အမျိုးသားတစ်ဦးကပြော ပြခဲ့သည်။
ကမ္ဘာလှည့် ခရီးသွားများ၍ ထင်ရှားသော နေရာဖြစ်ရခြင်းမှာ အမှန်စင်စစ် အိန္ဒိယသမိုင်းကြောင်း၌ ထင်ရှားခဲ့သော သမိုင်းမှတ်တမ်းဝင်များကြောင့် ဖြစ်ကြောင်းကို Archeological Survey of India မှ ဧည့်လမ်းညွှန်မှပင် ဆက်လက်ရှင်း ပြခဲ့သည်။
တပ်ခ်ျမဟာ အဆောက်အအုံ အတွင်း အခြားထင်ရှားသည့် အိန္ဒိယသမိုင်း မော်ကွန်းဝင် နေရာများသို့လည်း နိုင်ငံခြားသားများ လာရောက်စဉ် တစ်ပြိုင်နက်တည်း လေ့လာသွားရောက်နိုင်ရန် Archeological Survey of India မှ ၀င်ခွင့်လက်မှတ်များ သီးခြားကောက်ခံထားမှုများ ရှိရာ အိန္ဒိယငွေကြေးဖြင့်သာ ၀င်ခွင့်ကောက်ခံသည်ဟု စက်တင်ဘာလ ၁၉ ရက်နေ့က သွားရောက်လည်ပတ်ခဲ့သူ မြန်မာခရီးသွားတစ်ဦးထံမှ သိရှိရပါသည်။
ယင်းအဆောက်အအုံမှာ အိန္ဒိယနိုင်ငံ ယမုံနာမြစ်ကမ်း နံဘေးတွင် တည်ရှိပြီး ၁၆၃၁ ခုနှစ်တွင် အလုပ်သမားဦးရေ နှစ်သောင်းကျော်ဖြင့် ၂၂ နှစ် ကြာအချိန်ယူ ဆောက်လုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် တူရကီနှင့် ပါရှားပြည်နယ်တို့မှ ဗိသုကာနည်းပညာ များဖြင့် အချိန်ယူဆောက်လုပ်ခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။
@news-eleven.com

poohcartoon
10-08-2010, 01:50 PM
ကမ်းရိုးတန်းဒေသသုံး CDMA 450 MHz ဆက်သွယ်ရေး ကွန်ရက်ကို မြေပြန့်နှင့် တောင်ပေါ်မြို့ကြီး ၂၀ ကျော်တွင် အသုံးပြုနိုင်ရန် တပ်ဆင်ထားပြီးဖြစ်
ကမ်းရိုးဒေသသုံး CDMA 450 MHz ဆက်သွယ်ရေးကွန်ရက် ကို ကမ်းရိုးတန်းဒေသများတွင် သာမက တောင်ပေါ်နှင့် မြေပြန့်မြို့ကြီး ၂၀ ကျော်တွင်လည်း အသုံးပြုနိုင်ရန် တပ်ဆင်ထားပြီး ဖြစ်သည်။
ကမ်းရိုးတန်း ဒေသသုံး CDMA 450 MHz တယ်လီဖုန်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပင် လယ်ကမ်းရိုးတန်းဒေသများနှင့် နီး စပ်သည့်ရန်ကုန်၊သန်လျင်၊ ကျောက် တန်း၊ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊တွံတေးမြို့များတွင် လည်း ကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်း ညောင်တုန်း၊ ဆားမလောက်၊ ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ မအူပင်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ ပုသိမ်၊ ကျောင်းကုန်း၊ လပွတ္တာ၊ ငွေ ဆောင်၊ ချောင်းသာ၊ ဟိုင်းကြီးကျွန်း၊ ကဒုံကနိ၊ ဘိုကလေး၊ ငရုတ်ကောင်း၊ ငပုတော၊ ဇလွန်၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ပန်း တနော်မြို့တို့တွင် လည်းကောင်း အသုံးပြုနိုင်ရန် ၂၀၀၈ ခုနှစ်အတွင်းက တပ်ဆင်ပေးထားခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ အောက်ဘက်ပိုင်း ရှိ ကမ်းရိုးတန်းဒေသ မြို့ကြီးများ ဖြစ်သည့် မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၊ ကျိုက်ခမီ၊ ကရင်ပြည် နယ်ရှိဘားအံမြို့၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်၊ ရေး၊ အစင်၊မြိတ်၊ပုလော၊စခန်းသစ်ကျွန်း၊ ဘုတ်ပြင်း၊ပုလဲကျွန်း၊ကော့သောင်း၊ မလိကျွန်းနှင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ ကျောက်နီမော်၊ သံတွဲ၊ ငပလီ၊ ဂွ၊ အမ်း၊ ကျောက်တော၊ မြေပုံ၊ မောင်တောမြို့တို့တွင်လည်း ကမ်းရိုး တန်းဒေသသုံး ဆက်သွယ်ရေး ကွန်ရက်ကို တပ်ဆင်အသုံးပြုနေပြီဖြစ်သည်ဟု သိရသည်။
ယင်းအပြင်ကမ်းရိုးတန်း ဒေသမဟုတ်သည့် မြေပြန့်နှင့်တောင်ပေါ် ဒေသများဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်းရှိတောင်ကြီးမြို့၊ ဟိန်းဇဲ၊ နမ့်စန်၊ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ပူတာအို၊ မန္တလေးတိုင်း ဒေသကြီးရှိ ပုပ္ပါး၊မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်း၊ရွှေဘို၊ မုံရွာ၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေး၊ ချောက်၊ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ တောင်ငူ၊ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ မုပ္ပလင်၊ သထုံ၊ ဇင်းကျိုက်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ လှည်းကူးတို့တွင်လည်း အသုံးပြုနိုင်ရန် ကမ်းရိုးတန်းဒေသသုံး CDMA 450 MHz ဆက်သွယ်ရေး ကွန်ရက်ကို တပ်ဆင်ထားပြီး ဖြစ်သည်ဟု သိရသည်။
@news-eleven.com

poohcartoon
10-08-2010, 01:51 PM
မိုဘိုင်းဖုန်း ခါးပိုက်နှိုက်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိ
http://www.news-eleven.com/images/stories/oct10/bi/32817.jpg
ပြည်တွင်း၌ မိုဘိုင်းဖုန်းများ ကိုင်ဆောင်သည့်ဦးရေများ ယခင် နှစ်များကထက် ပိုမိုများပြားလာခြင်း နှင့်အတူ အဆိုပါဖုန်းများကို အကြောင်း အမျိုးမျိုး၊ နည်းအမျိုး မျိုးဖြင့် ခါးပိုက်နှိုက်ခြင်းခံရမှုမှာ လည်း မကြာခဏ ဖြစ်လာကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ သိရှိရသည်။
အဆိုပါ မိုဘိုင်းဖုန်းများကို ခါးပိုက်နှိုက်သူအများစုမှာ ပိုင်ရှင်များထံသို့ ဆက်သွယ်၍ ပိုက်ဆံ တောင်းသူများရှိခြင်း၊ အချို့မှာ အဆက်အသွယ်များ ဖြတ်တောက်ပြီး မိုဘိုင်းဖုန်းအခွံအား ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ယင်းကဲ့သို့ မိုဘိုင်းဖုန်းများကို ခါးပိုက်နှိုက်ခံရမှုများ အနက် ဖြစ်စဉ် အများစုမှာ ခရီးသည်တင် ကားပေါ်များ၌ အများဆုံးနှိုက်ခံရလျက်ရှိ ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူက ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်း ခါးပိုက်နှိုက်ခံရသူ ကြည့်မြင်တိုင်မြို့နယ်မှ အမျိုးသားတစ်ဦးကလည်း "၂၀၀၉ ခုနှစ် ဇူလိုင် လလယ်လောက်က ကျွန်တော်က အလုပ်ကိုသွားဖို့အတွက်ကြည့်မြင်တိုင် ဘူတာမှတ်တိုင်ကနေ ၁၀၇ ဟိုင်း လတ်ကားကို တွယ်စီးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဖုန်းကိုကျောပိုးအိတ်ထဲ ထည့်ပြီးတော့ တွယ်စီးတာပါ။ တာမွေ အလုပ်နေရာလည်းရောက် ရောအိတ်ကိုဖွင့်ကြည့်တော့ကျွန်တော့် ရဲ့ ဂျီအက်စ်အမ်ဖုန်း မရှိတော့ဘူး။ ဒါနဲ့ကျွန်တော်ကဖုန်းခေါ်ကြည့် တယ်။ သူဘက်က ပြန်ကိုင်ပါတယ်။ ကျွန်တော်ကပြန်တောင်းတော့ သူက ဟို နေရာကိုလာပါ၊ ဒီနေရာကိုလာပါ ဆိုပြီးတော့ ခဏခဏချိန်းတယ်။ သွားတိုင်းလည်း သူနဲ့မတွေ့ဘူး။ အဲဒါနဲ့ကျွန်တော်က မြန်မာ့ဆက် သွယ်ရေးရုံးသွားပြီးတော့ ဖုန်းလိုင်းကိုပိတ်တယ်။ ဖုန်းကတ်ကို ပြန်လျှောက်ပါတယ်"ဟု ၎င်း၏ ကိုယ်တွေ့ဖြစ်စဉ်အား ပြောကြားခဲ့ပါ သည်။
မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကလည်း ၂၀၁၀ ပြည့်နှစ်မေလ၌ ၎င်း၏မိုဘိုင်းဖုန်း ခါးပိုက်နှိုက်ခံရခြင်းနှင့် ပတ်သက်၍ "ကျွန်တော်က အဲဒီနေ့ နံနက် ၈ နာရီခွဲလောက်က မင်္ဂလာဒုံမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင်ကအထူး ၁၇၅ စီးပြီးတော့ မင်္ဂလာဒုံဈေးမှတ်တိုင်လည်း ရောက်တော့ ဖုန်းစမ်းကြည့်တော့ ဖုန်းမရှိတော့ဘူး သိလိုက်ရတယ်။ ဒါနဲ့မင်္ဂလာဒုံရဲစခန်း သွားပြီး တိုင်ချက်ဖွင့်တယ်။ ကျွန် တော့်ဖုန်းကို ပထမဦးဆုံးအကြိမ် ခေါ် ကြည့်တဲ့အခါမှာ ဖုန်းက၀င်တယ်။ မကိုင်ဘူး။ နောက်တစ်ကြိမ် ခေါ်ကြည့်တော့ ဖုန်းကလုံးဝမ၀င်တော့ပါဘူး။ ဒါနဲ့ကျွန်တော်က အလုပ်ကိစ္စတွေများတဲ့ အတွက်ကြောင့် ဖုန်းကိုအမြန်ဆုံးပြန်ရရှိအောင် မြန်မာ့ဆက်သွယ်ရေးမှာပဲ အမြန် ဆောင်ရွက်ခဲ့ပါတယ်" ဟု ၎င်း၏ အတွေ့အကြုံအား ပြောကြားခဲ့သည်။
အလားတူ ယင်းကဲ့သို့ မိုဘိုင်းဖုန်းခိုးခံရသူ လူငယ်တစ်ဦးက လည်း"ကျွန်တော်ကစက်တင်ဘာ လ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲ လောက်မှာ လှည်းတန်းကျောင်း ရှေ့မှတ်တိုင်ကနေ ဟိုင်းလတ် ၁၀၇ ကားစီးပြီးတော့ ကြားမှတ်တိုင်မှာ ဆင်းခဲ့ပါတယ်။ အဲဒီ အချိန်မှာ ကျောပိုးအိတ်ထဲမှာ ထည့်ထားတဲ့ ဖုန်းနဲ့ပိုက်ဆံအိတ် ပါသွားတယ်။ ဒါနဲ့ ကျွန်တော် လှည်းတန်းဈေးမှာ ဆင်းပြီးတော့ နီးစပ်ရာမှာရှိတဲ့ ဆက်သွယ်ရေး ဖုန်းကနေကျွန်တော့် ဖုန်းကိုခေါ် တယ်။ သူဘက်က ကျွန်တော် ခင်ဗျားဖုန်းကို ကောက်ရထားတယ်။ လှည်းတန်းဈေးမှာလာယူပါလို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်က လှည်းတန်းဈေးကို သွားတယ်။ ပြီးတော့ အဲဒီအနီးအနားမှာရှိတဲ့ ဆက်သွယ်ရေးဖုန်းနဲ့ ကျွန်တော့် ဖုန်းကိုခေါ်ကြည့်တော့ လုံးဝဖုန်းကို ပိတ်ထားလိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်က ဆက်သွယ်ရေး ရုံးသွားပြီးတော့ ဖုန်းလိုင်းပိတ်ပြီးတော့ ပြန်လျှောက်ထားပါတယ်"ဟု ၎င်း၏ အတွေ့အကြုံကိုပြော ကြားခဲ့သည်။
@news-eleven.com

poohcartoon
10-08-2010, 01:54 PM
ယာဉ်စည်းကမ်း ချိုးဖောက်မှုများကို ချလန်ဖြတ်ခြင်းနှင့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းဖြင့် အရေးယူမှု တိုးမြှင့်ဆောင်ရွက်မည်
ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များ ယာဉ်စည်းကမ်းချိုးဖောက်ခြင်းကို မှတ်သားဖမ်းဆီး အရေးယူမှုများထက် ချလန်ဖြတ် အရေးယူခြင်းနှင့် ဓာတ်ပုံမှတ်တမ်းဖြင့် အရေးယူခြင်းတို့ကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မော်တော်ယာဉ်များ ယာဉ်စည်းကမ်း ချိုးဖောက်နေမှုများကို မီးပွိုင့် များ၊ တာဝန်ကျတပ်ဖွဲ့ဝင်များမှ မှတ်သားဖမ်းဆီး အရေးယူမှုများပြု လုပ်ခဲ့ရာ စက်တင်ဘာလ ပထမပတ်ကျော်မှစ၍ ယင်းအစားနေရာတွင် ပင် ချလန်ဖြတ် အရေးယူခြင်း၊ ကင်မရာများ၊ စီစီတီဗီကင်မရာများ ဖြင့် ဓာတ်ပုံမှတ်တမ်းများအသုံးပြု ကာ ပိုမိုတိုးမြှင့် အရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။
ယင်းသို့ အရေးယူဆောင်ရွက်ရာတွင် မှတ်သားဖမ်းဆီးမှု မပြုတော့သည့် ရက်ပိုင်းမတိုင်မီတွင် ဖမ်းဆီး ထားခဲ့သော မှတ်သားဖမ်းဆီးအမှု များအတွက် ဒဏ်ကြေးငွေများ ပေးဆောင်ကြရမည်ဖြစ်ပြီး အခြားသော ဓာတ်ပုံရိုက် အရေးယူခြင်း၊ ချလန် ဖြတ် အရေးယူခြင်းနှင့် စီစီတီဗီ ကင်မရာများဖြင့် မှတ်တမ်းတင် အရေးယူခြင်းတို့တွင်မူ ချိုးဖောက်သော ပြစ်ဒဏ်အပေါ် ပေးဆောင်ရသည့် သတ်မှတ်ဒဏ်ကြေးငွေအတိုင်း ပေးဆောင်ကြရမည် ဖြစ်သည်ဟု သိရသည်။
ယင်းအပြင် အများပြည်သူတို့၏ တိုင်ကြားစာများကိုလည်း စိစစ်ကာ စစ်ဆေးအရေးယူမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
ဓာတ်ပုံများဖြင့် မှတ်တမ်းတင် အရေးယူခြင်း၊ စီစီတီဗီကင်မရာတို့ ဖြင့် စစ်ဆေးအရေးယူခြင်းတို့အတွက် ယာဉ်ထိန်းနယ်မြေအလိုက် ကင်မရာများထားရှိ ဆောင်ရွက်လျက်ရှိသည့် အပြင်စီစီတီဗီ ကင်မရာများကိုလည်း ပုဂ္ဂလိက ကုမ္ပဏီများအား တပ်ဆင် ဆောင်ရွက်ခွင့်ပြုကာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မှတ်သားဖမ်းဆီးခြင်း မပြုတော့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်းတွင် ချလန်ဖြတ် အရေးယူခြင်း၊ ဓာတ်ပုံမှတ်တမ်းများဖြင့် အရေးယူခြင်းတို့ကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။ အဆိုပါ ရက်နောက်ပိုင်းတွင် မှတ်သားဖမ်းဆီးမှု ပြုခဲ့သော အမှုများကိုလည်း ဒဏ်ငွေပေးဆောင်မှု မပြုစေကြောင်းလည်း သိရသည်။
ယင်းနောက်ပိုင်း စစ်ဆေးအရေး ယူမှုများ ပြုလုပ်သွားမည့်အပေါ် ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေကြသည့် ခရီးသည်တင် ယာဉ်လိုင်းများ ၏ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များ သိရှိနားလည်စေရန်ကိုလည်း ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ် မှုကော်မတီနှင့် သက်ဆိုင်ရာ ယာဉ်လိုင်းများက ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
"မှတ်သား ဖမ်းဆီးမှုကို ယာဉ် မောင်းတွေက မကြိုက်ပါဘူး။ ကျူးလွန်တဲ့နေရာမှာတင် အရေးယူတာ ကို ပိုသဘောကျပါတယ်။ မှတ်သား ဖမ်းဆီးမှုမှာ အငြင်းပွားဖွယ်ရာတွေ အများကြီးရှိပါတယ်။ ဖြေရှင်းရတာတွေလည်း အများကြီးရှိပါတယ်" ဟု ယာဉ်မောင်းတစ်ဦးက ဆိုသည်။
@news-eleven.com

poohcartoon
10-08-2010, 02:00 PM
၂၀၁၀ ပြည့်နှစ်အတွင်း RH (Negative) ရှားပါးသွေးအုပ်စု အလှူရှင်ဦးရေ ၂၈၁ ဦးခန့်ရှိလာ
http://www.news-eleven.com/images/stories/oct10/bi/32819.jpg
၂၀၁၀ပြည့်နှစ်အတွင်း အမျိုးသားသွေးဌာန (ရန်ကုန်)၌ RH (Negative) ရှားပါးသွေးအုပ်စု အလှူရှင်ဦးရေ ၂၈၁ ဦးခန့်ရှိလာကြောင်း အမျိုးသားသွေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
အဆိုပါ RH (Negative) ရှားပါးသွေးအုပ်စု အလှူရှင်များကို၂၀၀၄ ခုနှစ်မှစ၍ အမျိုးသားသွေးဌာန (ရန်ကုန်)တွင် လာရောက်သွေးလှူဒါန်းသည့် အလှူရှင်များကို စစ်ဆေးပေးခဲ့ရာ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်းရှားပါးသွေးအုပ်စုအလှူရှင် ၂၀၉ ဦးသာရှိခဲ့ရာမှလက်ရှိ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ ရှားပါးသွေးအုပ်စုအလှူရှင် ၇၁ ဦး ထပ်မံတိုးလာရာ သွေးလှူရှင် ၂၈၁ ဦးခန့်ရှိလာကြောင်း သိရသည်။
အဆိုပါသွေးလှူရှင်များသည် အမျိုးသားသွေးလှူဘဏ်သို့ လာရောက် သွေးလှူဒါန်းထားသည့်သွေး လှူရှင်များကို အေဘီအိုအုပ်စုအပြင် RH-D အမျိုးအစားကိုပါ ထည့်သွင်းစစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လူတိုင်းသိထားတဲ့ သွေးအုပ်စုက အေဘီအိုအုပ်စုလို့ပဲ သိထားတာများတယ်။ အေဘီအိုအုပ်စုဆိုတာက သွေးနီဥတွေရဲ့မျက်နှာပြင်မှာ ရှိတဲ့ပဋိပစ္စည်းတစ်ခုကိုခေါ်တယ်။ RH Group ကတော့ သွေးနီဥ လေးတွေရဲ့မျက်နှာပြင်မှာရှိတဲ့ ပရိုတင်းလေးတစ် အုပ်စုကိုခေါ်တာပါ၊ အဲဒါတွေကို နာမည်လေး တပ်ထားတာပါ" ဟု အမျိုးသားသွေးဌာနမှ တာဝန်ခံဆရာမကြီး ဒေါက်တာ ဒေါ်သီတာအောင်က ဆိုပါသည်။
အများစုသည် အေဘီအိုအပြင် RH Group အမျိုးအစားကို စစ်ဆေးထားခြင်းမရှိဟု သိရသည်။
@news-eleven.com

poohcartoon
10-08-2010, 02:46 PM
ပြည်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် သုံးဘက်မြင် ဓာတ်လှေကားသစ် ဖွင့်လှစ်
http://www.news-eleven.com/images/stories/oct10/bi/b32817.jpgပည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော် မြတ်ကြီးတွင် အသစ်ထပ်မံ တည်ဆောက်ခဲ့သည့် သုံးဘက်မြင် ဓာတ်လှေကားသစ်ကြီး ကို စက်တင်ဘာလ ၂၂ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရပါသည်။
ယခု ဖွင့်လှစ်လိုက်သော သုံးဘက်မြင် ဓာတ်လှေကား အဆောက်အအုံ တစ်ခုလုံး၏ အမြင့်မှာ ပေ ၁၂၀ ရှိ၍ အထပ်ပေါင်း ၁၃ ထပ်ပါဝင်ကာ ယင်းအဆောက်အအုံ အတွင်း၌ တစ်ကြိမ်လျင် လူ ၂၄ ဦးလိုက်ပါ တက်ဆင်းနိုင်သည့် ကိုရီးယားနိုင်ငံထုတ် Sigma အမျိုးအစား ဓာတ်လှေကားကို တပ်ဆင်ထားကြောင်းနှင့် ဓာတ်လှေကား အပါအ၀င် အဆောက်အအုံ တစ်ခုလုံး၏ ကုန်ကျစရိတ်မှာ ငွေကျပ် သိန်း ၂၆၀၀ ကျော် ဖြစ်ကြောင်း သိရသည်။
''ဘုရားကြီးမှာ အရင်ရှိနေတဲ့ ဓာတ်လှေကား နှစ်စင်းစလုံးဟာ သက်တမ်းကြာမြင့်ခဲ့ပြီ ဖြစ်လို့ ချွတ်ယွင်းလာမှုနှင့် အတူ ဒီဓာတ်လှေကားတွေရဲ့ တင်ဆောင်နိုင်တဲ့ ပမာဏ စုစုပေါင်းကလည်း တစ်ကြိမ်လျှင် ဘုရားဖူး ၂၂ ဦးခန့်သာ လိုက်ပါနိုင်တာ ဖြစ်တဲ့အတွက် အခုလို သုံးဘက်မြင် ဓာတ်လှေကားဟောင်းတွေကတော့ ၅၄ စက္ကန့်ခန့် ကြာမြင့်ပါတယ်။ ဒါကြောင့် အခုဆိုရင် စေတီတော်မြတ်ကြီးကို လာရောက်တဲ့ ဘုရားဖူးများကို ဓာတ်လှေကား သုံးစင်းနဲ့ သယ် ပို့ ပေးနိုင်တော့မှာ ဖြစ်ပါတယ်''ဟု ရွှေဆံတော် စေတီတော်ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
@news-eleven.com

poohcartoon
10-08-2010, 02:48 PM
မန္တလေးမြို့တွင် မြစ်ရေတင် စီမံကိန်းမှ သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်ရန် ရေပိုက်အရှည် ပေသုံးသောင်းခန့် တပ်ဆင်မည်
http://www.news-eleven.com/images/stories/oct10/bi/b32818.jpg
မန္တလေးမြို့တွင် မြစ်ရေတင် စီမံကိန်းမှ သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်ရန် ရေပိုက်အရှည် ပေသုံးသောင်းခန့် သွယ်တန်းတပ်ဆင်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့်သန်ရှင်းရေး ဌာနမှ သိရှိရသည်။
''အရှည်ပေ ၂၀၊ အချင်း ၁ ပေ ၈ လက်မရှိတဲ့ ရေပိုက် ၁၇၈ လုံးကို ဧရာဝတီမြစ်ရေယူ အဆောက်အဦနဲ့ ရေသန့်စင် စက်ရုံ အမှတ်(၈)မှာ တပ်ဆင်မယ်။ ရေသန့်စင်စက်ရုံ အမှတ်(၈)ကနေ အရှည်ပေ ၂၀၊ အချင်းတစ်ပေရှိတဲ့ ပိုက်လုံး ၁၂၀၀ နဲ့ မန္တလေးတောင်ပေါ်ကို ရေပို့ပေးမယ်။ နောက်ပြီး အဲဒီရေသန့်စင် စက်ရုံကပဲ မူလရေပိုက်လိုင်းထဲကို အချင်းနှစ်ပေ ပိုက် ၁၂၀ လုံးနဲ့ သွယ်တန်း တပ်ဆင်သွားမှာပါ''ဟု ရေနှင့်သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေသန့်စင်စက်ရုံ အမှတ် (၈)ကို ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက စတင် တည်ဆောက်ခဲ့ပြီး အဆိုပါ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ကနဦး အနည်ကျကန်(၂၀၀ ပေ x ၂၀၀ ပေ x ၁၆ ပေ)၊ ကနဦး အကြမ်းရေစစ်ကန်(၉၀ ပေ x ၂၂၀ ပေ x၁၀ ပေ)၊ အနှေးကျ သဲရေစစ်ကန်(၃၀၀ ပေx၁၀၀ ပေx၁၄ ပေ)၊ ဂါလန် ၁ ဒသမ ၅ သန်းဆံ့ ရေလှောင်ကန်(၁၂၀ ပေx၁၀၀ ပေx၂၀ ပေ)တို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီမြစ်ရေ အနေအထားကြောင့် တည်ဆောက်ရေးလုပ်ငန်းခွင်ကို ခေတ္တရပ်နားထားပြီး အဆိုပါ ရေသန့်စင်စက်ရုံ အမှတ် (၈) တည်ဆောက်ပြီးစီးသွားပါက တစ်နေ့လျှင် ရေဂါလန် ၁၀ သန်း တိုးချဲ့ပေးဝေသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းရေဂါလန် ၁၀ သန်းကို မူလပိုက်လိုင်းမှ တစ်ဆင့် ရှစ်သန်း၊ အသစ်သွယ်တန်းမည့် ရေသန့်စင် စက်ရုံအမှတ်(၈)နှင့် မန္တလေးတောင် ပိုက်လိုင်းမှ နှစ်သန်း ပေးဝေသွားမည် ဖြစ်ကြောင်း သိရှိရသည်။
@news-eleven.com

poohcartoon
10-08-2010, 02:49 PM
နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ် အတွင်းရှိ ဗိုလ်တောက်ထိန် လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်
http://www.news-eleven.com/images/stories/oct10/bi/b32819.jpg
နေပြည်တော်ခရိုင် ပျဉ်းမနားမြို့ အတွင်းရှိ ဗိုလ်တောက်ထိန် လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရပါသည်။
အဆိုပါ နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ် အတွင်းရှိ ဗိုလ်တောက်ထိန် လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းမကြီးများကို တစ်လမ်းမောင်း စနစ် သတ်မှတ်ခဲ့သော်လည်း ယာဉ်မောင်းသူများမှာ စည်းကမ်းလိုက်နာခြင်း မရှိဘဲ လမ်းပြောင်းပြန် မောင်းခြင်း၊ လမ်းဘေးဝဲယာ ကားများရပ်ထားခြင်း၊ ဗိုလ်တောက်ထိန်လမ်း နန်းစိန်မုန့်တိုက်၏ လေးပွင့်ဆိုင်တွင်ရှိသော ယာဉ်လိုင်းများ၊ ဆိုင်ကယ်ကယ်ရီများ စည်းမဲ့ကမ်းမဲ့ ယာဉ်ရပ်နားမှုများ၊ ခရီးသည် အလုအယက် ခေါ်ခြင်းများကြောင့် ယင်း လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
''အဓိကကတော့ ကျွန်တော်တို့မြို့ရဲ့ လမ်းမကြီးတွေဟာ အရမ်းကျဉ်းလွန်း အားကြီးတယ်။လမ်းတွေ ကျဉ်းတဲ့အပြင် လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်စီမှာ ကားတွေက စီတန်းပြီး ရပ်ထားတော့ ကားတစ်စီးနဲ့တစ်စီး ရှောင်လို့မလွတ်၊ ဒီကြားထဲ ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ ယာဉ်လိုင်းတွေက လမ်းမတွေပေါ်ရပ်ပြီး ခရီးသည် အလုအယက် တင်ကြသေးတယ်။ အဲဒါကြောင့် ယာဉ်ကြောမကျပ်သင့်ပဲ ကျပ်ရတယ်။ဖြစ်သင့်တာကတော့ နန်းစိန်မုန့်တိုက်နဲ့ ဈေးကြားမှာရှိတဲ့ လေးပွင့်ဆိုင်မှာ တာဝန်ကျ ယာဉ်ထိန်းရဲတွေ ရှိသင့်ပါတယ်'' ဟု နေပြည်တော်ခရိုင် ပျဉ်းမနားမြို့ ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။
နေပြည်တော်ခရိုင် ပျဉ်းမနားမြို့နယ် အတွင်းရှိ လမ်းမကြီးများဖြစ်သော ဗိုလ်ချုပ်လမ်းမကြီးနှင့် ဗိုလ်တောက်ထိန် လမ်းမကြီးများတွင် တစ်လမ်းမောင်းစနစ် သတ်မှတ်ထားသော်လည်း ယာဉ်စည်းကမ်းလမ်း စည်းကမ်းဖောက်ဖျက်မှုများ မကြာ ခဏ ဖြစ်ပေါ်လျက်ရှိပြီး ၎င်းလမ်းမကြီးများပေါ်တွင် ယာဉ်များရပ်နားခြင်း၊ လမ်းပြောင်းပြန် စီးနင်းခြင်း၊ အရှိန်ပြင်း မောင်းနှင်ခြင်းများကြောင့် ယာဉ်ကြော ရှုပ်ထွေးခြင်းနှင့် ယာဉ်မတော်တဆ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-08-2010, 02:54 PM
ကိုရီးယားနည်းပညာဖြင့် ဖွင့်လှစ်သည့် မော်တော်ယာဉ် စက်မှုနည်းပညာ သင်တန်းကျောင်း (မကွေး)နှင့် စက်မှုသင်တန်းကျောင်း(မုံရွာမြို့)တို့ကို ထပ်မံတည်ဆောက်မည်
http://www.news-eleven.com/images/stories/oct10/bi/32818.jpg
ကိုရီးယားနည်းပညာဖြင့် ဖွင့်လှစ်မည့် မော်တော်ယာဉ် စက်မှုနည်းပညာ သင်တန်းကျောင်း(မကွေး)နှင့် စက်မှုနည်းပညာ သင်တန်းကျောင်း (မုံရွာမြို့)တို့ကို ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စက်မှုသင်တန်း ကျောင်းများသို့ တက်ရောက်လိုသူ များသည် တက္ကသိုလ်ဝင်တန်း သင်ယူပြီးမြောက်သူများ ဖြစ်ရမည့်အပြင် အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်း ရှိသည့်လူငယ်များ လျှောက်ထားနိုင် ပြီး သင်တန်းကာလမှာ တစ်နှစ်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိကာလတွင် သင်တန်း ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်သည့် ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ သင်တန်းကျောင်းများမှ သင်တန်းဆင်းပြီးသူ ၃၂၀၀ ကျော်ရှိပြီဖြစ် သည့်အပြင် သင်တန်းတက်ရောက် ဆဲ ကျောင်းသားဦးရေ ၃၀၀ ကျော် ကို သင်တန်းဖွင့်လှစ်သင်ကြားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
ယင်းစက်မှု သင်တန်းကျောင်းများတွင် စက်ရုံပစ္စည်းပညာသင်တန်း၊ကွန်ပျုတာသုံး ဒီဇိုင်းထုတ်လုပ် မှုသင်တန်း၊ လျှပ်စစ်ပညာသင်တန်း၊ အီလက်ထရောနစ်ပညာသင်တန်း တွင်ခုံကိုင်တွယ် မောင်းနှင်မှုသင်တန်း၊ ကြိတ်ခုံကိုင်တွယ် မောင်းနှင်မှုသင်တန်း၊ ကွန်ပျုတာသုံးစက်ခုတ်စားမှုစက်ကိ ရိယာများ ကိုင်တွယ်မောင်းနှင်မှု သင်တန်း၊ စက်ရုံလျှပ်စစ်ပညာသည် သင်တန်း၊ အီလက်ထရောနစ် စက်ပြင်သင်တန်း၊ အမာတင်လုပ်ငန်း လုပ်သားသင်တန်း၊ မော်တော်ယာဉ် မက္ကင်းနစ်သင်တန်း၊ သံထည်နှင့် သံဂဟေဆက်လုပ်သားသင်တန်း၊ TIG/MIG သံဂဟေဆက် လုပ်သား သင်တန်းတို့ ဖွင့်လှစ်သင်ကြားနေကြောင်း သိရပါသည်။
@news-eleven.com

poohcartoon
10-08-2010, 02:55 PM
မုံရွာမြို့တွင် မိုးနှစ်ရက်ဆက်တိုက်ရွာသွန်းကာ မြို့သစ်အချို့တွင် ရေလျှံမှုများဖြစ်ပေါ်
http://www.news-eleven.com/images/stories/oct10/we/monywar.jpg
http://www.news-eleven.com/images/stories/oct10/we/monywar1.jpg
မုံရွာမြို့ တွင်အောက်တိုဘာလ ၆ ရက်ညနေ ၆ နာရီဝန်းကျင်မှမိုးနှစ်ရက်ဆက်တိုက်ရွာသွန်းကာမုံရွာ မြို့သစ်အချို့တွင်ရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
"ဒီနှစ်အတွင်းဒီမိုးရောဆိုရင် သုံးကြိမ်ရှိပြီပေါ့ ရပ်ကွက်ထဲကလမ်းအချို့အိမ်အချို့မှာရေ၀င်တာလေ။မှတ်မှတ်ရရ သြဂုတ်လ ၂၄ ရက်တုန်းက မိုးကြိုးတွေပစ်ပြီးမိုးကြီးရွာတယ်။ စက်တင်ဘာလဆန်းတုန်းက မုံရွာမှာမိုးမရွာပေမယ့် အရှေ့ဘက်ပိုင်းဒေသတွေမိုးရွာတော့မုံရွာအရှေ့ပိုင်းမြို့သစ်ရပ်ကွက်တွေရေ၀င်ခဲ့တယ်။ အခုရွာတဲ့မိုးက မထင်မှတ်ပဲ စွေသွားလို့ မိုးမရွာခင်မှာခေါင်းလျှော်ရေချိုးမိပြီး မိုးကစွေတော့အအေးပတ်သေဆုံးသူရှိတယ်လို့သိရတယ်။ လကူးလကွယ် ရွာတဲ့မိုးက စွေမိုးလို့ရှေးလူကြီးအချို့ကပြောကြတာပဲ"ဟု မုံရွာမြို့မှဒေသခံတစ်ဦးကပြောသည်။
ဓမိုးအရမ်းရွာမှာ မုံရွာအရှေ့ပိုင်းကရေတွေအရမ်းစီးလာမှာကို မုံရွာသလ္လာမြို့သစ်၊ မြ၀တီရပ်ကွက် အချို့နေရာတွေကအရမ်းစိုးရိမ်ကြတယ်လေ။ "ထမင်းချက်ရင်ကုတင်အိုပေါ်မှာမီးဖိုပြီးချက်ရတယ်"ဟုအိမ်ရှင်မတစ်ဦး ကပြောပြသည်။
အောက်တိုဘာလခြောက်ရက်ညနေ ၆ နာရီဝန်းကျင်မှမိုးနှစ်ရက်ဆက်တိုက်ရွာသွန်းရာတွင် မိုးရေချိန် ၂ ဒသမ ၉၅ လက်မရှိကြောင်း သိရသည်။
@news-eleven.com

poohcartoon
10-09-2010, 03:25 PM
မန္တလေးမြို့ပေါ်တွင် ရေကြီး
http://ftp.mandalaygazette.com/wp-content/uploads/2010/10/81010NPin11.jpg
မန္တလေးမြို့ပေါ်တွင် ရေကြီး၍ ရုံးများ၊ ကျောင်းများ ပိတ်ထားရ
၀၈ အောက်တိုဘာ ၂၀၁၀ဆည်တော်လေးရေလှောင်တမံမှ ရေမနိုင်၍ဖွင့်ချလိုက်သဖြင့် ယနေ့နံနက် (၄) နာရီမှစ၍ မန္တလေးမြို့ တောင်ဘက်အခြမ်း မြို့နယ်တို့တွင် ရေကြီးနေသည်။
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ဂ) ရပ်ကွက်၊ အင်းခရု ရပ်ကွက်၊ ဘ (၃) ရပ်ကွက်၊ အောင်သာယာ၊ ထွန်တုံးရပ်ကွက်များ အပါအဝင် ချမ်းမြသာစည်မြို့နယ်လည်း အနည်းငယ်ရေမြုပ်သည့်အပြင် အစိုးရရုံးများ၊ ကျောင်းများကိုလည်း ပိတ်ထားရပြီး အဆိုပါ ရပ်ကွက်တို့မှ လူများမှာ လမ်းမပေါ် ထွက်နေရသည်ဟု ဘ (၃) ရပ်ကွက်သားတဦးက ခေတ်ပြိုင်သို့ ပြောသည်။
ရေတားဘောင်မရှိသော ရပ်ကွက်များအတွင်း ရေဝင်လာသည့်အတွက် မန္တလေးမြို့၏ တောင်မြောက် လမ်းမကြီးဖြစ်သည့် (၆၂) လမ်းကို ရေကျော်သွားပြီး သွားရေးလာရေး ခက်ခဲနေကြောင်း၊ အချို့နေရာများတွင် ရေအမြင့် (၅) ပေခန့်ထိ ရှိနေကြောင်း သိရသည်။
“မန္တလေးမြို့ရဲ့ မြောက်ဘက် မိုင် (၃၀) ကျော် အကွာက တောင်ကျချောင်းရေတွေကို လှောင်တဲ့ ဆည်တော်လေး ရေလွှတ်လိုက်တာပါ။ ဆည်တော်လေးက လွှတ်လိုက်တော့ ပြည်ကြီးတံခွန် မြို့နယ်အတွင်းမှာ ပန်းရံတော်ချောင်းက ရေလျှံတာပါပဲ” ဟု ဘ (၃) ရပ်ကွက်သားက ဆိုသည်။
ပန်းရံတော်ချောင်းသည် မန္တလေးမြို့၏ အရှေ့တောင်ဘက်မှ စီးဆင်းလာကာ တောင်သမန်အင်းထဲသို့ စီးဝင်သောချောင်းဖြစ်ပြီး လွန်ခဲ့သော (၄) နှစ်က ဤသို့ရေကြီးမှု ဖြစ်ပေါ်ခဲ့ဖူးသော်လည်း ယခုအကြိမ်ကဲ့သို့ မပြင်းထန်ကြောင်း သိရှိရသည်။
အဆိုပါရေကြီးမှုကြောင့် အိမ်ခြေ (၅,၀၀၀) ကျော်ခန့် ရေအလွှမ်းခံနေရပြီး မန္တလေးမြို့ နေရာအတော်များများဖြစ်သည့် (၃၀၊ ၆၃၊ ၇၃) လမ်းအပြင် (၂၆) လမ်းမှ (၃၅) လမ်းအထိ ရေမြုပ်နေပါတယ်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများတွင် မိုးရွာသွန်းမည်ဟု မိုးလေ၀သနှင့်ဇလဗေဒက ကြေညာထားပါတယ်။ မန္တလေးမြို့တွင် ကြာသာပတေးနေ့ညပိုင်း(7.10.2010)နဲ့ သောကြာနေ့မနက်ပိုင်း(8.10.2010) မိုးရွာသွန်းမှုမှာ အနိမ့်ပိုင်းရပ်ကွက်တွေကို ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရေဟာ အောင်ပင်လယ်၊ မြရည်နန္ဒာ၊ထွန်တုန်း၊ သင်ပန်းကုန်းရပ်ကွက်များမှာ အဓိက လွှမ်းမိုးခဲ့ပါတယ်။ တချို့နေရာတွေမှာ ဒူး၊ ပေါင်၊ တချိုမှာ လူတစ်ရပ်နီးပါရှိပါတယ။် ဆည်တော်ကြီးမှလည်း ရေထပ်လွှတ်မည်ဟု ကြားသိရပါတယ်။ ဌာနဆိုင်ရာများ၊ Ngo အဖွဲ့အစည်းများနှင့် လုပ်အားပေးအဖွဲ့အစည်းများက ယနေ့မနက်ပိုင်းမိုးနည်းချိန်မှ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်နေပါတယ်။ ယခုထိ အသေအပျောက်မရှိဟု သိရပါတယ်။
@ခောတ်ပြိုင်

poohcartoon
10-10-2010, 03:20 PM
ရေလျှံမှုများကြောင့် မန္တလေး-ပုသိမ်ကြီးကားလမ်းဘေးရှိ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှ လူနာများကို ယာယီပြောင်းရွှေ့ထားရကြောင်းသိရ
http://www.news-eleven.com/images/stories/oct10/we/MDY/Mdy%20%2810%29.jpghttp://www.news-eleven.com/images/stories/oct10/we/MDY/Mdy%20%288%29.jpghttp://www.news-eleven.com/images/stories/oct10/we/MDY/Mdy%20%289%29.jpg
အောက်တိုဘာလ ၆ရက်နေ့မှစ၍ မိုးရက်ဆက်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယခုအခါတွင် မန္တလေး-ပုသိမ်ကြီးကားလမ်းဘေးရှိ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှ ကင်ဆာရောဂါဝေဒနာရှင်များကို ရေလွတ်ကင်းရာအရပ်သို့ ယာယီရွှေ့ပြောင်းထားရကြောင်း အဆိုပါဖောင်ဒေးရှင်းရှိ အုပ်ချုပ်ရေးအဖွဲ့မှ စုံစမ်းသိရှိရပါသည်။
"ကျွန်မတို့ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းအနေနဲ့ အောက်တိုဘာလ ၉ရက်နေ့ နံနက်စောစောပိုင်းမှာ ရေတက်လာတာမို့ တက်ရောက်ကုသနေတဲ့ ကင်ဆာဝေဒနာရှင်တွေအပါအ၀င် လူနာစောင့်တွေအားလုံးကို ရေလွတ်ရာနေရာတွေကို ပြောင်းရွှေ့ပေးထားရပါတယ်။ လူနာဆောင်တွေထဲကို ရေလုံး၀၀င်လာတာမဟုတ်သေးပေမယ့် ၀င်ဖို့နည်းနည်းပဲ လိုတော့တာမို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့တိုင်ပင်ပြီး အခုလိုပြောင်းလိုက်ရတာပါ။ လက်ရှိတက်ရောက်နေတဲ့ လူနာက ၄၇ယောက်ရှိပါတယ်။ အဲဒီအထဲက လူနာ (၁၂)ယောက်နဲ့ လူနာစောင့် (၁၁)ယောက်ကို မန္တလေးအထွေထွေရောဂါကုပြည့်သူ့ဆေးရုံကြီးရဲ့ ကင်ဆာရောဂါဌာနကို ယာယီပို့ဆောင်ထားပြီး အခြားလူနာ(၃၅)ယောက်နဲ့ လူနာစောင့် (၂၄)ယောက်ကိုတော့ ပုသိမ်ကြီးမြို့ထဲမှာရှိတဲ့ ဒီဖောင်ဒေးရှင်းက အုပ်ချုပ်သူတွေရဲ့ အိမ်(၂)အိမ်မှာပဲ ယာယီပို့ဆောင် ထားပါတယ်။ ပို့လိုက်တာကတော့ မနက် ၉နာရီလောက်ကတည်းကပါပဲ"ဟု အဆိုပါ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါ ယာယီပို့ဆောင်ထားသည့် လူနာများအတွက် ကုသမှုလုပ်ငန်းများ အဆင်ပြေစေရန် ဆရာဝန်များ၊ သူနာပြုများနှင့်အတူ လိုအပ်သည့် ကိရိယာပစ္စည်းများကိုလည်း ပို့ဆောင်ပေးထားကြောင်း၊ အစားအသောက်အတွက်လည်း အစစအရာရာ စီစဉ်ပေးထားပြီး သန့်ရှင်းရေးဝန်ထမ်းများပင် ပို့ဆောင်ပေးထားကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပါသည်။
ထို့အတူ ဖောင်ဒေးရှင်းမှ ၀န်ထမ်းတစ်ဦးကလည်း "အောက်တိုဘာလ ၈ရက်နေ့အထိကို ရေတွေဝင်လာမယ်လို့ မထင်သေးပါဘူး။ ၉ရက်နေ့ နံနက် ၄နာရီလောက်ရောက်မှ အထဲကို တစတစနဲ့ ၀င်လာတာပါ။ ဒါနဲ့ မနက် ၉နာရီလောက်မှာ ပြောင်းရွှေ့ကြပြီး လူမှုရေးအဖွဲ့အစည်းတွေကလည်း လာပြီးအကူအညီပေးကြပါတယ်"ဟု ဆိုပါသည်။\
အဆိုပါ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းကို ၂၀၀၃ခုနှစ် သြဂုတ်လ ၁၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လူနာ ၅၅ယောက်တစ်ပြိုင်တည်း တက်ရောက်ကုသနိုင်ကြောင်း၊ ယာယီပို့ဆောင်ထားသော လူနာမှာစုစုပေါင်း (၄၇)ယောက်ဖြစ်ပြီး ကျား(၁၉)ဦးနှင့် မ(၂၈)ဦးဖြစ်ကြောင်း၊ ဆေးရုံးမှ လူနာများအပြင် အနီးဝန်းကျင်ရှိ လယ်စောင့်တဲများမှ အိမ်ထောင်စု (၈)ခုမှလည်း ရေလွတ်ရာသို့ ပြောင်းရွှေ့သွားကြကြောင်းလည်း သိရှိရပါသည်။
@news-eleven.com

poohcartoon
10-10-2010, 03:23 PM
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ ရုတ်တရက် ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပွား
http://www.news-eleven.com/images/stories/oct10/we/081001.jpghttp://www.news-eleven.com/images/stories/oct10/we/081003.jpghttp://www.news-eleven.com/images/stories/oct10/we/081004.jpghttp://www.news-eleven.com/images/stories/oct10/we/081006.jpghttp://www.news-eleven.com/images/stories/oct10/we/081009.jpg
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် ရေကြီးရေလျံမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ပုသိမ်ကြီးမြို့နယ် အတွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ယခုကဲ့သို့ ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့ အရုဏ်တက် ၁ နာရီဝန်းကျင်ခန့်တွင် တောင်ကျချောင်း ရေလျှံမှု စတင် ဖြစ်ပေါ်ခဲ့ပြီး နားဋောင်ကျချောင်းရေလည်း လျှံတက်ခဲ့ကာ ၄င်းချောင်းပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။နံနက် ၈ နာရီခန့်တွင် ရေလျှံမှု ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ ဖြစ်ပွားမှုကြောင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘေး ထုံးဘိုနှင့်ရွှေစာရံ အကြားရှိ ကျေးရွာများတွင် လူနေအိမ်ခြေများ အိမ်ခေါင်မိုးထိ ရေမြှပ်ခဲ့ပြီး ရေလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ရေကြီးမှု ဖြစ်ပွားစဉ်နှင့် ပတ်သက်၍ ကယ်ဆယ်မှုများ ပြုလုပ် ဆောင်ရွက်နေသူ တစ်ဦးက ''ည ၁၁ နာရီခွဲလောက်က စပြီး ကျေးရွာတွေကို လိုက်လံသတိပေးမှုတွေ ပြုလုပ်ပြီး ပြောင်းရွေ့ပေးတာတွေ လုပ်ပေးခဲ့တယ်။ ၁၂ နာရီ ၅၀ မိနစ် လောက်မှာတော့ ရေစတင်တတ်လာပြီး အမြင့်ဆုံးအနေနဲ့ ကားလမ်းအထက် လေးပေလောက် ရောက်ပါတယ်။အခုတခါ ဖြစ်စဉ်မှာလည်း ရေလုံးကြီးပြီး ရေစီးသန်သလို ဖြစ်ပွားချိန် ကြာမြင့်တဲ့ အတွက် အပျက်အစီး ဆုံးရှုံးမှုကို မပြောနိုင်သေးပါဘူး။လူအသေအပျောက်တော့ လောလောဆယ် မရှိပါဘူး။မြေပြန့်နားမှာတော့ ဆိုင်ကယ်ဖြတ်မောင်းလို့ ရေစီးနဲ့မျောပါသွားတာ ကယ်နိုင်ခဲ့တယ်။ဆိုင်ကယ်ကတော့ ခုထိ ရှာမတွေ့သေးဘူး''ဟု ပြောကြားခဲ့သည်။
''အခု ဖြစ်စဉ်မှာ နားဋောင်းကျချောင်း ၀န်းကျင်နဲ့ အနိမ့်ကျတဲ့ အပိုင်းတွေမှာ အများဆုံး ဖြစ်တာ။အခုတကြိမ် ဖြစ်ပွားအချိန်က ၇ နာရီလောက် ကြာပေမယ့် ဆည်ရေ လျှံတတ်လာပြီ ဆိုကတည်းက ကျေးရွာတွေကို လိုက်လံ သတိပေးနိုင်ခဲ့လို့ အသေအပျောက် မရှိခဲ့ပါဘူး''ဟု ဆက်လက် ပြောကြားခဲ့သည်။
ယင်းသို့ ရေဘေးသင့်သူများအား ကူညီ စောင့်ရှောက်နိုင်ရန် အတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့်အတူ မန္တလေးမြို့မှ လူမှုကူညီရေး အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများက ကူညီလုပ်ဆောင်ပေးလျက် ရှိသူကိုလည်း တွေ့ရသည်။''ပထမအကြိမ်တုန်းကတော့ ရေဆင်းတာ မြန်တယ်။ ၂ နာရီအတွင်းမှာ အိမ်ထဲတွေမှာ ရေမကျန်တာ့ဘူး။ ရေဆင်းသွားပြီ။ အခုအကြိမ်မှာတော့ ညကတည်းက ရေက နေ့လယ်ပိုင်းထိ ကျန်နေသေးတယ်။ နောက်ပြီး ခုအကြိမ် ရေက လမ်းဘေးသစ်ပင်ကြီးတွေ အမြစ်ကနေ ကျွတ်ပါသွားတယ်။ဘာပဲဖြစ်ဖြစ် လိုက်ပြီး သတိပေးခဲ့တာ တော်သေးတယ် ပြောရမှာပဲ''ဟု ထုံးဘိုကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြပါသည်။ယင်းသို့ ဖြစ်ပွားခဲ့သော မန္တလေး-ပြင်ဦးလွင် ကားလမ်းမပေါ်တွင် တင်ကျန်နေသော ရွံ့နွန်များ၊ သစ်ပင်ကြီးများကို ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန် အတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် ဒေသခံများက ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။ @news-eleven.com

poohcartoon
10-10-2010, 03:27 PM
သုံးလအတွင်း ကားဈေး ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့၊ တစ်နှစ်တာ အတွင်း ကားဈေးထက်ဝက်ခန့် ကျဆင်းသွားနိုင်ဖွယ် ရှိသည်ဟု ဈေးကွက်ကျွမ်းကျင်သူများ သုံးသပ်
http://www.news-eleven.com/images/stories/main/we621.jpg
လိုင်စင်မဲ့ကားများ လိုင်စင်ပြုလုပ်ပေးသည့် အစီအစဉ်စတင်ခဲ့သည်မှ ယခုအချိန်ထိ သုံးလတာကာလအတွင်း ကားအမျိုးအစား အများစုမှာ ၄၀ ရာခိုင်နှုန်းဈေး ထိုးဆင်းခဲ့ရသည်ဟု ကားဈေးကွက် အတွင်းမှ သတင်းရရှိသည်။
ထပ်မံ၍ ဈေးကွက်အတွင်းသို့ ၂၀၀၇ မော်ဒယ်နှင့်အထက် အိမ်စီးကားအစီးရေ ရာနှင့်ချီဝင်ရောက်လာမည့် အနေအထား၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်တည်လာနိုင်သည့် ကားဈေးကွက် အခြေအနေများကို ခြုံငုံသုံးသပ်ပါက တစ်နှစ်တာအတွင်း ကားဈေးမှာ ထက်ဝက်ခန့်အထိ ထပ်မံကျဆင်းနိုင်မည့် အနေအထား ရှိနေကြောင်း၊ တစ်နှစ်အတွင်း ကားဝယ်ခြင်း မပြုလုပ်သင့်ကြောင်း သုံးသပ်လာကြသည်။

သုံးလနဲ့ ၄၀ ရာခိုင်နှုန်း ထိုးဆင်းတယ် . . .
ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရုတ်တရက် အဆုံးသတ်ခဲ့သည့် လိုင်စင်မဲ့ကားလိုင်စင် ပြုလုပ်ပေးသည့် အစီအစဉ်ကာလ အပါအ၀င် သုံးလတာကာလအတွင်း ကားဈေး ၄၀ ရာခိုင်နှုန်းထိ ထိုးဆင်းမှုရှိခဲ့သည့်အပေါ် ကားဝယ်ရောင်းတစ်ဦးက "၄၀ ရာခိုင်နှုန်းထိုးဆင်း မဆင်း မြန်မာနိုင်ငံမှာ လူလတ်တန်း စားအများစု ပိုင်ဆိုင်တဲ့ကားနဲ့တိုင်း တာကြည့်ရင်သိနိုင်တယ်။ ဥပမာ Super Saloon၊ Van CE106 (ဖင် ကောက်)၊ Mark II 1990-92 အဲဒီမော်ဒယ်တွေက လူလတ်တန်းစား ပိုင်ဆိုင်မှုအများဆုံးပဲ။ ဒီတော့ လိုင်စင်မဲ့ကား လိုင်စင်ပေးတဲ့အစီအစဉ် မတိုင်ခင် Super Saloon 1988 က ကျပ်သိန်း ၂၀၀ ကနေ ၂၂၀ လောက် ထိရှိတယ်။ အခုလုံးဝကားကောင်းမယ်၊ အပြစ်အနာအဆာကင်းမယ် ဆိုမှ ကျပ်သိန်း ၁၅၀ ကို မနည်း အော်ရောင်းရမယ်။ ကားမကောင်းရင်တော့ ကျပ်သိန်း ၁၂၀ အောက် မှာပဲရလိမ့်မယ်။ ဒါတောင် လွယ်လွယ်ကူကူ မဟုတ်ဘူး။ CE 106 ဆိုလည်း အရင်သုံးလမတိုင်ခင်က ကားကောင်းမွန်တဲ့အပေါ် မူတည်ပြီး ကျပ်သိန်း ၇၀၀၊ ၇၅၀ ကျော်ပေါက် ဈေးရှိခဲ့တယ်။ အခု ကျပ်သိန်း ၅၀၀ အောက်ရောက်နေပြီ။ Mark II 1992 ဆိုရင် အရင်လေးလလောက် က ကျပ်သိန်း ၅၀၀ နဲ့အထက်ခေါ် ဈေးရှိတယ်။ အခု ကျပ်သိန်း ၃၅၀ ပတ်ချာလည်ပဲ ဈေးခေါ်တော့တယ်။ ဒါတွေက ခေါ်ဈေးတွေပါ၊ တေ့တေ့ဆိုင်ဆိုင် ရောင်းမယ်ဆိုရင် ကား ကောင်းမကောင်းပေါ် မူတည်ပြီး ဒီထက်ဈေးလျော့နိုင်တယ်"ဟု တွက် ချက်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်တည်လာနိုင်သည့် ကားဈေးကွက် အခြေအနေများကို ခြုံငုံသုံးသပ်ပါက တစ်နှစ်တာအတွင်း ကားဈေးမှာ ထက်ဝက်ခန့်အထိ ထပ်မံကျဆင်းနိုင်မည့် အနေအထားရှိနေ ...
"အမြင့်ကားတွေထဲမှာတောင် လူလတ်တန်းစားပိုင်ဆိုင်တဲ့ အမျိုးအစားတွေ ဈေးထိုးဆင်းတယ်လေ။ ဥပမာ Mark II ရွှေငါးက လွန်ခဲ့တဲ့ လေးလက နံပါတ်မြင့်ဆိုရင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀၀ အထိဈေးရခဲ့တယ်။ အခု ကျပ်သိန်း ၈၅၀ ၀န်းကျင်ပဲ ရှိတော့တယ်။ Hilux Surf ဆိုရင်လည်း ၁၉၉၅ ကိုပဲကြည့်၊ အရင် သုံးလေး ငါးလက နံပါတ်မြင့်ကားကောင်းရင် ကျပ်သိန်း ၉၀၀ ကျော် ၁၀၀၀ အထိ တောင်ပေါက်ဈေးရှိတာ အခုကျပ်သိန်း ၆၅၀ ၀န်းကျင်ပဲရှိတယ်"ဟု ကားဈေးကွက်အတွင်းမှ ၀ါရင့်ကားပွဲစား တစ်ဦးကလည်း ပြောကြားခဲ့သည်။
http://www.news-eleven.com/images/stories/oct10/we/621a.jpg
Sakura Auction Center တွင် ပြသထားသည့် Toyota Premio အမျိုးအစားကားများကို တွေ့ရစဉ်
ဒီအချိန်မှာ ၂၀၀၇ မော်ဒယ်နဲ့ အထက်ကား ဈေးကွက်ထဲ ရာနဲ့ချီဝင်လာဦးမယ် . . .
အနိမ့်ဈေးရမှ ၀ယ်ယူလိုသည့် အချိန်၊ ဈေးကျဆင်းသည့်အချိန်ဖြင့် တိုက်ဆိုင်စွာ ရန်ကုန်ကားဈေးကွက် အတွင်းသို့ ၂၀၀၇မော်ဒယ်နှင့်အထက် အိမ်စီးကားများ အစီးရေ ရာနှင့်ချီ ၀င်ရောက်မည့် အခြေအနေရှိနေရာ ကားဈေးကွက်မှာ ထပ်မံကျဆင်းမည့် အနေအထားရှိနေသည်။
"အသစ်အတိုင်းနီးပါး ကောင်းတဲ့ကားတွေ ရာနဲ့ချီပြီးဈေးကွက်ထဲ ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။ အိမ်စီးကားတွေပါပဲ။ ၂၀၀၇ မော်ဒယ်နဲ့အထက် ဈေးကွက်ထဲဝင်လာဖို့ ရှိနေတာပါ။ လက်ရှိတော့ တင်သွင်းတဲ့ အသိုင်းအ၀ိုင်းက အဲဒီလို ကားအမျိုးအစားတွေနဲ့ ပတ်သက်ပြီး ဈေးကွက်အနေအထား စုံစမ်းနေတယ်လို့ သိရတယ်။ ဘယ်လိုပုံစံ ရောင်းမလဲတော့ မသိဘူးပေါ့ဗျာ"ဟု ၀ယ်ရောင်းတစ်ဦးက ရှင်းပြခဲ့သည်။
"ကျွန်တော်ကြားတာကတော့ အမေရိကန်ဒေါ်လာ ၂၀၀၀၀ အောက် တန်ဖိုးရှိတဲ့ ကားအမျိုးအစားတွေ ဖြစ်တယ်။ Toyota အမျိုးအစား အိမ်စီးကားတွေလို့ ကြားရတယ်။ အစီးရေရာနဲ့ချီ ၀င်လာမယ်တဲ့။ ဒေါ်လာ ၁၅၀၀၀ အောက်တန်ဖိုးရှိတဲ့ ကားတွေလည်း ရာနဲ့ချီပါတယ်လို့ ပြောနေကြတယ်။ တင်သွင်းလာတဲ့ ဈေးအတိုင်းဆိုရင်တော့ ကျပ်သိန်း ၂၀၀ အောက်၊ ကျပ်သိန်း ၁၅၀ အောက်ပဲ ၀ယ်ရင်းဈေးရှိတာပေါ့။ ဒါကို ဘယ်လိုဈေးနှုန်းနဲ့ ပြန်ရောင်းမယ် ဆိုတာကိုတော့ မသိရသေးဘူး"ဟု ရန်ကုန် ကားဈေးကွက်အတွင်းမှ ကားဝယ်ရောင်းတစ်ဦးကလည်း ဆက်လက် ရှင်းပြခဲ့သည်။
ဒီနှစ် 'ကား'လုံးဝမ၀ယ်နဲ့ တစ်နှစ်အတွင်း ကားဈေးထက်ဝက်လောက် ထပ်ကျမယ် . . .
အဓိက အချက်နှစ်ချက်ပေါ် မူတည်၍ ကားဈေးသည် တစ်နှစ်အတွင်း၌ပင် ထက်ဝက်ခန့် ထပ်မံကျဆင်းနိုင်ကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
"ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်လာမယ့် လွှတ်တော်မှာ လွှတ်တော် အမတ်တွေ တင်ကြမယ့် အချက်တွေထဲမှာ မလိုအပ်ဘဲ ဈေးကွက်ကြီးတစ်ခု ဖြစ်နေတဲ့ ကား၊ ဖုန်း၊ အင်တာနက် အကြောင်းအရာက မဖြစ်မနေကိုပါ လာမှာပဲ၊ ကျိန်းသေတယ်။ ကား နဲ့ပတ်သက်တဲ့ မူဝါဒတစ်စုံတစ်ရာ ပြောင်းလဲတာနဲ့ ကားဈေးလိုက် ပြောင်းမှာပဲ။ဘယ်လိုပဲပြောင်းပြောင်း အနည်းနဲ့အများ ဈေးကျတဲ့ဘက်ကိုပဲ ပြောင်းမှာပဲ။ ဒုတိယအချက်က တော့ ကားသစ်တွေ အများကြီးဝင် လာဖို့ရှိနေတာပဲ။ ၂၀၁၀ နှစ်ကုန်မှာ ကျပ်သိန်း ၁၀၀၀ တန်တဲ့ ကားက ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ ကျပ်သိန်း ၅၀၀ ထက် ပိုမတန်တော့ဘူးဆိုတာ ကျိန်းသေပဲ။ ဈေးကဆက်ကျဖို့ပဲ ရှိနေတယ်"ဟု ကားဈေးကွက် ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။
"ဒီအချက်တွေက ကျိန်းသေဖြစ်တည်လာမယ့် အချက်တွေဖြစ်လို့ တစ်နှစ်အတွင်း ကားလုံးဝမ၀ယ်မိတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ နှစ်ကြိမ်ရှုံးနိမ့်မှုနဲ့ ကြုံရ နိုင်တယ်။ ကားဝယ်စုလို့ လက်ထဲ ငွေမရှိရင် နောက်ပေါ်လာမယ့် စီးပွားရေးအခွင့်အလမ်းကို လက်လွှတ်ရမှာဖြစ်သလို ၀ယ်ထားတဲ့ကားတွေကလည်း တန်ဖိုးအများကြီး လျော့ကျသွားပြီး ဆုံးရှုံးရဦးမယ့်အဖြစ် ကြုံသွားရနိုင်တယ်။ ဒါကြောင့် တစ်နှစ်အတွင်း ကားလုံးဝမ၀ယ်ပါနဲ့လို့ ပြောရတာပါ။ ၀ယ်မိရင် သာမန်လူတန်းစား လက်ထဲမှာ ငွေပျောက်ပြီး တန်ဖိုးကျတဲ့ကားပဲ ပိုက်မိလိမ့်မယ်" ဟု ကားဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
"ဟုတ်တယ် ရွေးကောက်ပွဲ အပြီးပေါ်လာမယ့် လွှတ်တော်မှာ ကား၊ ဖုန်း၊ အင်တာနက် ကိစ္စတင်မယ့် အချက်ထဲပါမှာ ကျိန်းသေတယ်။ ကား က အဆပေါင်းများစွာ ဈေးမြင့်၊ ပြီးတော့ မကြာခဏ ဈေးကစားနဲ့ မဖြစ်သင့်တဲ့ ဈေးကွက်ဖြစ်နေတယ်။ ကားဈေးကြီးမြင့်လို့ သွားလာစရိတ်လည်း ကြီးမြင့်နေတယ်။ ဖုန်းကလည်း ဘယ်နိုင်ငံတကာမှာ မရှိတဲ့ဈေးနှုန်းမျိုး ဖြစ်နေသေးတဲ့အတွက် အများစု မသုံးနိုင်သေးဘူး။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍဆိုတာ နိုင်ငံတိုင်းမှာအရေးပါလို့ လွှတ်တော်အမတ်တွေ တင်ပြကြလိမ့်မယ်လို့ ပြောတာပါ။ ဒီတော့ အနည်းနဲ့အများ ဈေးကျတဲ့ဘက်ကို ပြောင်းမှာကျိန်းသေတယ်။ တစ်နှစ်အတွင်းမှ မဟုတ်ဘူး။ မလိုအပ်ရင်ဝယ်ကို မ၀ယ်တာ အကောင်းဆုံးပါပဲ"ဟု ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
လိုင်စင်မဲ့ကား အစီအစဉ်နဲ့ ရှုံးသူတို့ဘ၀ . . .
"လိုင်စင်မဲ့ကားဝယ်မိရက်သားနဲ့ ငွေရှာနေလို့ လိုင်စင်မ၀င်လိုက်ရဘူး။ ဆုံးရှုံးသွားပြီ။ ဒါကတစ်ချက်။ လိုင်စင်မဲ့ကား လိုင်စင်လုပ်ပေးတုန်းက ဈေးအရမ်းသက်သာတဲ့နှုန်းနဲ့ ရတဲ့ သူတွေများပြီး ဈေးအမြင့်နဲ့မိခဲ့တဲ့ ကျွန်တော့်မိတ်ဆွေဆိုရင်လည်း ရက်ပိုင်းလပိုင်းနဲ့ ကျပ်သိန်းရာနဲ့ချီရှုံး သွားပြီ။ ဒါကတစ်ချက်။ အနိမ့်ဈေးနဲ့ရတဲ့ အထူး အခွင့်အရေးခံခဲ့သူတွေ က ဈေးအရမ်းလျှော့ရောင်းနိုင်တဲ့ အတွက် ကျွန်တော်တို့ အရင်ရှိပြီးသား ကားတွေ ဈေး ၄၀ ရာနှုန်းလောက် ထပ်ကျလို့ပိုင်ဆိုင်မှု တန်ဖိုးလျော့ သွားတာကတစ်ချက်။ ဒါတွေများ စုပေါင်းလိုက်ရင် ကျွန်တော်တို့လူလတ် တန်းစားတွေကားကိစ္စနဲ့ တော်တော်လေး အထိနာခဲ့တယ်။ လိုင်စင်ပြုလုပ်တဲ့ အစီအစဉ်ကို ပြန်ဖွင့်ပေးရင်တော့ လောလောဆယ် ပိုက်မိနေတဲ့ကားအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခု သက်သာ သွားမှာပေါ့"ဟု လိုင်စင်မဲ့ကား အစီအစဉ်တွင် ဆုံးရှုံးမှုဖြင့် ကြုံခဲ့ရသူတစ်ဦးက ဆိုပါသည်။
"ကျွန်တော်တို့ လိုင်စင်မ၀င်လိုက်ရဘဲ ရုတ်တရက် အပိတ်ခံလိုက်ရပြီးမှ ကားသစ်တွေ ဈေးကွက်ထဲလာမယ်ဆိုတဲ့ အနေအထားဖြစ်တော့ သွင်းနေသူတွေအတွက် လုပ်တယ်လို့ ထင်စရာ ဖြစ်ကုန်တာပေါ့။ ၂၀၁၀ နောက်ပိုင်း အပြောင်းအလဲဆိုရင် ကားနဲ့ပတ်သက်ရင် ပိုပြီးတော့ပဲ ဆုံးရှုံးနိုင်တယ်ဆိုတာ သိထားသင့်တယ်။ ရှုံးတဲ့သူတစ်ယောက် အမြင်နဲ့ပြောဆိုရင်လည်း ကားကို မ၀ယ်တာ အကောင်းဆုံးပါပဲ။ ၀ယ်မိပြီဆိုရင် ဘယ်လောက်ရှုံးမလဲ ထိုင်စောင့်နေပေတော့"ဟု ကားဈေးအတက်အကျ အပြောင်းအလဲများတွင် ဆုံးရှုံးခဲ့ရသူတစ်ဦးက ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ၂၀၀၆ ခုနှစ်မှ စကာ ယနေ့အချိန်အထိ ကားဈေးမှာ တက်သည်ထက် ကျသည်၊ ထပ်ကျသည်ဟူသော ဈေးကွက်အဖြစ်ရှိနေသည်ကို မမေ့သင့်ကြောင်း၊ ထပ်မံ၍လည်း ယခုထက် ပြောင်းလဲမည့် အနေအထားတစ်ရပ်ရှိနေရာ ဆုံးရှုံးခံ၍၀ယ်ယူမည်လား၊ သို့တည်းမဟုတ် ငွေကိုင်ထားမည်လား ဆိုသည်ကို တွက်ချက်သင့်ပြီဟု သုံးသပ်ကြပါသည်။
@news-eleven.com

poohcartoon
10-10-2010, 03:29 PM
အကြော်ဆိုင်များတွင် အသုံးပြုသည့်ဆီများအား FDA မှ အောက်တိုဘာ လပထမအပတ်မှ စတင်စစ်ဆေးနေ
http://www.news-eleven.com/images/stories/main/we622.jpg
ပြည်တွင်း၌ အကြော်မျိုးစုံကို ကြော်ရာတွင် အသုံးပြုနေသည့်ဆီများအား ဈေးကွက်အတွင်းမှ ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်တခင် ၀င်ရောက်စစ်ဆေးသည့် အဖွဲ့များမှ ယူ၍ စစ်ဆေးမှုများ စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဈေးကွက်အတွင်း၌ အကြော်မျိုးစုံကို ကြော်ပြီး ရောင်းချနေသော ဆိုင်များမှ ဆီများအား ရှောင်တခင်ယူ၍ စစ်ဆေးရခြင်း၏ အဓိက အကြောင်းအရင်းမှာ အချို့သော အကြော်ဆိုင်များသည် ၎င်းတို့အသုံးပြု နေသောဆီဖြင့် အကြော်များကြော်ရာ၌ သာမန်ဆီထက် အရေအတွက်များ ပိုမို၍ အကြော်ခံအောင်ကျန်းမာရေး နှင့်မညီညွတ်နိုင်သည့် အကြောင်းအရာများရှိခြင်းကြောင့် ထိုသို့ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အဆိုပါဆီများကို စစ်ဆေးမှုစတင် ခြင်းနှင့်ပတ်သက်၍ အခုဈေးကွက်အတွင်းမှာ ဘယာကြော်၊ စမူဆာ၊ ပလာတာ စတဲ့ အကြော်တွေကို ကြော်ပြီးရောင်းချ နေတဲ့ဆိုင်အချို့တွေက သူတို့ရဲ့ ဆီ အကြော်အရေအတွက် ပိုမိုကြော်နိုင်အောင် အဲဒီဆီထဲကို ပလတ်စတစ်အိတ်၊ ရေသန့်ဘူးခွံ စတဲ့ ပစ္စည်းတချို့တွေကို ထည့်ပြီးတော့ ကြော်ပြီး ရောင်းချနေတယ်လို့ ကြားသိရတယ်။ ဒါတွေကြောင့် ဟုတ်တယ် မဟုတ်ဘူးဆိုတာကို သေသေချာချာ သိဖို့အတွက် ကျွန်တော်တို့ စစ်ဆေးရေးအဖွဲ့ကနေ ရှောင်တခင်ဝင်ရောက်ပြီးတော့ ယူပြီးစစ်ဆေးနေပါတယ်။ အကယ်၍ ဒီလိုပစ္စည်းမျိုးတွေထည့်ပြီး ရောင်းချတယ်ဆိုရင်တော့ အဲဒီ ရောင်းချတဲ့ဆိုင်တွေကို ကျွန်တော်တို့အနေနဲ့ ပညာပေးမှုတွေ လုပ်သွားမယ်။ စားသုံးသူ တချို့ကိုလည်း ပညာပေးမှုတွေ လုပ်သွားပါမယ်"ဟု ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက သုံးသပ်ပြောကြားခဲ့သည်။
http://www.news-eleven.com/images/stories/oct10/we/622.jpg
"ဈေးကွက်အတွင်းမှာ ဒီလိုတွေ ဖြစ်နေတယ်ဆိုတာကို ကြားသိရတယ်။ ဖြစ်နေမယ်ဆိုရင်တောင်မှ ဆိုင်တစ်ဆိုင် နှစ်ဆိုင်လောက် ဖြစ်နိုင်တယ်။ အပြင်မှာ ပြောနေကြတဲ့ အရာတွေက တကယ်တမ်းအတွင်း ဈေးကွက်ထဲမှာ မဟုတ်ဘူးဆိုရင် အဲဒီဈေးသည်အပေါ် ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်တစ်ခု ပြောချင်တာကတော့ ရေသန့်ဘူးခွံ ဆိုတာ အပူချိန်၂၅၀ လောက်ရှိမှ ပျော်နိုင်တယ်။ ဒါပေမယ့် တချို့ အကြော်ဆိုင်တွေက ထင်းကြီးတွေနဲ့ ဆီကို ပွက်ပွက်ဆူအောင်ကြော်ပြီး ရောင်းချနေတဲ့ဆိုင်တွေကတော့ ရေသန့်ဘူးခွံက ဆီထဲကို ပျော်နိုင်ပါတယ်။ စားသုံးသူတွေကို သတိပေးချင်တာကတော့ အဲဒီလိုမျိုးထည့်ပြီး ရောင်းချနေတဲ့ဆီအများစုက သာမန်ဆီတွေထက် မဲညစ်နေတာကို တွေ့ရပါမယ်။ ရောင်းချတဲ့ ဈေးသည်တွေ အနေနဲ့လည်း ဆီတွေကိုပြန်ပြီးတော့ ကြော်နေတာတွေ လုံးဝမပြုလုပ်သင့်ပါဘူး"ဟု ၎င်းကအကြံပြု ပြောကြားခဲ့သည်။
ဆိုင်အများစုက စားအုန်းဆီနဲ့ မြေပဲဆီ နှစ်မျိုးရောပြီးတော့ ကြော်ရောင်းနေတဲ့ဆိုင်တွေ၊ ဈေးပေါတဲ့ ဆီတွေနဲ့ စားအုန်းဆီရောပြီး ရောင်းချနေတဲ့ ဆိုင်တွေ အများအပြားရှိတယ်။ အရေးကြီးတာက ကြော်ပြီးသားဆီ တွေကိုသိမ်းထားပြီးတော့ နောက်နေ့ မှာလည်း ထပ်ခါထပ်ခါ ပြန်ကြော်ပြီး ရောင်းချနေတာက
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးပညာပေးရေး ဗဟိုဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ခင်မောင်လွင်က "ဈေးကွက်ထဲမှာ အကြော်မျိုးစုံကြော်ပြီးတော့ ရောင်းချနေတဲ့ ဆိုင်ကြီးတွေ၊ ဆိုင်လေးတွေ အများစုကတော့ ကြော်နေတဲ့ဆီတွေ က လူတွေရဲ့ကျန်းမာရေးကို ထိခိုက် နိုင်တယ်ဆိုတာကတော့ လုံးဝကျိန်းသေပါတယ်။ ချက်ချင်းတော့ မသိ နိုင်ပေမယ့် နှစ်ကာလရှည်လာရင် တော့ ရောဂါရနိုင်ပါတယ်။ ဆိုင်အများစုက စားအုန်းဆီနဲ့ မြေပဲဆီ နှစ်မျိုးရောပြီးတော့ ကြော်ရောင်းနေတဲ့ဆိုင်တွေ၊ ဈေးပေါတဲ့ ဆီတွေနဲ့ စားအုန်းဆီရောပြီး ရောင်းချနေတဲ့ ဆိုင်တွေ အများအပြားရှိတယ်။ အရေးကြီးတာက ကြော်ပြီးသားဆီ တွေကိုသိမ်းထားပြီးတော့ နောက်နေ့ မှာလည်း ထပ်ခါထပ်ခါ ပြန်ကြော်ပြီး ရောင်းချနေတာက ကျန်းမာရေး ကို ထိခိုက်စေပါတယ်။ နိုင်ငံတကာမှာဆိုရင် ဥပဒေရှိတယ်။ စားသောက် ဆိုင်တွေမှာ ကြော်ချက်ပြီးသားဆီ တွေကို နောက်တစ်ခါ ပြန်သုံးခွင့်မပြုပါဘူး။ ဆီနဲ့ပတ်သက်လို့ ရောင်းချတဲ့ဆိုင်တွေကို ပြောချင်တာက ကိုယ့် ရဲ့ပစ္စည်းကို ၀ယ်ယူစားသုံးသူတွေ ဒုက္ခမရောက်ဖို့လိုတယ်။ စားသုံးသူတွေ အသက်ရှည်ရှည်နေရဖို့ ကျန်းမာဖို့ သန့်သန့်ရှင်းရှင်းနဲ့ ရောင်းချဖို့ လိုအပ်ပါတယ်"ဟု ယခုလက်ရှိ ဈေးကွက်အတွင်း ဆီများနှင့်ကြော်၍ ရောင်းချသော ဆိုင်များ၏ အခြေအနေပေါ် သုံးသပ်ပြောကြားခဲ့ပါသည်။
@news-eleven.com

poohcartoon
10-10-2010, 03:31 PM
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းမကြီး ၂၀၁၅ ခုနှစ်တွင် အပြီးသတ် အကောင်အထည်ဖော် သွားရန်ရှိ
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းမကြီးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် အကောင်အထည် ဖော်သွားရန်ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ဖြူ-ကူးမင်း ရထားလမ်းမကြီးသည် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဆောင်ရွက်သွားရန်ရှိသည့် ကျောက်ဖြူ- ရွှေလီစင်္ကြံ လမ်းမကြီး စီမံကိန်းတွင် ပါဝင်ဖွယ်ရှိပြီး မြန်မာနိုင်ငံတွင် ဖောက်လုပ်ဆဲဖြစ်သည့် အမျိုးသား မီးရထားလမ်းမကြီး ကွန်ရက်တွင် ပါဝင်နေသည့် ရထားလမ်းကွန်ရက်များနှင့်လည်း ချိတ်ဆက် ဖောက်လုပ်သွားဖွယ်ရှိသည်ဟု သိရသည်။
အဆိုပါ ရထားလမ်းမကြီးသည် လက်ရှိ မြန်မာနိုင်ငံအတွင်း၌ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်တို့အား ဖြတ်သန်း ဖောက်လုပ်ပြီး၊ ဖောက်လုပ်ဆဲ ရထားလမ်းပိုင်းများကိုလည်း အဓိက အသုံးပြုသွားဖွယ် ရှိသည်ဟု သိရသည်။
ကျောက်ဖြူ-ကူမင်း ရထား လမ်းမကြီးသည် တရုတ်နိုင်ငံမှ ပင်လယ်ရပ်ခြားသို့ တင်ပို့မည့် အဓိကကုန်စည်များ ဖြတ်သန်းစီး ဆင်းမည့် လမ်းမကြီးဖြစ်လာမည့် အတွက် မန္တလေးမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ကုန်သေတ္တာစခန်းများ၊ ကုန်လှောင်ရုံများ အများအပြား ပေါ်ပေါက်လာဖွယ်ရှိ ...
ရခိုင်ပြည်နယ်တွင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိရာ ကျောက်ဖြူမြို့နှင့် မင်းဘူး-အမ်း-မင်းပြား- မြောက်ဦး- ကျောက်တော်- ပုဏ္ဏားကျွန်း- စစ်တွေ- ရထားလမ်းမကြီးမှ မင်းဘူး- ပဒန်း - အမ်းလမ်းပိုင်းနှင့် ချိတ်ဆက်သွားဖွယ် ရှိသည်ဟုလည်း သိရသည်။ ယင်း မင်းဘူး- ပဒန်း- အမ်းလမ်းပိုင်း မှ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ လမ်းပိုင်းအသစ်တစ်ခု ဖောက်လုပ်သွားဖွယ်ရှိသည်ဟု သိရသည်။
မင်းဘူး-ပဒန်း-အမ်းလမ်းပိုင်းသည် ၉၅ မိုင်ခန့်ရှိကြောင်း သိရသည်။ ကျောက်ဖြူ- အမ်း- မင်းဘူး ရထားလမ်းပိုင်းသစ် ပေါ်ထွန်းလာပါက မင်းဘူး- မကွေး- မန္တလေး- လားရှိုး- မူဆယ်ရထားလမ်းနှင့် ထပ်မံ ချိတ်ဆက်သွားမည် ဖြစ်သည်ဟု သိရသည်။ မူဆယ်မြို့မှ တရုတ်နိုင်ငံ ကျယ်ဂေါင်သို့ နိုင်ငံဖြတ်ကျော် ရထားလမ်း ဖောက်လုပ်သွားရန် စီမံကိန်းတစ်ရပ်ကိုလည်း ရေးဆွဲထားဖြစ်ရာ မူဆယ်-ကျယ်ဂေါင် ရထားလမ်းပိုင်းကိုပါ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မည် ဆိုပါက မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ ချိတ်ဆက်နိုင်ပြီဖြစ်ရာ အဆိုပါ ရထားလမ်းမကြီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ကုန်းတွင်းကုန်စည် စီးဆင်းနိုင်သည့် လမ်းကြောင်းကြီး တစ်ခုဖြစ်လာမည်ဟု သိရသည်။ အဆိုပါ ရထားလမ်းစီမံကိန်းကြီး ပြီးစီးသွားပါက မကွေးမြို့နှင့် မန္တလေးမြို့တို့သည် အချက်အချာကျသည့် မြန်မာနိုင်ငံအထက်ပိုင်း၏ စီးပွားရေးမြို့တော်ကြီး ဖြစ်လာမည် ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
ကျောက်ဖြူ-ကူမင်း ရထား လမ်းမကြီးသည် တရုတ်နိုင်ငံမှ ပင်လယ်ရပ်ခြားသို့ တင်ပို့မည့် အဓိကကုန်စည်များ ဖြတ်သန်းစီး ဆင်းမည့် လမ်းမကြီးဖြစ်လာမည့် အတွက် မန္တလေးမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ကုန်သေတ္တာစခန်းများ၊ ကုန်လှောင်ရုံများ အများအပြား ပေါ်ပေါက်လာဖွယ်ရှိသည်ဟု သိရသည်။ ယင်းအပြင် ကျောက်ဖြူမြို့တွင်လည်း အထူးစက်မှုဇုန်ကြီး တစ်ခု ထူထောင်ရန်ရှိပြီး တရုတ်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် သွားမည်ဟုလည်း သိရသည်။
@news-eleven.com

poohcartoon
10-10-2010, 03:35 PM
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးအောက်တိုဘာလ ၁၄ ရက် နေ့တွင် ဖွင့်လှစ်မည်၊ မိုင်ငါးဆယ် ပတ်လည်တွင် နားနေစခန်းနှင့် ဆေးခန်းငယ် ပါရှိသည်
http://www.news-eleven.com/images/stories/main/we623.jpg

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လမ်းပိုင်းတစ်နေရာအား မြင်တွေ့ရစဉ်
ရန်ကုန်မြို့တော်မှ မန္တလေးမြို့ သို့ ဆက်သွယ်ထားသည်